Monday, July 13, 2015

*** တရုတ်ရဲ့ မန်ဒါလီ ***

Aik Sai's photo.

အခုရက်ပိုင်း China Stocks တွေဆက်တိုက်ကျလာတာဟာ လေးပတ်လောက်ရှိပါပြီ။ တိတိကျကျဆို ဇွန်လ ၁၂ရက် သောကြာနေ့က ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၈ရက် ၂၀၀၈ခုနှစ်နောက်ပိုင်းကစလို့ Shanghai Security Exchange Composite Index (SSEC) အမြင့်ဆုံး 5166.35 points ထိရောက်ခဲ့ပြီး အခု ဇွန်လ ၃ရက်နေ့မှာတော့ 1481.99 points ထိကျဆင်းခဲ့ပါတယ်။ ဆုံးရှုံးမှုအနေနဲ့ လွန်ခဲ့လကစလို့ ၂၉ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ထရီလျံပေါင်း 2.8 အထက်မှာပဲရှိပါတယ်။
ဒီပမာဏဟာ လက်ရှိ အီးယူမှာ ငွေကြေးအကျပ်အတည်း ကြုံတွေ့နေရတဲ့ ဂရိ GDP ထက် ဆယ်ဆ ပိုများပါတယ်။ စာဖတ်သူတို့နားလည်အောင် SSEC Index ဆိုတာက Stock Market ထဲမှာရှိတဲ့ Fund တွေ Government Bond တွေ Corporate Bond တွေ Enterprise Bond နဲ့ Detachable Convertible Bond တွေပါပါတယ်။ တနည်းအားဖြင့် Detachable Convertible Bond ကို (Exchangeable Bond) လို့လည်းခေါ်ပါတယ်။
ဒီအစုအကုန်လုံးကို SSEC ရဲ့ Constituent အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်ပါတယ်။ ဥပမာ Air China ဆိုရင် SSE number 601111 ရှေ့ဆုံး နှစ်လုံးက နိုင်ငံရဲ့ Country Code ကို သုံးပါတယ်။ Bank of China (BOC) ဆိုရင် 601988 ဖြစ်ပါတယ်။ ဒီလို Constituent တွေအကုန်လုံးပေါင်းပြီး စုစုပေါင်းရလာတဲ့ Index points ဟာ တရုတ်ပြည်ရဲ့ Investors တွေရဲ့ Wealth အတက်အကျကို ပြနေသလို သဘောမျိုးဖြစ်ပါတယ်။ နောက်ထပ် SSEC လို Main မဟုတ်ပေမဲ့ တရုတ်ရဲ့ နောက်ထပ်အခွဲလို့ ပြောလို့ရတဲ့ Shenzeng Stock Exchange Component Index (SZEC) လည်း အလားတူပါဘဲ။ ဒီနေရာမှာ အမေရိကန်မှာဆို Largest Company Listed တွေဖြစ်တဲ့ Standard & Poor Industry Dow Jones (S&P 500) Index ရှိသလို တရုတ်မှာလည်း China Securities Index (CSI300) ရှိပါတယ်။ SSEC ကော SZEC က Company Listed တွေပါပါတယ်။ ဥပမာ Index Stock Company A, B, C, D ဆိုပါစို့ ပထမနေ့ ကုမ္ပဏီ A ရဲ့ Shares closing price က ကျတယ်ဆိုပါစို့ ကျန်တဲ့ B, C, D ကျတယ်ဆို points က အဲလောက်မဆိုးပါဘူး။ အခုက A, B, C, D ထိုးကျတဲ့ သဘောမျိုးဖြစ်ပါတယ်။
