Wednesday, July 15, 2015

ကမၻာ့ အသက္အငယ္ဆံုး ဘီလ်ံနာ Evan Spiegel


ကမၻာ့ အသက္အငယ္ဆံုး ဘီလ်ံနာ အျဖစ္ Evan Spiegel ဟာ အသက္ ၂၄ ႏွစ္အရြယ္မွာ (၂၀၁၄ ခုႏွစ္က) ကမၻာ့စံခ်ိန္ တင္ခဲ့ပါတယ္။ Evan ဟာ ၁၉၉၀ ခုႏွစ္ ဇြန္လ ၄ ရက္ဖြား ျဖစ္ျပီး ၂၀၁၄ ခုႏွစ္မွာပဲ သူ႔ရဲ႕ ပိုင္ဆိုင္မွု ေငြေၾကးဟာ အနည္းဆံုး ၁.၅ ဘီလ်ံရွိတယ္လို႔ ထုတ္ျပန္ခ်က္ ထြက္ျပီးေနာက္ ကမၻာ့ အသက္အငယ္ဆံုး ဘီလ်ံနာ အျဖစ္ အသိမွတ္ျပဳ ခံခဲ့ရျခင္း ျဖစ္ပါတယ္။

အေမရိကန္ ျပည္ေထာင္စုဖြား Evan ဟာ Snapchat လို႔ အမည္ရတဲ့ မုိဘိုင္း Application ကို သူငယ္ခ်င္း ႏွစ္ဦးနဲ႔ အတူ တည္ေထာင္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ သူက လက္ရွိ အမွုေဆာင္ အရာရွိခ်ဳပ္ပါ။ တည္ေထာင္တုန္းက စတန္းဖို႔ တကၠသိုလ္ရဲ႕ ေက်ာင္သား အျဖစ္သာ ရွိေသးျပီး ေက်ာင္းမွာ လုပ္တဲ့ ပေရာဂ်က္ တစ္ခု အျဖစ္သာ လုပ္ခဲ့ရာ ေနာက္ေတာ့ ေစ်းကြက္ကို ျဖန္႔ခ်ိတဲ့ အထိ လုပ္လိုက္ပါတယ္။
Snapchat ဟာ ဗီဒီယိုနဲ႔ ပံုေတြကို အဓိကား ပုိ႔ျပီး Chat ရတဲ့ Chat App တစ္ခု ပါပဲ။ ၁၀ စကၠန္႔ထပ္ မၾကာတဲ့ ဗီဒီယိုမ်ားကို ပုို႔ျပီး စကားေျပာတဲ့ App ျဖစ္တာေၾကာင့္ စတင္ေပၚေပါက္တဲ့ ၂၀၁၁ ႏွစ္ အကုန္ေလာက္မွာပဲ လူၾကိဳက္မ်ားခဲ့ ပါတယ္။ ၂၀၁၂ ေလာက္မွ ေစ်းကြက္မွာ တရားဝင္ ျဖန္႔တာ ျဖစ္ပါတယ္။ ယေန႔မွာေတာ့ တစ္ရက္ကို Snapchat ေပၚမွာ ဗီဒိယိုနဲ႔ ပံုေပါင္း သန္း တစ္ေထာင္ေက်ာ္မက တင္ေနျပီ ျဖစ္ပါတယ္။ သုံးစြဲသူ အမ်ားစုက အေမရိကနဲ႔ ဥေရာပမွာ ရွိျပီး အာရွ ႏိုင္ငံ အခ်ိဳ႕မွာလည္း အသံုးမ်ားပါတယ္။
Evan ဟာ Snapchat ကို အားစိုက္ လုပ္ခ်င္တာေၾကာင့္ စတန္းဖို႔ တကၠသိုလ္မွာ သူ အထူးျပဳ သင္ယူေနတဲ့ Art and Design ဘာသာရပ္ကို ဘြဲ႔မရခင္ေလးမွာ ထြက္ျပီးေတာ့ လုပ္ကိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒီေတာ့ ေက်ာင္းမျပီးေသးတဲ့ လူငယ္ တစ္ေယာက္ပါပဲ။ အတူ တည္ေထာင္သူ စုစုေပါင္း သံုးေယာက္ရွိရာ Evan ကေတာ့ နာမည္အၾကီးဆံုး၊ လူသိအမ်ားဆံုး စတင္ တည္ေထာင္သူ တစ္ဦး ျဖစ္ပါတယ္။
.
Ref: wiki
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎news_yyl‬
(Unicode version)
ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ Evan Spiegel
ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ အဖြစ် Evan Spiegel ဟာ အသက် ၂၄ နှစ်အရွယ်မှာ (၂၀၁၄ ခုနှစ်က) ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။ Evan ဟာ ၁၉၉၀ ခုနှစ် ဇွန်လ ၄ ရက်ဖွား ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာပဲ သူ့ရဲ့ ပိုင်ဆိုင်မှု ငွေကြေးဟာ အနည်းဆုံး ၁.၅ ဘီလျံရှိတယ်လို့ ထုတ်ပြန်ချက် ထွက်ပြီးနောက် ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ အဖြစ် အသိမှတ်ပြု ခံခဲ့ရခြင်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုဖွား Evan ဟာ Snapchat လို့ အမည်ရတဲ့ မိုဘိုင်း Application ကို သူငယ်ချင်း နှစ်ဦးနဲ့ အတူ တည်ထောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူက လက်ရှိ အမှုဆောင် အရာရှိချုပ်ပါ။ တည်ထောင်တုန်းက စတန်းဖို့ တက္ကသိုလ်ရဲ့ ကျောင်သား အဖြစ်သာ ရှိသေးပြီး ကျောင်းမှာ လုပ်တဲ့ ပရောဂျက် တစ်ခု အဖြစ်သာ လုပ်ခဲ့ရာ နောက်တော့ စျေးကွက်ကို ဖြန့်ချိတဲ့ အထိ လုပ်လိုက်ပါတယ်။
Snapchat ဟာ ဗီဒီယိုနဲ့ ပုံတွေကို အဓိကား ပို့ပြီး Chat ရတဲ့ Chat App တစ်ခု ပါပဲ။ ၁၀ စက္ကန့်ထပ် မကြာတဲ့ ဗီဒီယိုများကို ပိုု့ပြီး စကားပြောတဲ့ App ဖြစ်တာကြောင့် စတင်ပေါ်ပေါက်တဲ့ ၂၀၁၁ နှစ် အကုန်လောက်မှာပဲ လူကြိုက်များခဲ့ ပါတယ်။ ၂၀၁၂ လောက်မှ စျေးကွက်မှာ တရားဝင် ဖြန့်တာ ဖြစ်ပါတယ်။ ယနေ့မှာတော့ တစ်ရက်ကို Snapchat ပေါ်မှာ ဗီဒိယိုနဲ့ ပုံပေါင်း သန်း တစ်ထောင်ကျော်မက တင်နေပြီ ဖြစ်ပါတယ်။ သုံးစွဲသူ အများစုက အမေရိကနဲ့ ဥရောပမှာ ရှိပြီး အာရှ နိုင်ငံ အချို့မှာလည်း အသုံးများပါတယ်။
Evan ဟာ Snapchat ကို အားစိုက် လုပ်ချင်တာကြောင့် စတန်းဖို့ တက္ကသိုလ်မှာ သူ အထူးပြု သင်ယူနေတဲ့ Art and Design ဘာသာရပ်ကို ဘွဲ့မရခင်လေးမှာ ထွက်ပြီးတော့ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ ကျောင်းမပြီးသေးတဲ့ လူငယ် တစ်ယောက်ပါပဲ။ အတူ တည်ထောင်သူ စုစုပေါင်း သုံးယောက်ရှိရာ Evan ကတော့ နာမည်အကြီးဆုံး၊ လူသိအများဆုံး စတင် တည်ထောင်သူ တစ်ဦး ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

စာမေရးျဖစ္ေတာ့တာေၾကာင့္ က်ေနာ္ႀကိဳက္ၿပီး ဖတ္ေစခ်င္တဲ့ စာေလးေတြကို တင္ထားပါတယ္ဗ်ာ

Followers

Total Pageviews

အမွာပါးစရာမ်ားရွိေနရင္

Pop up my Cbox

Blog Archive

အက္ဒမင္

အျခားက႑မ်ားကို ေလ့လာရန္

ရွာေဖြေလ ေတြ႔ရွိေလ

စာေပျမတ္ႏိုးသူမ်ား

free counters
Related Posts Plugin for WordPress, Blogger...