Thursday, May 7, 2015

ယာဉ်ကြောပိတ်ဆို.မှု လျှော့ချရေး အကြံပြုချက် ( အပိုင်း- ၁ )

အစိုးရရဲ. မော်တော်ယာဉ်တင်သွင်းမှု မူဝါဒအသစ်ကြောင့် ရန်ကုန်မြို.တော်ကြီးမှာ  မော်တော်ယာဉ်စီးရေ ပိုများလာတာနဲ. အမျှ လမ်းတွေ ပေါ်မှာလာယာဉ်ကြောပိတ်ဆို.မှုတွေ ပိုများလာတာကိုနေ.စဉ်နေ. တိုင်းတွေ.ကြုံနေရပါတယ်။ လက်လှမ်းမီသလောက်လေ့လာကြည့်တဲ့ အခါ မှာတော့ ရန်ကုန်မြို.တော်ရဲ. အနေအထားနဲ. လက်ရှိကားအစီးရေဟာများလွန်းတယ်လို. မဆိုနိုင်သလိုအခုတွေ.ကြုံနေရတဲ့ ယာဉ်ကြောပိတ်ဆို.နေမှုတွေဟာလဲ မဖြစ်သင့်ပဲ ဖြစ်နေရတယ်ဆိုတာကိုတွေ.ရပါတယ်။
ယာဉ်ကြောပိတ်ဆို.မှုတွေ ကို လျှော့ချနိုင်ဖို. နဲ. အများပြည်သူ သွားရေးလာရေး အဆင်ပြေစေဖို. ရည်ရွယ်ပြီး အများပြည်သူသွားလာရေးအာဏာပိုင် အဖွဲ.ဆို ပြီးဖွဲ.စည်းဆောင်ရွက်နေတာကိုလဲ ကြားသိရပါတယ်..။ အဲဒီကော်မတီအနေနဲ. သူတို. လေ့လာတွေ.ရှိမှု တွေ အရသင့်တော် ကောင်းမွန်မယ် ထင်တဲ့ ဆောင်ရွက်ချက် တွေ ကိုလုပ်ဆောင်နေတဲ့ နေရာမှာတစ်တပ်တစ်အားတစ်ထောင့်တစ်နေရာ က နေ ဖြည့်စွမ်းတဲ့ အနေနဲ.တွေ.မြင်လေ့လာမိသလောက် လေး ၀င်ပြီးအကြံပြုချင်ပါတယ်..။ မိကျောင်းမင်းရေခင်းပြတယ်လို. တော့ မထင်စေချင်ပါခင်ဗျား။ အရင်ဆုံးရန်ကုန်မြို.တော်မှာဘာကြောင့်ယာဉ်ကြောပိတ်ဆို. မှုတွေဟာ ဖြစ်သင့်တာထက် ပိုဖြစ် နေရတာလဲဆိုတာကိုစဉ်းစားကြည့်ရအောင်ဗျာ။ တွေ.ရတဲ့ အချက်တွေကယာဉ်မောင်းများစည်းကမ်းတကျ မောင်းနှင်မှု အားနည်းခြင်း ၊ ကားရပ်နားဖို.နေရာတွေ နည်းလွန်းခြင်း ၊ ယာဉ်များစည်းကမ်းတကျ သွားလာနိုင်ဖို.ထိန်းကျောင်းတဲ့စံနစ် အားနည်းခြင်း ၊ ယာဉ်သွားလမ်းများကိုစီမခန်.ခွဲမှု အားနည်းခြင်းစတဲ့ အချက်တွေ ကိုအဓိကအနေနဲ. တွေ. ရှိရမှာပါ ။အခုပြောတဲ့ အချက်တွေ လျော့နည်းသွားအောင် လုပ်မယ် ဆိုရင် အဓိကလုပ်ဆောင်ရမယ့် အပိုင်း( ၃ ) ပိုင်းရှိပါတယ် ။
အဲဒါ တွေကတော့.....