တရုတ်ပြည် မူဝါဒချမှတ်သူတွေအတွက် အဓိကက ပြသာနာက တရုတ်ခေါင်းဆောင်တွေက Stock Market အကျဘက်ကို အချက်စပြကတည်းက လျစ်လျူရှုခဲ့တာပါဘဲ။ ဇွန်လ ၂၆ရက် သောကြာနေ့က Bank of China (BOC) ဟာ ၇ဒသမ၄ ရာခိုင်နှုန်းကျလာတဲ့ Stock Market ကို စပြီးထိန်းပါတယ်။ အတိုးနှုန်းတွေကို ဖြတ်ကျပြီးတော့ အရန်ငွေအင်အားကို သီးသန့်သတ်မှတ်ပြီးကိုင်လိုက်ပါတယ်။ အရင် တစ်နှစ်စာ ချေးငွေနှုန်းထားကို သုံးလပတ် တဖြတ်မှာ ၄ဒသမ၈၅ ရာခိုင်နှုန်းဖြတ်ချလိုက်တဲ့ပမာဏ လူတွေတစ်နှစ်စာ ဘဏ်မှာ အပ်ငွေ ၂ရာခိုင်နှုန်းနဲ့ ညီပါတယ်။
ဇွန်လ ၂၉ရက် တနင်္ဂလာနေ့က Asian Infrastructure Investment Bank (AIIB) နဲ့ China-led International Bank တို့ဟာ အခြေအနေ ငြိမ်သက်သွားပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ကြီးသမားမဟုတ်တဲ့ တရုတ် Investors တွေကတော့ ဒီလိုမျိုး အကျဖြစ်မှာကို ကြောက်ပြီး ၀ယ်ထားတဲ့ Shares တွေကို ဆက်ပြီး ထုတ်ရောင်းနေတုန်းပါဘဲ။ ကိုယ်တွေဆီတုန်းက အာရှဓနဘဏ်လိုပေါ့ အပ်ငွေတွေစုပြီးထုတ်လိုက်ကြသလိုပေါ့။ ကောလဟလလည်းပါတာပေါ့။ တရုတ်အစိုးရက ဒီ ဂရက်ကို တရုတ်လူမှုကွန်ယက်တွေပေါ်ထိကို လိုက်ထိန်းချုပ်ပါသေးတယ်။ ဒါပေမဲ့ ပျံ့လို့ ပြသာနာကစနေပြီလေ။ ဒီရိုက်ခတ်မှုဂရက်ရဲ့ နောက်ဆက်တွဲ ဥပမာအနေနဲ့ တရုတ်ဟာ သြစတေးလျကို အဓိက သတ္တုသံရိုင်းတွေ ကျောက်မီးသွေးတွေပို့ပါတယ်။ အဓိက G to G (Government to Government) လုပ်ထားတာတွေက Australian Dollar ဈေးကို ဆက်တိုက်ကျလာစေပါတယ်။ စနေနေ့က တရုတ် Brokerage Firms (Securities) ၂၁ခုက ဒီအရှုံးကို ကာဖို့ သူတို့ နောက်ထပ် ဒေါ်လာဘီလျံ 25.35 ထပ်ပြီး မြုပ်နှံမယ်လို့ကြေငြာပါတယ်။ China Securities Regulatory Commission (CSRC) ဥက္ကဌဟောင်းက ဟောကိန်းထုတ်ပါတယ်။ (မြန်မာပြည်မှာဆိုရင် Myanmar Securities Exchange Commission (MSEC) သည် အဓိက Brokerage Firms (57 securities) ကို စည်းမျဉ်းစည်းကမ်းနဲ့ အညီ Stock Market မှာ လုပ်ကိုင်မှုရှိမရှိ အစိုးရမှ ဖွဲ့စည်းထားသော ကော်မရှင်ဖြစ်သည်။) ဆိုးဆိုးရွားရွား ဖြစ်မည်ဟူသတည်း။ အရင်က တရုတ် Stock market က ရိုလာကိုစတာ စီးသလိုပဲ တက်လိုက်ကျလိုက်ဖြစ်နေတာကနေ ဆက်တိုက်ထိုးတက်လာလိုက်တာ ဒီဇင်ဘာ ၂၀၀၂ခုနှစ် က points 1382.97 ကနေ အောက်တိုဘာ ၂၀၀၇ခုနှစ်အရောက် တရုတ်စီးပွားရေးထောင်လာတဲ့အချိန်မှာ points 6092.06 ထိရောက်ခဲ့ပါတယ်။ သဘောအရပြောရရင် လူဆိုတာ ဆင်းရဲတာကနေ ချမ်းသာပြီးတဲ့အခါ ချမ်းသာတာကနေ ဆင်းရဲတဲ့ ဒဏ်မခံနိုင်ဘူးဆိုသလိုပေါ့။

