Wednesday, May 13, 2015

အလုပ်အကိုင်ကောင်းကောင်း လိုချင်နေသော မြန်မာများ

E-mailPrintPDF

ဖေ့စ်ဘုတ်မှာ မြန်မာလိုပဲ စင်ကာပူ  လို့ နှိပ်လိုက်ပါ။

စင်္ကာပူနိုင်ငံ မြန်မာ့ လူမှုရေး အဖွဲ့၊ ကီလိုအရောင်းအ၀ယ် (မြန်မာ-စင်ကာပူ)၊  စင်ကာပူ အလုပ်အကိုင် အခွင်အလမ်း ကွန်ယက်၊ စင်ကာပူ မြန်မာအိမ်ခန်းကြော်ငြာ၊ Singapore Myanmar Room, ၊ စလုံ စင်ကာပူ ဗဟုသုတများ .. စတဲ့ နေရာများမှာ လိုက်လံကြည့်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ၂၀၁၁ သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးတဲ့နောက် စာရိတ္တတိုးတက်ရေးအတွက် မီဒီယာကိုပဲ အားကိုးရပါတယ်။ တိုင်းပြည်ဆင်းရဲလွန်းတော့ လူတွေ စည်းကမ်းလိုက်နာဖို့ဆိုတာ မီဒီယာနဲ့ပဲလူလူချင်း ပြန်ထိန်းတဲ့စနစ်ဖြစ်ပေါ်လာပါတယ်။
နိုင်ငံခြား ပိတ်ဆို့မှုများကို ဖွင့်ပေးဖို့- ပြည်တွင်းမှာ ပိတ်ဆို့ခံနေရသူ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပါတယ်။  ပြည်တွင်းက ကမ္ဘာကျော် အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အပ်ဒီအဖွဲ့ကို နေရာနဲနဲပေးပါတယ်။ - စာရိတ္တကောင်းတယ် သတ်မှတ်သူများကို လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ဝင်များအဖြစ် ရွေးချယ်ပါတယ်။ - နိုင်ငံခြားသားများကို မြန်မာပြည်အလွယ်တကူ ဝင်လာဖို့ ဗီဇာနဲ့ဟိုတယ်ခရီးသွားလုပ်ငန်း မြှင့်တင်ပါတယ်။- ပြည်ပအလုပ်အကိုင်လမ်းများ ဖွင့်ပေးပါတယ်။ ဥပမာ.. စင်ကာပူကို အိမ်အကူ ၃သောင်းကျော် ရောက်လာပါတယ်။- နိုင်ငံတကာခေါင်းဆောင်၊ အဖွဲ့အစည်း ကုမဏီကြီးများကို ဖိတ်ခေါ် ပိတ်ဆို့မှုလွတ်စေပါတယ်။        အမေရိကန်သမ္မတအိုဘားမား၊ ကုလခေါင်းဆောင် ဘန်ကီမွန်၊ ကမ္ဘာ့ဘဏ်- အမေရိကန်ဒေါ်လာ တရားဝင်ကိုင်ဆောင်ခွင့် ပေးပါတယ်။- ဆက်သွယ်ပို့ဆောင်ရေး တယ်လီဖုန်းနဲ့မော်တော်ကားခရီးသွားခြင်း လွယ်ကူစေပါတယ်။
