Friday, July 24, 2015

ဖခင္တစ္ဦး၏ စကား


ပထမဆံုး ငါေျပာခ်င္တာက မင္းဟာ ငါ့သမီး အတြက္ ပထမဆံုးနဲ႔ အေရးႀကီးဆံုးေသာ မိသားစုဝင္ ျဖစ္လာခဲ့ၿပီဆိုတာဘဲ။ ငါတို႔ဟာ ငါသမီးရဲ႕ဘဝမွာ မင္းနဲ႔ စာရင္ ေနာက္တန္းကို ေရာက္သြားပါၿပီ။ ဒီလို အဆင့့္ က်သြားလို႔ ငါ မင္းအေပၚ ဘယ္လိုမွ သေဘာမထားဘူးဆိုတာ ယံုေပးပါ။ ငါတို႔ ေက်ေက်နပ္နပ္ႀကီး လက္ခံနိုင္ပါတယ္။ ဒါေပမဲ့ တစ္ခုေတာ့ ေတာင္းဆိုခ်င္တယ္။ မင္းသူ႔ကို ငါ့သမီးကို ေပ်ာ္ေအာင္ထားေပးပါ။

ေပ်ာ္ေအာင္ ထားေပးမယ္လို႔လည္း တထစ္ခ် ယံုၾကည္ထားပါတယ္။ ငါတို႔နဲ႔ တူတူ ေနတံုးကထက္ မင္းနဲ႔့ ေနတဲ့ အခါ ပိုေပ်ာ္ရႊင္လိမ့္မယ္လို႔ ေမ်ွာ္လင့္ပါတယ္။ ဖခင္ တစ္ဦးရဲ႕ ပူပန္တတ္မႈ သဘာဝကို အခြင့္အေရး ယူၿပီး ထပ္တလဲလဲ ေျပာပါရေစ။ မင္း သမီးေလးကို ေပ်ာ္ေအာင္ ထားေပးပါေနာ္။
သမီးဟာ ငါ့တို႔အတြက္ ဘယ္တံုးကမွ ဝန္ထုတ္ဝန္ပိုး မျဖစ္ခဲ့ပါဘူး။ ငါ အသက္ရူေနတာဟာ ေပ်ာ္ေနတာဟာ ဒီသမီးေလး ရိွလို႔ပါဘဲ။ ဒါဆို သူ႔ကို ငါဘာလို႔ လက္ထပ္ေပးလိုက္ရလည္းလို႔ ေမးရင္ ဒါဟာ သဘာဝ တရားကို မလြန္ဆန္နိုင္လို႔ပါ။ လက္ထပ္ၿပီးေတာ့လည္း သူ႔ကို မင္းနဲ႔ ထည့္ေပးလိုက္ရေတာ့မယ္။ တကယ္ ဟာတာတာ အကူအညီ မဲ့သြားသလိုပါဘဲ။
သမီးဟာ ငါတို႔ တစ္အိမ္လံုးကို ေပ်ာ္ရႊင္ေစခဲ့တဲ့သူပါ။ မင္းရဲ႕အိမ္ ေဂဟာကိုလည္း ေပ်ာ္ေအာင္ လုပ္ေပးလိမ့္မယ္လို႔ ထင္ပါတယ္။
တကယ္ေတာ့ ငါ့ဘဝကို မင္းကို ထိုးအပ္လိုက္တယ္ ေျပာရင္ မမွားပါဘူး။ မင္းလက္ထဲမွာ သူဆက္ၿပီး ေႏြးေႏြးေထြးေထြး ရိွေနမယ္။ ဘဝ လွပေနမယ္ ဆိုတာ ငါ ယံုၾကည္ပါတယ္။
သမီးဟာ ငါ့အတြက္ေတာ့ မင္းသမီးေလး တစ္ပါးပါ။ ဒါေၾကာင့္ မင္းဆီ ေရာက္တဲ့အခါ ဘုရင္မ တစ္ပါးလို ထားေပးဖို႔ ေျပာခ်င္ပါတယ္။
ငါတို႔ဟာ သမီးကို ဒီလို အေျခအေနမ်ိဳး ေရာက္ေအာင္ ေသြးေခၽြးေတြနဲ႔ ရင္နွီးၿပီး ျပဳစု ပ်ိဳးေထာင္ေပးခဲ့ရပါတယ္။ ဒါေပမဲ့ ငါ့သမီးကို ငါတို႔က မင္းအတြက္ ဂရုစိုက္မႈ၊ အၾကင္နာ၊ ေမတၱာ၊ သူ႔ရဲ႕အလွ အားလံုး ၿခံဳေျပာရရင္ သူ႔ဘဝ တစ္ခုလံုးကို ငါတို႔အတြက္ ခ်န္မထားခဲ့ဘဲ ယူသြားဘို႔ ေျပာျပထားၿပီးသားပါ။ အဲဒါေတြ အားလံုးအတြက္ တစ္ခုဘဲ ျပန္ေပးပါ။ ငါ့သမီးက္ိုသာ ေပ်ာ္ေအာင္ ထားေပးပါ။
