Wednesday, July 22, 2015

*** ကလေးတွေရဲ့ ဖျော်ဖြေရေးနည်းပညာအလွန်အကျွံသုံစွဲမှုကို *** လျှော့ချနိုင်ရန်မိဘများကလဲ ဆင်ခြင်ပေးရန်လို


21 - 7 - 2015
ကလေးတွေ ဆယ်ကျော်သက်တွေက COC , We Chit Facebook လို ဖျော်ဖြေရေးနည်းပညာတွေကို
စွဲလမ်းနေပြီး တကယ့်ကမ္ဘာကြီးနဲ့ထိတွေ့ဆက်ဆံမှု နည်းသည်ထက် နည်းလာနေတာဟာ မိဘတွေမှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အပြစ်ရှိပါတယ်။ ဖျော်ဖြေရေးနည်းပညာကို အလွန်အကျွံသုံးစွဲမိတဲ့ကလေးဟာ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုလမ်းကြောင်းလွဲမှားသွားနိုင်သလို ခံယူချက်တွေဟာလဲ လောကကြီးနဲ့ သဟဇာတမဖြစ်တော့ဘဲ လူ့ဘောင်လူ့အသိုင်းအဝိုင်းက လက်သင့်မခံနိုင်တဲ့ အပြောအဆိုအပြုအမူ အယူအဆတွေနဲ့ပြည့်လာနိုင်ပါတယ်။

ဒီလိုဖျော်ဖြေရေး နည်းပညာ အလွန်အကျွံသုံးစွဲနေတဲ့ကလေးကို ထိန်းဖို့ ပထမဆုံးတာဝန်ရှိလာတာက မိဘတွေပါ။ အွန်လိုင်းကမ္ဘာကြီးရဲ့ညှို့ဓာတ်ဟာ ပြင်းထန်လွန်းတယ်ဆိုတာကို အမြန်သဘောပေါက်ဖို့ လိုပါတယ်။ ကိုယ့်ကလေးဟာ အွန်လိုင်းကို ဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ်အဖြစ်အသုံးမပြုဘဲ ဖျော်ဖြေရေး နည်းပညာအဖြစ် အသုံးပြုနေသလားဆိုတာကို အမြန်သိဖို့ လိုပါတယ်။

သိပြီဆိုတာနဲ့ ကြားဝင်ဟန့်တားထိန်းချုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင်တော့ အဲ့ဒီကလောဟာ
အွန်လိုင်းဝဲကတော့ကြီးရဲ့ ဝါးမျိုခြင်းကိုခံရမှာဧကန်မုချပါပဲ။ ကလေးတွေ ဖျော်ဖြေရေးနည်းပညာရဲ့ သားကောင်ဖြစ်မသွားအောင် ကယ်တင်ဖို့တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ မိဘတွေဟာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရပါမယ်ဒီအိမ်မှာ ဖုန်း ကွန်ပျူတာအစရှိတဲ့ ကိရိယာတွေနဲ့ ဖျော်ဖြေရေးနည်းပညာသုံးတာကို တားမြစ်ကန့်သတ်ချက်တွေ ဘယ်လောက်ထိ ထုတ်ပြန်ထားသလဲလို့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ပါ။ မရှိသေးဘူးဆိုရင် ပထမဆုံးအိပ်ခန်းတွေထဲက ရုပ်မြင်သံကြားစက်တွေကိုဖြုတ်လိုက်ပါ။ ညအိပ်ရာဝင်ချိန်မှာ ဖုန်းတွေကိုအိပ်ခန်းအပြင်ဘက်မှာပဲထားခဲ့ရမယ်လို့ စည်းကမ်းထုတ်ပါ။ သင်ကိုယ်တိုင်လဲလိုက်နာပါ။ သင်ကိုယ်တိုင်က ဖုန်းနဲ့မျက်နှာမခွာတမ်းတခွမ်းခွမ်းနဲ့ ဂိမ်းကစားနေမယ်ဆိုရင် ကလေးကိုတားဖို့ အတော်ခက်ခဲပါလိမ့်မယ်။ ဦးစားပေးကိစ္စတွေရှိတဲ့အချိန်မျိုးတွေမှာ အားလုံးညီတူညီမျှ ဖုန်းတွေကို Silent လုပ်ထားပါ။ တချို့လူတွေဟာ ဘယ်ချိန်ဆက်ဆက် ဘယ်သူဆက်ဆက် ဘယ်လိုနေရာမျိုးမှာဆက်ဆက် ဖုန်းကို အသည်းအသန်ထုတ်ကိုင်လေ့ရှိပါတယ်။ သမီးလေးရဲ့လက်နှစ်ဖက်ကိုကိုင်ပြီး စကိတ်အတူစီးနေ တုန်း ဖုန်းလာလို့ သမီးလေးရဲ့လက်ကိုလွှတ်ပြီး ဖုန်းကိုင်တဲ့သင့်ကို ဘယ်သူကမှ မချီးကျူးလောက် ပါဘူး။ ခေါင်းကိုက်နေတဲ့ကလေးကို ဆေးတိုက်ခါနီးဖုန်းလာလို့ ဖုန်းအကြာကြီးပြောနေမယ် ဆိုရင် သင့်လက်ဖဝါးပေါ်က ဆေးကိုကြည့်ပြီး ကလေးမှာစိတ်ပျက်လက်ပျက်ဖြစ်ပါလိမ့်မယ်။ မိသားစု ရုပ်ရှင်ကြည့်ချိန်လေးမှာ သင့်ဖုန်းကိုပိတ်ထားပေးမယ်ဆိုရင် အရည်အသွေးပိုပြည့်ဝတဲ့ မိသားစု အချိန်
လေးကို ရပါလိမ့်မယ်။ သင်ဟာ မိနစ်နဲ့အမျှ ဖုန်းကိုလက်ကမချနိုင် ဖုန်းပြောလိုက် ဂိမ်းဆော့လိုက် facebook သုံးလိုက် လုပ်နေမယ်ဆိုရင် ကလေးတွေလဲ အဲဒီအတိုင်း လိုက်လုပ်ကြမှာပါပဲ။
ဖုန်းဟာ ကျွန်မသားနဲ့ ကျွန်မရဲ့ချစ်ခြင်းကိုခွဲလိုက်တဲ့ မကောင်းဆိုးဝါးလို့မြင်ပါတယ်။ အရင်ကဆိုရင် မနက် နေ့လယ် ညအချိန်တွေမှာ အမေနဲ့တစ်သားတည်း ထိုင် ထ သွား လာရှိနေတတ်တဲ့ သားလေးဟာ ခုဆိုရင်မနက်အိပ်ရာနိုးနိုးခြင်း အိမ်သာမသွား မျက်နှာမသစ်သေးဘဲ ဖုန်းကိုနာရီဝက်လောက်သုံးပါတယ်။ မနက်စာ စားတော့လဲ လက်တစ်ဖက်ကဖုန်းကိုကိုင်ထားပြီး ကြည့်နေပါတယ်။ သူဘာကိုစားနေမှန်းတောင် သူမသိပါဘူး။
ဆိုင်ကယ်စီးရင်းလဲ ဖုန်းပြောမယ် ပွတ်မယ် အမေနဲ့ခဏပြောစရာရှိတာပြောပြီးရင် ဖုန်းကိုင်ပြီးထွက်သွားပြီ။
ကြာတော့ ဒီဖုန်းကိုမြင်တိုင်း ကျွန်မရင်ထဲ ဒေါသထွက်မိတယ်။ ဒီဖုန်းကိုမုန်းတယ်လို့ ကယ်လီဖိုးနီးယားပြည်
နယ်က အလယ်တန်းကျောင်းဆရာမတစ်ဦးက ရင်ဖွင့်ပြောပြပါတယ်။ 


