Tuesday, June 2, 2015

ဝင်ငွေနည်းတဲ့သူက အခွန်ပိုထမ်းနေရပြီးတော့ ဝင်ငွေများတဲ့သူတွေက အခွန်တာဝန်သက်သာနေတဲ့ သဘောမျိုးဖြစ်နေတယ် ဦးဇော်ဖေဝင်း(စီးပွားရေးပညာရှင်)


ဒီနှစ် ဘတ်ဂျက်လိုငွေပြမှုက ဘယ်လောက်အထိ ဖြစ်နေလဲဆိုရင် မနှစ်ကအထိ နိုင်ငံပိုင်စီး
ပွားရေးလုပ်ငန်းများနဲ့ ကော်ပိုရေးရှင်းများက ပိုငွေပြ သော အုပ်စုထဲမှာပါပါတယ်။ ဒီနှစ်ဘတ်ဂျက်ကျတော့ သူက ထူးထူးခြားခြား လိုငွေပြတဲ့အုပ်စုဖြစ်သွားတယ်။
အဲဒါကလဲ တော်တော်လေးစဉ်းစားစရာရှိပါတယ်။ လို ငွေပမာဏသည် ဘယ်လောက်လောက်ရှိလဲဆိုတော့ ကျပ်ဘီလီယံပေါင်း ၁၇၅ ဘီလီယံလောက်ရှိပါတယ်။ ဒါဆို တော်တော်လေးဆိုးတဲ့အခြေအနေမျိုးလို့ ယူဆ ရပါတယ်။

အဲဒါတွေပေါင်းလိုက်ရင် လေးနှစ်တာကာ လအတွင်းမှာ လိုငွေစုစုပေါင်း ကျပ်ဘီလီယံပေါင်း တစ်သောင်းကျော်ဖြစ်ပါတယ်။ အဲဒီငွေတွေ လူထုရဲ့ လက်ထဲကိုရောက်သွားပြီးတော့ လည်ပတ်တဲ့အကြိမ် ပေါ်မှာတည်ပြီး ကုန်ဈေးနှုန်းတက်နိုင်ပါတယ်။ အဲဒါ ဟာ အန္တရာယ်ကြီးနိုင်တဲ့သဘောမျိုးရှိပါတယ်။ ဒါကို တော့ ထည့်စဉ်းစားဖို့လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။
လိုငွေကို ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတဲ့ နေရာမှာ အဓိကအားဖြင့်ကတော့ သူများဆီကပိုက်ဆံ ချေးတာ။ ငွေစက္ကူထပ်ရိုက်တာတို့ ဒီလိုကိစ္စမျိုးတွေနဲ့ ရှင်းတာတော့ သိပ်နည်းလမ်းမကျပါဘူး။ အားကိုး လောက်တဲ့နေရာ မဟုတ်ပါဘူး။ အဲဒီတော့ အစိုးရရငွေ ကို တိုးပြီးတော့ရှာနိုင်အောင် ကြိုးစားရမယ်။ အဲဒီထဲ မှာလဲ ဈေးကွက်စီးပွားရေး ဖြစ်သည့်အတွက်ကြောင့် အစိုးရရငွေကို ဘယ်ကနေပိုရှာနိုင်မလဲဆိုတော့ အခွန် အခကနေ ပိုရှာနိုင်မှာဖြစ်ပါတယ်။ အခွန်မှာ ပြုပြင်မယ် ဆိုရင် နှစ်ပိုင်းရှိပါတယ်။
အခွန်ရဲ့အခြေခံ၊ အခွန် ဘယ် ကနေပြီးတော့ ဘယ်လိုရအောင်ကောက်သလဲ ဒါကို လဲ ပြင်ရပါမယ်။ နောက်တစ်ခုက အခွန်ထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတွေ အဲဒါတွေကိုလဲ စဉ်းစားရပါမယ်။
အခွန်ထဲမှာ အရေးအကြီးဆုံးရတဲ့ ဝင်ငွေ ခွန်။ လေ့လာကြည့်မယ်ဆိုရင် ဝင်ငွေခွန်ကိုကောက်တဲ့ အခါမှာ ဝင်ငွေအများကြီးရတဲ့လူတွေဟာ အလွန်ဆုံး သူတို့ရတဲ့ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းအထိပဲ အခွန်ပေး ဆောင်ရပါတယ်။ အဲဒီထက် ဘယ်လောက်ပဲဝင်ငွေများ နေနေ ၂၅ရာခိုင်နှုန်းထက်မတက်တော့ဘူး၊ ဒါအများ ဆုံးဖြစ်တယ်။ အဲဒီတော့ ဝင်ငွေနည်းတဲ့သူက အခွန် တာဝန်ကို ပိုထမ်းနေရပြီးတော့ ဝင်ငွေများတဲ့သူတွေက အခွန်တာဝန်သက်သာနေတဲ့ သဘောမျိုးဖြစ်နေတယ်။ တစ်ဖက်ကကြည့်ရင်တော့ ဈေးကွက်စီးပွားရေးစနစ် မှာ လုပ်ငန်းရှင်ကြီးများ၊ ခရိုနီကြီးများရဲ့ အကူအညီ ဟာ လိုအပ်တာ မှန်ပါတယ်။ သို့သော်လဲ တစ်ဖက် စောင်းနင်းများ ဖြစ်နေသလားဆိုတာ ထည့်စဉ်းစား ဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်''။

ပညာရှင် စကား - ဦးဇော်ဖေဝင်း (စီးပွားရေးပညာရှင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...