.
အကျိုးအမြတ်ကတော့ အခုချိန်မှာ အဆိုးတွေပဲ မြင်နေရပါတယ်။ မီဒီယာမှာ ဖွင့်ပြောရင် အဖမ်းမခံရတော့ဘူး သိလာတဲ့နောက် သတင်းစားနယ်ဇင်းတွေ၊ တစ်ဦးချင်းဖေ့စ်ဘုတ်တွေ အရမ်းခေတ်စားလာပြီး၊ မြစ်ဆုံရေအားလျှပ်စစ် (2011)၊ ကြေးနီတောင်စီမံကိန်း (2012)၊ ကျောင်းသားသပိတ် (2014) စတဲ့ လူထုလှုပ်ရှားမှုကြီးတွေ ဖြစ်လာပါတယ်။ အိမ်ခြံမြေဈေးကြီးမှု ၊ ဘာသာရေး အကြမ်းဖက်မှု၊ ရာဇဝတ်မှုများစွာ ဖြစ်ပေါ်လာပါတယ်။ နယ်စပ် တိုင်းရင်းသား အထူးသဖြင့် တရုပ်နယ်စပ် ကချင်၊ ကိုးကန့်၊ ဝ ၊ ရှမ်းဒေသများမှာ အလွန်မငြိမ်မသက် ဖြစ်နေဆဲပါ။ အစိုရဝန်ထမ်းများရဲ့ အဂတိလိုက်စားမှု အလွန်ကြီးမားစွာ ပေါ်ပေါက်လာပါတယ်။ MIC, FIC, ပြည်တွင်းပြည်ပ ရင်းနှီးမြှတ်နှံမှုကော်မတီများ၊ ဦးပိုင် စစ်တပ်စီးပွားရေး၊ သွင်း/ထုတ်ကုန်၊ ပါမစ်လိုင်စင် ပွဲစားလောဘီများနဲ့ လူများ အလွန်လိုအပ်နေတာကတော့ အလုပ်အကိုင် ကောင်းကောင်းလေး ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ နိုင်ငံခြားကုမဏီမှာ အလုပ်လုပ်ချင်ပါတယ်။ ပြည်တွင်းကုမဏီများကတော့ အလွန်ဈေးနှိမ်လို့ အနိုမ့်ဆုံးလုပ်ခသတ်မှတ်ရေးကို အခုထိ ၄နှစ်ကြာချိန် မသတ်မှတ်နိုင်ပါဘူး။ အလုပ်သမား သပိတ်များ မကြာခဏ ရဲ၊ စွမ်းအားရှင်လက်ပတ်နီများနဲ့ အကြမ်းဖက်နှိမ်နင်းခံနေရပါတယ်။ ဒါကြောင့် သတ္တိရှိတဲ့ မြန်မာပညာတတ်များ ပြည်ပကို တဝုန်းဝုန်း ထွက်ခွာနေတဲ့ ပြုပြင်ပြောင်းလဲရေးကာလဖြစ်ပါတယ်။


