Thursday, May 21, 2015

သန်လေးကို ဟာသအသုတ်စုံ (၂၁-၅)

1. ဟုတ်ပေသား
===========
သွားကိုက်လို့ ဆေးခန်းမှာ သွားနုတ်ပြီး ပြန်လာတဲ့ သားလေးကို သူ့အမေက မေးတယ်... ...
'သားသား... သွားက ကိုက်သေးလား'
'မသိဘူး မေမေ'

'ဟဲ့... ဘာလို့ မသိရတာလဲ'
'ကိုက်တဲ့သွားကို ဆရာဝန်ယူထားလိုက်လို့'
.
.
2. အိမ်ထောင်ရှင်တို့အတွက် ဆုံးမစာ
========================
"မိန်းမနဲ့ ဘယ်တော့မှ မငြင်းခုံနဲ့"
မိန်းမနဲ့ ငြင်းခုံရတာဟာ မစင်တောထဲ ဝက်နဲ့ နဘမ်းသတ်ရသလိုပဲ
-အချိန်ကြာလာလေလေ...
-သင် စိတ်မသက်မသာဖြစ်လာလေ...
-ဝက်ကတော့ ပျော်လာလေလေ
.
.
3. မလွတ်ဘူး
=========
မေး ။...။ အသက်ကြီးကြီး၊ ရုပ်ဆိုးဆိုး၊ ဆင်းရဲတဲ့လူကို ယူတဲ့ မိန်းမကို ဘယ်လိုခေါ်မလဲ
ဖြေ ။...။ အရူးမ
မေး ။...။ အသက်ငယ်ငယ်၊ ရုပ်ချောချော၊ ချမ်းသာတဲ့လူကို ယူတဲ့ မိန်းမကို ဘယ်လိုခေါ်မလဲ
ဖြေ ။...။ ပိုင်းလုံးမ
မေး ။...။ အသက်ခပ်လတ်လတ်၊ ရုပ်အသင့်အတင့်၊ ပိုက်ဆံမရှိမရှားလူကို ယူတဲ့ မိန်းမကို ဘယ်လိုခေါ်မလဲ
ဖြေ ။...။ ငတုံးမ
.
.
4. ဘဝအောင်မြင်ရေး နည်းလမ်း ၂ သွယ်
===========================
(က). သင်သိသမျှ အကုန်လုံး သူများကို မပြောနဲ့
.
.
5. ယောက်ျားဆိုတာ
=============
ယောက်ျားတွေဟာ ပလပ်စတစ်စနဲ့ တူတယ်
-ဈေးပေါတယ်
-အလွယ်တကူထွင်းဖောက် မြင်နိုင်တယ်
-ဆွဲဆန့်ပြီးများ ဖိထားရင် ကပ်နေရော...
.
.
6. အလွမ်းဝေဒနာ
============
အိမ်ဖော် အမျိုးသမီးနှစ်ယောက် ဟင်းချက်ရင်း စကားပြောနေကြတယ်။
တယောက်က အာလူးသီးနှစ်လုံးကို ကိုင်ရင်းပြောသတဲ့... ...
"အော်... သေသွားတဲ့ င့ါယောက်ျားကို သတိရထှာအေ"
"ကောင်မ... ညည်းယုတ်မာလိုက်တာ"
"ဘာလဲအေ့... အာလူးဟင်းကြိုက်တဲ့ သူ့ကို သတိရတာ အပြစ်လား"
"ဟွန့်..."
.
.
7. မျက်နှာများတဲ့မေ
=============
ညားကာစ ဇနီးမောင်နှံ၊ အိပ်ရာထက်မှာ ချစ်ရည်လူးနေရင်း ယောက်ျားလုပ်သူက မေးတယ်... ...
"ချစ်... ချစ်က ရုပ်အရမ်းချောတော့ ကို့အရင် ရည်းစားဘယ်နှယောက် ရှိခဲ့လဲဟင်"
"ပြီးခဲ့တာတွေ ပြန်ပြောလို့ ဘာအကျိုးရှိမှာလဲ ကိုရယ်၊ မေးမနေပါနဲ့"
"သိချင်လို့ပါ ချစ်ရယ်၊ ပြောပြ"
"ပြောလိုက်ရင် ကို စိတ်အနှောက်အယှက်ဖြစ်မှာပေါ့"
"မဖြစ်ဘူး ပြော၊ ဘယ်နှယောက်လဲ"
ဇနီးချောက ခဏစဉ်းစားပြီး ပြောသတဲ့......
"အင်း... ၁, ၂, ၃, ၄, ကို, ၆, ၇... အဲ စုစုပေါင်း ၇ ယောက်"
"အန်..."
.
.
သန်၎ကို - ဘာသာပြန်ခဲ့မိသော ဟာသများ
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...