Thursday, July 2, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၇)

သစ်ထူးလွင်


Posted: 02 Jul 2015 04:18 AM PDT
ယနေ့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တပ်များ အာရှလမ်းသစ်ပေါ်တွင် နေရာယူထားသည့် မြင်ကွင်း။ ဇူလိုင် - ၂ - ၂၀၁၅ ဒီနေ့အာရှလမ်းသစ်အနီးမှာ ဖြစ်ပွဲခဲ့တဲ့ တိုက်ခိုက်မှုကို မြန်မာစစ်တပ် ခမရ ၂၃၁ က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် ဖြစ်တယ်ဆိုပြီး DKBA အဖွဲ့ကိုဦးဆောင်နေတဲ့ ဗိုလ်မှူးကြီးဆန်းအောင်က မီဒီယာသမားတွေကို ပြောဆိုပါတယ်။ ၎င်းက" ဒီနေ့မနက် ၅ နာရီ မီးနစ် ၂၀ လောက်မှာ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၁ က လက်နက်ကြီးေ
Posted: 02 Jul 2015 03:47 AM PDT
ပုံစာ - မြ၀တီ - ကော့ကရိတ် တောင်ပတ်လမ်းသစ် (အာရှလမ်းသစ်) ဇူလိုင် - ၂ - ၂၀၁၅ ဒီနေ့မနက်ပိုင်းက မြ၀တီ - ကော့ကရိတ် တောင်ပတ်ကားလမ်းသစ်အနီးမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေက တပ်မှူးတဦးကပြောပါတယ်။ တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာရရှိမှုတွေရှိတယ်လိုလည့်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြ၀တီက ကားမောင်းသမားတဦးပြောတာကတော့ တို
Posted: 02 Jul 2015 03:40 AM PDT
 ရွှေဆိုင်အတွင်းမှ ငွေကျပ်သိန်း(၁၄၀)ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူသူကို အချိန်တိုအတွင်း ဖော်ထုတ်အရေးယူ ရန်ကုန်၊ ဇူလိုင် ၂ ၂၇.၆.၂၀၁၅ ရက်နေ့ ၀၉၃၀ အချိန်တွင် ရွှေနန်းထိုက် ရွှေဆိုင်ပိုင်ရှင်သည် ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ၎င်းပိုင်ရွှေဆိုင်မှ ၀န်ထမ်းဖြစ်သူ က ရုံးခန်းအတွင်း၌ ပစ္စည်းများ အနေအထား ပျက်ယွင်းနေကြောင်းဖုန်းဖြင့် အကြောင်းကြားသဖြင့်သွားရောက်စစ်ဆေးရာ ရွှေဆိုင်ရုံးခန်းအတွင်း
Posted: 02 Jul 2015 03:31 AM PDT
အီဂျစ်နိုင်ငံ မြောက်ပိုင်း Sinai ဒေသမှာ ဖြစ်တဲ့ တိုက်ခိုက်မှုကို အဝေးက မြင်ရစဉ် (Credit: Reuters)  IS ​အစ္စလာမ်မစ် ​အဖွဲ့က ​အီဂျစ်နိုင်ငံမှာ ​အကြမ်းဖက်ခဲ့ရာက ​အနည်းဆုံး ​လူပေါင်း ​၁၀၀ ​လောက် ​သေဆုံးရပြီလို့ ​အီဂျစ် ​အစိုးရက ​တရားဝင် ​ပြောဆိုထားပါတယ်။ အီဂျစ်နိုင်ငံ ​ဆီနိုင် ​ကျွန်းဆွယ်ဒေသမှာ ​အကြမ်းဖက်မှု ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပြီး ​အကြမ်းဖက်သမားတွေက ​စစ်ဆေးရေးဂိတ် ​၅ ​ခုနဲ့ ​ရဲစခန်းတစ်ခုကို ​ပစ်မှ
Posted: 02 Jul 2015 03:13 AM PDT
( ဘင်္ဂလာဒေ့ရှ် အထူးမူခင်း နှိမ်နှင်းရေးတပ်ဖွဲ့ RAB အဖွဲ့ဝင်များ) ရန်ကုန်၊ ဇူလှိုင် ၂ မြန်မာကို ပါတိုက်ခိုက်မည်ဟု ယမန်နှစ် စက်တင်ဘာလ အတွင်းက ခြိမ်းခြောက်ခဲ့သော အယ်လ်ကိုင်းဒါး အဖွဲ့၏ ဆက်သွယ် ညှိနိုင်းရေးမှူး တစ်ဦးအပါအ၀င် အဖွဲ့ဝင် ၁၂ ဦးကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ ယင်းသတင်းကို The Daily Star သတင်းစာက Rapid Action Battalion (RAB) တပ်ဖွဲ့မှ ပြောခွင့်ရသူ လက်ထောက် ညွှန်ကြားရေးမှူး
