Thursday, June 4, 2015

ငရဲလား၊ နိဗ္ဗာန်လား


လူတစ်ယောက်သေသွားသည်။ သူမွေးထားသည့်ခွေး သူ့သခင်
ဘေးမှာ လှဲလိုက်သည်။ ခွေးလည်း အသက်ထွက်သွားသည်။
နိဗ္ဗာန်ဟုရေးထားသော တံခါးရှေ့တွင် လူဝိညာဉ်နှင့် ခွေးဝိညာဉ်
တို့ ရပ်နေကြသည်။ တံခါးဝမှာ 'ခွေးမ၀င်ရ' ဟူသော စာတမ်း ချိတ်
ထားသည်။
အဲဒီတံခါးကို လူမ၀င်၊ ခွေးကို ခေါ်ပြီး ရှောင်ထွက်သွားသည်။ တစ်
ခြားနေရာတွင် နောက်တံခါးတစ်ခု ကို မြင်ကြပြန်သည်။ တံခါးမှာ
ဘာစာမှ ရေးမထား။ တံခါးဘေးမှာ အဘိုးအို တစ်ဦး ထိုင်နေတာ
ပဲရှိသည်။
"လေးစားပါတယ် အဘိုး"
"ခရစ်တော်ရဲ့တပည့် ပီတာပါကွ"

"ဟုတ်ကဲ့၊ ဒီတံခါးနောက်မှာ ဘာတွေ ရှိပါသလဲခင်ဗျာ"
"နိဗ္ဗာန်"
"ခွေးနဲ့ အထဲကို ၀င်လို့ ရမလား"
"ရတာပေါ့"
"စောစောက တံခါးမှာလည်း နိဗ္ဗာန်တံခါးလို့ အစောင့်က ပြောပါလား"
"အလကား၊ ညာတာ၊ အဲဒါ ငရဲကို သွားတဲ့ တံခါး"
"အရှင်ပီတာတို့ အဲဒါကို ဘာဖြစ်လို့ သည်းခံနေလဲ"
"တို့အတွက် အင်မတန်အကျိုး ရှိတယ်လေ၊ နိဗ္ဗာန်ဆီကို ကိုယ့်မိတ်ဆွေကို
ပစ်မထားတဲ့သူတွေပဲ ရောက်တာကလား"
(မောင်ကောင်းထိုက် - မင်းတရားကြီးပါးရိုက်ခံရခြင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...