Friday, May 15, 2015

လေးဆူဓါတ်ပုံမြတ်ရွှေတိဂုံ ကို ထိခိုက်လာနိုင်သည့်အရေးမို. ဆိုရေးရှိတာကြောင့် ဆိုလိုက်ပါရစေ ။


ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်တွင် လေးဆူဓါတ်ပုံမြတ်ရွှေတိဂုံစေတီတော်
ကြီးအနီးတဆက်တစပ်တည်း ( ယခင် စစ်ရုံးဟောင်းနှင့် မော်တော်ယာဉ်တပ် )
မြေနေရာမှာ Dagon City Project ကို MARGA LANDMARK COMPANY
က မြေပိုင်သူတပ်မတော်ထံမှ နှစ်ပေါင်း(၇၀) BOT စံနစ်နဲ.ငှားရမ်းသည်ဟုကြား
သိရပြီး၊ ရင်းနှီးမြှပ်နှံမှုကော်မရှင် ( MIC ) ရဲ. ခွင့်ပြုချက်ဖြင့် အဆင့်မြင့်အိမ်ရာ
စီမံကိန်းတည်ဆောက်ရန် အရောင်းပြခန်းဖွင့်ပွဲတွေပြုလုပ်ခဲ့ကာ စတင်လုပ်ကိုင်
ဆောက်ရွက်နေသည့် စီမံကိန်းအပေါ် ဝေဖန်ထောက်ပြမှုများ ရှိလာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယခင်
တပ်မတော်ပိုင်မြေများလွှဲပြောင်းလုပ်ကိုင်ခွင့်ပေးထားသည့် ရွှေတောင်၊ သုခရတနာ၊
MARGA LANDMARK၊ Adventure Myanmar and Tour ကုမ္ပဏီတို့က တည်
ဆောက်နေသော စီမံကိန်းများကို စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်၍ ခေတ္တရပ်ဆိုင်းရန်
ညွှန်ကြားထားလိုက်ကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရန်ကုန်မြို.တော်စည်ပင်ကော်မတီဝင် (ရ) ဇောတိက
ဦးခင်လှိုင်က ရွှေတိဂုံစေတီတော်အနီးမှ ဒဂုံစီးတီးဆောက်လုပ်ရေးစီမံကိန်းကို ရန်ကုန်မြို့တော်
စည်ပင်က ခွင့်ပြုမထားသဖြင့် ယင်းစီမံကိန်း ဆက်လက်ဆောက်
လုပ်ခွင့်ကို မဖြစ်မနေ တားဆီးသွားမည်လို. လူမှုကွန်ယက်မှာဖော်ပြလာခဲ့ပါတယ်။
သူရဲ. ဒီမိုကရေစီသတင်းစာနဲ.အင်တာဗျူးမှာ " ဒီအဆောက်အအုံက ကမ္ဘာအေး
ဘုရားလမ်းမပေါ်နဲ့ရွှေတိဂုံဘုရားနားမှာ ဆောက် လုပ်နေတာဖြစ်တဲ့အတွက် လက်ခံ
လို့မရဘူး။ အဲဒီအဆောက်အအုံ ဆောက်မယ့်နေရာကလဲ ကုန်းတွေရှိ တယ်။ အဲဒီ
ကုန်းကို သူတို့က ဘူ ဒိုဆာနဲ့ထိုးရင် အောက်မြေကြောတွေ ကပျက်မယ်၊ အဲဒီမြေကြော
aတွပျက် ရင် ရွှေတိဂုံဘုရားကိုဒုက္ခပေးမယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ကလဲ ဒဂုံစီးတီးဆောက်လုပ်ရေး စီမံကိန်းကိုခေတ္တ ရပ်ဆိုင်းဖို့ပြော ထားတယ်။သူတို့
အဆောက် အအုံ ဆောက်တဲ့အခါမှာ စည်ပင်မပါဘဲနဲ့ သူတို့ ဆောက်လို့မရဘူး။
