Monday, May 25, 2015

ဟာသ စုစည်းမှု (၂၅-၅)

" ဆ န္ဒ သုံး ခု "
အဘိုးကြီး တစ်ယောက် ငါးမျှားနေသည် ။ ရုတ်တရက် ငါးကြင်းကြီး တစ်ကောင်ကို မိသည် ။ အဘိုးကြီး ပျော်သွားသည် ။
ငါးက လူစကားဖြင့် အဘိုးကြီးကို မမျှော်လင့်ဘဲ ပြောသည် ။
" ကျမကို လွှတ်ပေးပါ အဘိုး..။ အဘိုးရဲ့ ဆန္ဒ သုံးခုကို ကျမ ဖြည့်ဆည်းပေးပါ့မယ်..."

အဘိုးကြီး မဲ့ပြုံး ပြုံးပြီး ပြန်ပြောသည် ။
" မင့် ဆန္ဒ သုံးခုကို ငါ ဘာလုပ်ရမှာလဲ...၊ ငါက ဆန္ဒ တစ်ခုပြီးတာနဲ့  အိပ်ပျော်တဲ့ အကောင်ကွ.."
Credit- TUN AYE

" မ ကျေ နပ် ဘူး "
လူပျိုကြီး ကိုဘမောင်သည် အထက်တန်းလွှာမှ အမျိုးသမီးငယ်တစ်ဦးကို လက်ထပ်လိုက်သည် ။ နှစ် လ ခန့် အကြာ
တွင် မိတ်ဆွေတစ်ဦးနှင့် လမ်းမှာ ဆုံရာ မိတ်ဆွေက မေးသည် ။
" အိမ်ထောင်ရေး အဆင်ပြေရဲ့ လားဗျ.."
" သိရင်တော့လား...သတ်ကို သတ်ပစ်မယ်..တောက် "
" ဟိုး..ဟိုး ဘာဖြစ်တာလဲ..ဘယ်သူ့ ကို သတ်မှာလဲ..ဘာကြောင့်လဲဗျ.."
" ခင်ဗျားပဲ စဉ်းစားကြည့် .. မနက်အိပ်ရာက နိုးတာနဲ့  သူ့ အတွက် ကော်ဖီခါးခါး တစ်ခွက် ယူလာပေးပါလို့ ကောင်မ
အမြဲတမ်း ပြောတယ်..။ ဒင်းကို ဘယ်သူ အကျင့်လုပ်ပေးခဲ့သလဲ..သိရင်တော့လား..၊ သတ်ကိုသတ်ပစ်မယ် .တောက် "
Credit- Tu Aye


" အ တွေ့  အ ကြုံ "
ယောင်္ကျားဖြစ်သူ တစ်ခြားမိန်းမတစ်ယောက်နှင့် ဖောက်ပြန်နေကြောင်း ၊ မိမိဘာလုပ်ရမလဲ ဆိုသည်ကို
အကြံပေးစေလိုကြောင်း အိမ်ထောင်ရှင် သမီးက အဖေ့ကို ပြောရာ အဖေက ပြန်ဖြေသည် ။
" သမီး မေမေကိုမေးကြည့် .. သူက ဒီကိစ္စမှာ အတွေ့ အကြုံ ပိုရှိတယ်.."
Credit- TUN AYE

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...