Friday, July 24, 2015

**** မြန်မာ့ရင်းနှီးမြုပ်နှံမှု ဈေးကွက် ****




မကြာမီ အောက်တိုဘာ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသားအများစု ထိတွေ့ဆက်ဆံမှုမရှိသော Stock Market သည် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ Stock Market အကြောင်း သိသင့်သိထိုက်သည်များကို မိမိသိထားသလောက် ပြန်လည်မျှဝေပေးခြင်းသာဖြစ်သည်။ စာရေးသူသည် Stock Market အကြောင်း အတွေ့အကြုံအရကောင်းစွာ မသိသော်ငြား လေ့လာဖတ်ရှုမိသည်များကို အများပြည်သူ သုတရစေခြင်း ငှာ ဝေမျှခြင်းဖြစ်ပါသည်။


Stock Market အဘယ်ကြောင့်ဖြစ်ပေါ်လာသနည်း။ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငွေကြေးဈေးကွက် (Financial Markets) သည် နေ့စဉ်နှင့်အမျှ ၀ယ်ယူခြင်း၊ ရောင်းချခြင်းများဖြင့် စီးပွားရေးကဏ္ဍာပေါင်းစုံတွင် တွေ့ရှိရမည်ဖြစ်ပြီး Financial Market ဟုဆိုလျှင် အဓိက ဈေးကွက်လေးခုသာရှိပါတယ်။

(1) Money Market
(2) Capital Market
(3) Forex Market
(4) Credit Market

Money market တွင် နိုင်ငံအသီးသီးတွင် ရှိသော Interbank (Central Bank) များရဲ့ အစိုးရငွေတိုက်စာချုပ်များ Bankers တွေရဲ့ Deposit တင်ထားတဲ့ စာချုပ်တွေစတဲ့ အစိုးရကိုင်တွယ် စိုးမိုးသော ငွေကြေးဈေးကွက်ဖြစ်ပါတယ်။ အဓိက London Interbanked Offered Rate (LIBOR) Group ကို ဖြတ်ရပါတယ်။ သင့်လျော်တဲ့ စည်းမျဉ်းတွေ နှုန်းထားတွေ သတ်မှတ်ပေးထားပါတယ်။

Forex Market ဟာ အဓိက နိုင်ငံခြား ငွေလဲလှယ်ခြင်း Foreign Currecy Exchange ကိုကစားပါတယ်။ Players နှစ်မျိုးရှိပါတယ်။ Interbank (wholesales) နဲ့ Client (Retail) ဆိုပြီးရှိပါတယ်။ ကျနော်တို့ရဲ့ Central Bank of Myanmar (CBM) လည်း နေ့စဉ် Interbank Foreign Exchange Market ကို ၀င်ကစားပါတယ်။ ရောင်းမယ့်ဝယ်မယ့် Bid-Ask Quotation price တင်ရပါတယ်။ Units Amount ပြရပါတယ်။ ဒီနေရာမှာ Cross Rates ကို ပါးပါးနပ်နပ်ကစားနိုင်မှ အကျိုးအမြတ်များများရပါတယ်။ ဒါကို Triangular Arbitrage လို့ခေါ်ပါတယ်။ ဥပမာ New York က Citibank ရဲ့ မူရင်း ငွေကြေးဟာ Dollar (USD) ဖြစ်ပါတယ်။ London က Barclays Bank ရဲ့ မူရင်းငွေကြေးဟာ Sterling Pound (GBP) ဖြစ်ပါတယ်။ Frankfurt က Deutsche Bank က Euro (EUR) ဖြစ်ပါတယ်။ ကျနော်က Citibank ကဆိုပါစို့ USD 1,000,000 နဲ့ ယနေ့ USD 1 ကို GBP 0.64 ပေါက်တယ်ဆိုပါစို့ Barclays Bank မှာ လဲလိုက်ပြီဆိုပါတော့ GBP 640,000 ရရှိမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Deutsche Bank က GBP 1 ကို EUR 1.44 ပေါက်ဈေးရှိတယ်ဆိုပါစို့ လဲလိုက်မယ်ဆို EUR 921,600 ရရှိမှာဖြစ်ပါတယ်။ တစ်ဖန် Deutshe Bank ကနေ Citibank ကို EUR 1 ကို USD 1.09 နှုန်းနဲ့လဲမယ်ဆိုရင် USD 1,004,544 ပြန်လည်ရရှိမှာဖြစ်ပါတယ်။ အကျိုးအမြတ်အနေနဲ့ USD 4,544 ရရှိမှာဖြစ်ပါတယ်။ ဒါကို Forex ရဲ့ Arbitrage Profits လို့ခေါ်ပါတယ်။ Government က Intervention လုပ်တဲ့အတွက် Managed Float လို့ခေါ်ပြီး အပြင်မှာ အများပြည်သူ ၀ယ်ကျရောင်းကျတာကို Free Float လို့ခေါ်ပါတယ်။ ဒါက Forex ရဲ့ အကြမ်းဖျဉ်း အနှစ်သာရပါ။

