Wednesday, April 1, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၄)

သစ်ထူးလွင်


Posted: 01 Apr 2015 04:13 AM PDT
တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက်(၆)နှစ်အရွယ် မိန်းကလေး တစ်ဦး၏ ကိစ္စနှင့် ပတ်သက်၍ ပျောက်သွားသည့် ကလေးအား အသတ်ခံရသည့် အနေအထားဖြင့် ပြန်လည်တွေ့ရှိရသည့် အတွက် တာချီလိတ်မြို့မ ရဲစခန်းတွင် လူပျောက်မှုအဖြစ် ဖွင့်လှစ်ထားရှိရာမှ လူသတ်မှုအဖြစ် ပြောင်းလဲဖွင့်လှစ်ထားလိုက်ပြီး ကလေး၏ ခန္ဓာကိုယ်ထဲရှိ ကလီစာများမှာ အထုတ်ခံထားရပြီး သတ်ခံရတာဖြစ်ကြောင်း စသည့် ထွက်ပေါ်နေသည့် ကောလာဟလ
Posted: 01 Apr 2015 04:01 AM PDT
မြန်မာနိုင်ငံသား မဟုတ်သူတွေကို  ထုတ်ပေးထားတဲ့ ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) သက်တမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြန်အပ်ပြီး နိုင်ငံသားလျှောက်ထားနိုင်တယ်လို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် အပါအ၀င် နယ်မြို့တချို့မှာ ၀ှိုက်ကတ် လာအပ်သူတချို့ရှိနေပြီး  အရေအတွက်ကိုတော့ ပြောလို့ မရနိုင်သေးဘူးလို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန
Posted: 01 Apr 2015 03:35 AM PDT
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ သဲနဲ့ ဆောက်လုပ်တဲ့ တံတိုင်းကြီးတခု ဖန်တီးနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။ သန္တာကျောက်တန်းတွေပေါ်ကို သဲတွေ စုတ်တင်ပြီး ကွန်ကရစ်ကိုင်ထားတဲ့၊ ၁.၅ စတုရန်းမိုင် ရှိတဲ့ ကုန်းမြေတု တခုကို ဖန်တီးနေတယ်လို့ အမေရိကန် ပစိဖိတ်ရေတပ်မှ တပ်မှူးဖြစ်သူ Admiral Harry Harris က အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။ တရုတ်ဆောက်လုပ်ရေးအဖွဲ့က စစ်ရေးအတွက် အသုံးပြုဖို့ ဖြစ်နိုင်ချေ
Posted: 01 Apr 2015 03:31 AM PDT
ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဟိုချီမင်းမြို့တော်မှာရှိတဲ့ အကြီးစား ဘိနပ်စက်ရုံ တရုံမှာ လူမှုဖူလုံရေး အာမခံ ဥပဒေ နဲ့ပတ်သက်ပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ သက်ရောက်မယ့် ဥပဒေသစ်ကို မကျေနပ်တဲ့အတွက် အလုပ်သမားတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဥပဒေသစ်အရ အလုပ်သမားတွေဟာ သူတို့ရဲ့ လစာထဲမှ အာမခံကြေး အရစ်ကျ စုငွေတွေကို အလုပ်မှ အငြိမ်းစားယူတဲ့အခါ ထုတ်ယူ ရရှိ
Posted: 01 Apr 2015 03:29 AM PDT
ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အဘွားအို မီဆာအို အိုကာဝါ (Misao Okawa) ဟာ ဧပြီ ၁ ရက် နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဘွားအို မီဆာအိုဟာ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့တုန်းကပဲ အသက် ၁၁၇ နှစ် ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါသေးတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်းက အိုဆာကာမြို့က ကျန်းမာရေးဌာနမှာ ကွယ်လွန် သွားတာလို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။ အဘွားအို မီဆာအိုဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်မှာ အသက် အကြီး