Posted: 02 Jul 2015 03:01 AM PDT
 ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Leyte ပင်လယ်ကမ်းခြေ အလွန်မှာ ခရီးသည်တင် ကူးတို့သင်္ဘောတစီး တိမ်းမှောက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၆ သေဆုံးသွားပါတယ်။ ခရီးသည် ၁၇၃ ယောက်ကိုတင်ဆောင်လာတဲ့ Kim Nirvana ကူးတို့သင်္ဘောဟာ Ormoc ဆိပ်ကမ်းအလွန် ရေပြင်မှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် ၀န်ထမ်းတွေက ဘီဘီစီကိုပြောကြားခဲ့ပေမယ့် အသေးစိပ် မသိရှိရသေးပါဘူး။
Posted: 02 Jul 2015 02:59 AM PDT
 အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်အောက်ခံ အဖွဲ့က တိုက်ခိုက်မှုတွေကြောင့် စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက် အီဂျစ် စစ်တပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အကြမ်းဖက် စစ်သွေးကြွအုပ်စုတွေ ဒေသတွင်းမှာ ရှင်းသွားတဲ့အထိ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ စစ်တပ်က ပြောခဲ့ပြီး ဒီနေ့မနက် အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတ
Posted: 02 Jul 2015 02:52 AM PDT
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးဖို့ စာရင်းပေး သွင်းနိုင်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မဲပေးမယ့်သူတွေဟာ ပုံစံ ၁၅ ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ ပုံစံ ၁၅ ကို မြန်မာသံရုံးမှာ သွားရောက် ဖြည့်နိုင် သလို၊ သံရုံးရဲ့အင်တာနက် စာမျက်နှာ www.myanmarembassybkk.org ကနေ ပုံစံစာရွက်ရယူပြီး Email က တဆင့် ပေးပို့နို
Posted: 02 Jul 2015 02:44 AM PDT
မင်းသား အာလ်ဝါလိဒ် မင်းသား အာလ်ဒါလိဒ်ပိုင် ဘိုးရင် ၇၄၇ လေယာဉ်ပေါ်မှ ရွှေပလ္လင်  ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်းဝင်(နံပါတ် ၂၀) ဆော်ဒီမင်းသား အာလ်ဝါလိဒ်ဘင်တာလာ က ၎င်း၏ပိုင်ဆိုင်မှု ၃၂ ဘီလီယံဒေါ်လာ အကုန်အစင်ကို ပရဟိတ လုပ်ငန်းများ အတွက် လှူဒါန်းမည်ဟု ဇူလိုင် ၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။ ဆော်ဒီအာရေးဘီယားနိုင်ငံမြိ့တော် ရီယာ့ဒ်တွင် သတင်းထောက်များကကို ပြောကြားရာတွင် မင်းသားအာလ်ဝါလိ
Posted: 01 Jul 2015 07:42 PM PDT
ငါးဖမ်းလှေတွေ ပေါ်မှာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံခဲ့ ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက် အင်ဒိုနီးရှား ကနေ မြန်မာပြည် ကို ပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲက အနှစ် ၂၀ ကျော် ငါးဖမ်းကျွန် ဘဝ နဲ့ လှုပ်ရှား ရှောင်တိမ်းခဲ့ရတဲ့ ကိုမြင့်နိုင်အကြောင်း အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။ အင်ဒိုနီးရှားနိုင်ငံက ကျွန်းစုတွေပေါ်မှာ မြန်မာရေလုပ်သားတွေ
