Sunday, July 26, 2015

"ကိန်းဂဏန်းနှင့်စာသားရောပါသည့်အထဲမှ ကိန်းဂဏန်းများကို တွက်ချက်ခြင်း"


Excel မှာ စာသားနဲ့ ကိန်းဂဏန်းရောနေရင် Text အဖြစ်ပြောင်းလဲသွားပြီး တွက်ချက်မှူ လုပ်လို့မရတော့ပါဘူး။
ဥပမာ
1000 Kyats x 5 ဆိုရင် အဖြေမထွက်ပဲ # Value Error ပဲ ရပါတယ်။ အခု သင်ခန်းစာမှာ 1000 Kyats x 5 မြှောက်ရင် အဖြေ 5000 ထွက်အောင် တွက်ချက်နည်းကို တင်ပြပေးသွားပါ့မယ်။


***************************************************************
ပုံထဲက B2 မှာ အရေအတွက်၊ C2 မှာ ဈေးနှူန်းရှိတယ်။ ကျသင့်ငွေကို လိုချင်ရင် ပုံမှန်အတိုင်း တွက်ချက်မှူ အရ =B2*C2 ဆိုရင် အဖြေရပြီ။
ဒါပေမယ့် အခု C2 က ဈေးနှူန်းမှာ Kyats ပါနေတယ်။ အဲဒီအတွက် တန်းမြှောက်လို့မရတော့ဘူး။
အဲဒီအတွက် Formula ကို အခုလိုရေးလိုက်တယ်။
=B2*LEFT(C2,LEN(C2)-5)
Formula ထဲမှာ Left နဲ့ Len နှစ်ခု ပေါင်းရေးထားတယ်။
အမြင်ရှင်းအောင် တစ်ခု ချင်းခွဲထုတ်ကြည့်ရအောင်ပါ။
B2*
LEFT(C2,
LEN(C2)-5
***********************************
1) B2 * ကတော့ ရှင်းပါတယ်။ B2 Cell နဲ့ မြှောက်မယ်ပေါ့။
***********************************
2) LEN(C2)-5 ကို အရင် လေ့လာကြည့်ရအောင်။ LEN formula က Cell ထဲမှာ ရှိတဲ့ စုစုပေါင်း Character အရေအတွက်ကို ရှာပေးပါတယ်။ ဥပမာ A1 ထဲ CAT က ရှိတယ် ဆိုပါစို့။ =LEN(A1) လို့ ရေးလိုက်ရင် အဖြေက 3 ပေါ့။
A1 ထဲမှာ North East လို့ ရေးထားရင် =LEN(A1) ရဲ့ အဖြေက 9 ရပါမယ်။ Space ကိုလဲ Character တစ်ခုအနေနဲ့ ရေတွက်ပါတယ်။
အသေးစိတ်ကို ဒီလင့်မှာ လေ့လာနိုင်ပါတယ်။
http://www.myanmarexcel.com/#!len/c159t
အဲဒီတော့ အခု ဥပမာရဲ့ C2 မှာ ရှိတာက 250 Kyats
LEN(C2) ဆိုတော့ အဖြေက 9 ရပါတယ်။
ကျနော်တို့ ရေးထားတဲ့ Formula က LEN(C2)-5 ဆိုတော့ 9 - 5 ၊ အဖြေက 4 ပေါ့။
ဘာကြောင့် 5 ကိုနှူတ်တာလဲ။ ကျနော်တို့က Kyats ဆိုတဲ့စာသားကို ဖြုတ်ပြီးတွက်ချင်တယ်။ Kyats က စုစုပေါင်း စကားလုံး ငါးလုံး၊ Character ငါးခု ဖြစ်တဲ့အတွက် 5 ကို နှူတ်တာပါ။ တကယ်လို့ Ks လို့ပဲ ရေးထားရင်တော့ 2 ကိုပဲ နှူတ်ပေးရမှာပေါ့။
အိုကေ၊ အခု ကျနော်တို့ LEN(C2)-5 ဆိုတာ 4 ဆိုပြီး အဖြေရပြီ။
အဲဒီတော့ LEFT(C2,LEN(C2)-5) ဆိုတာ LEFT(C2,4) ပဲ ပေါ့။
***********************************
3) ဒါဆိုရင် LEFT က ဘာကိုဆိုလိုတာလဲ။
Cell ထဲမှာ ရှိနေတဲ့ Cell ထဲက ဘယ်ဘက်ကနေ စရေတွက်ပြီး ကိုယ်လို သလောက်ကို ဖြတ်ထုတ်ယူချင်တဲ့အခါသုံးပါတယ်။
ဥပမာ A1 ထဲ CAT ဆိုတာရှိရင် =LEFT(A1,2) ဆိုရင် အဖြေက CA ဖြစ်ပါတယ်။
ဘယ်ဘက်ကနေစရေတွက်ပြီး နှစ်လုံးအထိ ယူမယ်ပေါ့။
LEFT, RIGHT ,MID အသေးစိတ်ကို ဒီလင့်မှာ လေ့လာနိုင်ပါတယ်။
http://www.myanmarexcel.com/#!left-right-mid/c2q2
အခု ဥပမာက
C2 မှာ 250 Kyats ဆိုတာ ရှိတယ် ။ အဲဒီတော့ LEFT(C2,4) ဆိုရင် 250 ဆိုတဲ့ ကိန်းဂဏန်းရယ်၊ 250 နောက်က Space လေးရယ်ပဲ ရပြီပေါ့။
ကိန်းဂဏန်းတွက်ချက်ရာမှာ Space ကို Excel က ထည့်မတွက်တဲ့အတွက် အခုဆိုရင် LEFT(C2,LEN(C2)-5) ဆိုတဲ့ Formula ဟာ 250 ဆိုတဲ့ ကိန်းဂဏန်းဖြစ်သွားပါပြီ။
အဲဒီတော့ =B2*LEFT(C2,LEN(C2)-5) ဆိုတာ =B2*250 ဖြစ်သွားပြီပေါ့။
***********************************
မေးစရာရှိမယ်။
အဲဒါဆိုရင် LEN formula မသုံးပဲ LEFT နဲ့ပဲ ရေးလို့မရဘူးလားပေါ့။
တကယ်လို့ ဂဏန်းအရေအတွက်ကို တိတိကျကျ သိရင်တော့ LEN မလိုပါဘူး။ ဥပမာ 250, 200, 100 စသဖြင့် သုံးလုံးတွေပဲ ပါရင်တော့ =B2*LEFT(C2,3) ဆိုတာနဲ့ အဖြေရပါပြီ။ ဒါပေမယ့် ကိန်းဂဏန်း ဘယ်လောက်ပါမယ် မသေချာဘူး၊ အားလုံးရောပါနေတယ်၊ ဥပမာ 250 , 1000, 30000 စသဖြင့် ရောပါနေတယ် ဆိုရင်တော့ LEN ကို အသုံးပြု မှ ပဲ ဖြေရှင်းနိုင်မှာပါ။
***********************************
လွယ်သလိုလို ၊ ခက်သလိုလို လေးပါပဲ။ သေချာဖတ်ပြီး ၊ formula ကို လိုက်ရေးကြည့်ရင်တော့ နားလည်မှတ်မိသွားမှာပါ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
အရမ်းရှူပ်နေလို့ ပို့စ်အတင်ဝေးနေတာ၊ မေးခွန်းတွေ ချက်ချင်းမဖြေပေးနိုင်တာကို နားလည်ပေးကြစေချင်ပါတယ်။
MEET
www.myanmarexcel.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...