Saturday, May 30, 2015

အဆုံး၏အစ


ဈင်ဘုန်းတော်ကြီးကျောင်း ကရာတေးသင်တန်းတစ်ခု၏ ခါးပတ်နက် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ ထင်ရှား သည့် ဆရာကြီး တစ်ဦး၏ သင်တန်းဖြစ်ပြီး ရနိုင်ခဲ့သည့် ခါးပတ်နက်သင်တန်းဖြစ်သောကြောင့်လည်း အလွန် တန်ဖိုးထားလေ့ရှိကြသည်။ ဆရာကြီးထံပါးတွင်နှစ်ပေါင်းများစွာ လေ့ကျင့် သင်ကြားခဲ့သော တပည့်တစ်ဦးအား ခါးပတ်နက် အပ်နှံပွဲနေ့ဖြစ်သည်။
"တပည့် သင့်ကို ငါ ခါးပတ်နက် မအပ်နှံမီ စမ်းသပ်စရာတစ်ခုရှိသည်။ ထိုစမ်းသပ်မှုကို အောင်မှသာ သင် ခါးပတ်နက်ကို လက်ခံရရှိမည်"
"စမ်းသပ်ပါဆရာ။ ခံယူရန် အသင့်ပါ"
ဆရာသည် မည်သို့ စမ်းသပ်မည်မှန်း မသိသောကြောင့် တပည့်ဖြစ်သူက အသင့်ကြိုတင်ပြင်ဆင်လိုက်သည်။ ဆရာက
"ငါ သင့်ကို မေးခွန်းလေးတစ်ခုပဲ မေးမှာပါ။ ခါးပတ်နက်ဆိုတာဘာလဲ။ အဲဒါဖြေစမ်းပါ"

"ခါးပတ်နက်ဆိုတာ နောက်ဆုံး နိဂုံးတစ်ခုပါ။ ကျွန်တော် ဆရာ့ထံမှာ နှစ်ပေါင်းများစွာ လေ့လာသင်ယူခဲ့ရခြင်းရဲ့ အဆုံးအဖြတ် ရလဒ်တစ်ခုပါ"
ဆရာက သူဖြေသည့် အဖြေကို သေချာစွာ နားထောင်ပြီးနောက်
"မင်း .. ခါးပတ်နက်နဲ့ မထိုက်တန်သေးဘူး။ နောက်ထပ် တစ်နှစ် ထပ်သင်လိုက်ဦး" ဟုပြောကြားလိုက်သည်။
နောက်ထပ် တစ်နှစ် သင်ကြားပြီးနောက် ခါးပတ်နက် အပ်ပွဲနေ့တွင် တပည့်ဖြစ်သူသည် ဆရာ့ရှေ့တွင် ဒူးထောက်ကာ ခါးပတ်နက် လက်ခံရန် ပြင်ဆင်နေသည်။ ဆရာက
"ခါးပတ်နက်ရဲ့ အဓိပ္ပာယ်ကို မင်းသိပြီလား။ ပြောစမ်းပါဦး"
"ထူးချွန်မှုရဲ့ အဆုံးအဖြတ်၊ အတတ်ပညာတစ်ခုရဲ့ သတ်မှတ်ချက်တစ်ခုပါဆရာ"
ဆရာက မျက်လုံးမှိတ်ကာ နားစိုက်ထောင်နေပြီးမှ
"မင်း ခုလည်း ခါးပတ်နက်နဲ့ အဆင်သင့် မဖြစ်သေးပါဘူး။ ထပ်ပြီး နောက်တစ်နှစ် နေလိုက်ဦး" ဟုပြောလိုက် ပြန်သည်။
နောက်ထပ် တစ်နှစ်ကုန်သည့်အခါ တပည့်သည် ဆရာ့ရှေ့တွင် ဒူးထောက်ပြီး ခါးပတ်နက်ကို ခံယူရန် ပြင်ဆင် ပြန်သည်။ ဆရာက ထုံးစံအတိုင်း
"ခါးပတ်နက်ဆိုတဲ့ အဓိပ္ပာယ်ကို ငါ့ကိုပြောစမ်း" ဟုဆိုလိုက်သည်။ တပည့်က
"ခါးပတ်နက်ဆိုတာ နိဂုံးမဟုတ်ပါ။ အစဖြစ်ပါတယ်။ ဘယ်တော့မှ အဆုံးမရှိနိုင်တဲ့ စည်းကမ်းတစ်ခုကို လိုက်နာ လေ့ကျင့်ဖို့ အခုမှ စရတော့မယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ ဘ၀နဲ့ အလုပ် အဆင့်ဆင့် မြင့်တက် အောင် တက်ရတော့မယ့် ပထမအဆင့်တစ်ဆင့်ဖြစ်ပါတယ်"
"တပည့် မင်းဟာ ခုဆိုရင် ခါးပတ်နက်ကို လက်ခံဖို့ အသင့်ဖြစ်သွားပြီ။ ကဲ .. လက်ခံဖို့ ပြင်တော့"
(ဂျပန် ဈင်ဗုဒ္ဓဘာသာပုံပြင်တစ်ပုဒ်ကို ကိုးကားတင်ပြပါသည်)
၁၅.၅.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...