Sunday, July 12, 2015

ဟာသပေါင်းချုပ် (၁၂-၇)

အမျိုးသမီးတစ်ဦးဟာ တကိုယ်လုံး အညိုအမဲစွဲပြီး ဆရာဝန်ဆီရောက်လာပါတယ် ။
ဆရာဝန် ။ ဘာဖြစ်တာလဲ
အမျိုးသမီး ။ကျမကို ကယ်ပါအုန်း ဆရာရယ် ။ ကျမယောက်ျား ခုတလော အလုပ်ကအိမ်ပြန်လာတိုင်း သောက်သောက်လာပါတယ် ။ အိမ်ရောက်ရင်လဲ ကျမကို ရိုက်ပါတယ် ။
ဆရာဝန် ။ အဲ့အတွက်မပူနဲ့ ဆေးရှိတယ် ။ ခများယောက်ျား အိမ်ကိုမူးပြီးပြန်လာတဲ့ အချိန်ဆို လက်ဖက်ရည်တစ်ခွက်ဖျော်ပြီး ပါးစပ်ထဲငုံထားပါ ။ မမျိုချရဘူးနော် ငုံပဲငုံထားရမှာ ။

၂ ပတ်ကြာပြီးနောက် ထိုအမျိုးသမီးသည် ပျော်ရွှင်စွာဖြင့် ဆရာဝန်ဆီပြန်လာသည် ။
အမျိုးသမီး ။ ဆရာပေးတဲ့အတိုင်းလုပ်တာအတော်ကောင်းတာပဲ ။ ဆရာပြောသလို သူမူးပြီးပြန်လာတဲ့အချိန် လက်ဖက်ရည်ကိုငုံ ငုံထားတာ ကျမကို လုံးဝမရိုက်ရဲတော့တဲ့အပြင် ခုဆို အရက်ပါပြတ်ပြီး အရင်လို ပုံမှန်ပြန်ဖြစ်သွားပြီ ကျေးဇူးပဲဆရာ
ဆရာဝန် ။ ရပါတယ်ဗျာ ခုတွေ့ပြီမလား ခများ ပါးစပ်ကိုပိတ်ထားတာ ဘယ်လောက် အကျိုးကျေးဇူးများသလဲဆိုတာ

credit:FB

"ကျွန်တော့ကို လစာတိုးပေးသင့်နေပြီဘော့စ်၊ကျွန်တော့ကို နောက်ထပ် ကုမ္ပဏီသုံးခုကတောင် လိုက်ချဉ်းကပ်နေပြီ"လို့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့ အလုပ်ရှင်ကိုသူ့ကိုလစာတိုးပေးဖို့ လာပြောပါတယ်။
သူ့အလုပ်သမားကို တခြားကုမ္ပဏီကနေ ပိုက်ဆံပိုပေးပြီး ခေါ်ဖို့ပြင်နေ တယ်လို့ ထင်သွားတဲ့ အလုပ်ရှင်က "ဒီလိုဆိုတော့ မင်းနောက်ကို ဘယ် ကုမ္ပဏီတွေကများ လိုက်ချဉ်းကပ်နေတာလဲ"လို့မေးတော့ သူပြန် ဖြေ တာက
"လျှပ်စစ်မီး၊ တယ်လီဖုန်း ပြောခတွေ ဆောင်ပေးတဲ့ ကုမ္ပဏီနဲ့ ဂက်စ်
ကုမ္ပဏီတွေပါ။ သူတို့ကို ကျွန်တော်ပိုက်ဆံ မရှင်းရသေးဘူး"တဲ့။