Posted: 01 Jul 2015 07:37 PM PDT
ကနေဒါနိုင်ငံ Edmonton မြို့မှာ ဒီကနေ့ ကန်ခဲ့တဲ့ (၇)ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဘောလုံး အကြိုဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ဂျပန်အသင်းက အင်္ဂလန်အသင်း ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပြီဖြစ်ပါတယ်။ ကစားပွဲစပြီး (၃၂) မိနစ် မှာ ဂျပန် အသင်း ကပ္ပတိန် Aya Miyama ကpenalty (၁)ဂိုးသွင်းခဲ့ပြီးနောက် (၄၀)မိနစ်မှာ အင်္ဂလန်အသင်းက အလယ်တန်းလူ Fara Williams က ပင်နယ်လ်တီ (၁) ဂိုးပြန်သွင်းလိုက်တာဖြစ်
Posted: 01 Jul 2015 07:35 PM PDT
ဒါဂျီလင် ဇူလိုင် ၁ အိန္ဒိယနိုင်ငံ၏ လက်ဖက်စိုက်ပျိုး သော ဒါဂျီလင်ဒေသတွင် မိုးသည်း ထန်စွာရွာသွန်းသဖြင့် မြေပြိုမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၃ဝ သေဆုံး ကြောင်း ရဲတပ်ဖွဲ့က ယနေ့ပြောကြား ခဲ့သည်။ အနောက်ဘင်္ဂလားပြည်နယ်ရှိ မီရစ်၊ ကာလင်ပေါင်နှင့် ဒါဂျီလင်မြို့ များ၌ နေအိမ်များကို ရွှံ့ညွန်များ ဖုံးအုပ်သွားခဲ့ရာ ကယ်ဆယ်ရေး သမားများက ရွှံ့ညွန်များ၊ အပျက် အစီးများကို တူးဆွလျက် အသက်ရှင် သူများကို ရှာဖွေလျက်ရှိသည်
Posted: 01 Jul 2015 04:07 PM PDT
အမျိုးသား ရင်ကြားစေ့ ရေး ကို ဦးတည်ပြီး လျှော့မယ်ဆို လွှတ်တော် ထဲမှာ ရှိတဲ့ စစ်သား ကိုယ်စားလှယ် ၂၅ ရာနှုန်း ကို ဖယ်ရှားရေး ဟာ အမျိုးသား ရင်ကြားစေ့ ရေး ကို ဦးတည် ပြီး တဆင့်ချင်း တဆင့်ချင်း လျှော့သွား မယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်း စုကြည် က ပြော ပါတယ်။ NLD အနေနဲ့ ပြုပြင် ပြောင်းလဲရေး တွေ ဆောင်ရွက် ရာမှာ ပြည်သူတွေ အသက်သာဆုံး နည်းလမ်း ကို ရွေးမှာ ဖြစ်လို့ ဒီလို တဆင့်ချ
Posted: 01 Jul 2015 01:37 PM PDT
 ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာရွာအနီးမှာ အစိုးရနဲ့အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ စိုင်းရတ နာအောင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီကို မနေ့ညက လူတစ်စုက ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် မြေတူးစက် ၅ စီးနဲ့ ယာဉ် ၃ စီး၊ ကျောက်စိမ်းဂိုဒေါင်တစ်ခု ပျက်စီးခဲ့ပါတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိ လူ နှစ်ဆယ်လောက်က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ မှော်စီစာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းထိန်က ပြောပါတယ်။ "ဖောက်
Posted: 01 Jul 2015 01:37 PM PDT
ရန်ကုန်၊ ဇူလှိုင် ၁ ရခိုင်ပြည်နယ် မင်းပြားမြို့ သချိုင်းတွင် အဆိပ်သင့်၍ သေဆုံးခဲ့သည်ဟု ယူဆရသော ညီအစ်မတော်စပ်သူ မိန်းခလေး နှစ်ဦး၏ အလောင်းကို ဆေးစစ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ ဇူလှိုင်လ တစ်ရက်နေ့ နံနက်က ပြန်လည် ဖော်ယူခဲ့သည်ဟု မင်းပြားမြို့မ ရဲစခန်းမှူးက ပြောသည်။ “ သေဆုံးတဲ့ အကြောင်းအရင်းကို သိချင်တဲ့ အတွက် မြို့နယ် တရားသူကြီးဆီခွင့်ပြုချက်တောင်းပါတယ်။ ခွင့်ပြုချက်ရတဲ့ အခါ မြို့နယ် ကုသေ
