Wednesday, April 1, 2015

"ပျိုမေတို့သိစေဖို့" အပိုင်း (၁)


ဒီနေ့ April Fool ဆိုတော့ ရီစရာမောစရာလေးတွေအပြင် ကိုယ့် သမီး တူမ ညီမ အရွယ် မိန်းကလေးတွေကို အမှတ်တရ တစ်ခု ပြောပြချင်တယ်။
ပြောပြချင်တယ်ဆိုတာထက် သင်ပေးချင်တာပါ။ ဒီတော့ ကျွန်တော်ပြောတာ သေချာ မှတ်ထားကြပါ။
ယောက်ျားတစ်ယောက်က သူ့ အိမ်ထောင် သို့မဟုတ် ရည်းစားရှိရက်နဲ့ ကိုယ့်ကို လာလိုက်ပြီး သူ့ နောက်ကျောကသူတွေကို ပစ်ခွာပြခဲ့ရင် အဲ့ဒါ ငါ့ကိုချစ်လို့ ဖြစ်လာတဲ့ သတ္တိလို့ မမြင်ကြပါနဲ့ ..

တစ်ကယ်တမ်းတော့ အဲ့ဒါ ထိုယောက်ျားရဲ့ စာနာခြင်းကင်းတဲ့အတ္တပါ .. ။
အထူးသဖြင့် သူပစ်ခွာပြေးမယ့်သူတွေထဲမှာ သူ နဲ့ ရရှိထားတဲ့ သားသမီးများရှိနေခဲ့ပြီးပြီဆိုရင် အဲ့ဒိလူကို ခြေသုံးလှမ်းလောက် နောက်ဆုတ်ပြီးမှ ပြန်စဉ်းစားသင့်ပါတယ်။
ဘာလို့လဲဆိုတော့ အဲ့လို အသစ်မြင်တိုင်း အဟောင်းကို မစာနာ ပစ်ခွာတတ်တဲ့ ယောက်ျား
ကိုယ့် လက်ရှိရင်သွေးတွေကိုတောင် တဏှာစိတ်တစ်ခုတည်းနဲ့ မငဲ့ညှာတတ်တဲ့ ယောက်ျားဟာ တစ်ချိန်ချိန်မှာ ခုလိုဘဲ သင့်ကိုသာမက သင့်ရင်သွေးတွေကိုပါ ဒီအတိုင်း ထပ်တူ ရက်စက်နိုင်မှာ သေချာနေလို့ပါဘဲ။
ဒီတော့ ကိုယ်လောလောဆယ် အသာရထားတိုင်း မသာယာပါနဲ့ ...
ဘာလို့လဲဆိုတော့ မတရားရယူထားတဲ့ ပိုင်ဆိုင်မှုတိုင်းဟာ ပြန်ပေးဆပ်ရတဲ့အခါ အဆများစွာ ပို တန်ဖိုးကြီးနေတတ်ပါတယ်။
ဆင်ခြင်ကြပါ မိန်းကလေးတို့ ...
မိန်းမသားခြင်း စာနာကြပါ ...
ဘယ်တော့မှ မိမိရဲ့ နုပျိုမှု နဲ့ အလှကို သူများ မျက်ရေဖြစ်အောင် အသုံးမချမိကြစေနဲ့ ..
မှတ်ချက်။ ။ ဘယ်သူ့ကိုမှတော့ မရည်ရွယ်ပါဘူး။ တိုက်ဆိုင်မှုရှိခဲ့ရင်လည်း စိတ်မကောင်းပါဘူး။
ဒါပေမယ့် ခုခေတ်မှာ ဖြစ်ပျက်နေကြတာတွေကို မိန်းကလေးငယ်တွေ အလေးထားတတ်စေချင်တဲ့ စိတ်နဲ့ ပြောပြတာပါ။
ထာဝရမေတ္တာဖြင့် ...
မျိုးချစ်မြန်မာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...