Saturday, June 6, 2015

ဟာသပေါင်းချုပ် (၆-၆)

" မြည်း သို့ မဟုတ် အင်ဂျင်နီယာ "
မြန်မာနိုင်ငံရှိ တော၇ွာလေး တစ်ရွာကို ဖြတ်၍ မော်တော်ကားလမ်း ဖောက်နေသည် ။ လူတစ်ယောက်က
အချိန်အတန်ကြာအောင် စိတ်ဝင်တစား ထိုင်ကြည့်နေသည် ။ ၄င်း အနားသို့  အင်ဂျင်နီယာ ကပ်လာပြီး
ပြောသည် ။
" ဟဲလို...ကျနော့် နာမည် ကိုငယ် ပါ...ဒီလမ်းဖောက်ရာမှာ တာဝန်ခံ အင်ဂျင်နီယာ ပါ.."


" ဟုတ်ကဲ့..ကျနော်..ဟိုဘက်ရွာက အောင်အောင်ပါ.."
" ခေတ်မီ မော်တော်ကားလမ်းတစ်ခုကို ဘယ်လိုဖောက်တယ်ဆိုတာ ခင်ဗျား အခုမှ တွေ့ ဖူးတယ် ထင်တယ်.
မိတ်ဆွေတို့ ရွာမှာ..လမ်း ဘယ်လို ဖောက်သလဲဗျ..."
" ကျနော်တို့ ရွာမှာ လမ်းဖောက်ဖို့  ဖြစ်လာရင် မြည်းအိုကြီးကို ကျနော်တို့ လွှတ်လိုက်တာပဲ..ဒီကောင်က ..
အတိုဆုံး ပြီးတော့ အန္တရာယ် အကင်းဆုံးဖြစ်တဲ့ လမ်းအတိုင်း ဖြတ်လျှောက်တယ်.. အဲ့ဒါကို ကြည့်ပြီး
ကျနော်တို့  လမ်းဖောက်တာပဲ...."
" ရွာထဲမှာ..ဘယ်အိမ်မှာမှ မြည်း မရှိဘူး ဆိုရင်ကောဗျာ..."
" အဲ့ဒါဆို အင်ဂျင်နီယာ ခေါ်လိုက်တာပဲ..."
Credit- Tun Aye

" တတ် နိုင် တာ ပဲ ယူ မယ် "
စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ထံ ယောင်္ကျားကြီးတစ်ယောက် ရောက်လာပြီး ပြောသည် ။
" ကူညီပါဦး ဆရာ...။ ညတိုင်းညတိုင်း အတွဲပေါင်း ဆယ်တွဲပါတဲ့ ရထားကို ရန်ကုန်ကနေ ညောင်ရွှေ
အထိ ရောက်အောင် ကျနော် တွန်းပေးရတယ်လို့  အိပ်မက်မက်တယ်..။ မနက် အိပ်ရာက နိုးတဲ့အခါ
ပင်ပန်းလွန်းလို့  ခြေတွေလက်တွေကိုတောင် မသယ်ချင်တော့ဘူး.."
" ကျနော် .ဘာလုပ်ပေးရမလဲ.."
" သာစည်အထိ ကူတွန်းပေးပါလား ခင်ဗျာ..."
" မြန်မြန်ပြန် ..မြန်မြန်အေးတာပဲ "ဟု တွေးပြီး " တွန်းပေးရတာပ " ဟု ဆရာဝန်ပြောလိုက်သည် ။
နောက်တစ်ပတ်အကြာတွင် ယောင်္ကျားကြီး ပြန်ရောက်လာပြန်သည် ။
" အခု...နောက်တစ်မျိုး အိပ်မက် မက်နေပြန်ပြီး ခင်ဗျ.....ကျနော်ဟာ စူလ်တန်စော်ဘွားဖြစ်နေပြီး ညတိုင်း
မိန်းမတစ်ထောင်နဲ့  အိပ်နေရတယ်..၊ မနက်အိပ်ရာက ထတော့ ပင်ပန်းလွန်းလို့  ခြေလက်တောင် မသယ်
နိုင်တော့ဘူး......ကူပါဦး ဒေါက်တာ.."
" ဘာကူညီပေးရမလဲ..."
" ကျနော့်ဆီက မိန်းမ ငါးရိာကု ခွဲယူလိုက်ပါလားဆရာ..."
" တစ်ယောက်ပဲ ပေး ၊ ရထားကို သာစည်အထိ ရောက်အောင် ကျုပ် တွန်းပေးရဦးမှာဗျ..."
Credit- TUn Aye


" ထွေ လီ ကာ လီ "
" အပျိုကြီးကို ဘယ်လို နှစ်သိမ့်မလဲ.. "
" ငါ ဘယ်တော့မှ မုဆိုးမ မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးနဲ့  ကိုယ့်ကိုကိုယ် နှစ်သိမ့်ပါစေ.."
" အချစ်ကြောင့် လူတွေ အများကြီး သေကြတယ်ဆိုတာ ဟုတ်သလား.."
" မသိဘူး...အချစ်ကြောင့် လူတွေ အများကြီး မွေးလာတာတော့ သိတယ်..."
" အချစ်နတ် ဖမ်းစားခံခြင်း ခံနေရတဲ့အခါ ဆင်ခြင်တုံတရား ပျောက်တတ်သည် ။ အိမ်ထောင်ကျသည့်အခါမှ
ထိုအကြောင်းကို သတိထားမိသည် ။ "
" ယောင်္ကျားက သူ့ မိန်းမကို ပန်းလက်ဆောင်ပေးလျှင် ချိန်းထားသောနေရာသို့  သူ့ မယားငယ် မရောက်လာ
လို့ ပဲ ဖြစ်ရမည်..။ "
" ဘ၀ဆိုတာ..သေခြင်းနဲ့  အဆုံးသတ်တာ မဟုတ်ဘူး...တစ်ခါတစ်လေ..
အိမ်ထောင်ပြုလိုက်တာနဲ့  အဆုံးသတ်သွားတတ်တယ်..."
" အသက်ကြီးတဲ့ အပျိုကြီး ဖြစ်ရတာထက် ..အသက်ငယ်ငယ်နဲ့  အဘွားဖြစ်ရတာ ပိုကောင်းတယ်.."
" ဟာသစာအုပ်ကို ဖတ်နေတဲ့ အခါမှာ ပိုက်ဆံပေးရကျိုး မနပ်ဘူးဆိုပြီး နောင်တ မရရအောင် မဖြစ်မနေ ရယ်ပါ.."
Credit- Tun Aye

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...