မြန်မာ၊ စင်ကာပူ့၊ အမေရိကား၊ ထိုင်း၊ မလေးရှား...

ပြည်ပအလုပ်အကိုင်အတွက် အခွင့်အလမ်းအကောင်းဆုံးကတော့ စင်ကာပူဖြစ်ပါတယ်။ ပတ်စပို့ (နိုင်ငံကူးလက်မှတ်) ကျပ်၂သောင်းပေးရင် နှစ်ပတ်နဲ့ အလွယ်တကူထုတ်ပေးပါတယ်။ မန္တလေးမြို့မှာလဲ ပတ်စပို့လုပ်နိုင်နေပါပြီ။ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဘန်ကောက် မြို့၃ခုကို လေယဉ်ခရီးစဉ် တိုးချဲ့မှုကြောင့် လေယဉ်လက်မှတ်များ အသွားပြန် တစ်စောင်ကို ဒေါ်လာ၂၀၀ - ၃၀၀ (ကျပ် ၂သိန်း၊ ၃သိန်း) လောက်ပဲ ကျသင့်တော့ မြန်မာလူငယ်၊ လူကြီးများစွာ စင်ကာပူနိုင်ငံကို အလည်၊ အလုပ်ကိုင်ရှာ၊ ကျောင်းတက်ဖို့ ရောက်လာကြပါတယ်။ ဗီဇာကိုတော့ လေယဉ်လက်မှတ်ရောင်းသူများက တိုးရစ်ဗီဇာ (ခရီးသွား) ကျပ်၅သောင်းလောက်နဲ့ လုပ်ပေးပါတယ်။ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံ အဝင်မှာတော့ ပထမဆုံးဝင်လာရင် လူဝင်ကြီးကြပ်ရေး immigration မေးခွန်းသိပ်မမေးပါဘူး။ ဒုတိယောက်အခေါက် ဝင်လာရင်တော့ မေးမြန်းပါတယ်။ ပိုက်ဆံဘယ်လောက်ပါသလဲ (ဒေါ်လာ၂၀၀လောက်) ထုတ်ပြရင်ရပါတယ်။ ဒီနိုင်ငံကို ဘာလုပ်ဖို့လာသလဲ မေးရင် အလယ်လာတယ်။ ဦးလေး၊ အဒေါ် တယ်လီဖုန်းနံပါတ်တစ်ခု တောင်းရင်ပေးလိုက်ပါတယ်။ အဲဒီတယ်လီဖုန်းကို သူတို့ဖုန်းဆက်မေးလို့ ကိုယ့်လူက ဖုန်းမကိုင်ရင်တော့ ပြသနာဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် စင်ကာပရောက် မြန်မာများ၊ စင်ကာပူကို အလယ်လာလိုသူ၊ ဈေးဝယ်၊ ကျောင်းတက်၊ စီးပွားရေးလုပ်လိုသူများအတွက် ဖေ့စ်ဘုတ်မှာ ဗဟုသုတ ရှယ်လုပ်ပေးသူ Myanmar Good Attitude များပေါ်လာပါတယ်။



အလုပ်အကိုင်နဲ့ပတ်သက်ရင်

ဖေ့စ်ဘုတ်မှာ အလုပ်အကိုင် လို့ မြန်မာလိုနှိပ်လိုက်ပါ။ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်များအကြောင်း ပေါ်ပေါက်လာပါတယ်။ ကျောင်းသားများအတွက်လည်း ပုဂ္ဂလိကကျောင်းများ၊ ပြည်ပကျောင်းများ အထူးသဖြင့် စင်ကာပူ၊ မလေးရှားနဲ့ ငွေချမ်းသာသူများအတွက် အမေရိကား၊ သြစတြေးလျား၊ အင်္ဂလန်ကျောင်းများကို လေ့လာနိုင်ပါတယ်။ ဖေ့စ်ဘုတ်မှာ ပညာရေး လို့ မြန်မာလို့ရိုက် နှိပ်လိုက်ပါ။ အများကြီးတွေ့နိုင်ပါတယ်။

ပွဲစားများ အလွန်များပြားတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ အစိုးရကလဲ အလုပ်ကိုင်နဲ့ ပညာရေးအတွက် ဘာမှလုပ်မပေးနိုင်ပါဘူး။ ဝန်ထမ်း အဂတိလိုက်စားမှုဟာ ပညာရေးလောကအထိ ဝမ်းနည်းဖွယ်ကူးစက်ရောက်ရှိနေပါတယ်။ လစာနဲ့မလောက်ငှတဲ့ ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများဟာ  နယ်ကျေးရွာများမှာထက် ..အထူးသဖြင့် မြို့ပေါ်မှာ  လစာငွေ ကျပ်၇သောင်း၊ တစ်သိန်း နဲ့ဘယ်လိုမှ မရပ်တည်နိုင်ပါဘူး။  မိသားစု စားဝတ်နေရေးပူပန်မှုကြောင့် စာကောင်းကောင်း မသင်နိုင်၊ ပိုက်ဆံ၊ရာထူး ရှိသူ သားသမီးများနဲ့ဆင်းရဲသားကျောင်းသားများ ခွဲခြားမှုတွေ ပေါ်ပေါက်လာရပါတယ်။ဆရာ၊ဆရာမများ အပြင်မှာ Tution စာသင်ရပြန်ပါတယ်။ ဒါမှမဟုတ် အနည်းဆုံး ဆရာ၊ ဆရာမများ ပွဲစားလုပ်၊ ဈေးရောင်း တဖက်တလမ်း မိသားစုအတွက် ငွေရျာရပါတယ်။