ဒါကတော့မိဘကိုယ်တိုင်က ဖျော်ဖြေရေးနည်းပညာမသုံးပေမယ့် သုံးတဲ့သားသမီးတွေရဲ့ လျစ်လျူရှုခြင်းကို ခံစားနေရတဲ့ မိဘသောကရဲ့ သာဓကဖြစ်ပါတယ်။ အိမ်ပြန်လာရင် မိန်းမနဲ့ကလေးတွေက TVကြီးဖွင့်ပြီး တစ်ချက်ကြည့်လိုက် ဖုန်းကိုငုံ့ကြည့်ပြီး ပွတ်လိုက် လုပ်နေကြပုံများ အရင်လို ကိုယ်အဆင်ပြေတာ မပြေတာတွေ ပြောဆိုဆွေးနွေးဖို့အချိန်ဆိုတာ ဘယ်ရောက်သွားမမှန်းတောင် မသိဘူး။ ထမင်းစားတော့လဲ ဘေးမှာတော့လာထိုင်ပါတယ် ပြီးရင် facebook ပေါ်က အတင်းပြော သတင်းတွေ ဟာသတွေအကြောင်းပဲ ပြောနေတယ်။ ကျွန်တော်တို့နစ်ယောက်အကြောင်း ကလေးတွေအကြောင်းကို တိုက်ရိုက်ဆွေးနွေးတာတွေ နည်းလာတယ်လို့ နယူးယောက်မြို့က စတော့အိတ်ချိန်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ရင်ဖွင့်ပြောပြပါတယ်။ အွန်လိုင်းကျေးဇူးကြောင့် သူငယ်ချင်းတွေပြန်ဆုံရသလို ကိုယ်ကြိုက်တာ ဖတ်ချင်တာလေးတွေ တွေ့တော့လဲ ဖတ်မိပါတယ် သုံးမိပါတယ် ဒါပေမဲ့ ကိုယ်က ဖျော်ဖြေရေးနည်းပညာကို သုံးလေ ကလေးတွေကလဲ ပိုသုံးလေဆိုတာကို သတိထားမိပြီး တဲ့နောက် ခုဆိုရင် ကလေးတွေရဲ့ရှေ့မှာ ဖုန်းမကိုင်မိဖို့ ဂိမ်းမဆော့မိဖို့ ကျွန်မဆင်ခြင်ပါတယ်။ သူ့ကို လူသားခြင်းထိတွေ့ပြီး နွေးထွေးစွာစကားပြောဆိုမှုတွေကို လုပ်ပေးပါတယ်။ သူအိပ်နေတဲ့အချိန် ကျောင်းသွားနေတဲ့အချိန်တွေမှာ ကျွန်မ ဖုန်းကိုစိတ်ကြိုက်သုံးတော့တာပဲလို့ အိမ်ရှင်မတစ်ယောက်ကလဲ ပြောပြပါတယ် ။
ကလေးတွေ ဖျော်ဖြေရေးနည်းပညာ အလွန်အကျွံသုံးစွဲမှုကို ဟန့်တားထိန်းချုပ်ဖို့ လိုအပ်လာပြီး ဆိုတာကို
ဖော်ပြရင်း သူတို့ကို ထိန်းလို့ရနိုင်မယ့် နည်းလမ်းအချို့ကို လေ့လာရေးသားတင်ပြလိုက်ရပါတယ် ။ ။ ။


(TMKဘာသာပြန်သည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...