Thursday, May 28, 2015

ခင်ဇော်ဦး ဟာသ ပေါင်းချုပ် ( ၂၈-၅ )

သေချာရွေးမှဖြစ်လိမ့်မယ်။
===============
တခါက တရုတ်ကြီးတစ်ယောက်ပြောပြတဲ့အကြောင်းလေးပါ . . ။
သူက ဇီယိုထိုးပြီး ဇီးထုပ် ထုပ်ရောင်းတာပါ။
ဒါလဲ အထင်မသေးပါနဲ့ သူ့ဇီးထုပ်တွေကို ဖြန့်ဖို့ အဲဒီအချိန်က ဒိုင်နာလို ကားမျိုး နှစ်စီးလောက်ရှိပါတယ်။ အလုပ်သမားက ၁၀၀ လောက်ကို ရှိပါတယ်။


တံဆိပ်က ၅ မျိုးလောက်နဲ့ထုပ်ပါတယ်။ အဲ . . . ဇီးယိုကတော့
တစ်အိုးတည်း အချိုးအစားကလည်း တစ်မျိုးတည်း ဆိုပါတော့။
တစ်ရက် ဇီးယိုထုပ်တွေမှာ သံကောင် ပိုး တွေ ပါတယ်ဆိုပြီး
FDA ကစစ်တော့ သူ့ဇီယိုထုပ် တံဆိပ် ၂ မျိုးမှာ သံကောင်ပိုး
တွေ တွေ့သတဲ့။ ကျန်သုံးမျိုးက တော့ လွတ်ပါတယ်။
နောက် ဘယ်လိုက ဘယ်လို လုပ်လိုက်တယ် မသိဘူး
အဲဒီ နှစ်မျိုးပါ သံကောင်ပိုး မတွေ့လို့ ဆက်ထုပ်ပါတယ်။
တရုတ်ကြီးက တော့ ပြောပါတယ်။
"ကျုပ်လဲ ဒီဇီးယိုက တစ်မျိုးတည်း တံဆိပ်သာကွဲတာ၊ အဲဒီ နှစ်
မျိုးမှ ဘယ်လို သံကောင်ပိုးတွေ့လဲမသိပါဘူးတဲ့"
ဒါနဲ့ ဆက်စပ်တွေးမိတာက ၀ယ်စားသူတွေ အတွက်ပါ။
အိုးတစ်အိုးတည်း အချိုးအစားတစ်မျိုးတည်း ထိုးတဲ့ ဇီးယို
ကို တံဆိပ်အမျိုးမျိုးကပ် ဖြန့်ချီလေတော့ ၀ယ်သူက တစ်ခုခု
ကြိုက်တာရွေးအုံးတော့ ဒီအိုး ဒီအချိုးနဲ့ ဇီးယိုကို ပဲ စားရမယ်
ဆိုတာပါ။ ဒါကြောင့် မ၀ယ်ခင် မရွေးခင် ကြောင်းရင်း ဇစ်မြစ်ကို
သေချာ လေ့လာပြီးမှ
ရွေး ပါလို့ ပြောချင်ပါတယ်။
KZO
25-5-2015

လူတွေခက်တယ်
===========
အဝေးပြေးလမ်းမ တစ်နေရာ။
ကင်း လှည့် ရဲ တစ်ယောက်သည် အရှိန်မြှင့် မောင်းလာသည့်
ကားတစ်စီးကို လှမ်းတားသည်။
ကားက ရပ်ပေးသည်။ ရပ်ထားသော ကားဘေးသို့ ရဲ က လျှောက်
လာပြီး ကားတွင်းသို့ ငုံ့ကြည့်ကာ ဒရိုင်ဘာ အား ပြောသည်။