Posted: 01 Jul 2015 01:37 PM PDT
ဆရာတော်အရှင်ဆန္ဒဓိက ဗွီအိုအေ အသံလွှင့်အစီအစဉ် ကြည့်ရှုလေ့လာနေစဉ်။  ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရွေးကောက်ပွဲမှာ အများပြည်သူ ကောင်းကျိုးကို ရည်ရွယ်ပြီး ဆန္ဒမဲပေးခြင်းဟာ ကောင်းမှုကုသိုလ်ဖြစ်ပြီး၊ မတရားသဖြင့် မဲလိမ်ခိုးခြင်းဟာ မကောင်းတဲ့အကုသိုလ် ဖြစ်တယ်လို့ ဆရာတော်အရှင်ဆန္ဒဓိက က မိန့်ကြားလိုက်ပါတယ်။ ဝါရှင်တန်မြို့  VOA မြန်မာဌာနကို ကြွရောက်လာတဲ့ ဆရာတော်ကို ဦးကျော်ဇံသာက တွေ့ဆုံမေးမြ
Posted: 01 Jul 2015 01:37 PM PDT
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသား ကော်မတီကနေ ဇွန်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ အဆိုပြုတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ အလုပ်သမားတွေဘက်ကရော အလုပ်ရှင်တွေဘက်ကပါ ကန့်ကွက်မှုတွေရှိနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအဆိုပြုချက်အပေါ်မှာလည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေဘက်ကလည်း အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေ
Posted: 01 Jul 2015 01:37 PM PDT
ဓါတ်ပုံ- ၈၃ ကြိမ်မြောက် မြို့နယ်အဆင့် ထိုင်း - မြန်မာ နယ်ခြားကော်မတီ အစည်းအဝေး (ဓါတ်ပုံ- မတိချွန်းသတင်းစာမှ) ဂျူလိုင် ၁ ရက် ၂၀၁၅  ၂၀၁၅ ဂျွန် ၃၀ ရက် သျှမ်းပြည်အရှေ့ပိုင်း မြို့နယ်အဆင့် ထိုင်း - မြန်မာ နယ်ခြား ကော် မတီများ နယ်စပ်ဖြတ်ကျော် အရေးကိစ္စများ ဆွေးနွေးရာ တွင် ထိုင်းနယ်စပ်မျဉ်းပေါ် ရှိ ၀ တပ် စ ခန်း ၇ ခု တပ်ဆုတ်ဖို့ မြန်မာအစိုးရကို ထိုင်းအာဏာပိုင်က တောင်းဆိုလိုက် သည်။ သုံးလတကြိမ် လုပ့်လေ့
Posted: 01 Jul 2015 01:36 PM PDT
နမ့်ခမ်း ဇူလိုင် ၁ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ အမှတ် (၁) ရပ်ကွက် မန့်ခမ်းရပ် မူဆယ်-နမ့်ခမ်းမြို့အဝင် မုခ်ဦးအနီး မန့်ခမ်းရပ်နေ စိုင်းခမ်း ခတ် ဖွင့်လှစ်ရောင်းချသောဓာတ်ဆီ ဆိုင်၌ ဇွန် ၃ဝ ရက် နံနက် ၆ နာရီ မိနစ် ၅ဝ က ဆီပုံးအတွင်းသို့ ဆီထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၅ စီးဖြင့် ဝိုင်း
Posted: 01 Jul 2015 01:35 PM PDT
ရတနာပုံတက္ကသိုလ်ကျောင်းနံရံကို ဆေးမှုတ်ဆန္ဒပြနေပုံ။ (ဓာတ်ပုံ-အောင်ဆန်းဦး ဖေ့်စဘုတ်/ ဇူလိုင် ၂၆၊ ၂၀၁၅)  မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းဝင်းအတွင်း အစိုးရဆန့်ကျင်ရေး ဆေးမှုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗကသများ အဖွဲ့ချုပ်ဝင်တချို့ကို ဒီကနေ့ ညနေမှာ အာဏာပိုင်တွေက ဖမ်းဆီးသွားပါတယ်။ ဒီအတောတွင်း ရန်ကုန်မြို့လယ်မှာ မနေ့က ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေထဲက ခေါင်းဆောင် တချို့ကိုလည်း ပုဒ်မ (၁၈)နဲ့ တရားစွဲ အမှုဖွင့်