ဒါပေမဲ့ သူတို့က သူတို့သဘောနဲ့သူတို့ဝင် လုပ်တာ။ သူတို့ကိုကျွန်တော်တို့ စည်ပင်က
ခွင့်ပြုချက်ဘာမှမပေး သေးဘူး''ဟု ပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး ''အခုအဲဒီဟာကို ပြန်စိစစ်ဖို့ ရွှေတိဂုံသိင်္ဂုတ္တရ ကုန်းတော်ဆက်စပ်မြေ
တစ်ဝိုက်ရှိလုပ် ငန်းစီမံကိန်းကို Master Plan ရေး ဆွဲဖို့ Techanical Team ဖွဲ့ စည်းခြင်းဆိုတဲ့ဟာ ပြန်ထွက်လာ တယ်။ အဲဒီအဖွဲ့ကို ဒီအဆောက် အအုံစီမံကိန်း
ဖြစ်သင့်၊ မဖြစ်သင့် သူတို့ ပြန်စဉ်းစားနေတယ်။ ကျွန် တော်ကတော့ အဆောက်
အအုံကို အကုန်ဖယ်ဖို့ပဲ စဉ်းစားနေတယ်။ ဒီ မြေတစ်ခုလုံးက တပ်မတော်၊ အစိုးရ
ကပိုင်တဲ့မြေဖြစ်တယ်။အဲဒီဖြစ် တဲ့မြေနေရာပေါ်မှာ ရွှေတိဂုံဘုရားကြီးနဲ့လဲနီးတယ်။ မဟာဝိဇယဘုရား တို့၊ အလံပြဘုရားတို့အနားနားလေး တွေမှာ။ ဒီမြေကရွှေတိဂုံ
သိင်္ဂုတ္တရ ကုန်းတော်နဲ့တစ်ဆက်တည်းမြေ ပါ။ ဘာသာရေး ရှုထောင့်ကကြည့်ရင် ဒီမြေဟာအလွန်သန့်စင်တဲ့ နယ်မြေပါ။ အဲဒီနေရာက ရွှေတိဂုံ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်း တဲ့ နေရာပါ။ အခုသူတို့တွေက အဲဒီမြေ ပေါ်က အပင်တွေခုတ်တာ
တစ်ခြမ်း လုံးကကုန်သွားပါပြီ။ ကျွန်တော် အဲဒီကိစ္စ ကိုလည်း ပြန်လျော်ခိုင်းထား
ပါ တယ်။ အရေးယူဖို့ကျွန်တော် ပြောထားတယ်။ အဲဒီလိုဖြစ်နေတဲ့ အတွက်
တပ်မတော်အနေနဲ့ ဒီမြေ ကိုပြန်ယူချင်ယူပါ။ တပ်မတော်အ နေနဲ့ဒီမြေကိုပြည်သူ
လူထု အကျိုး ပြုတဲ့စင်တာတွေဆောက်ပါ။အများ ပြည်သူနဲ့ဆိုင်တဲ့ ပရဟိတလုပ်ငန်း
တွေလုပ်မယ်ဆိုရင်လုပ်ပါလို့ မေတ္တာ ရပ်ခံပါတယ်'' ဟု ပြောကြားခဲ့ကြောင်း
သိရပါတယ်။Dagon City ဆောက်လုပ်ရေးစီမံကိန်း၏မြေအကျယ်အဝန်း မှာ ၂၂
ဒသမ ဝ၃၂ဧက (All Phase) ရှိပြီး Phase-1 မှာ၃ဒသမ၇၅၅ဧက ရှိကြောင်း
လည်းသိရှိရပါတယ်။


Dagon City 1 မှတာဝန်ရှိသူတစ်ဦးက''ကျွန်တော် တို့အနေနဲ့ လက်ရှိဆောက်လုပ်
ရေး လုပ်ငန်းတွေ စတင်ခြင်းမရှိသေးပါဘူး။ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ရေး
လုပ်ငန်းတွေကို တစ်စုံ တစ်ရာလုပ်ဆောင်မှာမဟုတ်ပါ ဘူး။ ဥပဒေအတိုင်းပဲ
ဆောင်ရွက် မှာဖြစ်ပါတယ်။ MARGA LANDMARK အနေနဲ့နားလည်ထားတာ
