Monday, June 15, 2015

ဟာသ ပေါင်းချုပ် (၁၅-၆)

Zaw Min Latt

" တန် ဖိုး အ ရှိ ဆုံး "
ပြင်သစ်နိုင်ငံသို့  အလည်သွားရာမှ ပြန်လာသော ကိုလင်း က မိမိ အတွေ့ အကြုံများကို မိတ်ဆွေများအား ပြောပြသည် ။
" သူတို့ ဆီမှာ အရာခပ်သိမ်း စက်ပစ္စည်းတွေနဲ့ ချည်း လုပ်ထားပါလား...၊ ကျနော် တည်းတဲ့ ဟိုတယ်မှာဆိုရင် အခန်းထဲမှာ ရှိတဲ့ခလုတ်ကို နှိပ်လိုက်တာနဲ့  မိန်းမချောလေး တစ်ယောက်ပေါ်
လာပြီး " ဘာလိုချင်ပါလဲရှင်.. လူကြီးမင်းရဲ့ ဆန္ဒအားလုံးကို ကျမဖြည့်ဆည်းပေးပါမယ်.." လို့  ပြောတယ်ဗျ.. "

" တယ်ဟုတ်ပါလား အဲ့ဒါဆို ခင်ဗျား နည်းနည်းတော့ ပျော်ခဲ့မှာပေါ့ "
" နည်းနည်း ဟုတ်လား... ကျုပ် တစ်ပါတည်း ယူလာခဲ့တယ်ဗျ.. "
" မိန်းမချောလေး ကိုလား "
" ဟင့် အင်း. ခလုတ် "
Credit- TUN AYE
" ကပ် စေး နှဲ ယော င်္ကျား "
ည အချိန်မတော် ဖြစ်သည် ။ မှောင်နေသော လမ်းအတိုင်း လင်မယားနှစ်ယောက် လမ်းလျှောက် လာကြသည် ။ ကွေ့  တစ်ကွေ့  တွင် လူဆိုးတစ်ယောက် ပုန်းနေရာမှ ထွက်လာပြီး ယောင်္ကျားကို ခြောက်လုံးပြူးနှင့် တေ့သည် ။ " လက်မြှောက်.. ရှိတဲ့ ပိုက်ဆံ အကုန်ထုတ်စမ်း " ဟုခြိမ်းခြောက်သည် ။
ယောင်္ကျားဖြစ်သူသည် လက်ကို အောက်သို့ ချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံများကို ထုတ်ယူသည် ။ ထို့ နောက် လူဆိုးကို ကမ်းပေးလိုက်သည် ။ ဤသည်ကို မြင်သော မိန်းမက မကျေမနပ် ပြောသည်။.
" ဒါမျိုးကျတော့ ရှင့်မှာ ပိုက်ဆံ ရှီတယ်ပေါ့လေ.ကျုပ် အင်္ကျီတစ်ထည် ၀ယ်ပါရစေ ဆိုတော့ ပိုက်ဆံ မရှိဘူးတဲ့ ဟင်း.. "
Credit- Tun Aye

