Thursday, July 30, 2015

ကားပုံမှန်ထိန်းသိမ်းခြင်း


မော်တော်ကားတစ်စီးဆိုတာ စနစ်ပေါင်းများစွာနဲ့ ဖွဲ့စည်းတည် ဆောက်ထားတဲ့ စက်ယန္တရားတစ်ခု ပါဘဲ။ စက်ယန္တရားဆိုပေမဲ့ Mechanical အပိုင်းသာမကပါဘူး Electrical ပိုင်း၊ အီလက်ထရွန်နစ် (Electronic) အပိုင်းတွေလည်း ဆက်စပ်ပါဝင်နေပါ တယ်။ ကားတစ်စီး ပုံမှန်လည်ပတ် အလုပ်လုပ်နေဖို့ ပုံမှန်ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ပေးဖို့လိုပါတယ်။ ကားပိုင်ရှင် အသစ်များ၊ လူငယ်ယာဉ်မောင်းများ မှာ ကားနဲ့ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတနည်းပါးကြတာ သဘာဝပါ ဘဲ။
ကားဆိုတာ သက်မဲ့စက်ယန္တ ရားဖြစ်တဲ့အတွက် အသုံးပြုတာ၊ ခိုင်း တာများလာရင် တဖြည်းဖြည်းပွန်းဆား ပျက်စီးပါတယ်။ ကားဆိုတာ ပျက်မှ ပြင်ရတဲ့အမျိုးမဟုတ်ပါဘူး။ ပုံမှန် ဆားဗစ်စင်လုပ်ရပါတယ်။ ပုံမှန်စစ်‌ဆေးရပါတယ်။ ပုံမှန်ထိန်းသိမ်းရပါတယ်။
ဒီလိုမျိုးလုပ်ပေးရတာကို Preventive Vehicle Maintenance လို့ခေါ်ပါတယ်။ ကားပိုင်ရှင် လက်စွဲ စာအုပ် (Owner Manual) မှာလည်း ကားနဲ့သက်ဆိုင်တဲ့အချက်အလက် တွေအပြင် ဆာဗစ်စင်လုပ်ပေးရမဲ့ အချက်တွေလဲ ပါဝင်ပါတယ်။ ကားတစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းဂရုစိုက်ပေးမှ အကောင်းဆုံးလည်ပတ် နိုင်တဲ့ အခြေအနေမျိုး (Great Running Condition) ကို ရရှိနိုင်ပါ သည်။ ဘေးကင်းလုံခြုံမှု (Safety) အတွက်လည်း စိတ်ချရပါတယ်။ အင်ဂျင်နဲ့ ကားသက်တမ်းလည်း ပိုပြီးတာ ရှည်ခံပါတယ်။
ကားတစ်စီးမှာ ပုံမှန်စစ်ဆေး ထိန်းသိမ်းရမဲ့ အဓိကအချက်တွေက တော့

ဘရိတ် (Brake)
maintenance2
လမ်းပေါ်မှာ Safety ဖြစ်ဖို့အတွက် ကားဘရိတ်တွေကောင်းဖို့လို ပါတယ်။ ဘရိတ်ဆီကိုစစ်ဆေးပါ။ ဘရိတ်ရှူး၊ ဘရိတ်လိုင်နာတွေဟာ အမြဲပွတ်တိုက်ပွန်းစာနေတဲ့အတွက် ကြာလာရင် ဘရိတ်Pad ဘရိတ် လိုင်နာရှူးတွေပါးပြီး ကုန်သွားပါတယ်။ အသုံးများတဲ့ကား၊ အခိုင်းများတဲ့ကား ဆိုရင် ၆ လတစ်ကြိမ် စစ်ဆေးဖို့လို ပါတယ်။ ဘရိတ်ဝါရှာ၊ ဘရိတ်ပိုက် တွေက ဘရိတ်ဆီယိုစိမ့်တတ်ပါတယ်။ ဘရိတ်ပေါက်တာလည်းဖြစ်တတ်ပါ တယ်။ ဘရိတ်ဒရမ်၊ ဘရိတ်ရိုတာက ထူးခြားတဲ့မြည်သံ၊ ထူးခြားတဲ့တုန်ခါ မှုတွေဖြစ်ရင် သတိထားပါ။ ချက်ချင်း ပြင်ပါ။ ဘရိတ်ဆာဗိုယူနစ်ကVacuum လောနယ်အားနဲ့ အလုပ် လုပ်တာပါ။ ဆာဗိုယူနစ် အလုပ် ကောင်းကောင်းမလုပ်ရင် ဘရိတ်နင်း လို့မကောင်းပါဘူး။ ဘရိတ်မမိဘဲ မာ တောင့်တောင့်ကြီးဖြစ်နေတတ်ပါတယ်။ ဘရိတ်ခြေနင်းတံကို ၃၊ ၄ ချက် လောက်တော့ပေးမှမိတာ၊ ဘရိတ်ခြေ နင်းတံအောက်နားအထိရောက်မှ ဘရိတ်မိတာမျိုးဖြစ်ရင် အန္တရာယ်များပါ တယ်။ ကျွမ်းကျင်တဲ့ဝပ်ရှော့ပ်မှာ ပြု ပြင်ပါ။ ဘရိတ်ဆီကို ရေနဲ့ရောစပ်ပြီး မသုံးရပါ။ ဘရိတ်အစိတ်အပိုင်းတွေ ရေကြောင့် ပျက်စီးသွားတတ်ပါတယ်။ ပြည်တွင်းဖြစ် အရည်အသွေးမမီတဲ့ ဘရိတ်ဆီအတုတွေကို မသုံးပါနဲ့။ နိုင် ငံခြားဖြစ် DOT-3, DOT-4 အမျိုးအစားကိုသုံးပါ။
တာယာ (Tires)
maintenance3
လမ်းပေါ်မှာ ရွေ့လျားနေတဲ့ ကားတစီးစီးမှာ တာယာ Safety က အရေးကြီးဆုံးပါဘဲ။ တာယာကြောင့် Accident ဖြစ်တဲ့သတင်းတွေ Highway အမြန်လမ်းမှာ အများဆုံးဖြစ် နေပါတယ်။ တာယာလေပေါင်အမှန်ကိုထိုးပါ။ လေပေါင်အမြဲချိန်ပါ။ တာယာပန်းသားပြောင်ပြီး ဂတုံးဖြစ်နေ အောင်အထိ မသုံးရပါ။ တာယာပန်း မကုန်ခင်မှာ တာယာအသစ်လဲပါ။ တာယာဘီးအလိုင်းမန့် ပုံမှန်ချိန်ပါ။ Date Out နေတဲ့ တိုက်ဆွေးတာယာ ပန်းထိုးတာယာ၊ ကွန်တိန်နာကျတာ ယာအဟောင်းတွေ လုံးဝမသုံးပါနဲ့။ တာယာတစ်လုံးမှာ အများဆုံးခံနိုင်တဲ့ Pressure နဲ့ အများဆုံးထမ်းနိုင်တဲ့ Load ရှိပါတယ်။ မနိုင်ဝန်ကို မထမ်း ခိုင်းပါနဲ့။ Light Truck ကား မီနီထ ရပ်ကားမောင်းတဲ့ပိုင်ရှင်၊ ယာဉ်မောင်း များ တာယာသတိပြုပါ။ ၁၃ ဆိုဒ် တာယာတစ်လုံးကို ၁၆ ဆိုဒ်တာယာ တစ်လုံးကုန်ချိန်လောက်မခိုင်းမိပါစေနဲ့။ နေပြည်တော်အမြန်လမ်းမှာ လိုက်ထ ရပ်ကားတွေ အများဆုံးဖြစ်တာ တာ ယာကြောင့်ပါဘဲ။ Overweight တင်ပြီး အမြန်မောင်းရင် တာယာပွင့် တတ်ပါတယ်။ ကားမောင်းနေရင်း၊ တာယာပွင့်ထွက်သွားရင် သင် ကံဆိုး မိုးမှောင်ကျတာပါဘဲ။ တာယာတွေကို ၆ လတစ်ကြိမ် လှည့်သုံးရပါတယ်။ ကားအောက်ပိုင်းတွေကောင်းမှ တာယာပွန်းစားမှုသက်သာပါတယ်။