ကတော့ MIC ကအထူးကော်မတီ ကိုဖွဲ့စည်းပြီး ရေစီးကြောင်းစနစ် (Water
Drainage) နဲ့လမ်းသွား လမ်းလာစနစ် (Road Systems) တို့ ကို ဦးစားပေး
ရေးဆွဲရမယ့် Master Plan အတွက်တာဝန်ပေးအပ် ထားပါတယ်။ အဲဒီ Master
Plan ကို မြန်မာအင်ဂျင်နီယာအသင်းက အကြံဉာဏ်ပေးထားတာကိုအခြေခံပြီး
ရေးဆွဲဖို့ ပြောထားပါတယ်။ MIC ကနောက်ဆုံးအတည်ပြုချက် ပေးမယ် လို့လည်း
နားလည်ထားပါတယ်။ကျွန်တော်တို့အနေနဲ့ ရေစီးကြောင်းစနစ်(Water Drainage)
ဆောင်ရွက်ချက်တွေကို စတင်ပြု လုပ်ဖို့ MIC ရဲ့ထောက်ခံအတည် ပြုချက်ရရှိပြီး
ဖြစ်ပါတယ်''ဟု ဒီမိုကရေစီတူဒေး သတင်းစာမှာ မေးမြန်းချက်ကိုဖြေကြားထားတာ
တွေ.ရှိရပါတယ်။
တချိန်တည်းမှာပင် လူမှုကွန်ယက်ပေါ်မှာ ဘူမိဗေဒပညာရှင်များ၊ ပြည်တွင်းပြည်ပ
မှ အင်ဂျင်နီယာများက သူတို.ရှူထောင့်အသီးသီးမှ စီမံကိန်းတည်ဆောက်ရာတွင်
ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို ထောက်ပြဝေဖန်လာခဲ့ကြပါတယ်။ အဲဒီလို
ထောက်ပြဝေဖန်လာကြတဲ့အခါ နိုင်ငံသားပြည်သူတွေအနေနဲ. လေးဆူဓါတ်ပုံ
မြတ်ရွှေတိဂုံစေတီတော်မြတ်ကြီး ထိခိုက်လာနိုင်မယ့်အရေးကို စိုးရိမ်ပူပန်လာမိ
ကြပါတယ်။
ယနေ.ထုတ် 7 Day Daily သတင်းစာမှာ အဆိုပါ MARGA LANDMARK မှ
ဒဂုံစီးတီးစီမံကိန်း(၁)ကို ရပ်ဆိုင်းစေလိုသော သဘောဆန္ဒဖြင့် ပြောဆိုဝေဖန်
သူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကုမ္ပဏီက သတင်းထုတ်ပြန်သည် ဟု သတင်းဖော်ပြပါရှိလာခဲ့သည့် အတွက် နိုင်ငံသား
ပြည်သူတစ်ယောက်အနေနှင့် ဆိုရေးရှိသဖြင့် ဆိုရပါလိမ့်မည်။
မြန်မာနိုင်ငံသားပြည်သူတွေအနေနဲ. ရွှေတိဂုံစေတီတော်မြတ်ကြီး ထိခိုက်
စေမည့်ကိစရပ်အတွက် ဝေဖန်ထောက်ပြခြင်းကို တရားစွဲမည်ဆိုသော အသုံး
အနှုန်းသည် ပြည်သူတစ်ရပ်လုံးကို စိန်ခေါ်စော်ကားလိုက်သကဲ့သို. ခံစား
လိုက်ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို. စိုးရိမ်နေသည့် အချက်အလက်များအပေါ်
ကုမ္ပဏီအနေနဲ. ထိခိုက်မှုမရှိနိုင်ပါကြောင်း ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြရမည့်
အစား စီမံကိန်းကို ရပ်တန်.အောင်လုပ်ရင်၊ ဝေဖန်ရင် တရားစွဲမယ်ဆိုတော့
ပြည်သူတစ်ယောက်အနေနဲ. မေးစမ်းပါရစေ ....................................