Capital Market တွင် Primary market နှင့် Secondary market ရယ်လို့ ရှိပါတယ်။ ဒီ Capital Market ဟာ တနည်းအားဖြင့် Stock Market လို့ခေါ်ပါတယ်။ Primary market မှာ new securities (new financial assets) ကို အဓိကထားလုပ်ကိုင်တဲ့ဈေးကွက်ဖြစ်ပြီး Stock တွေ Bond တွေ အများစုပါဝင်ပါတယ်။ New securities တွေကို Private Company မှ Public Company အဖြစ်ပြောင်းတော့မယ့် Company (သို့) Corporation ဟာ အများပြည်သူသိရှိအောင် အစကနဦး ကမ်းလှမ်းခြင်း Initial Public Offering (IPO) လုပ်ရပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင်မှာ Due-dilligence (DD) ဆိုတဲ့ အရေးကြီး ဆွေးနွေးညှိနှိုင်းမှု များစွာလုပ်ရပါတယ်။ Company တွေ Corporation တွေ Merger (ပေါင်းကျ) Acquisiton (၀ယ်ကျ) တဲ့အခါမှာလည်း လုပ်ရပါတယ်။ Financial Audit Firms တွေ Legal Lawers တွေ Management Audit အစ သက်ဆိုင်ရာ Audit ပေါင်းများစွာ နဲ့ Securities Firms တွေဟာ ညှိနှိုင်းဆွေးနွေးပြီး Company ရဲ့ Assets တွေ ပိုင်ဆိုင်မှု မှန်ကန်မှုရှိမရှိကအစ အသေးစိတ်စစ်ဆေးရပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ တာဝန်ခံတစ်ဆင့်ရောင်းချမယ့် Securities Firms တွေဟာ Underwriting ဆိုတဲ့ Firm commitment, Best effort, Standby agreement စသဖြင့် လိုက်နာရမည့် ပုဒ်တွေကို ကတိက၀တ်ပြုရပါတယ်။ ရရှိလာတဲ့ ညှိနှိုင်းဆွေးနွေးမှု အဖြေဟာ Prospectus လို့ခေါ်တဲ့ Company လုပ်ငန်းလမ်းညွှန်ရှင်းတမ်းအနေနဲ့ ပေါ်ထွက်လာပါတော့တယ်။ လုပ်ငန်းရင်းနှီးမြုပ်နှံမှု Risk ရှိမရှိ၊ Company ရဲ့ Short-term & Long-term ရင်းနှီးမြုပ်နှံမှု အကျိုးအမြတ်ရရှိမှုကအစ ရှင်းတမ်းထုတ်ရပါတယ်။ ဒါဟာ Primary Market မှာ Private Company ကနေ Public Stock Market ထိ ရောက်ရှိပုံ အဆင့်ဆင့်ဖြစ်ပါတယ်။ Issue စလုပ်တဲ့ အဆင့်မို့ Issuing Market လို့လည်းခေါ်ကြပါတယ်။ Secondary Market မှာတော့ ဈေးကွက်ထဲမှာ တည်ငြိမ်ပြီး ဖြစ်တဲ့ Stock တွေကို ၀ယ်ရောင်းလုပ်ကြတဲ့အတွက် Trading Market လို့လည်း ခေါ်ကြပါတယ်။

