Sunday, May 24, 2015

နောင်တ


နောင်တ (Contrition) ဟူသည် တနည်းအားဖြင့် မိမိရဲ့ အတိတ်က လုပ်ရပ်အမှားအပေါ် မချင့်မရဲဖြစ်ခြင်း (Suppressed) နဲ့ ယူကျုံးမရဖြစ်ခြင်း (Inconsolably) ပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းတွင် အမှားကင်းပြီး အသက်ရှင်မွေးဖွားကြီးပြင်းလာသူ ဟူ၍မရှိပေ။

မချင့်မရဲဖြစ်ခြင်း အမှား (Suppressed)
မိမိလုပ်ရပ်အမှားသည် မိမိတစ်ဦးတည်းသာ ထိခိုက်စေခြင်းမျိုးသည် ပြင်ဆင်ခွင့်လွှတ်နိုင်သော အမှားမျိုးဖြစ်သည်။ ဥပမာ မိမိပိုက်ဆံအိတ်ကျပျောက်၍ ငွေကြေးဆုံးရှုံးရခြင်းသည် မိမိတစ်ဦးတည်းသာ ထိခိုက်စေပြီးနောင်မဖြစ်အောင် ပြင်ဆင်ခွင့်လွှတ်၍ရနိုင်သော အမှားဖြစ်သည်။ ဖြေဆည်၍ ရနိုင်သေးသည်။ အမှားငယ်ဖြစ်သည်။
ဆုံးရှုံးမှုတန်ဖိုးအလိုက် နောင်တကြီးစွာရခြင်း (Remorse) လည်းဖြစ်တတ်ပါသည်။ မိမိတစ်ဦးတည်း ဆိုင်ကယ်အရှိန်ပြင်းစွာစီးနင်းခြင်းကြောင့် Accident ဖြစ်ကာ ခန္ဓာကိုယ်ချို့ယွင်းသွားသည်အထိ ထိခိုက်ရခြင်းမျိုးသည် အမှားကြီးမျိုးဖြစ်သည်။ မချင့်မရဲမဟုတ်တော့ တန်ဖိုးအလိုက် ယူကျုံးမရနောင်တထိ ကူးသွားခြင်းမျိုးဖြစ်သည်။

ယူကျုံးမရဖြစ်ခြင်း အမှား (Inconsolably)
မိမိလုပ်ရပ်အမှားသည် မိမိတစ်ဦးတည်းသာမက မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံ၊ ကမ္ဘာကြီးထိပါ ထိခိုက်စေနိုင်သော အမှားမျိုးဖြစ်သည်။ ဥပမာ ဦးစောသည် မိမိအာဏာရရှိရေးအတွက် နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံခဲ့သည်။ ထို့နောက် ဖြေမဆည်နိုင်သော အမှားမျိုးကို ကြုံတွေ့ခဲ့ရသည်။ ယနေ့ကြုံတွေ့နေရသော အွန်လိုင်းစာမျက်နှာများတွင် အချက်အလက်ကျကျ (Debate) ငြင်းခုံဆွေးနွေးခြင်းမျိုးထက် မိမိတို့အသာစီးရရေး ဘက်လိုက်ခြင်း (Bias) အရေးအသားများစွာတွေ့နေရပါသည်။ နောင်တစ်ချိန်တွင် မိမိတို့ သားစဉ်မြေးဆက်အထိပါ ထိခိုက်စေနိုင်သော၊ အတွေးတိမ်စေနိုင်သော အမှားကြီးမျိုးကို ကျူးလွန်နေကြခြင်းပင်ဖြစ်သည်။
အမှားနည်းပြီး ဆင်ခြင်နိုင်ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...