အစိုးရ လုပ်ရမဲ့အလုပ်ကို Myanmar Good Attitude များက အလုပ်အကိုင်၊ ပညာရေး ဖေ့စ်ဘုတ်များနဲ့ ကူညီလျှက်ရှိပါတယ်။


မကြာခင်ကာလမှာ ဖေ့စ်ဘုတ်၊ ဗိုင်ဘာ စတဲ့ တယ်လီဖုန်းနဲ့ လုပ်ကိုင်၊ မိတ်ဆက်၊ အလုပ်ရှာ၊ ပညာရှာတာမျိုးတွေထက် အဆင့်မြင့်တဲ့ တယ်လီဖုန်း App ဆိုတဲ့ အပလီကေးရှင်း Application များစွာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အဲပဲ၊ ဆမ်ဆောင်း၊ ဟွာဝီး Apple,Sumsung, Huawei တယ်လီဖုန်းများမှာ လက်ကလေး တချက်တို့လိုက်တာနဲ့ လိုချင်တာမြင်နေရတဲ့ ခေတ်ကာလဖြစ်ပါတယ်။ နောက်ဆုံး အသက်၆၀ မိန်းမတစ်ယောက်တောင် ဖုန်းကလေးကိုပိုက်ပြီး သူလိုချင်တဲ့ ကိုးရီးယားကား၊ အချစ်ကားတွေ ကြည့်၊ ဖေ့စ်ဘုတ် မလုပ်တတ်တောင် ဖေ့စ်ဘုတ်မှာ မိတ်ဆွေများကို ချောင်းကြည့်နေတဲ့ ခေတ်ဖြစ်ပါတယ်။ ကောင်းတာရှိသလို လိင်၊ အကြမ်းဖက်မှု၊ တက်မှုမှု များစွာဖြစ်စေတဲ့ အင်တာနက်လောက ဖြစ်တဲ့အတွက် အင်တာနက်က မိတ်ဆွေဖြစ်သွားသူများ ပြသနာများပါတယ်။ အင်တာနက်မှာတွေ့ပြီး မှားယွင်းသော မိတ်ဆွေများရရှိ၊ ဒုက္ခရောက်သွားသူတွေ တစ်ပုံတစ်ပင်ရှိပါတယ်။ ဒါကြောင့် ကောင်းတဲ့ App လေးများကို မိတ်ဆက်လိုပါတယ်။  Good Attitude Myanmar များစွာက ဘုရားတရား၊ ပညာရေး၊ အလုပ်ကိုင်၊ မှန်ကန်သောစီးပွားရေး၊ နည်းပညာများ၊ ဈေးဝယ်၊ခရီးသွားလမ်းညွှန်များစွာ ပေါ်ပေါက်နေပါတယ်။ Myanmar Bible, CheeMwam, mClinicPlus , စသဖြင့် များစွာ ဒေါင်းလုပ်၊ အသုံးပြု၊ အသုံးချနိုင်ပါပြီ။

အင်တာနက် တယ်လီဖုန်း ထက်စာရင်၊ လူလူခြင်း မိတ်သဟာရဖွဲ့၊ မိတ်ဆွေဖွဲ့ခြင်းက မြောက်များစွာ၊ သာလွန်အကျိုးရှိပါတယ်။ မိတ်ဆွေကောင်း တယာက်လောက် ရှိရင်ကို နေရတာကောင်းပါတယ်။ ဒါကြောင့် ဘုရားသခင်က အိမ်ထောင်ဖက် ဆိုတာ ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။ အိမ်ထောင်ဖက်၊ မိတ်ဆွေကောင်းမရှိသူများကတော့ ဘုရားသခင်ကိုပဲ ဖက်တွယ်၊ မိတ်ဆွေဖွဲ့နိုင်ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...