ပုထုဇဥ္တို႔ရဲ႕ထံုးစံ အတိုင္း သူ တစ္ခါတစ္ေလ မွားနိုင္ပါတယ္။ သူ႔ကို မင္း ဆူနိုင္ပါတယ္။ ေမတၱာျပန္ထားဖို႔ေတာ့ မေမ့ပါနဲ႔။ သူဟာ ဖခင္ျဖစ္တဲ့ ငါ့ရဲ႕အျမင္မွာ ႏူးညံ့တဲ့ ပန္းေလး တစ္ပြင့္ပါ။
သမီး အားငယ္ေနရင္ မင္းသူနဲ႔ ခဏေလး အတူ ေနေပးလိုက္ပါ။ သမီးေလး ေနမေကာင္းရင္ လစ္လ်ဳ မျပဳပါနဲ႔၊ နည္းနည္းေလး ဂရုစိုက္ေပးလိုက္ပါေနာ္။ မင္းဟာ သူ႔အတြက္ အေကာင္းဆံုး ေဆးတစ္ခြက္ပါ။
သူဟာ လင္သားျဖစ္တဲ့ မင္းအေပၚမွာ တာဝန္ မေက် လစ္ဟင္းခဲ့ရင္ ဆံုးမေပးပါ။ အခုထိ မယား တာဝန္ေတြကို သင္ယူေနတံုးဘဲလို႔လည္း နားလည္ေပးပါ။ မင္းအေပၚ ၾကမ္းတမ္းမွာ မဟုတ္ဘူးလို႔ ငါယံုပါတယ္။ သမီးကို ေပ်ာ္ေအာင္ ထားေပးပါေနာ္။
သမီးကိုငါ နွစ္ လ ရွည္ၾကာ မေတြ႕ရလို႔လည္း ဘာမွ မျဖစ္ပါ။ တယ္လီဖုန္း မေျပာျဖစ္လို႔လည္း အေရးမႀကီးပါ။ သမီးငါ့ကို သတိ မရေလ ေကာင္းေလပါဘဲ။ မင္းနဲ႔ ေပ်ာ္ေနေလ ငါေပ်ာ္ေလပါဘဲ။ မင္းကို ေျပာခဲ့တဲ့ အတိုင္းဘဲ ငါရဲ႕ ႀကီးမားတဲ့ ရည္႐ြယ္ခ်က္က သူေပ်ာ္ေနဖို႔ ဘဲေလ၊ သူေပ်ာ္ေအာင္ ထားဖို႔က မင္းရဲ႕လက္ထဲမွာ ရိွေနတာ မဟုတ္လား။
ဒါေတြဟာ ငါ့ရင္ထဲက စကား အမွန္ေတြပါ။ အခုအခ်ိန္မွာေတာ့ အခုမွ ပူပူေႏြးေႏြး ျဖစ္လာတဲ့ သမက္ျဖစ္တဲ့ မင္းအတြက္ အဓိပၸာယ္ အျပည့္အဝ ရိွခ်င္မွ ရိွအံုးမွာ၊ ဒါေပမဲ့ တစ္ေန႔ မင္းတို႔မွာလည္း သမီးေလးေတြ ရလာတဲ့အခါမွာ အေသအခ်ာ သေဘာေပါက္လာမွာပါ။
ကဲ ဒါေတြ အားလံုးရဲ႕အနွစ္ခ်ဳပ္ကေတာ့ "သမီးကို ေပ်ာ္ရႊင္ေစလို႔ပါဘဲ။"
ေက်းဇူးပါ။
(မဂၤလာေဆာင္ပဲြတြင္ ဖခင္တစ္ဦး ေျပာေသာ စကားျဖစ္ပါသည္။ အနည္းငယ္ ပိုသည္ဟု ထင္မိေသာ္လည္း သမီး အေပၚ ထားရိွေသာ ဖခင္ တစ္ဦးကို အထူး ေပၚလြင္ေစသျဖင့္ ဘာသာျပန္ တင္ျပအပ္ပါသည္။)
Photo : music2movies
လူပိန္း (ရိုးရာေလး)
www.yoyarlay.com
‪#‎LuPain_yyl‬
‪#‎article_yyl‬
(unicode version)
ဖခင်တစ်ဦး၏ စကား