ဘက်ထရီ (Battery)
cambio batteria
ဘက်ထရီမှာ မိုးရေ-အက်ဆစ် ထပ်ဖြည့်ပေးရတဲ့ အမျိုးအစားနဲ့ Maintenance Free ဘက်ထရီဆိုပြီး ၂ မျိုးသုံးကြတယ်။ ခဲ-အက်ဆစ် ဘက်ထရီမှာ အက်ဆစ်ပါဝါဒီဂရီမှန်ဖို့ လိုပါတယ်။ ချာဂျင်ဝင်တာမှန်ဖို့လိုပါ တယ်။ ဘက်ထရီအားကောင်းဖို့ ဒိုင် နမိုချာဂျင်မှန်ရပါတယ်။ ဘက်ထရီအိုး ထဲက အက်ဆစ်အရည်တွေ ခန်း ခြောက်တတ်ပါတယ်။ သတ်မှတ် level မှာ အမြဲရှိနေအောင် မိုးရေတစ် လတစ်ခါ ထပ်ဖြည့်ပါ။ ဘက်ထရီ ခေါင်းတွေ ဘက်ထရီကေဘယ်လ် ကြိုးအဆက်တွေမှာ အဖြူရောင်၊ အ စိမ်းရောင်ဆားတွေပွင့်တတ်ပါတယ်။ ရေနွေးလောင်းပြီးဆေးပါ။
ကားမီးများ
maintenance5
ကားမီးကြီး (Head Light) တွေ၊ ဘေးမီးတွေ၊ အချက်ပြမီးတွေ၊ နံပါတ် ပြားမီး၊ ဒါတွေအမြဲစစ်ဆေးပါ။ မီးမ ကောင်းရင် ညပိုင်းကားမောင်းရတာ အန္တရာယ်များပါတယ်။ အချက်ပြမီးမ ကောင်းရင် ယာဉ်ကြောပြောင်းတဲ့အ ချိန်မှာ ဒုက္ခဖြစ်တတ်ပါတယ်။ ကား မီးမကောင်းရင် ချက်ချင်းပြုပြင်ပါ။
အင်ဂျင်ဝိုင်
maintenance-oil
အင်ဂျင်အသက်ကတော့ အင် ဂျင်ဝိုင်ပါဘဲ။ ကားစက်မနိုးမီ အင်ဂျင် ဝိုင်တိုင်းပါ။ ဆီလျော့နေရင် ဆီထပ် ဖြည့်ပေးပါ။ အင်ဂျင်ဝိုင်ဆိုတာ ယိုစိမ့် တတ်တဲ့အမျိုးပါ။ ဆီယိုဒါကို မသိ လိုက်လို့၊ အင်ဂျင်ဆီငတ်ပြီး ဘယ်ရင် တွေပျော်သွားနိုင်ပါတယ်။ ခရီးမိုင် ၃၀ဝ၀ ကနေ မိုင် ၅၀ဝ၀ အထိသုံး ပြီးတိုင်း အင်ဂျင်ဝိုင်အသစ်လဲပေးပါ။ ဆီစစ်ဘူးပါ အသစ်လဲပါ။ သက်ဆိုင် ရာပိုင်ရှင်လက်စွဲစာအုပ်ပါ ညွှန်ကြား ထားတဲ့ အင်ဂျင်ဝိုင်အမျိုးအစားဂရိတ် ကိုသုံးပါ။
ရှော့ဘား၊ Spring၊ Brake နှင့် အောက်ပိုင်း
maintenance6
ကားရှော့ဘားတွေက လမ်းအ ဆောင့်ဒဏ်တွေကို စုတ်ယူထိန်းသိမ်း ပေးတာပါ။ ရှော့ဘားမကောင်းရင် ကားစီးရမကောင်းပါဘူး။ နွားလှည်း စီးရသလိုဖြစ်နေပါလိမ့်မယ်။ ကား အောက်ပိုင်း၊ တိုက်ရော့၊ ဘောလ် ဂျွိုင်းနှင့် ရာဘာဘွတ်တွေလည်း ကောင်းဖို့လိုပါတယ်။ ဒါတွေကို စစ် ဆေးပါ။ ထူးခြားမှုရှိလာရင် သက်ဆိုင်ရာ ဝပ်ရှော့ပ်မှာ ပြသပြုပြင်ပေးပါ။
ဖလူးဝစ် (Fluid)
maintenance7