                        ( ၁  ) လမ်းမများစီမံခန်.ခွဲ ခြင်း  ( Road Management )
                        ( ၂ ) ယာဉ် သွားလာမှု ထိန်းသိမ်းရေး( Traffic Control )
                         ( ၃ )စံနစ်တကျ အများပြည်သူ သယ်ယူပို.ဆောင်ရေး ( Systematic Public Transportation )            …                               တို.ပဲ ဖြစ်ပါတယ်…။

( ၁ ) လမ်းမများစီမံခန်.ခွဲ ခြင်း( Road Management )

လမ်းမများစီမံခန်.ခွဲ မှု ဆိုတဲ့ အပိုင်းမှာလမ်းမတွေ ကိုယာဉ် သွားလာ မှု အဆင်ပြေပြေ ဖြစ်ဖို. လုပ်ဆောင် ပေးခြင်း ၊ ယာဉ်သွားလာမှု ကိုမပိတ်ဆို.စေမယ့် ယာဉ်ရပ်နားစရာနေရာတွေ ဖော်ဆောင် ပေးခြင်းတို.ကိုဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်..။လမ်းမတွေ ကိုယာဉ်သွားလာမှု အဆင်ပြေပြေ ဖြစ်ဖို. လုပ် ဆောင် ပေးမထားတဲ့ အတွက် ယာဉ်ကြောပိတ်ဆို.မှု တွေ ဖြစ်ပေါ် စေသလို ၊ ယာဉ်တိုက်မှု တွေ ကိုလဲ ဖြစ်ပေါ်စေပါတယ် ၊   ယာဉ်သွားလာမှု များတဲ့လမ်းမတွေ မှာဆန်.ကျင်ဘက် ယာဉ်ကြောတွေ ကို ၀င်ရောက်ပြီးမောင်းနှင်မှုတွေ ကြောင်.ယာဉ်ကြောပိတ်ဆို. မှု တွေ ဖြစ် ရ တာကိုအများကြီးတွေ.နေရပါတယ်။  အဲဒီတော့ ဆန်.ကျင်ဘက်ယာဉ်ကြောကို ၀င်မောင်းလို. မရအောင် လုပ် ရပါမယ်။ မျဉ်းသေဆွဲထားရုံနဲ. မလုံလောက်ပါဘူး ။ ဆန်.ကျင်ဘက် ယာဉ်ကြော နှစ်ခုကိုအလယ်ကပိုင်းခြား ရ မှာပါ ၊ တချို.နေရာတွေ မှာကွန်ကရစ် တုံးတွေ ချပြီးခွဲ ခြားထားတာတွေ တွေ. ရပါတယ်..။ ဒါပေမယ့် မလုံလောက် သေးပါဘူး ၊ ကွန်ကရစ် တုံးတွေ ကြားကလူ ၊ စက်ဘီးစသဖြင့် ဖြတ်ကူးနိုင်တဲ့ အတွက် ယာဉ်မောင်းတွေ အတွက် အန္တရာယ် ဖြစ်စေပါတယ်။ အဲဒီ ဖြတ်ကူးတဲ့ လူတွေ ၊ စက်ဘီးတွေ ကိုသတိ ပြု မောင်း နှင် နေရတဲ့ အတွက် ယာဉ်သွားလာ မှု ကိုတုန်.နှေးစေပါတယ် ၊တချို.နေရာတွေ မှာဆိုက်ကားတွေ တောင် ဖြတ်ကူးနေတာတွေ.ရပါတယ်..။ ဆိုက်ကားတွေ က သူတို. အလွယ်တကူ ဖြတ်လို. ရ အောင် ကွန်ကရစ်တုံးတွေ ကိုအလစ်မှာ မ ရွှေ.ပြီးဟထားတတ်ကြပါတယ်..။ ဒါကြောင့် လူတွေ ၊ စက်ဘီးတွေ ၊ ဆိုက်ကားတွေ ဖြတ်မ၀င်နိုင်အောင် တဆက်တည်းပိတ်တားထားတဲ့ အကာအရံ မျိုးထားသင့်ပါတယ်..