Credit-ရတနာထွန်း

မြန်မာနိုင်ငံမှာပြုလုပ်တဲ့ Miss Universe Final round ဖြစ်ပါတယ်၊
နောက်ဆုံးဇကာတင်ရွေးထားတဲ့(၃)ယောက်ဖြစ်တဲ့
Miss USA, Miss Malaysia and Miss Myanmar တို့ကို မေးခွန်း(၃)ခု စီမေးမယ့်အစီအစဉ် ပဲဖြစ်ပါတယ်
တင်ဆက်သူ ။ ။ ပထမမေးခွန်းကတော့ အင်္ဂလိပ်အက္ခရာ "L" နဲ့စတဲ့ လျှပ်စစ်ပစ္စည်းတစ်မျိုးရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်
Miss USA။ ။ Lamp
Miss Malaysia။ ။ Light bulb
Miss Myanmar။ ။ LAY DIO
ဒိုင်လူကြီး ။ ။ အိုး..နိုး.. Radio က letter "L" နဲ့မစဘူးလေ
တင်ဆက်သူ။ ။ ဒုတိယမေးခွန်းကတော့ letter "L" နဲ့စတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်
Miss USA ။ ။ Lion
Miss Malaysia ။ ။ Leopard
Miss Myanmar ။ ။ LABBIT
ဒိုင်လူကြီး ။ ။ အိုး..နိုး.. Rabbit က letter "L" နဲ့မစဘူးလေကွယ်
တင်ဆက်သူ ။ ။ အခုမေးမဲ့ နောက်ဆုံးမေးခွန်းကတော့ letter "L"နဲ့စတဲ့ အသီးတစ်မျိုးရဲ့ အမည်ကိုပြောရမှာဖြစ်ပါတယ်
Miss USA ။ ။ Lemon
Miss Malaysia။ ။ Lychee
Miss Myanmar, (ယုံကြည်မှုအပြည်နှင့်ပြောလိုက်သည်) : LAIN MAW
ဒိုင်လူကြီး ။ ။ ( အိုး.မိုင်ဂေါ့ )
ဒိုင်လူကြီးတွေနဲ့အကဲဖြတ်အဖွဲတွေဟာ Miss Myanmar ကို
အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်သင့်သလားဆိုတဲ့မေးခွန်းကို
အပြန်အလှန်တိုင်ပင်နေကြပြီး၊မြန်မာနိုင်ငံမှာကျင်းပခြင်းဖြစ်နေတာကတစ်ကြောင်း၊
Miss Myanmar လေးအားလည်း အရှက်တကွဲ အကျိုးနည်းမဖြစ်စေချင်သည်ကတစ်ကြောင်း ၊
Miss Myanmar လေးမှာ letter "L" နှင့်ပတ်သက်ပြီး ပြသနာများစွာရင်ဆိုင်နေရသည်ကတစကြောင်းတို့ကြောင့် ၊
နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်ကြသည်။
တင်ဆက်သူ ။ ။ OK, အခုနောက်ဆုံးမေးခွန်းကတော့ လူမှာ letter "L" နဲ့စတဲ့ လူခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့အမည်ကိုပြောပြပါ။
Miss USA ။ ။ Lung (လက်ခုပ်သံများ)
Miss Malaysia ။ ။ Liver (ပိုများသောလက်ခုပ်သံများ)
Miss Myanmar ။ ။ xxxxx (ဆင်ဆာဖြတ်ခံလိုက်ရလေသတည်း…)
Credit- Mg zero


"အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ် ထင်တယ်နော်"
"ဘာဖြစ်လို့လဲ"
"သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ"
Credit-အီဒီယက်

တစ်ခါက ခင်ပွန်းသည် ခရီးသွားတာကြာလို့ ( ယောက္ခမနဲ့ဇနီး)သားအမိနှစ်ယောက် ဗေဒင်သွားမေးကြပါတယ်။ဗေဒင်ဆရာက တွက်ချက်ကြည့်ပြီးနောက်မှာ ယနေ့ကစလို့ တစ်လတိတိကြာတဲ့နေ့မှာ နင့်ယောက်ျားပြန်လာလိမ့်မယ် ဆိုပြီး ဟောလိုက်ပါတယ်။ဥာဏ်ပူဇော်ခပေးပြီး သားအမိနှစ်ယောက်ပြန်လာကြတော့ လမ်းမှာ သမီးဖြစ်သူက မအေကိုပြောလိုက်ပါတယ်။
'' အမေရယ်၊ သမီးတင်ပါးတွေ လှုပ်လိုက်တာ၊ယောက်ျားများ ဒီနေ့ပြန်ရောက်မလား မသိဘူး''
'' ဗေဒင်ဆရာ ဟောလိုက်တာတော့ တစ်လပြည့်မှ ပြန်ရောက်မယ်တဲ့။ ညည်းဘာသာ သွေးသားကြောင့် လှုပ်တာနေမှာပေါ့''
နေအိမ်ပြန်ရောက်တော့ အိမ်ဝမှာ သူမရဲ့ယောက်ျားကို ဘွားဘွားကြီးတွေ့လိုက်ရပါလေရော။
'' ကဲ အမေ၊ လမ်းမှာ ကျွန်မ မပြောဘူးလား။ တင်ပါးတွေ လှုပ်ပါတယ်လို့''
'' အေးဟယ်၊ ဗေဒင်ဆရာဟောတဲ့ပါးစပ်က ငါ့သမီးတင်ပါးလောက်တောင် မမှန်ပါလားတော်''
Credit -itmintar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...