Sunday, May 17, 2015

ဟာသ စုစည်းမှု (၁၇-၅)

" မျှော်လင့်ချက် "
" ခင်ဗျားမိန်းမကို ခင်ဗျား လွတ်လပ်ခွင့် ပေးလွန်းတယ်ဗျာ...ခင်ဗျား မိန်းမ သူများနောက် ပါသွားမယ်နော်..
သတိထား...."
" ကျနော် အဲ့ဒီ မျှော်လင့်ချက်နဲ့  နေ နေတာ ၅ နှစ်ရှိပြီ...."
Credit- TUN AYE



" ရောဂါရှိမှ သောက်မယ် "
" အစာကြေဖို့ အတွက် ကျနော် ဘီယာ သောက်တယ်..သွေးခုန်နှုန်း သိပ်ပြီး နိမ့်နေရင် ၀ိုင်အနီကို သောက်တယ်
တုတ်ကွေးဖြစ်ရင်တော့ ကော့ညှက် ဒါမှမဟုတ် ရမ်ကို သောက်တယ်..အဲ..လည်ချောင်းနာရင်..မီးတောက်အရက်
ကို သောက်ချလိုက်တယ်..."
" အဲ့ဒါဆို ခင်ဗျား ဘယ်အချိန်မှာ ရေသောက် သလဲ "
" အဲ့ဒီ ရောဂါမျိုး ကျနော့်ဆီမှာ မရှိသေးဘူးဗျ "

( ဟာသအနေနဲ့ သာ တင်လိုက်ခြင်းဖြစ်ပါတယ်.. တစ်ကယ်လိုက်မလုပ်ရန် အကြံပြုပါတယ် ခင်ဗျား..)
Credit- TUN AYE

" ‪#‎အထင်မှားလိမ့်မယ်‬ "
တနင်္ဂနွေ တမနက်တွင် မိန်းမဖြစ်သူ အိပ်ရာမှ နိုးလာပြီး ယောင်္ကျားကို ပြောသည် ။
" မနက်အစောကြီးတောင် အိုက်လိုက်တာ လွန်ပါရော..ကိုယ်ပေါ် အ၀တ်အစား ထပ်ဝတ်ရဦးမယ်ဆိုရင်
ကျမ သေလိမ့်မယ် ထင်တယ်.. အ၀တ်အစား မ၀တ်ပဲ ကျမ ခြံထဲဆင်းပြီး အလုပ် လုပ်မယ်ဆိုရင် အိမ်
နီးချင်းတွေ ဘယ်လို ထင်မလဲ ဟင် "
" ပိုက်ဆံမက်ပြီး မင်းကို ငါ ယူတယ်လို့ ထင်မှာပေါ့ ..."
Credit- Tun Aye

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...