တကယ်လို.များ သူတို.စီမံကိန်းကြောင့် ရွှေတိဂုံစေတီတော်ကြီး တခုခုထိခိုက်
ပျက်စီးလာခဲ့မယ်ဆိုရင် ဘယ်လိုတာဝန်ယူမှာလဲ ငွေကြေးလျော်ကြေးနဲ.တန်ဘိုး
ဖြတ်လို.မရတဲ့ အမွေအနှစ် ထိခိုက်မှု ဖြစ်မလာစေရပါဘူးလို. အဲဒီ ကုမ္ပဏီ
က ဘယ်လို အာမခံချက် ပေးမှာလဲ။ ဘယ်သူတာဝန်ယူမှာလဲ။
ဒါဟာ ကျွန်တော်တို. နိုင်ငံသားပြည်သူတွေ သိချင်တဲ့ မေးခွန်းပါ။
နောက်ပြီး ဦးဝိစာရလမ်းနေရာမှာတောင် အဆောက်အဦး (၃) ထပ်သာခွင့်ပြုပေး
ခဲ့ပြီး၊ ယခုနေရာမှာ ဘာကြောင့် အထပ်မြင့်အဆောက်အဦးကို ဘယ်သူက
ဘယ်လို ပြဒါန်းချက်ဥပဒေနဲ. ခွင့်ပြုပေးမှာလဲ။
နောက်ဆုံး Master Plan ရေးဆွဲနေပါတယ်ဆိုတဲ့ မြန်မာအင်ဂျင်နီယာအသင်း
ကရော၊ ရင်းနှီးမြှပ်နှံမယ့် MARGA LANDMARK ကုမ္ပဏီကရော၊ မူလခွင့်ပြု
ချက်ပေးထားတဲ့ ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) ကရော၊ ရန်ကုန်မြို.တော်စည်ပင်
သာယာရေးကော်မတီ (YCDC) ကရော ယခုအချိန်မှာ ပွင့်လင်းမြင်သာစွာဖြင့်
ရွှေတိဂုံစေတီတော်ကြီးထိခိုက်လာနိုင်မလားလို. စိုးရိမ်ပူပန်လျက်ရှိနေကြတဲ့
ပြည်သူတွေကို မှန်မှန်ကန်ကန် ချပြရှင်းလင်းဖို. လိုအပ်ပါတယ်။
ဥပမာအားဖြင့် ရွှေတိဂုံစေတီတော်ကြီးနဲ. အလှမ်းဝေးတဲ့နေရာမျိုးမှာ MARGA
LANDMARK ကုမ္ပဏီအနေနဲ. အထပ် (၁၀၀) ကျော် အဆောက်အဦးမျိုး
ရင်းနှီးမြှပ်နှံတည်ဆောက်မယ်ဆိုရင် ပြည်သူတွေအနေနဲ. စိတ်မ၀င်စားပါ။
MARGA LANDMARK ကုမ္ပဏီ၏ အကျိုးစီးပွားကို ထိခိုက်အောင်လည်း
လုပ်ဆောင်လိုခြင်းမဟုတ်ပါ။ ဒဂုံစီးတီးစီမံကိန်း(၁)ကို ရပ်ဆိုင်းစေလိုသော
သဘောဆန္ဒဖြင့် ပြောဆိုဝေဖန်ခြင်း မဟုတ်ပါ။
သို.ပေမယ့် ရွှေတိဂုံစေတီတော်မြတ်ကြီး တခုခုထိခိုက်မည့်အရေးကိုတော့
ပြည်သူတရပ်လုံးက အမျိုးသားရေးအသိနဲ.ကာကွယ်စောင့်ရှောက်ကြခြင်းသာ
ဖြစ်ပါတယ်။
ယခုလို ပွင့်လင်းမြင်သာစွာနဲ. ပြည်သူအများလက်ခံလာနိုင်ရန် ရှင်းလင်းပေးဖို.
တောင်းဆိုခြင်းဟာလည်း တည်ဆောက်မည့် စီမံကိန်းနေရာဟာ ရွှေတိဂုံစေတီ
တော်ကြီးနဲ. လွန်စွာနီးကပ်နေပြီး သိင်္ဂုတ္တရကုန်းတော်ဆက်စပ်မြေတစ်ဝိုက်
ဖြစ်နေခြင်းကြောင့် ဝေဖန်ပြောဆိုနေကြခြင်းသာ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် စီမံကိန်းတည်ဆောက်မည့်ကုမ္ပဏီအနေဖြင့် မိမိတို.အကျိုးစီးပွား
တခုတည်းကိုသာ ကြည့်ပြီး ရွှေတိဂုံစေတီတော်ကြီးထိခိုက်လာနိုင်မည့်အရေးမှာ
ပွင့်လင်းမြင်သာမှုမရှိ ဆက်လက်လုပ်ဆောင်မည်ဆိုပါကလည်းကောင်း၊ ပြည်သူ
များကို ခြိမ်းခြောက်ပြီး တရားစွဲဆိုမည်ဆိုသော အပြောအဆို အရေးအသားများ
ဆက်လက်ပြုလုပ်လာမည်ဆိုပါကလည်းကောင်း ဧရာဝတီ ( မြစ်ဆုံ ) စီမံကိန်း
ကဲ့သို. ပြည်သူတရပ်လုံးက ၀ိုင်းဝန်းတားဆီး ကန်.ကွက်သွားမည်သာဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။
သတင်းအချက်အလက်ကောက်နှုတ်ချက်-Democracy Today

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...