Wednesday, July 1, 2015

လူအသူကြီး


ဟိုးရှေးရှေးတုန်းကဒီသာပါမောက္ခဆရာကြီးဆီမှာအရမ်းရိုးအတဲ့ တပည့်တစ်ယောက်ရှိတယ်တဲ့ကွယ်။ အဲဒီတပည့်ဟာ ကြိုးစားအားထုတ်မှုနဲ့ ဆရာအပေါ်ရိုသေမှုမှာတော့ ဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရဘူးတဲ့။ အဲဒါကြောင့် ဆရာကြီးရဲ့ လက်စွဲတပည့်ကျော်ဖြစ်နေတာပေါ့။ အဲလိုနဲ့ ဆယ်နှစ်ဆယ်မိုး သင်ယူပြီးလို့မင်းသားတွေအားလုံး ကိုယ့်တိုင်းပြည်ပြန်ကြတဲ့အချိန်မှာ သူ့ရဲ့ချစ်တပည့်ကို ပါမောက္ခဆရာကြီးကသတ်သတ်ခေါ်ပြီး ဆုံးမသတဲ့။
တပည့်ကြီး..မင်းဟာ အရမ်းတုံးတယ်..အဲဒီတော့ မင်းလူသာမန်တွေနဲ့နေရင်တော့ ဘယ်လိုမှ မကြီးပွားနိုင်ဘူး။ အဲဒီတော့ မင်းဟာ မင်းထက်တုံးတဲ့လူတွေရှိတဲ့တိုင်းပြည်ကိုရှာပြီး တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပေတော့ကွယ်လို့ မှာကြားလိုက်သတဲ့။
အဲလို နဲ့ ငတုံးမင်းသားလေး လဲ တစ်နယ်ဝင်တစ်နယ်ထွက်နဲ့ သူ့ထက်တုံးတဲ့လူတွေကိုလိုက်ရှာသတဲ့။ အဲဒီလိုနဲ့ တစ်နေ့မှာ ညဘက်ခရီး သွားရင်း လူတွေက ညကြီးမင်းကြီး မီးတုတ်တွေထွန်းပြီးသစ်ပင်ပေါ်မှာ တစ်စုံတစ်ရာကိုရှာနေကြတာတွေ့သတဲ့ သူကလဲဘာဖြစ်လို့လဲ ... ဘာကိုရှာနေတာလဲလို့မေးတာပေါ့ ..အဲဒီတော့ လူတွေက သစ်ပင်ပေါ်မှာသူ့တို့တိုင်းပြည်က သူဌေးကြီးရဲ့ သားလေးတက်ကစားရင်းနဲ့ ပတ္တမြားလက်စွပ်ပျောက်လို့ရှာနေပါတယ်ဆိုတော့ ... ငတုံးမင်းသားလေးက အော် တော်တော် အတဲ့လူတွေပဲ သစ်ပင်ပေါ်မှာ လက်စွပ်ပျောက်မှတော့ သစ်ပင်အောက်ဆင်းရှာရမှာပေါ့ သစ်ပင်ပေါ်မှာမီးတုတ်တွေထွန်းရှာလို့ရပါ့မလားဆိုပြီး..ကဲ ..ကျွန်တော်ပြန်တွေ့မယ်လို့တာဝန်ယူတယ် ပေါ့ မနက်ဖြန်မနက်မှ ရှာပေးမယ်လို့ပြောလိုက်တယ်တဲ့ ..နောက်တော့ လူအမင်းသားလဲ မိုးလင်းတော့ သစ်ပင်အောက်မှာရှာတော့ ပျောက်သွားတဲ့ ပတ္တမြားလက်စွပ်ကိုတွေ့သတဲ့... လူအရွာကလူတွေကလဲ ရွာအကြီးအကဲ တင်မြောက်မယ်ဆိုပြီးခေါ်သွားကြသတဲ့...
အဲလိုနဲ့ ရွာအကြီးအကဲဖြစ်လာတဲ့ လူအ ဟာ ရွာရဲ့ ပြဿနာတော်တော်များများကိုဖြေရှင်းနိုင်ခဲ့သတဲ့...
၁။ ရွာကလူတွေက လာမေးကြတယ် ။ အလှူလုပ်တဲ့အခါ လာတဲ့လူအရေအတွက်ကို ဘယ်လိုသိနိုင်ပါသလဲပေါ့။
သူကပြန်မဖြေခင်မေးတယ်။ ရွာမှာခြေထောက်ပြတ်တဲ့ လူရှိလား။ မရှိပါဘူးခင်ဗျာဆိုတော့ ..အဲဒါဆို ရင် အိမ်ပေါက်ဝမှာထိုင်ခုံတစ်လုံးနဲ့ထိုင်ပြီး ခြေထောက်တွေကိုရေတွက်ပါ ပြီးရင် နှစ်နဲ့စားလိုက်ပါ..ဆိုတော့ ရွာသားတွေလဲ အရမ်းကိုကျေးဇူးတင်သွားသတဲ့ကွယ်...
၂။ အိမ်မှာကျွဲနွားတွေအများကြီးရှိတဲ့အခါ နွားတွေကျွှဲတွေရဲ့အရေအတွက်ကိုဘယ်လိုသိနိုင်ပါသလဲဆိုတော့ ...ခြေထောက်တွေကိုရေတွက်လိုက်ပါ ။ပြီးရင် လေး နဲ့စားလိုက်ပါ။ ခြေထောက်တွေအရေအတွက်ကိုသိပါလိမ့်မယ်....
လို့ဖြေတော့ အရမ်းကိုနာမည်ကြီးသွားသတဲ့......
၃။ အဲလိုနဲ့ ရွာသူကြီးလဲ ရွာထဲကိုလှည့်ပတ်ကြည့်ရင်း လူတစ်ယောက်ကကုန်းကုန်း ကွကွနဲ့ကြမ်းကြားထဲကိုနှိုက်နေတာမြင်တော့ ဘာဖြစ်လို့လဲလို့မေးသတဲ့။ နှိုက်တဲ့ လူက ငါးမူးစေ့ တစ်စေ့ကျသွားလို့ရှာနေတာပါ ဆိုတော့...ဒါလေးများကွယ် ..အ ရန်ကော အိမ်ကို ရေနံဆီလောင်းပြီးမီးရှို့လိုက် ပြာကျသွားရင်ပြာပုံတွေကြားမှာလိုက်ရှာလိုက်ရင်ပြီးပြီပေါ့ ..ကြမ်းတွေခွာရင်ပင်ပန်းတာပေါ့ လို့ပြောသတဲ့။ လူအရွာသားလဲ အိမ်ကိုမီးနဲ့ရှို့လိုက်တာ သူ့အဘိုးလက်ထက်က ဖွက်ထားတဲ့ရွှေဒင်္ဂါးတွေပါရသွားလို့ လူအသူကြီးကို တစ်ဝက်ကန်တော့ပြီး...သူ့တူမနဲ့ပါပေးစားလိုက်သတဲ့ကွယ်....
Credit-Eain Mat ThaKhin

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...