။ ဒီနေရာမှာကွန်ကရစ်တုံးတွေ အစားသံပန်းတွေ ကိုအသုံးပြု တာကပိုပြီးသင့်တော်မယ်လို.ထင်ပါတယ်..။ ဗိုလ်ချုပ်ဈေးရှေ. နဲ. ဆူးလေဘုရားလမ်းမပေါ် မှာလုပ်ထားတဲ့ ပုံစံမျိုးပေါ့ ဗျာ။ လူတွေ လမ်းကူးဖို. အတွက်တော့ ဂုံးကျော်တံတားတွေ ဆောက် ပေးတာ က အသင့်တော်ဆုံးပါ ။ အဲ..ဂုံးကျော် တံတားတွေ ဆောက် မပေးနိုင် သေးဘူးဆိုရင် တော့ လမ်းကူးဖို. နေရာတစ်ခုသတ်သတ်မှတ်မှတ် ဟထားပေးပြီးအဲဒီလူကူးမယ့်နေရာကိုသိသာအောင် မီးဝါ အချက်ပြ တွေ တပ်ပေးထားရင် ဖြတ်ကူးသူရောယာဉ်မောင်းတွေ ရောအတွက် အန္တရာယ် လဲကင်း ။ ယာဉ်ကြောတုန်.နှေး မှုလဲမရှိနိုင်တော့ပါဘူး။ အဲဒီလိုဆန်.ကျင်ဘက်ယာဉ်ကြော နှစ်ခုကိုပိုင်းခြားတဲ့နေရာမှာလဲလမ်းရဲ. အစိတ်အပိုင်းတချို. ၊ မီးပွိုင့် အနားတ၀ိုက် မှာတင် ပိုင်းခြားတာမျိုးမဟုတ်ပဲမီးပွိုင့်တစ်ခုနဲ. တစ်ခုအကြားလမ်းပိုင်းတစ်ခုလုံးကိုပိုင်းခြားရမှာပါ ။ဒါမှလဲယာဉ်ကြောတစ်ခုလုံးကို ကန်.လန်.ဖြတ်ပြီးတစ်ဖက်ယာဉ်ကြောထဲ မောင်းဝင် တာတွေ ၊ လမ်းပိုင်းအလယ်လောက်ကနေ ဂ ငယ်ကွေ. ကွေ.၀င်တာတွေ ကိုပါ တားဆီး ပြီးသား ဖြစ်မှာပါ…။ အဲဒီလိုပိုင်းခြားထားပြီးရင် မီးပွိုင့်တွေ မှာကွေ.ကားတွေ အတွက်သီးသန်. ပေးတဲ့ အချိန် အတွင်း .. ဂငယ်ကွေ. ကွေ.ဖို. ခွင့်ပြုပေးရမှာဖြစ်ပါတယ် ။ ကွေ. ကားတွေ အတွက် သီးသန်. ပေးတဲ့ အချိန်ဖြစ်လို. အတည့် ကားတွေ မရှိသေးတဲ့ အချိန်မှာဂငယ်ကွေ. ကားတွေ အတွက်လဲ အန္တရာယ်ကင်းကင်းကွေ. နိုင်မှာ ဖြစ်ပါတယ်…။ မီးပွိုင်မှာလဲကွေ.ကားတွေ အတွက်သီးသန်.ပေးတဲ့ အချိန်ကိုမီးပွိုင့် စလွှတ်လွှတ်ချင်းမှာမပေးပဲ..အတည့်ကားတွေအတွက်မီးနီထား ပြီး မှ ကွေ.ကားတွေ အတွက် သီးသန်.မီးစိမ်း မြှားပြပြီးအချိန်ပေးရမှာ ဖြစ်ပါတယ်..။  ဒါဆိုရင်အတည့်ကားတွေ သွားနေချိန်မှာ မီးပွိုင့်အလယ်ထိ တက်ရပ်ပြီးစောင့်တာမျိုး ၊ အတည့်ကားတွေ ရှေ.က အမြန်ဖြတ်ကွေ.တာမျိုး ၊ အတည့်ကားတွေ က ကွေ.ကြောထဲ ၀င်စီပြီး အတည့်ယာဉ်ကြောဘက် ကူးဝင်တာမျိုးတွေ ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ လေ့လာမိသလောက်ထိုင်း၊တရုတ်၊မလေးရှားနိုင်ငံတွေမှာအဲဒီလိုစီစဉ်ထားတာတွေ.