Saturday, July 18, 2015

Original



တစ်ခါက သေးငယ် လှသော ရွာကလေးတစ်ရွာတွင် အဖွားအို
တစ်ယောက်ရှိခဲ့သည်။ သူမ သည် အသက်အရွယ် အိုမင်ပြီဖြစ်
သော်လည်း အပျိုကြီးတစ်ယောက်ဖြစ်သည်။ သူမ ကိုယ်တိုင်
ကလည်း ဤသို့သော အပျိုစင်ဘ၀ကို နှစ်သက် ဂုဏ်ယူလေ့ရှိသည်။
တစ်ဖက်တွင်လည်း တစ်စတစ်စ အိုမင်လာသော အသက်အရွယ်အရ
လူ့ဘ၀တွင် သူမအနေဖြင့် ကြာကြာမနေရတော့ ဆိုသည်ကိုလည်း
နားလည်သည်။

ထိုကြောင့် သူတို့ဒေသရှိ အသုဘ လုပ်ငန်း ပိုင်ရှင်
နှင့်တွေ့၍ သူမ သေဆုံးခဲ့လျှင် သူမ၏ အုတ်ဂူတွင် အောက်ပါအတိုင်း
ကဗ္ဗည်း စာတမ်းထိုးပေးရန်အတွက် ကြိုတင်မှာကြားခဲ့သည်။
ယင်းမှာ -
"အပျိုစင်ဘ၀ဖြင့်မွေးဖွားခဲ့သည်။ အပျိုစင်ဘ၀ ဖြင့်နေထိုင်ရှင်သန်ခဲ့သည်။
အပျိုစင်ဘ၀ဖြင့်သာ ဆုံးပါးခဲ့သည်" ဟူ၏။
သို့နှင့် နှစ်အနည်းငယ် အကြာတွင် ထိုအဘွားအို ဆုံးပါးသွားခဲ့သည်။
သူမ၏ အုတ်ဂူတွင် ကဗ္ဗည်းစာတန်းထိုးရန် လိုလာသည်။ အလုပ်မလေး
စားသော အသုဘလုပ်ငန်းရှင် ၏ အလုပ်သမားများမှာ အဖွားအို၏
မှာတမ်းကို မမှတ်မိတော့ချေ။ ထို့ပြင် အုတ်ဂူပေါ်ဝယ် စာသိပ်ရှည်ရှည်
ရေးရန်လည်း လိုမည်မဟုတ်ဟု ယူဆထားသည်။ တစ်ဖက်တွင်လည်း အဘွားအို၏ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်သည်။
ထို့ကြောင့် အုတ်ဂူပေါ်တွင် အောက်ပါအတိုင်း ခပ်တိုတိုစာတမ်း တစ်ခု
ထိုးပေးလိုက် လေသည်။
"မဖွင့်ပဲ ပြန်ပို့လိုက်သည်" ဟူ၏။
ခ်ခ်
KZO

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...