Posted: 01 Jul 2015 01:35 PM PDT
 ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဟောပြောနေတဲ့ တကသအဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူကို ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ် Photo: Aung Thain Kha/RFA ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလွှတ်တော် ထဲက နှုတ်ထွက်သွားဖို့အတွက် တောင်းဆို ဆန္ဒပြခဲ့တဲ့ အထဲက ကျောင်းသား ၅ ဦးကို ပန်းပဲတန်းနဲ့ ကျောက်
Posted: 01 Jul 2015 01:35 PM PDT
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ဇူလိုင်လ ၁ ရက်နေ့က လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် Photo: RFA ဒီမိုကရေစီစနစ်ဆိုတာ ရွေးကောက်ခံ မဟုတ်သူတွေ လွှတ်တော်မှာ ကိုယ်စားပြုခွင့် မရှိကြောင်းနဲ့ အမျိုးသား ရင် ကြားစေ့ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်မှုကို တဖြည်းဖြည်း လျှော့ချရ မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တပ်မတော်သား လွှတ်တော် ကို
Posted: 01 Jul 2015 01:34 PM PDT
ရင်းနှီး မြှုပ်နှံမှုတွေ မရှိရင် စီးပွားရေး မတိုးတက် နိုင်ဘူးလို့ဆို  လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်း နိုင်တဲ့ အန္တရာယ်မျိုး ရှိနေတယ်လို့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင် ၁ ရက်နေ့အထိ IMF ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက် လေ့လာမှုအရ တွေ့ရှိချက်တွေကို ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Posted: 01 Jul 2015 01:49 PM PDT
လှေစီးပြေးဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ရော ဒေသတွင်းနိုင်ငံတွေနဲ့ပါ ပိုပြီး ပူးပေါင်း လုပ်ကိုင်ဖို့လိုတယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီး AI ကပြောလိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအတွင်း လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေဘက်က လုံလောက်တဲ့ပြင်ဆင်မှုတွေ အခုချိန်ထိ မလုပ်သေးတဲ့အတွက် လာမယ့် အောက်တိုဘာလ ပွင့်လင်း ရာသီရောက်ရင် လှေစီြးေ
Posted: 01 Jul 2015 01:34 PM PDT
 ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၂၆ ရက်နေ့က ရေကြီးရေလျှံဖြစ်နေတာကို တွေ့ရစဉ် Photo: Min Thein Aung/RFA ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့အပတ်က မိုးအဆက်မပြတ်ရွာတာကြောင့် ကျေးရွာပေါင်း ၁၈ ရွာနဲ့ မြို့ပေါ် ရပ်ကွက် ၃ ခုက နေအိမ်အလုံးပေါင်း ၂၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ တပ်မတော်သား တစ်ဦးအပါအ၀င် ရေနစ်မြုပ်မှုကြောင့် လူ ၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...