ရပါတယ်..။ အဲဒီလိုလုပ်လိုက်လို. တစ်စီးတစ်လေအတွက် အချိန် နဲနဲပိုကြာသွားစေမှာ ဖြစ် ပေမယ့် အများစုအတွက် တော့ ချောချောမွေ.မွေ. သွက်သွက် လက်လက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်..။ယာဉ်တိုက်မှု အန္တရာယ် ကိုလဲလျှော့ချနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုကယာဉ်ကြောပိတ်ဆို.မှု မဖြစ်စေပဲကားရပ်နားဖို. နေရာတွေ စီစဉ် ပေးဖို.ပါ။ အခုလဲလမ်းမ ကြီးတချို.ရဲ. ပလက်ဖောင်းတွေ ကိုဖဲ့ပြီးကားရပ်ဖို.နေရာတွေ လုပ် နေတာတွေ.ရပါတယ်…ခက်တာကအဲဒီကားရပ်ဖို. နေရာမှာရပ်တဲ့ ကားတွေ ရှိသလို ၊လမ်းမပေါ် မှာပဲရပ်နေသေးတဲ့ ကားတွေ ရှိနေသေးတာပါပဲ..။ အဲဒီလိုစည်းကမ်းမဲ့ ရပ်တဲ့ ကားတွေ ကိုလဲတိတိကျကျ အရေးယူသင့်ပါတယ်…။ကွင်းကျယ်ကျယ် နေရာတွေ ကိုလဲကားရပ်နားနိုင်ဖို. စီစဉ်ပေးသင့်ပါတယ်…။ ကွန်ဒိုမီနီယံ၊ ဈေးဝယ်စင်တာ ၊ ဆေးရုံ ၊ ကျောင်းစတဲ့ နေရာ မျိုးတွေ မှာလဲကားရပ်နားစရာနေရာတွေ လုံလုံလောက်လောက် ပါရှိစေသင့်ပါတယ်…။ အရင်တုန်းကထည့် မစီစဉ် ခဲ့ဘူးဆိုရင် လဲအခုအဲဒီနေရာတွေ နဲ. သက်ဆိုင်သူတွေ ကိုခေါ်ယူညှိနှိုင်းပြီးအနီးအနားနေရာတစ်ခုခုကိုကားရပ်နားဖို. နေရာအတွက် ထပ်မံစီစဉ် ခိုင်းသင့်ပါတယ်..။ နောက်ထပ်ပြဿနာတစ်ခုကတက္ကစီတွေ ပါပဲ..။ အထူးသဖြင့်ဟိုတယ်တွေ ၊ ဈေးဝယ်စင်တာတွေ နဲ. အထူးကုဆေးရုံတွေ ရှေ. မှာအုပ်စုဖွဲ. ပြီးရပ်စောင့် နေတတ်တဲ့ တက္ကစီတွေ ပါပဲ။ မြင်သာအောင် ပြောရရင် လမ်းမတော် ၊ စိန်ဂျွန်းမှတ်တိုင်နားက တော်ဝင်စင်တာ နဲ. စိန်ဂေဟာရှေ. လမ်းမပေါ် ၊ မြေနီကုန်းစီးတီးမတ် ရှေ. လမ်းမပေါ် ၊ မြေနီကုန်းဒဂုန်စင်တာရှေ.လမ်းမပေါ်၊ အာရှတော်ဝင် အထူးကုဆေးရုံရှေ.လမ်းမပေါ်ကတက္ကစီတွေ ကြောင်. ယာဉ်ကြောပိတ်ဆို. မှု ဖြစ် စေတာတွေ တွေ.နေရပါတယ်..။ တကယ် ဆိုရင်အဲဒီ ပြဿနာဟာအစိုးရနဲ. တင်ဆိုင်တာမဟုတ်ပဲအဲဒီလုပ်ငန်းရှင်တွေ နဲ. လဲဆိုင်ပါတယ်..။ မိမိစီးပွားရေးလုပ်ငန်းကိုလာတဲ့ ဖောက်သည်တွေ အားလုံးဟာကိုယ်ပိုင်ကားနဲ.ချည်းပဲလာတာမဟုတ်ပါဘူး ၊ တက္ကစီတွေ ကိုအသုံးပြု ပြီးလာတဲ့ သူတွေ လဲအများကြီး ပါ..