Fluid အရည်ဆိုတဲ့ စကားလုံး မှာ ဘရိတ်ဆီ၊ ပါဝါဆီ၊ ရေတိုင်ကီ အအေးခံရည်၊ ဟိုက်ဒြောလစ်ဆီ၊ အော်တိုပါဝါဆီအားလုံးကို ခြုံငုံပြီး ပြောတာပါ။ ဒီအရည်တွေ Level ကျ ဆင်းပြီး လျော့နည်းနေရင် ကားရဲ့ လုပ်ဆောင်ချက်တွေ ချွတ်ယွင်းလာ တတ်ပါတယ်။ ကားမှန်ဆေးကြောပေး တဲ့ Washer Fluid အရည်လဲပါဝင်ပါ တယ်။ ဒါတွေကို စစ်ဆေးဖို့လိုအပ် ရင် ထပ်ဖြည့်ပေးဖို့လုပ်ပေးရပါတယ်။
အော်တိုဂီယာမှာ ပါဝါဆီက အ ရေးကြီးပါတယ်။ ပါဝါဆီ Level လျော့ ကျနေရင် Auto ဂီယာမဆွဲတော့ပါ ဘူး။ ကားထုတ်လုပ်သူသတ်မှတ်ထားတဲ့ ပါဝါဆီအမျိုးအစားကို သုံးရပါ တယ်။ တစ်နှစ်တစ်ကြိမ် (အခိုင်းများ တဲ့ကား) ပါဝါဆီလဲပေးရပါတယ်။
ကားရေတိုင်ကီမှာလည်း အအေး ခံရည်၊ အမြဲအပြည့်ရှိနေဖို့ အရေးကြီး ပါတယ်။ ရေတိုင်ကီမှာ အရည်နည်း နေရင် အင်ဂျင်ပူလာတတ်ပါတယ်။ ရေတိုင်ကီမှာ ရိုးရိုးရေသန့်ထည့်တာ ထက် အအေးခံရည်နဲ့ရောစပ်ပြီး သုံး ရပါတယ်။
ပန်ကာကြိုးနှင့် ပိုက်များ
maintenance8
ပန်ကာကြိုး (V-Belt) လျော့နေ သလား၊ စားနေသလား၊ နှုတ်ခမ်းတွေ အစလှန်နေသလား စစ်ဆေးဖို့လိုပါ တယ်။ ပန်ကာကြိုးချောင်နေရင် ဒိုင်နမိုလည်ပတ်နှုန်းကျပြီး မီးထွက်အား နည်းသွားပါတယ်။ ပန်ကာကြိုးချောင် တဲ့အတွက် ရေတိုင်ကီလေဆွဲအား ကျပြီး အင်ဂျင်ရေဆူတတ်ပါတယ်။ ပါဝါဆီပန့်နဲ့ Air-con ပန့်တွေကိုလည်း ပန်ကာကြိုးနဲ့လည်ပတ်စေတာပါ။ ဒါ ကြောင့် ပန်ကာကြိုးတွေစစ်ဆေးလို့ မကောင်းရင် အသစ်လဲဖို့လိုပါတယ်။
ဝါးတားပိုက်၊ ပါဝါဆီပိုက် အသစ်လဲဖို့လိုပါတယ်။ ကြာလာရင် ပျက်စီး တတ်ပါတယ်။ ပိုက်တွေကိုလည်း ဂရုစိုက်စစ်ဆေးဖို့လိုပါတယ်။
ဘရိတ်ပိုက်ပျော့တွေက ကားဝင် ရိုးတန်း လှုပ်ရှားတိုင်း ကစားပေးရပါ တယ်။ သုံးတာကြာလာရင် ပိုက်ပျော့ တွေကွဲအက်ပြီး ဆီယိုတတ်ပါတယ်။ ဘရိတ်ပိုက်ပျော့တွေလည်း စစ်ဆေး ဖို့လိုပါတယ်။
Air Cleaner (လေစစ်)
maintenance9
ကားအင်ဂျင်ထဲကို ဖုန်၊ သဲ၊ အ မှိုက်တွေမဝင်အောင် တားဆီးသန့်စင် ပေးတာ လေစစ် (Air Filter) ပါ။ လေစစ်ပိတ်နေရင် အင်ဂျင်လေအဝင် နည်းပြီး အသက်ရှုမဝသလိုဖြစ်တတ် ပါတယ်။ Air Cleaner ပိတ်နေရင် အင်ဂျင်ဆွဲအား ပါဝါကျသွားပါတယ်။