"ဒရိုင်ဘာ လိုင်စင် ပြပါ။ ခင်ဗျား သတ်မှတ် မိုင်နှုန်းထက်ပိုမောင်းလာတယ်။"
"ဒရိုင်ဘာလိုင်စင် ဟုတ်လား မပါဘူး။ ပျောက်သွားတာ ၄ခါလောက်ရှိပြီ"
"လိုင်စင် မရှိပဲ မောင်းတယ်ပေါ့ ဟုတ်လား။ ဒါဆို ကားမှတ် ပုံတင်တော့
ရှိမှာပေါ့။ အဲဒါ ပေး"
"ဆောရီး အဲဒါလဲ မရှိဘူး ။ ဒီကားက ခိုးလာတာ။"
"ဘာ . . ဒီကား ကို ခိုးလာတယ် ဟုတ်လား။"
ကားမောင်းလာသူက သွေးအေးအေး ဖြင့် ပြန်ဖြေသည်။
"ဟုတ်တယ်။ ပိုင်ရှင်ကို သတ်ပြီး ယူလာတာ"
ရဲလုပ်သူ အနည်းငယ်လန့်သွားသည်။
"ဘာ . . ခင်ဗျား လူသတ်ပြီး ဒီကားကို ယူလာတာ . . ဟုတ်လား"
"ဟုတ်တယ်။ ဘာလဲ။ ကားပိုင်ရှင် အမျိုးသမီး ရဲ့ အလောင်းကို ကြည့်ချင်
လို့ လား ။ ကားနောက်ဖုံးထဲမှာ ထည့်ထားတယ်။ ဖွင့် ကြည့်လိုက်"
ရဲ လည်း ကားတံခါး ဘေးမှ နောက်ဆုတ်သွားသည်။ ထိုနောက် သူခါး
တွင် ချိတ်ထားသော သေနတ်ကို ဆွဲ ထုတ်လိုက်ပြီး ဒရိုင်ဘာကို ချိန်လိုက်
သည်။ ရင်ဘတ် တွင် ချိတ်ထားသော စကားပြောစက်မှတစ်ဆင့် အနီးတ၀ိုက်
တွင် ကင်းလှည့် နေသည့် ရဲကားများကို လှမ်းခေါ်လိုက်သည်။ မကြာမီပင်
အချင်းဖြစ်နေရာသို့ ရဲကား ဆယ်စီးမျှ ရောက်လာသည်။
ရဲကားတစ်စီးပေါ်မှ အရာရှိဖြစ်သူ ဆင်းလာသည်။ အရာရှိက လှမ်းခေါ်သော
ရဲကို မေးခွန်းမေးသည်။ ကားကို လှမ်းတားသူ ရဲက အစီရင်ခံသည်။
"ဆရာ၊ ဒါ လူသတ်မှု၊ လူသတ်ပြီး ကားလုလာတာ။ သတိထား"
အရာရှိ လုပ်သူက သူ့သေနတ်ကို ဆွဲထုတ်ကာ ကားပေါ်မှ ဒရိုင်ဘာကို
ချိန်လိုက်သည်။ ကားပေါ်မှ လက်မြှောက်၍ ဆင်းလာရန် အမိန့်ပေးလိုက်
သည်။ ကားပေါ်မှ ဒရိုင်ဘာလည်း လက်မြှောက်၍ ဆင်းလာသည်။ သူက
အရာရှိ အား လှမ်းမေးသည်။
"ဘာ ပြဿနာများ ဖြစ်လို့ ပါလိမ့်"
"ခင်ဗျားကားလိုင်စင်ပြ"
"ဒီမှာပါ"
"ဟုတ်ပြီ။ ဒါဆို ကားမှတ်ပုံတင်ကော"
"ဒီမှာပါ။ "
"ဟုတ်ပြီ။ ဒါနဲ့ ဒီကားက ခိုးလာတာဆို။ လူသတ်ပြီး ယူလာတာဆို။
ကဲ . . ခင်ဗျား ကားရဲ့ နောက်ဖုံးကို ဖွင့်ပြ"
ကားသမားလည်း ကားနောက်ဘက်သို့လျှောက်သွားလျက် ကား
နောက်ဖုံးကို ဖွင့်ပြသည်။ ကားနောက်ဖုံး ထဲတွင် ဘာမှမရှိချေ။
အရာရှိ လုပ်သူ သူ့တပည့် ရဲ ဆီသို့ လှည့်ကြည့်ရင်း ခေါင်း ခါသည်။
တစ်ဆက်တည်း ထိုရဲ ကို ပြောသည်။
"မင်းပြောတော့ ကားကို လူသတ်ပြီး ခိုးလာတယ်ဆို။ ကဲ ခုကြည့်စမ်း
အားလုံး အထောက်အထား အပြည့်အစုံနဲ့ပဲ ။ နောက်ကို မသေချာရင်
ဒီလို မလုပ်ပါနဲ့ အားလုံး အလုပ်ရှုပ်တယ်။ ကြားလား။"
ထိုနောက် တဆက်တည်း ဒရိုင်ဘာဘက် သို့ လှည့်ပြီး ပြောသည်။
"ကျုပ်အရာရှိ တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်။ ခင်ဗျားကို
လူသတ်ပြီး ကားလုလာတယ်လို့ စွပ်စွဲ လို့ စစ်ဆေးရတာပါ။ သွားနိုင်
ပါပြီ။"
ဒရိုင်ဘာက ပြန်ပြောသည်။
"အင်းလေ . . တာဝန် ဆိုတော့ ခွင့်လွှတ်ရတာပေါ့လေ။ ဒါပေမဲ့
ပြောရအုံးမယ်။ ဒီလူ ခင်ဗျားကို ထပ်လိမ်အုံးလိမ့်မယ်။ ကျုပ်ကို
သတ်မှတ် မိုင်နှုန်း ထက်ပိုမောင်းတယ်ဆိုပြီး . . ခက်တယ်ဗျာ . .
လူတွေ . . လူတွေ"
KZO
27-5-2015

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...