ပထမဆုံး ငါပြောချင်တာက မင်းဟာ ငါ့သမီး အတွက် ပထမဆုံးနဲ့ အရေးကြီးဆုံးသော မိသားစုဝင် ဖြစ်လာခဲ့ပြီဆိုတာဘဲ။ ငါတို့ဟာ ငါသမီးရဲ့ဘဝမှာ မင်းနဲ့ စာရင် နောက်တန်းကို ရောက်သွားပါပြီ။ ဒီလို အဆင့့် ကျသွားလို့ ငါ မင်းအပေါ် ဘယ်လိုမှ သဘောမထားဘူးဆိုတာ ယုံပေးပါ။ ငါတို့ ကျေကျေနပ်နပ်ကြီး လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ တောင်းဆိုချင်တယ်။ မင်းသူ့ကို ငါ့သမီးကို ပျော်အောင်ထားပေးပါ။
ပျော်အောင် ထားပေးမယ်လို့လည်း တထစ်ချ ယုံကြည်ထားပါတယ်။ ငါတို့နဲ့ တူတူ နေတုံးကထက် မင်းနဲ့့ နေတဲ့ အခါ ပိုပျော်ရွှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖခင် တစ်ဦးရဲ့ ပူပန်တတ်မှု သဘာဝကို အခွင့်အရေး ယူပြီး ထပ်တလဲလဲ ပြောပါရစေ။ မင်း သမီးလေးကို ပျော်အောင် ထားပေးပါနော်။
သမီးဟာ ငါ့တို့အတွက် ဘယ်တုံးကမှ ဝန်ထုတ်ဝန်ပိုး မဖြစ်ခဲ့ပါဘူး။ ငါ အသက်ရူနေတာဟာ ပျော်နေတာဟာ ဒီသမီးလေး ရှိလို့ပါဘဲ။ ဒါဆို သူ့ကို ငါဘာလို့ လက်ထပ်ပေးလိုက်ရလည်းလို့ မေးရင် ဒါဟာ သဘာဝ တရားကို မလွန်ဆန်နိုင်လို့ပါ။ လက်ထပ်ပြီးတော့လည်း သူ့ကို မင်းနဲ့ ထည့်ပေးလိုက်ရတော့မယ်။ တကယ် ဟာတာတာ အကူအညီ မဲ့သွားသလိုပါဘဲ။
သမီးဟာ ငါတို့ တစ်အိမ်လုံးကို ပျော်ရွှင်စေခဲ့တဲ့သူပါ။ မင်းရဲ့အိမ် ဂေဟာကိုလည်း ပျော်အောင် လုပ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။
တကယ်တော့ ငါ့ဘဝကို မင်းကို ထိုးအပ်လိုက်တယ် ပြောရင် မမှားပါဘူး။ မင်းလက်ထဲမှာ သူဆက်ပြီး နွေးနွေးထွေးထွေး ရှိနေမယ်။ ဘဝ လှပနေမယ် ဆိုတာ ငါ ယုံကြည်ပါတယ်။
သမီးဟာ ငါ့အတွက်တော့ မင်းသမီးလေး တစ်ပါးပါ။ ဒါကြောင့် မင်းဆီ ရောက်တဲ့အခါ ဘုရင်မ တစ်ပါးလို ထားပေးဖို့ ပြောချင်ပါတယ်။
ငါတို့ဟာ သမီးကို ဒီလို အခြေအနေမျိုး ရောက်အောင် သွေးချွေးတွေနဲ့ ရင်နှီးပြီး ပြုစု ပျိုးထောင်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ငါ့သမီးကို ငါတို့က မင်းအတွက် ဂရုစိုက်မှု၊ အကြင်နာ၊ မေတ္တာ၊ သူ့ရဲ့အလှ အားလုံး ခြုံပြောရရင် သူ့ဘဝ တစ်ခုလုံးကို ငါတို့အတွက် ချန်မထားခဲ့ဘဲ ယူသွားဘို့ ပြောပြထားပြီးသားပါ။ အဲဒါတွေ အားလုံးအတွက် တစ်ခုဘဲ ပြန်ပေးပါ။ ငါ့သမီးက်ိုသာ ပျော်အောင် ထားပေးပါ။
ပုထုဇဉ်တို့ရဲ့ထုံးစံ အတိုင်း သူ တစ်ခါတစ်လေ မှားနိုင်ပါတယ်။ သူ့ကို မင်း ဆူနိုင်ပါတယ်။ မေတ္တာပြန်ထားဖို့တော့ မမေ့ပါနဲ့။ သူဟာ ဖခင်ဖြစ်တဲ့ ငါ့ရဲ့အမြင်မှာ နူးညံ့တဲ့ ပန်းလေး တစ်ပွင့်ပါ။
