Monday, May 4, 2015

တရုတ်လည်းကြောက်ရ၊ မဟုတ်လည်းကြောက်ရ၊ ဟုတ်လည်းကြောက်နေရသူများသို့


ကြွက်တစ်ကောင်ရှိတယ်။ သူဟာ ကြောင်တစ်ကောင်ကို ကြောက်ရလွန်းလို့ အမြဲသောကရောက်နေရတယ်။ ဒါနဲ့ တန်ခိုးရှင်ကိုတတယ်။ တန်ခိုးရှင်က ဘာဖြစ်လို့လဲလို့မေးတော့
"ကြောင်ကို ကြောက်နေရသည့်ဘေးက လွတ်ကင်းအောင် ကြောင်တစ်ကောင်ဖြစ်ချင်ပါတယ်အရှင်" လို့ ပြောလိုက်တယ်။ တန်ခိုးရှင်ကလည်း ကြွက်ကို သနားပြီးတော့ "ကြောင်ဖြစ်စေ" လို့ ဖန်ဆင်းလိုက်တာ ကြောင်ဖြစ်သွားတယ်။

ကြောင်ဘ၀ရောက်တော့ ခွေးကို ကြောက်ရပြန်ရော။ ဒါနဲ့ တန်ခိုးရှင်ကိုတပြီး ခွေးဘ၀ပြောင်း ခိုင်းပြန်တယ်။ "ကိုင်း .. ခွေးဖြစ်စေ" ခွေးဖြစ်သွားပြန်တယ်။
ခွေးဖြစ်ပြန်တော့ ကျားကို ကြောက်ရပြန်တယ်။ တန်ခိုးရှင်ကို တရပြန်တယ်။ နည်းနည်း စိတ်တိုစပြုလာပေမယ့် တန်ခိုးရှင်ကလည်း ထပ်သနားပြီး " ကျားဖြစ်စေ" လို့ ဖန်ဆင်းပေးလိုက်တော့ ကျားဖြစ်သွားပြန်တာပေါ့။
ကျားဖြစ်ပြီးမကြာဘူး တန်ခိုးရှင်ကို ခေါ်ပြန်တယ်။ ဒီတစ်ခါတော့ နည်းနည်း ဒေါကန်လာတဲ့ တန်ခိုးရှင်က "ဘာလဲ ဘ၀ပြောင်းချင်ပြန်ပြီလား" လို့ မေးလိုက်တယ်။
"ဟုတ်ပါတယ် .. ကျားဖြစ်ပြန်တော့လည်း မုဆိုးကို ကြောက်နေရပြန်ပါတယ်။ ဒါကြောင့် မုဆိုးဘ၀ကို ပြောင်း ပေးပါဦးအရှင်" လို့ပြောလိုက်တယ်။ တန်ခိုးရှင်ကလည်း
"ဒီမှာ … ငါ ဘယ်ဘ၀ပြောင်းပြောင်း မင်းအလိုပြည့်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မင်းမှာက အသွင်သာပြောင်းသွားတာ။ မင်းနှလုံးသားနဲ့စိတ်ဓာတ်က ကြွက်ဆိုတဲ့စိတ်ထားအတိုင်းမပြောင်းတော့ မင်းဘာကောင်မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ကြွက်နဲ့ပဲ မင်းတန်တယ်။ ကြွက်ဘ၀မှာပဲပြန်နေ" လို့ ပြောလိုက်ပြီး
"ကြွက်ဖြစ်စေ" လုပ်လိုက်လို့ တစ်သက်လုံး ကြွက်ဖြစ်နေရပါသတဲ့။
၃.၅.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...