Air Filter လေစစ်ကို ဖုန်ခါသန့် ရှင်းပေးတာလုပ်ပေးရပါတယ်။ Filter Element မကောင်းတော့ရင် အသစ် တစ်ခဲလဲပေးရပါတယ်။ ဖုန်လုံးကြီးတွေ တစ်လိမ့်လိမ့်ထူထပ်တဲ့ တောလမ်း ကြမ်းခရီးတွေသွားပြီးရင် Air Filter ကိုဖြုတ်ပြီး သန့်စင်ပေးပါ။ လေထိုး တာယာဆိုင်က Compressed Air နဲ့ လေပြင်းမှုတ်ပြီး ဖုန်တွေ၊ သဲတွေ ခါချပေးပါ။ Air Cleaner ပိတ်နေရင် ဆီစားနှုန်းများလာတတ်ပါတယ်။
ဝိုင်ဘာ
maintenance10
ရေသုတ်တံရဲ့တာဝန်က ကား လေကာမှန်မှာရှိတဲ့ ရေတွေ၊ နှင်းတွေ၊ ဖုန်မှုန့်တွေကို သန့်ရှင်းပေးတဲ့တာဝန် ပါ။ ဝိုင်ဘာမကောင်းရင် မြင်ကွင်းမ ရှင်းပါဘူး။ အထူးသဖြင့် ညပိုင်းကား မောင်းတဲ့အချိန်မှာ ကားမှန်ကြည်ပြီး ရှင်းနေဖို့လိုပါတယ်။ ဝိုင်ဘာမော်တာ မောင်းတံနဲ့ ဝိုင်ဘာပလိပ်အရွက်တွေ အားလုံးကောင်းဖို့လိုပါတယ်။ နွေရာသီမှာတော့ ဝိုင်ဘာသုံးစရာမလိုပေမဲ့ မိုးရွာလာရင်တော့ သင့်ကားဝိုင်ဘာ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။
ကားရေဆေး၊ ဆီထိုးခြင်း
maintenance11
ကားရေဆေးတာ၊ ဆီထိုးတာ လည်း ကားတစ်စီးမှာ ပုံမှန်လုပ်ပေး ရမဲ့အလုပ်တစ်ခုပါဘဲ။ ကားရေဆေး တာ၊ ကားအောက်ပိုင်းသန့်ရှင်းရေးအ တွက် အရေးကြီးပါတယ်။ ဆီထိုးပေး ရမယ့်နေရာပါရင် တစ်လတစ်ကြိမ် လောက် အမဲဆီထိုးပေးပါ။ ဂျွိုင်းတွေ၊ ဒူးဆစ်တွေက ဆီရှိမှ ပျက်စီးပွန်း စားတာတွေကို တားဆီးကာကွယ်နိုင် ပါတယ်။
ကားတစ်စီးကို ဂရုစိုက်ထိန်းသိမ်း ပေးခြင်းဟာ အကောင်းဆုံးအနေအထားကို ရရှိစေတဲ့အပြင် Safety အတွက်လည်း စိတ်ချရပါတယ်။ ကားသက်တမ်းလည်း ရှည်စေပါတယ်။
ဆရာ KMA
(သိပ္ပံနှင့်နည်းပညာ)
HighSpeed Weekly Car Journal - Motors Myanmar
Ref: motors.com.mm
_______________________
တင်သမျှဖတ်ရှုဖို့  Page ကို Like နှိပ်ထား
ပေးပါခင်ဗျ Post ကိုအခြားသူငယ်ချင်းများ
ဖတ်နိုင်မြင်တွေ့နိုင်စေရန် Like and Share
လုပ်နိုင်ပါတယ်ခင်ဗျာ
ဖတ်ရှုအားပေးခြင်းအတွက်ကျေးဇူးပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...