Stock Market ထဲနောက်ထပ်ကွဲပြားတာတစ်ခုက Exchange Market နဲ့ OTC Market (Over-the-counter) ပါပဲ။ Exchange Market က Securities Exchange Commission ကတရားဝင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ Listed တင်ထားတဲ့ Market ဖြစ်ပါတယ်။ Corporation ကြီးတွေ လုပ်ငန်းကြီး Company ကြီးတွေပါပါတယ်။ Listed မတင်ထားတဲ့ Company က Stock တွေမ၀ယ်ပါဘူး။ US မှာ (S&P 500) ဟာ Listed ထဲမှာမှ အကြီးဆုံး Corporation တွေရဲ့ Stock တွေကို ၀ယ်တဲ့ရောင်းတဲ့ Market ဖြစ်ပါတယ်။ Transaction Costs များပါတယ်။ Risk တော့ အရမ်းနည်းပါတယ်။ Yangon Stock Exchange (YSE) အောက်တိုဘာမှာစရင် ကနဦးအစမှာ Asia Green Development (AGD) Bank ရယ် First Myanmar Investment Co Ltd (FMI) နဲ့ Myanmar Agribusiness Public Cooperation Limited (MAPCO)တို့က Listed လုပ်မယ်လို့ကြေငြာထားပြီးဖြစ်ပါတယ်။ နောက်ပြီး Public Company ၈၀ ပါဝင်မယ်လို့လည်း သိရပါတယ်။ OTC Market မှာကျ Listed မ၀င်တဲ့ Company အသေးစား၊ အလတ်စားတွေ ပါဝင်တာများပြီး ကောင်းကျိုးအနေနဲ့ Transaction Costs သက်သာပါတယ်။ အမေရိကန်ဘီလျှံနာ သူဌေးကြီး Warren Buffet ဟာ Berkshire Hathaway Investment Company ကို တည်ထောင်ပြီး အစကနဦး OTC Market ကနေချမ်းသာလာလိုက်တာ သူ့နောက်ကလိုက်ပြီး USD 2,000 ထည့်ဝင်ခဲ့တဲ့သူဟာ ယနေ့မှာ USD 20 million ထိ ပိုင်ဆိုင်မှုတွေ ကြွယ်ဝလာခဲ့ပါတယ်။ ကျနော်တို့ Coca Cola တစ်ဗူးသောက်တိုင်း သူ့ကို ၉ ရာခိုင်နှုန်းပေးရတဲ့အထိ Cocal Cola ရဲ့ ၉ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး General Motor ရဲ့ ရှယ်ယာ ၁၅ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ မကျွမ်းကျင်ရင် Risk အရမ်းများတဲ့ Market ဖြစ်ပါတယ်။ OTC Market က တကယ်တော့ Exposure Market ပါ ကျောက်တွင်းမှာ ကျောက်တူးသလိုပဲ။ လက်ရှိ မြန်မာနိုင်ငံမှာ Public Companies ပေါင်း (၈၀)ရှိပါတယ်။ ဂုဏ်သိက္ခာအရ အများပြည်သူဆိုတဲ့ ဂုဏ်ပုဒ်အရ Stock Exchange ထဲကို ရောက်လာကြပါလိမ့်ဦးမယ်။ တစ်ချို့ Private လုပ်နေတဲ့ လုပ်ငန်းရှင်တွေလည်း Venture Capital (VC) Funds တွေဆီက ငွေကြေးအကူအညီတွေယူ လုပ်ငန်းတွေတိုးချဲ့နဲ့ Public Company ဖြစ်အောင် ကြိုးစားနေတဲ့သူတွေလည်းရှိပါတယ်။

ယခု Yangon Stock Exchange (YSE) ကို Myanmar Economic Bank က ရင်းနှီးမြုပ်နှံမှု ၅၁ ရာခိုင်နှုန်းထည့်ဝင်ပြီး Japan's Daiwa Institute of Research Ltd က ၃၀ဒသမ၂၅ရာခိုင်နှုန်း Japan Exchange Group က ၁၈ဒသမ၇၅ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ရင်းနှီးမြုပ်နှံထားပါတယ်။ Myanmar Securities Exchange Commission ကတော့ Securities Business Firms ၅၇ခုကို လိုင်စင်ချထားပေးပြီးဖြစ်တယ်။ Underwriters ၂၀၊ Advisory ၃၀ နဲ့ Broker နဲ့ Dealer ၇ခု ဆိုပြီး အသီးသီးလိုင်စင်ချပေးထားပါတယ်။ လိုင်စင်ကြေးတွေကတော့ Underwriters တွေက ဒေါ်လာ ၁၅သန်း၊ Advisory တွေက ဒေါ်လာ သုံးသောင်း၊ Dealers တွေက ဒေါ်လာ ၁၀သန်း၊ Brokers တွေက ဒေါ်လာ ၇သန်းဆိုပြီး အသီးသီးသတ်မှတ်ထားပါတယ်။ Deposit Fees အနေနဲ့ ကနဦး ၁၀ရာခိုင်နှုန်းသတ်မှတ်ထားပါတယ်။ ဒီလိုင်စင်ကြေးတွေဟာ အာဆီယံဒေသတွင်းမှာ အမြင့်ဆုံးလို့တောင် သတ်မှတ်လို့ရနိုင်ပါတယ်။ Advisory လိုင်စင်ကြေးကျတော့ အရမ်းနည်းပါးလှတဲ့အတွက် Apply ရတဲ့သူ ၃၀ တောင်ရှိတာတွေ့ရပါမယ်။ နောက်ပြီး သီလ၀ါလို စက်မှုဇုန်တွေအောင်မြင်လာရင် YSE နဲ့အပြိုင် Thilawa Exchange Market တွေ နောက် ၁၀နှစ် နှစ် ၂၀ လောက်မှာ တွေ့ရလိမ့်မယ်လို့ထင်ပါတယ်။ တကယ်တော့ မြန်မာပြည်ဟာ သူများတွေနောက်မှ Stock Market စခဲ့ရတာမဟုတ်ပါဘူး အင်္ဂလိပ်ခေတ် ၁၉၃၀ ၀န်းကျင်လောက်က Rangoon Stock Exchange (RSE) အနေနဲ့ အိန္ဒိယလက်အောက်ခံ ဘုံဘေဈေးကွက်တို့နဲ့အတူတည်ရှိခဲ့ဘူးပါတယ်။ ဆိုရှယ်လစ် အစိုးရ မလဆတက်လာပြီး ဦးနေ၀င်း ပြည်သူပိုင်လုပ်ပစ်ခဲ့ပြီးနောက်ပိုင်း နှမြောတသစွာ RSE က ပျောက်ကွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါက Capital Stock Market တွေရဲ့ Basic History တွေပဲဖြစ်ပါတယ်။