သမီး အားငယ်နေရင် မင်းသူနဲ့ ခဏလေး အတူ နေပေးလိုက်ပါ။ သမီးလေး နေမကောင်းရင် လစ်လျု မပြုပါနဲ့၊ နည်းနည်းလေး ဂရုစိုက်ပေးလိုက်ပါနော်။ မင်းဟာ သူ့အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါ။
သူဟာ လင်သားဖြစ်တဲ့ မင်းအပေါ်မှာ တာဝန် မကျေ လစ်ဟင်းခဲ့ရင် ဆုံးမပေးပါ။ အခုထိ မယား တာဝန်တွေကို သင်ယူနေတုံးဘဲလို့လည်း နားလည်ပေးပါ။ မင်းအပေါ် ကြမ်းတမ်းမှာ မဟုတ်ဘူးလို့ ငါယုံပါတယ်။ သမီးကို ပျော်အောင် ထားပေးပါနော်။
သမီးကိုငါ နှစ် လ ရှည်ကြာ မတွေ့ရလို့လည်း ဘာမှ မဖြစ်ပါ။ တယ်လီဖုန်း မပြောဖြစ်လို့လည်း အရေးမကြီးပါ။ သမီးငါ့ကို သတိ မရလေ ကောင်းလေပါဘဲ။ မင်းနဲ့ ပျော်နေလေ ငါပျော်လေပါဘဲ။ မင်းကို ပြောခဲ့တဲ့ အတိုင်းဘဲ ငါရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်က သူပျော်နေဖို့ ဘဲလေ၊ သူပျော်အောင် ထားဖို့က မင်းရဲ့လက်ထဲမှာ ရှိနေတာ မဟုတ်လား။
ဒါတွေဟာ ငါ့ရင်ထဲက စကား အမှန်တွေပါ။ အခုအချိန်မှာတော့ အခုမှ ပူပူနွေးနွေး ဖြစ်လာတဲ့ သမက်ဖြစ်တဲ့ မင်းအတွက် အဓိပ္ပာယ် အပြည့်အဝ ရှိချင်မှ ရှိအုံးမှာ၊ ဒါပေမဲ့ တစ်နေ့ မင်းတို့မှာလည်း သမီးလေးတွေ ရလာတဲ့အခါမှာ အသေအချာ သဘောပေါက်လာမှာပါ။
ကဲ ဒါတွေ အားလုံးရဲ့အနှစ်ချုပ်ကတော့ "သမီးကို ပျော်ရွှင်စေလို့ပါဘဲ။"
ကျေးဇူးပါ။
(မင်္ဂလာဆောင်ပွဲတွင် ဖခင်တစ်ဦး ပြောသော စကားဖြစ်ပါသည်။ အနည်းငယ် ပိုသည်ဟု ထင်မိသော်လည်း သမီး အပေါ် ထားရှိသော ဖခင် တစ်ဦးကို အထူး ပေါ်လွင်စေသဖြင့် ဘာသာပြန် တင်ပြအပ်ပါသည်။)
Photo : music2movies
လူပိန်း (ရိုးရာလေး)

0 comments:

Post a Comment

စာမေရးျဖစ္ေတာ့တာေၾကာင့္ က်ေနာ္ႀကိဳက္ၿပီး ဖတ္ေစခ်င္တဲ့ စာေလးေတြကို တင္ထားပါတယ္ဗ်ာ

Followers

Total Pageviews

အမွာပါးစရာမ်ားရွိေနရင္

Pop up my Cbox

Blog Archive

အက္ဒမင္

အျခားက႑မ်ားကို ေလ့လာရန္

ရွာေဖြေလ ေတြ႔ရွိေလ

စာေပျမတ္ႏိုးသူမ်ား

free counters
Related Posts Plugin for WordPress, Blogger...