Tuesday, May 5, 2015

ယောက်ဖရှင်းတမ်း

မြန်မာလူမျိုးတွေ ဆွေးမျိုးတော်စပ်ပုံထဲမှာ "ယောက်ဖ"တော်တာကို ခွဲခြားဖို့ အတော်ခက်တယ်။
ကိုယ်က နှမပေးရတာလား?
ကိုယ်က သူ့နှမကို ရတာလား?
မကွဲပြားဘူး။
ကိုယ်ကပေးပေး၊ ကိုယ်ကယူယူ ယောက်ဖချည်းပဲ ခေါ်တာကိုး။

တကယ်က နှမပေး နှမယူလုပ်ကြတဲ့ ယောက်ဖတော်စပ်ပုံ အမျိုးမျိုး ရှိပါတယ်။
တိမ်မြုပ်နေတဲ့ ရှေးဟောင်းပုရပိုဒ်တွေထဲက ယောက်ဖအခေါ် အမျိုးမျိုးကွဲပြားပုံကို ကျနော် မဟာပညာကြော် သန်၎ကို က ရှာဖွေတွေ့ရှိထားပါတယ်။
ဒီနေရာမှာ 'ကိုယ်က နှမပေးတာ' နဲ့ 'ကိုယ်ကနှမယူတာ' ဆိုပြီး ၂ ပိုင်းရှိတယ်။

(က) ကိုယ်က နှမပေးတာ
==================
ယောက်ဖွင့် = ကိုယ့်နှမတွေထဲက တစ်ယောက်ကို ပထမဆုံးလာမ,သွားသူ
ယောက်ဖု = ကိုယ့်နှမကိုယူပြီး ကိုယ်လေးလက်ဝန်ကြီးနဲ့ ထားခဲ့သူ
ယောက်ဖွန် = နှမရှိသမျှကို လာကြောင်သူ
ယောက်ဖား = နှမကိုလိုချင်ကို ကိုယ့်ကိုလာဖားနေသူ
ယောက်ဖြီး = ကားထည်လည်းစီးပြီး နှမကို လာပိုးသူ
ယောက်ဖိုက် = နှမအတွက်နဲ့ ရန်ဖြစ်ရသူ
ယောက်ဖွ = ကိုယ့်နှမကို ရနေပြီဟု ကွယ်ရာမှာအတင်းပြောသူ
ယောက်ဖန် = နှမပိုင်ဆိုင်သည့် ငွေကြေးဥစ္စာတို့ကို ချူစားနေသူ
ယောက်ဖဲ့ = ကိုယ်နှမလည်းယူသေး ကိုယ့်ဆီကလည်း ချူစားနေသူ
ယောက်ဖုန်း = နှမကိုယူထားသော်လည်း ဘာမှလုပ်မစားဘဲ ဖုန်းပဲ ပွတ်နေသူ
ယောက်ဖီး = နှမကိုယူပြီးမှ အလွန်ဝလာသူ
ယောက်ဖျင်း = စာမတတ် ပေမတတ် လုပ်ကိုင်မစားတတ်သူ
ယောက်ဖဲ = နှမကိုယူပြီး ဖဲပဲ ရိုက်နေသူ
ယောက်ဖယ် = အိမ်ပေါ်တက်နေပြီး အိမ်မှုကိစ္စတွေမှာ ရှောင်နေသူ
ယောက်ဖူး = နှမကိုယူပြီး ဖူးဖူးမှုတ်ထားသူ
မှတ်ချက်။ ။ ယောက်ဖင် နဲ့ ယောက်ဖုတ်ကို နောက်များမှ ပြောတော့မယ်
.
(ခ) ကိုယ်က သူ့နှမယူတာ
==================
ရှည်ရှည်ဝေးဝေး မရှိပါဘူး။
သူ့နှမကို ကိုယ်ကယူတော့ = ယောက်ဖိ
.
.
သန်၎ကို - မဟာပညာကျော်
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...