" နွား ရိုင်း သတ် ပွဲ corrida " (18+)
စပိန်နိုင်ငံတွင် နွားရိုင်းသတ်ပွဲသည် အလွန်နာမည် ကြီးသည် ။ နိုင်ငံခြား ဧည့်သည် တစ်ဦးသည်
ဤပွဲကို ကြည့်ရန်အတွက် စပိန်သို့  တကူးတက ရောက်လာသည် ။ နွားရိုင်းသတ်ပွဲပြီးသောအခါ
အားကစားရုံအနီးရှိ စားသောက်ဆိုင်သို့  ၀င်ကာ စားပွဲထိုးကို ခေါ်သည် ။ ယနေ့ ရနိုင်သော အစား
အစာများကို မေးရာ ဝှေးစေ့ကြော် ( Fighting Ball ) တစ်ခုသာ ရမည်ဟု စားပွဲထိုးက ပြောသည်။
ဆာလည်း ဆာနေသည်နှင့် ဘာဖြစ်ဖြစ် ဟု သဘောထားကာ ၄င်း အကြော်ကိုပင် မှာလိုက်သည် ။
ခဏကြာသောအခါ ပန်းကန်ပြားကြီးနှင့် ဝှေးစေ့ကြော်ကို ဘွိုင်က ယူလာသည် ။ " အင်မတန်ကြီး
တဲ့ ဝှေးစေ့ ပါလား " ဟု စိတ်ထဲတွင် တွေးသည် ။ တစ်ခြား စားစရာလည်း မရှိ ။ အစာအိမ်ကလဲ
တောင်းဆိုနေသည်နှင့် ဖြစ်ချင်တာ ဖြစ်ဟု ဆုံးဖြတ်ကာ လာချပေးသည်ကို အားရပါးရ လွေးလိုက်
သည် ။
နောက်တစ်နေ့  နွားရိုင်းသတ်ပွဲကို ထပ်ကြည့်သည် ။ ပွဲပြီးသောအခါ မနေ့ ကအတိုင်း စားသောက်
ဆိုင်သို့  ၀င်သည် ။ ဒီကနေ့ လည်း ဝှေးစေ့ကြော် တစ်ခုပဲ ရကြောင်း တွေ့ ရပြန်သည် ။ " မနေ့ က
စားလို့ ကောင်းသားပဲ " ဟု တွေးကာ ဘာမှ မပြောတော့ပဲ " ယူခဲ့ပါ " ဟု မှာလိုက်သည် ။ ယခု
တစ်ခါ စားပွဲထိုး ယူလာသော အကြော်မှာ မနေ့ ကထက် များစွာ ငယ်နေသည် ။ သိလိုသဖြင့် စား
ပွဲထိုးကို မေးသည် ။
" ဟေ့ ဘွိုင် မနေ့ က အကြော်က ကနေ့ ဟာထက် အများကြီး ကြီးတာပဲ... ဒီကနေ့  ဘာဖြစ်လို့ သေး
သွားရတာလဲ... "
" ဒီလိုပါ ခင်ဗျာ.. ၊ နွားရိုင်းသတ်ပွဲရဲ့  သဘောက အမြဲတမ်း နွားသတ်သမားချည်း နိုင်တာ မဟုတ်ပါဘူး
တစ်ခါတစ်လေ နွားရိုင်းက လူကို အနိုင်ရတာလဲ ရှိပါတယ် ခင်ဗျ. "
Credit- Tun Aye

" အိမ် ထောင် သည် ဘ ၀ "
" မင်း အိမ်ထောင်ကျတာ နှစ်လပဲ ရှိသေးတယ်.. မိန်းမရတဲ့ အရသာလေး
ပြောပြစမ်းပါဦး ကွ. "
" စိတ်ညစ်စရာကြီးပါကွာ... ဆေးလိပ် မသောက်ရ..အရက်မသောက်ရ..လောင်း
ကစား မလုပ်ရ.. ဆဲရေးတိုင်းထွာခြင်းလဲ မပြုရနဲ့  မလွတ်လပ်ပါဘူးကွာ.. "
" ဟင်.. ပျင်းစရာကြီးပဲ.. "
" အေး...င့ါကို ပျင်းခွင့်လဲ မပေးဘူးကွ... "
Credit- TUN AYE

" ကျေး ဇူး တင် လိုက် တာ "
ပိန်ဆေး ထုတ်လုပ်ရောင်းချသော ဆေးကုမ္ပဏီသို့  စာတစ်စောင်
ရောက်လာသည် ။
" လူကြီးမင်းတို့ ၏ ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသော ပိန်ဆေးသည်
အထူး အစွမ်းထက်လှပါသည် ။ ကျနော်၏ ဇနီးသည် ပထမ ၁၄ ရက်
အတွင်း ခြောက် ကီလို တိတိ ကိုယ်အလေးချိန် လျှော့သွားပါသည်။
တစ်ပုလင်း ကုန်သောအခါ အိမ်မှ လုံးဝ ပျောက်သွားပါသည် ။ ဤ
အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Credit- TUN AYE

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...