Wednesday, May 13, 2015

လွဲချက်က နာ


တစ်နှစ်ဆီကပေါ့... ....
ညာဘက်နံရိုးကနေ ညာဘက်ဆီးအိမ်အထိ အမြှောင်းလိုက်ကြီးကို နာတာ။
နာတာမှ ချွေးတွေပြိုက်ပြိုက်ကျ၊ အသားတွေတဆတ်ဆတ်တုန်လာတဲ့အထိနာတာ။
အိမ်သာတက်ချင်သလိုလို၊ အန်ချင်သလိုလိုနဲ့။ ဘာလုပ်လုပ် မသက်သာဘူး။
ညနာရီပြန် ၁ ချက်လောက်လည်း ရောက်ရော ဘယ်လိုမှ မခံနိုင်တာနဲ့ 995 ကိုဖုန်းဆက်ပြီး Ambulance လှမ်း ခေါ်ရတယ်။

လိပ်စာ အတိအကျ၊ အထပ် အခန်းနံပတ် မေးလို့ ပြောပြလိုက်တယ်။
၁၅ မိနစ်လောက်နေတော့ ကားဝင်လာတာကို တွေ့လိုက်ရတယ်။
ကိုယ်နေတာက ငါးထပ်မှာ
ကိုယ့်အခန်း ပြူတင်းပေါက် အောက်တည့်တည့်မှာက ကားပါ့ကင် ဆိုတော့ ညဘက်ကြီး မီးနီကြီးတလည်လည်နဲ့ လူနာတင်ကား ဝင်လာတာကို လှမ်းမြင်ရတယ်။
ဒါနဲ့ ကိုယ်က ဓာတ်လှေကားကနေ အောက်ဆင်းသွားလိုက်တယ်။
ဆေးရုံမြန်မြန်ရောက် မြန်မြန်ကု မြန်မြန်သက်သာမှာဆိုတော့ စိတ်က လောနေတာကိုး
အဲ...
အောက်ရောက်တော့ လူနာတင်ကားကလည်း ဓာတ်လှေကားဘက် ဖင်ထိုးပြီး နောက်တံခါးဖွင့်ရက်ကြီးနဲ့ စောင့်နေတယ်။
ကိုယ်ြ့မင်တော့ ယူနီဖောင်းဝတ်ထားတဲ့ Civil Defense က ရဲက (ရဲထင်တာပဲ၊ မီးသတ်လား၊ အကူရဲလား သေချာတော့ ခုထိ မသိသေးဘူး) မေးတယ်... ...
"မင်းက လူနာရဲ့ အဖော်လားတဲ့"
"မဟုတ်ဘူး၊ ငါက လူနာ"... ဆိုတော့ သူလန့်သွားတယ်။
"လူနာဆို မင်းက ဘာလို့ င့ါလူတွေ လာခေါ်တာကို မစောင့်တာလဲ၊ သူတို့ မင်းရဲ့ အခန်းကို တက်သွားပြီ"... တဲ့။
"ဟုတ်လား၊ အင်း ငါ့ကို မတွေ့တော့ရင် သူတို့ ပြန်ဆင်းလာမှာပါ"
ဟုတ်တယ်...
ခဏနေတော့ ရဲနှစ်ယောက်က တွန်းလှည်းကို တွန်းလာတယ်၊ တွန်းလှည်းပေါ်မှာ ကိုယ့်အခန်းဖော် အောင်မင်းစိန်ဆိုတဲ့ကောင် ပါလာတယ်၊ ပက်လက်ကြီး ... ..
ဟိုက်... ဘာကြီးတုန်းဟ
နေမကောင်းတာ ငါပါ။ ဘယ့်နှာ ဒီကောင်က တွန်းလှည်းပေါ် ပါလာရတာတုန်း
ဒါနဲ့ ဗိုက်နာရတဲ့ ကြားထဲ ဒီကောင်ကို မေးကြည့်ရတယ်... ...
"ဟေ့ရောင်... မင်း... မင်းက ဘယ်လိုဖြစ်လို့ တွန်းလှည်းကြီး နဲ့"
"အာ... ခင်ဗျားလူတွေဗျာ... အခန်းထဲဝင်လာပြီး ကျနော့်တွေ့တာနဲ့ တက် တက်ဆိုလို့ တက်လိုက်လာတာ"
"ငင်... မင်းက လူနာမဟုတ်ဘူးဆိုတာ ရှင်းမပြဘူးလား"
"ရှင်းပြမနေတော့ဘူးဗျာ၊ အပေါ်ထိ လာခေါ်ရရှာတဲ့ သူတို့ကိုလည်း အားနာတာနဲ့ တက်လိုက်လာတာလေ"
"ငင်... ကဲ ဒါဆိုလည်း ဆင်း ဆင်း ငါတက်မယ်"
... အဲဒါနဲ့ ကားနောက်နားတင် တွန်းလှည်းပေါ်ကလူနာ အလဲအလှယ် လုပ်ပြီး ဆေးရုံကို ခရီးဆက်ခဲ့ရတယ်။
လမ်းတစ်လျှောက် ကားပေါ်ပါလာတဲ့ ရဲက လူကို မျက်စောင်းတထိုးထိုးနဲ့
ကိုယ့်မှာ ဝေဒနာခံစားရတဲ့ကြားထဲ ရီကရီချင်သေး။
အေပေး အောင်မင်းစိန်
လူက အူတူတူ အတတနဲ့
အားက နာတတ်သေးတယ်။
သန်၎ကို-ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...