Posted: 01 Apr 2015 03:24 AM PDT
နယူးဇီလန်နိုင်ငံမှာ ဒေါ်လာ ၅ သောင်းတန် ဘီအမ်ဒဗလျူ  ကားတစီးကို ဧပြီဖူးလ်နေ့ အမှတ်တရ အဖြစ် လာရောက်မေးမြန်းသူကို ပေးအပ်လိုက်ပါတယ်။ လူတွေ တဦးနဲ့ တဦးနောက်ပြောင်လေ့ရှိတဲ့ ဧပြီ ၁ ရက် ဧပြီဖူးလ်နေ့မှာ  နယူးဇီလန် သံတော်ဆင့် သတင်းစာရဲ့ မျက်နှာဖုံးမှာ ကားပြခန်းကို အစောဆုံးလာရောက်တဲ့သူရဲ့ ကားကို ဘီအမ်ဒဗလျူ  ၁ စီးရီး  ကားတစီး နဲ့ လဲပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီအတွက် အစေားဆုံးသွားရောက်တဲ့ တီနာမတ်ခ်ျ စီးန
Posted: 31 Mar 2015 10:40 PM PDT
ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေလွတ်မြောက်ရေး မြင်းခြံမြို့မှာ ဆန္ဒပြကြစဉ်။ Photo: Hset Paing Toe/RFA သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ဒီမိုကရေစီ ပညာရေး သပိတ်မှောက်ကျောင်းသားတွေပြန်လွှတ် ဖို့ မြင်းခြံမြို့မှာ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကူညီဝန်းရံတဲ့မြို့ခံ ၅ ဦးကို ရဲတပ်ဖွဲ့က တရားခံပြေးတွေအဖြစ် ဝရမ်းထုတ်ထားတယ်လို့ သိရှိရပါတယ်။ ကိုသန့်ဇင်၊ ကိုကိုနိုင်၊ ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိ
Posted: 31 Mar 2015 09:45 PM PDT
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ လက်ပံတောင်းတောင် အရေးအခင်းမှာ အာဏာပိုင်တွေဘက်က အင်အားအလွန်အကျွံသုံး နှိမ်နင်းခဲ့တဲ့အတွက် သံဃာတော်တွေ အများအပြားနဲ့ အရပ်သားတချို့  ဒဏ်ရာရရှိခဲ့ကြပါတယ်။ တာဝန်ရှိသူတွေကို တရားဥပဒေအရ စစ်ဆေးအရေးယူမဲ့ကိစ္စကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ပယ်ချခဲ့ပါတယ်။ ဒီအရေးမှာ တရားဥပဒေ နှုတ်ဆိတ်သွားလေပြီလားဆိုတာ မြန်မာနိုင်ငံ ရှေ့ နေများကွန်ရက်က ဦးအောင်သိန်းနဲ့ ဦးကျော်ဇံသာ
Posted: 31 Mar 2015 09:45 PM PDT
ဇွန်လ ၂၃ ရက်နေ့က ကိုထင်ကျော်တို့ မိသားစုကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံဒီမိုကရေစီ စဉ်ဆက်မပြတ်ထွန်းကားရေးအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို အင်းစိန်သီးသန့်ဆောင်မှာ ရာဇဝတ်သားတွေနဲ့ တိုက်ခန်းတစ်ခုထဲမှာ အတူထားရာကနေ အခြားနိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ တိုက်နံပါတ် (၃) ကို တနင်္လာနေ့က ပြည်လည်းပြောင်းရွှေ့ပေးလိုက်တယ်လို့ သိရပါတယ်။ လူသတ်မှုတရားခံတွေ၊ေ
Posted: 31 Mar 2015 09:45 PM PDT