အကယ်လို့များ Stock Market စပြီဆိုပါစို့။ ကျနော်တို့တွေ အရှုံးအမြတ် ဘယ်လိုတွက်ချက်ပြီး ၀ယ်ကျရောင်းကျ ခန့်မှန်းကျမှာလဲ။ အရမ်းအရေးကြီးတဲ့ အပိုင်းကို ရောက်လာပြီပေါ့။ Stock Valuation ပေါ့။ ဆိုကျပါစို့ ကျနော်တို့က Company တစ်ခုရဲ့ Share တွေ ၀ယ်လိုက်ပါပြီ။ ကျနော်တို့တွေ အကျိုးအမြတ်တွေအနေနဲ့ ဘယ်လိုပြန်ရနိုင်မလဲ။ နည်းလမ်းနှစ်လမ်းရှိပါတယ်။ တစ်ခုက Company ရဲ့ နှစ်စဉ် Dividends အမြတ်ခွဲဝေပေးမှုက ရရှိနိုင်သလို Stock Market ထဲမှာ ပြန်လည်ရောင်းချခြင်းကလည်း ရရှိနိုင်ပါတယ်။ Dividends နှစ်စဉ်နဲ့အမျှ တိုးတိုးရလာဖို့ Dividents Growth ကိုမျှော်နေရတာက Common Stock Valuation ဖြစ်ပါတယ်။ Company တစ်ခုရဲ့ Stock Share ကိုပဲ စွဲစွဲမြဲမြဲမျှော်ကိုးနေရတာပါ။ ရာခိုင်နှုန်းများလာရင်တောင် Company ရဲ့ Board of Director (BOD) တောင် ဖြစ်နိုင်ပါတယ်။ Stock Market ထဲမှာ ကြိမ်ဖန်များစွာ ၀ယ်လိုက်ရောင်းလိုက်လုပ်တာမျိုးကျ Preferred Stock Valuation လို့ခေါ်ပြီး Company ရဲ့ Shareholders အစစ်တွေမဟုတ်တဲ့အတွက် Company တစ်ခုရဲ့ အရေးကြီးဆုံးဖြတ်ချက်တွေကို Voting လုပ်ခွင့်မရှိပါဘူး။ ဒါက ကိုယ် Stock ၀ယ်တဲ့အခါ ရေရှည်မျှော်ကိုးရင် Common Stock တွေမှာ အရင်းအနှီးထည့်ပြီး စွန့်စားချင်တော့ Preferred Stock တွေမှာ ရင်းနှီးသင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် အကယ်လို့များ ရင်းနှီးမြုပ်နှံမယ်ဆိုရင် မျက်ကန်းစုံပစ် ရင်းနှီးတာမျိုးမလုပ်ဘဲ ကိုယ်တိုင်လည်း လေ့လာကြပါ၊ အမြင်ကျယ်ကျယ်ထားပြီး ရင်းနှီးပါမှ ကိုယ်ရွေးချယ်မှုတွေ မှန်ကန်ပြီး ငွေအိုးထမ်းနေတာကိုပဲ မြင်နေရမှာပါ။ ကျနော်လည်း အရမ်းနားလည် တတ်ကျွမ်းသူမဟုတ်ပါ။ ကျောင်းသားသာဖြစ်သည့်အတွက် အတွေ့အကြုံများစွာ လိုအပ်နေပါသေးတယ်။ ဒီထဲက ဖတ်ထားမှတ်ထားတဲ့အထဲက သိသမျှကို မျှဝေပေးခြင်းဖြစ်ပြီး အမှားအယွင်းများပါသွားခဲ့လို့ရှိရင် ဝေဖန်ထောက်ပြ အကြံပြုပေးကြပါဗျာ။

!!!!
By Aik Sai
01:00AM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...