။ဒါကြောင့်ပဲ တက္ကစီတွေ ဟာအဲဒီနေရာတွေ ရှေ. မှာရပ်စောင့်နေကြတာ ဖြစ်ပါတယ်…။ ဒီတော့ မိမိစီးပွားရေးလုပ်ငန်းဆီကိုလာရောက်တဲ့ ဖောက်သည်များအဆင်ပြေရေး ၊ မိမိလုပ်ငန်းနဲ. ဆက်နွယ်ပြီးယာဉ်ကြောပိတ်ဆို. မှု မဖြစ် စေရေးအတွက် လုပ်ငန်းရှင်တွေ က လဲ တာဝန်ယူသင့်ပါတယ်..။ တက္ကစီတွေ ရပ် ဖို. နေရာတစ်ခုစီစဉ်ပေး ၊ မိမိလုပ်ငန်း မှ လုံခြုံရေးဝန်ထမ်း ကဲ့သို.၀န်ထမ်းတွေ စပီကာ ( သို. ) စကားပြောစက် နဲ. လှမ်းခေါ် ပေးတာလိုမျိုးတွေ စီစဉ် ပေးရမှာ ဖြစ်ပါတယ်..။ဒါဆိုရင်တော့ စည်းကမ်းမဲ့ ယာဉ်ရပ်နား မှုကြောင့် ယာဉ်ကြောပိတ်ဆို.တာတွေ အထိုက်အလှောက် လျော့ သွားမှာ ဖြစ်ပါတယ်…။
အခုပြောသွားတဲ့ လမ်းမများစီမံခန်.ခွဲ မှု အပိုင်းမှာအဓိက တာဝန်ယူ ဆောင်ရွက်ရမယ့် အဖွဲ.အစည်းတွေ ကတော့ မြို.တော်စည်ပင် နဲ. ယာဉ်ထိန်းတပ်ဖွဲ. နှစ်ခုစလုံးပါပဲ…။မြို.တော်စည်ပင်ကလိုအပ်တဲ့ အရံအတားနဲ. ကားရပ်နားဖို. နေရာတွေ လုပ်ဆောင် ပေးရမှာ ဖြစ်ပြီးယာဉ်ထိန်းတပ်ဖွဲ. က စည်းကမ်းမဲ့ ရပ်နားတဲ့ ယာဉ်တွေကိုတိတိကျကျ အရေးယူရမှာ ဖြစ်ပါတယ်..။စင်္ကာပူနဲ. ကွာလာလမ်ပူမှာအရေးယူလွန်းလို. ဘယ်သူ မှ စည်းကမ်းမဲ့ ယာဉ်မရပ် ရဲပါဘူး ၊  ဖြူနီ ကြားနေရာ မျိုး က တားရင် တက္ကစီတွေတောင် ရပ်မပေးပါဘူး ။ဒါကြောင့် တိတိကျကျ အရေးယူ မှု အပိုင်းကလဲအရေးကြီးပါတယ်…။ လူတိုင်းအလွယ် ကြိုက်တတ်တာမို.လို. အရံအတားမရှိရင် ၊ အရေးယူ မှု မရှိရင် အလွယ်တကူမောင်း ၊ အလွယ်တကူပဲရပ်ကြမှာ ဖြစ်ပါတယ်။

အပိုင်း ( ၂ ) ဆက်ဖတ်ရန်... goo.gl/6eTvxl
အပိုင်း ( ၃ ) ဆက်ဖတ်ရန်... goo.gl/A70xvO

တရုတ်ပြည် ၊ နန်နင်းမြို.က လမ်းကို ယာဉ်ကြောပိုင်းခြားထားပုံ နဲ. မီးပွိုင့်တပ်ဆင်ထားပုံတရုတ်ပြည် ၊ နန်နင်းမြို.က လမ်းကို ယာဉ်ကြောပိုင်းခြားထားပုံ နဲ. မီးပွိုင့်တပ်ဆင်ထားပုံ
တရုတ်ပြည်၊ ဟူးမင်း ဆိုတဲ့ မြို.ငယ်လေးက လမ်းမမြင်ကွင်းတရုတ်ပြည်၊ ဟူးမင်း ဆိုတဲ့ မြို.ငယ်လေးက လမ်းမမြင်ကွင်း
ဘန်ကောက်မြို.လယ်တစ်နေရာဘန်ကောက်မြို.လယ်တစ်နေရာ
ဘန်ကောက်တစ်နေရာဘန်ကောက်တစ်နေရာ
စင်္ကာပူတစ်နေရာစင်္ကာပူတစ်နေရာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...