မြန်မာမိန်းကလေးငယ်များအား အိမ်ထောင်မရှိသူ သက်ကြီး တရုတ်အမျိုးသား များထံ ဇနီးမယား အဖြစ် ရောင်း ချနေသည့် ဒုစရိုက်ဂိုဏ်း တစ်ခုကို တ ရုတ်အာဏာပိုင်များက ဖြိုခွင်းနိုင်ခဲ့ ကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေ သည့် ဝန့်နေ့စဉ် သတင်းစာတွင်ဖော် ပြသည်။ ယူနန်အာဏာပိုင်များသည် ထိုလူကုန်ကူးဂိုဏ်းကြောင့် ၂၀၁၄ ဩဂုတ် ကတည်းက သတိပြုမိခဲ့ခြင်းဖြစ် သည်။ ထိုဂိုဏ်းမှ ခေါင်းဆောင်နှစ်ဦး ဖြစ် သည့် တန်နှင့် ယန်တို့အပါအဝင် သံသယ
Posted: 31 Mar 2015 08:00 PM PDT
မတ်ခ်ျလ ၃၁ ရက် ၂၀၁၅ တောင်ကြီးမြို့ အေးသာယာ စက်မှုဇုန်ရှိ လယ်သမား ၆၀ ကျော်ပိုင်ဆိုင်သော မြေဧက ရာနှင့်ချီအား စက်မှုဇုန် ၃ ဖော်ဆောင်ရန် အာဏာပိုင်များက မြေကွက်ရိုက် ရောင်းနေသဖြင့် လယ်ယာမြေပိုင်ရှင်များ နစ်နာမှုများစွာ ကြုံတွေ့ရနေကြောင်း ပြောဆိုနေပါသည်။ အေးသာယာစက်မှုဇုန် (၁၂) ရပ်ကွက်၌ ဒေသခံတောင်သူများပိုင် မြေယာဧက ၃၀၀ ကျော်အား အာဏာပိုင် များက ပုံစံ (၁၀၅) ၊ အနှစ်သုံးဆယ်ဂရမ်များဖြင့် ရောင်းချခြင်ြး
Posted: 31 Mar 2015 07:58 PM PDT
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဥာဏနဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၃၁ ရက် ၂၀၁၅ ခုနှစ်က ကုလအရာရှိတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo: Global Justice Center) မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး
Posted: 31 Mar 2015 07:57 PM PDT
မွမ်ဘိုင်း ၊ ၁-၄-၂၀၁၅ အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာ တစ်ရွာတွင် ဆင်နှာမောင်း ကဲ့သို့သော အသားပို ပါရှိသည့် မိန်းကလေးငယ် တစ်ဦးကို လွန်ခဲ့သည့် သီတင်းပတ် အတွင်းက မွေးဖွား ခဲ့ကြောင်း သိရသည်။ အမည် ပေးထားခြင်း မရှိသေးသည့် အဆိုပါ ကလေးငယ်ကို အွတ်တာပရာဒက်ရှ် ပြည်နယ်ရှိ အလီဂါ ကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ထူးခြားသည့် သွင်ပြင် လက္ခဏာ ကြောင့် ဒေသတွင်းရှိ ပြည်သူများ ၏ စိတ်ဝင်စားမှုကို
Posted: 31 Mar 2015 07:57 PM PDT
နိုင်ဂျီးရီးယားသမ္မတ Goodluck Jonathan က ဒီသီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့ကြောင်း ၀န်ခံပြောဆိုလိုက်ပြီး၊ နိုင်ငံကို ဦးဆောင်ခွင့် ပေးခဲ့တဲ့ အတွက် နိုင်ဂျီးရီးယား ပြည်သူတွေကို သူက ကျေးဇူးတင်တဲ့ကြောင်း အင်္ဂါနေ့က ပြောဆို လိုက်ပါတယ်။ နိုင်ဂျီးရီးယား အတိုက်အခံပါတီဖြစ်တဲ့ All Progressives Congress ရဲ့ ခေါင်းဆောင်လည်းဖြစ်၊  စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ Muhammadu
Posted: 31 Mar 2015 07:57 PM PDT
အတိုက်အခံ ခေါင်းဆောင် Buhariကို ထောက်ခံသူတွေ အောင်ပွဲဆင် နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Goodluck Jonathan နဲ့ ယှဉ်ပြိုင် အရွေးခံတဲ့ အတိုက်အခံ ခေါင်းဆောင် Muhammadu Buhari အနိုင်ရသွားပါပြီ။ အခု ဒီရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ဂျီးရီးယား နိုင်ငံ သမိုင်းမှာ အထူးခြား အထင်ရှားဆုံး လို့ ဆိုရမှာပါ။ နိုင်ဂျီးရီးယား နိုင်ငံ ရွေးကောက်ပွဲမှာ အာဏာရ သမ္မတကို ယှဉ်ပြိုင် အရွေးခံတဲ့သူ အနိုင်ရဖူး