Aik Sai's photo.

အခု CSRC ဥက္ကဌနာမည်က Xiao Gang ဖြစ်ပြီး အခုလို အကျဘက်ရောက်လာတာ။ သူ့မှာလည်း တာဝန်ရှိတယ်လို့ ပြောသူတွေက ပြောနေကျလေရဲ့။ သူစတာဝန်ယူတာ မတ်လ ၂၀၁၃က ခုက ၂၀၁၅ ဇွန်မှာဖြစ်တာဆိုတော့ ၂နှစ်နဲ့ ၂လအကြာမှာ ဖြစ်တယ်ဆိုပါတော့။ ဝေဖန်သူတွေက ဥက္ကဌ Xiao က သင်္ချာမကျွမ်းဘူးလို့ စွပ်စွဲကြပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုတုန်းကဆို သင်္ချာတော်တော်လေး ရမှတ်နည်းတယ်လို့ ဆိုကြပါတယ်။ ကောလဟလတွေအရ Xiao ရဲ့ လက်အောက်ဝန်ထမ်းက CSRC ရဲ့ pump funds (Hedge Fund လို့လည်း သိများပြီး စွန့်စားမှုနည်းနည်းနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေအတွက် ငွေကြေးရန်ပုံငွေ) ၅ရက်ပျှမ်းမျကို ကောင်းကောင်းနားမလည်ဘူးလို့ဆိုပါတယ်။ သူ့ဘာသာ ဘယ်လိုဂုဏ်ပုဒ်တွေရှိနေပါစေ ဂဏန်းသင်္ချာညံ့ရင်တော့ ပြသာနာကို ရှင်းနိုင်မှာ မဟုတ်ဘူးလို့ ၀ိုင်းစွပ်စွဲနေကြပါတယ်။ ကိုယ်တွေဆီမှာလည်း ဓားပြက သူခိုးတက်လုပ်နေတာတွေရှိပါတယ်။ သတိထားစရာတွေပါ။
နိုင်ငံရပ်ခြားက Speculators ထင်ချက်ပေးတဲ့သူတွေက တရုတ်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားဘဏ်တွေ ရင်းနှီးမြုပ်နှံတဲ့ အဖွဲ့အစည်းတွေကို တရုတ် Stocks တွေ ထုတ်ရောင်းနေတာကို ဝေဖန်ပစ်တင်နေကြပါတယ်။ ဒါပေမဲ့ Global Times သတင်းစာကတော့ ဒီဝေဖန်ချက်က အဲလောက်လည်း မဟုတ်ပါဘူးတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ Chinese Stock Market ထဲမှာ ရှိတာနည်းနည်းလေးပါလို့ပြောပါတယ်။ Volume ကြီးကြီးတွေ ထုတ်ရောင်းတာတွေ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ Volume ကြီးကြီး ထုတ်ရောင်းတာက တရုတ် ပြည်တွင်းက ကိုယ်ရှုံးမှာ ကြောက်ပြီး လောဘဇောကပ်နေတဲ့ ဘယ်သူတေတေ ငတေမာပြီးရော လက်ကြီးသမားတွေ လက်ငယ်သမားတွေ အကုန်လုံးပါဘဲ။ နောက်ကွယ်က ပေါ်လာမယ့် တောကြောင်လက်ခမောင်း ခက်မယ့်ကောင်တွေ ကတော့ မြိန်မြိန်ကြီး စောင့်ကြိုနေဦးမှာပါ။
China stock market က တစ်ပါတီစနစ်လွှမ်းမိုးတဲ့ China Communist Party (CCP) ရဲ့ နိုင်ငံရေး ပြသာနာလို့လည်း ပြောကြသလို လက်တွေ့မှာ နိုင်ငံရေး ၀င်ရှုပ်တဲ့ အရိပ်အယောင်မရှိသေးဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ တရုတ်ခေါင်းဆောင်တွေ ဒီပြသာနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒီပြသာနာ ဖြေရှင်းလို့ ပြေလည်သွားခဲ့ရင် နောက်ထပ်အဖြစ်မျိုး ဘယ်လိုနည်းနဲ့မှ တရုတ်အစိုးရ အဖြစ်မခံနိုင်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ တရုတ်ပြည်သူတွေရဲ့ ယုံကြည်မှု လျော့သွားနိုင်ပါတယ်။ နိဂုံးချုပ် ထင်မြင်ချက်ကို ပြောရရင် တရုတ် stock market ပြသာနာဟာ Inspection & Obersavation စောင့်ကြည့်စစ်ဆေးခြင်း အားနည်းမှု Rumors ဆိုတဲ့ လူတွေရဲ့ ကောလဟာလများကြောင့်သာ ဖြစ်ရပါကြောင်းနှင့် လက်ရှိဒီဆောင်းပါးရေးနေချိန်မှာ points 3900 ကျော်မှာ ငြိမ်သက်သွားပြီဖြစ်ပြီး မြန်မာစကားပုံမှာ ကျီးဆိုတာ အမဲပဲ မြင်ဘူးတာ အဖြူမြင်ရင် ဘယ်လိုလုပ်မလဲဆိုသလို အင်္ဂလိပ်စကားပုံမှာ Black Swan Theory ဆိုတာရှိပါတယ်။ ငန်းဆိုတာ အဖြူကိုပဲ မြင်ဘူးတာ အမဲမရှိဘူးဟု ထင်မြင်ယူဆပါလျှင် ယူဆချက်တွေဟာ ယနေ့မှာ မှားယွင်းပါကြောင်းနှင့် ငန်းအမဲကို သြစတေးလျတိုက်မှာ လက်ရှိတွေ့ရှိနေရပြီး မန်ဒါလီဟုထင်ရာမြင်ရာ မယူဆကြပါစေလိုကြောင်း….
----------------------------------------------------------------------------------------
*** ဆောင်းပါးရှင် Bo Zhiyue ရဲ့ Why Is China's Stock Market Crashing?
Bad names, bad math or bad luck. ကို မှီငြမ်းပြီး ထင်မြင်ယူဆချက်များ ရေးသားထားခြင်းဖြစ်ပါသည်။
tag ဖို့ ကျန်သွားသူများ တောင်းပန်ပါတယ်။
By Aik Sai
10 July 2015
12:45 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...