Posted: 31 Mar 2015 07:56 PM PDT
ဆူပါမုန်တိုင်း ​Maysak ​ဟာ ​တနာရီကို ​ပြင်းအား ​၂၅၀ ​ကီလိုမီတာနဲ့ ​Micronesia ​နိုင်ငံထဲကို ​ဝင်ရောက်ခဲ့ပါတယ်။ Micronesia ​နိုင်ငံထဲက ​Yap ​နိုင်ငံကို ​မုန်တိုင်း ​အဆင့် ​၅ ​လောက်ရှိတဲ့ ​မုန်တိုင်းက ​ဝင်ရောက်ခဲ့တာပါ။ အင်္ဂလန်နိုင်ငံဟာ ​ဗြိတိန်နိုင်ငံထဲ ​ပါဝင်သလို ​Yap ​ဟာလည်း ​Micronesia ​နိုင်ငံထဲ ​ပါဝင်တယ်လို့ ​သိရပါတယ်။ Yap ​နိုင်ငံ ​Fais ​နဲ့ ​Ulithi ​ဒေသကို ​မုန်တိုင်းဝင်ရောက်ခဲ့တာ ​ဖြ
Posted: 31 Mar 2015 07:56 PM PDT
အများပါဝင်ခွင့်ရရှိတဲ့ စီးပွားရေးစနစ် ရှေ့ရှုဆောင်ရွက် ပေးရေးဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ နယ်သာလန်မိဖုရား မက်ဆီမာဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ၃ ရက်ကြာခရီးစဉ်အဖြစ် မြန်မာပြည်ကို ရောက်နေပါတယ်။ မိဖုရားမက်ဆီမာရဲ့ မြန်မာပြည် ၃ ရက်တာခရီးစဉ်အတွင်း လူထုအခြေပြု စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အလေးပေး ပြောကြားသွားတာကို တွေ့ရပါတယ်။ အကြောင်းစုံကို မ
Posted: 31 Mar 2015 01:55 PM PDT
မြန်မာနိုင်ငံ ရခိုင်ဒေသမှာရှိတဲ့ ကမ်းလွန်ရေနံလုပ်ကွက် MD-2 နဲ့ 4 တို့အတွက် ထုတ်လုပ်ရေး ရှယ်ယာကန်ထရိုက် PSC သဘောတူစာချုပ်ကို ဒီကနေ့ အီတလီ စွမ်းအင်ကုမ္ပဏီ Eni က လက်မှတ်ရေးထိုးလိုက်ပြီး သူတို့ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ထုတ်လုပ်တဲ့ကုမ္ပဏီ ဖြစ်လာတော့မယ်လို့ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ MD-2 ဟာ ဘင်္ဂလားပင်လယ်ကွေ့တောင်ပိုင်း  ရခိုင်မြေနိမ့်ချိုင့်ဝှမ်းထဲက ရတနာရေနံမြေ အနောက်ဘက်မှာရြှိ
Posted: 31 Mar 2015 02:12 PM PDT
ထောင်နဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ကျန်နေဆဲ မြန်မာနိုင်ငံ လူဝင်မှုနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာနက ထုတ်ပေးထားတဲ့ ဝှိုက်ကတ် သက်တမ်းဟာ အင်္ဂါနေ့က ကုန်ဆုံး သွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ နိုင်ငံသား ဖြစ် မဖြစ် မသေချာတဲ့ အဖြူရောင် ဝှိုက်ကတ်တွေ သက်တမ်း ကုန်ဆုံး သွားပြီ ဖြစ်တဲ့ အတွက် ဝှိုက်ကတ် ဟာ မြန်မာနိုင်ငံမှာ တရားမဝင် တော့ဘူး လို့လည်း သက်ဆိုင်ရာက ပြောပါတယ်။ ဝှိုက်ကတ် ကိုင်ဆောင်သူ အများဆုံး
Posted: 31 Mar 2015 01:46 PM PDT
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို နိုင်ငံတော် သမ္မတထံ တင်ပြမှာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ၀င်တွေက ပြောပါတယ်။ ပါဝင်ခဲ့သူ ၂၀ ကို စစ်ဆေးပြီး ရရှိလာတဲ့အချက် အလက်တွေနဲ့ အစီရင်ခံစာ တင်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေကြေ
Posted: 31 Mar 2015 01:07 PM PDT
မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှ တရားမ၀င် ၀င်ရောက်လာသူ အီရတ်နိုင်ငံသားတစ်ဦးကို ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့က ယမန်နေ့ မတ်လ ၃၀ရက်နေ့၌ ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူထားသည်ဟု ရဲတပ်ဖွဲ့မှူး၏ ပြောဆို ချက်အရ သိရသည်။ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့နေ အသက် (၄၁)နှစ်အရွယ် Mr. AMER UASIM YAHY သည် မြ၀တီမြို့ အမှတ်(၄)ရပ် ကွက်ရှိ ရွှေစံအိမ် တည်းခိုခန်း၌ ပြည်ဝင်ခွင့်ဗီဇာ အထောက်အ
Posted: 31 Mar 2015 01:07 PM PDT
ကချင်ဒေသမှာ လွန်ခဲ့တဲ့ ၄နှစ်ကျော် လောက်ကတည်းက ပြန်လည်စတင်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာကို ပြေးခဲ့ကြရတဲ့ စစ်ဘေးသင့်ပြည်သူတွေရဲ့ဘ၀တွေ၊ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြရတဲ့ အခြေအနေ၊ ဒါတွေကို လင်းလက်ကြယ်စင်တို့က ကချင်ပြည်နယ်ကိုသွားရောက် တွေ့ဆုံ မေးမြန်း ထားပါတယ်။ LLKS https://www.facebook.com/llksradio
Posted: 31 Mar 2015 01:06 PM PDT
တရုတ်နိုင်ငံက ဦးဆောင်မယ့် အာရှဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်ထားပြီ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတော်လေး လိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက် အကျိုးရှိနိုင်တာမို့ အခုလို အဖွဲ့ဝင်ရတာဖြစ်တယ်လို့ သမ္မတရဲ့ စီးပွားရေးအကြံပေးက ပြောပါတယ်။ တရုတ်နိုင်ငံက ဦးဆောင်မယ့် AIIB ဘဏ်ကတော့ အဖွဲ့ဝင်တွေကို ဒီကနေ့ မတ်လကုန် နောက်ဆုံးထား ခေါ်ယူထားတာမှာတော့ အမေရိကန်နဲ့ ဂျပန်
Posted: 31 Mar 2015 01:06 PM PDT
ဟီတော်ဒါ မတ် ၃၁ နီပေါနိုင်ငံ တောင်ပိုင်းရှိ မြို့တစ်မြို့၌ မတ် ၃ဝ ရက် နံနက်ပိုင်းက ကြံ့ရိုင်းတစ်ကောင်၏ တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ကြံ့ရိုင်း၏ တိုက်ခိုက်မှုကြောင့် မြို့တွင်း၌ ကသောင်းကနင်း ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမှ မိုင် ၅ဝ ခန့်အကွာ ဟီတော်ဒါမြို့သို့ ကြံ့ရိုင်းတစ်ကောင် ဝင်ရောက်လာခဲ့ကြောင်း
Posted: 31 Mar 2015 01:06 PM PDT
UPWC နဲ့ NCCT တို့ရဲ့( ၇ )ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး မစ္စတာ Vijay Nambiar (ဝဲဘက်)ကို မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: Thiha Tun/RFA အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုး လိုက်နိုင်ခြင်းဟာ သမိုင်းတွင်တဲ့ အောင်မြင်မှု ဖြစ်ကြောင်း ကုလသမဂ္ဂက ချီးကျူးလိုက်ပါတယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...