Tuesday, April 7, 2015

မကွေးမြို့က နာမည်ကျော်ချစ်သူလမ်းကြားရှိ အလုံပိတ်တဲများအား တိုင်တန်းသူရှိလျှင် အရေးယူမည်ဟုဆို


တရားဝင်ခွင့်ပြုထားခြင်းမဟုတ် သည့် မကွေးမြို့မှနာမည်ကျော်ချစ်သူ လမ်းကြားရှိ အလုံပိတ်တဲများအား တိုင်း တန်းသူရှိမှသာ အရေးယူ ပေးနိုင်ကြောင်း မကွေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်တိုင်းမ်သို့ပြော သည်။ ''ဒီတဲအိမ်တွေကို တရားဝင်ဖွင့် ခွင့်မပေးထားဘူး။ လူနေတဲပုံစံနဲ့ဖွင့် ထားတာဖြစ်မယ်။ လာတိုင်တဲ့သူရှိရင် တော့ ကျွန်တော်တို့နဲ့ နယ်မြေအဖွဲ့မှ တာဝန်ရှိသူတွေပေါင်းပြီး အရေးယူပေး နိုင်ပါတယ်''ဟု အဆိုပါ တာဝန်ရှိသူတစ် ဦးက ပြောသည်။

မကွေးမြို့တွင် ယင်းကဲ့သို့ အလုံ ပိတ်တဲများကို တရားဝင်ဖွင့်ခွင့်ပေးထား ခြင်းမရှိသလို ကေတီဗွီများ၊ မာဆတ် များကိုလည်း တရားဝင်ဖွင့်ခွင့်မပေး ထားသည့်အတွက် ဖွင့်လှစ်ထားသည် ကိုတွေ့ရှိပါက ဖမ်းဆီးအရေးယူလျက် ရှိကြောင်းလည်း ၄င်းကဆိုပါသည်။
မကွေးမြို့ ကင်းချောက်ကုန်းရပ် ကွက် ကမ်းနားလမ်းဆုံအနီးအနားရှိ စွယ်တော်လမ်းထဲတွင် နှစ်ဖက်အမိုးကို အောက်ခြေအထိဆွဲထားသော အလုံ ပိတ်တဲပေါင်း ၃ဝ ကျော်ရှိပြီး အထူးသ ဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်း သူများနှင့်စုံတွဲများက အဓိကသွားရောက် ကြကြောင်း မကွေးမြို့ တက္ကသိုလ်ကျောင်း သားတစ်ဦးက ပြောပါသည်။
ယင်းနေရာကို တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများနှင့် ဒေသခံများက ချစ်သူလမ်းကြား၊ ထန်းတောစသည်ဖြင့် ခေါ်ကြပြီး ယင်းထန်းတောထဲရှိ တဲက လေးထဲသို့အတွဲများ၊ တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများနှင့် သောက်စားရ အောင်လာသော ကောင်လေးအစုအဖွဲ့ များလာလျှင်လည်း ခန်းဆီးဖွင့်ပြီးဝင် သွားရကြောင်း၊ နံနက် ၈ နာရီ၊ ၉နာ ရီဆိုလျှင် ချစ်သူလမ်းကြားသို့သွားလို့ ရပြီဖြစ်ကြောင်း ညနေပိုင်းအထိနေလို့ရ ကြောင်း၊ ညတော့အိပ်လို့မရကြောင်း မီးတွေမှောင်နေတော့ တဲကလေးထဲမှာ လျှပ်စစ်မီးမရှိကြောင်း ၄င်းကဆက်ပြော သည်။
''အကာတွေကာထားတယ်။ အ ပေါ်အခေါင်ကနေ အောက်အခြေအထိ အသိုက်လုပ်ထားတယ်၊ နှစ်ဖက်အမိုး ကို အောက်ခြေအထိ ဆွဲထားလိုက်တယ်။ လူဝင်တဲ့ဘက်ကို မမြင်ရတဲ့ဘက်ကို ထားတယ်၊ ဝင်ပေါက်ကိုလဲ ခန်းဆီးလေး တွေကာထားတယ်''ဟု အဆိုပါကျောင်း သားကပြောသည်။
မကွေးမြို့မှ ဒေသခံအဆောင်ပိုင် ရှင် အမျိုးသားတစ်ဦးကလည်း ''တက္က သိုလ်ကျောင်းသား၊ ကျောင်းသူတွေအ နေနဲ့ ကျောင်းတက်နေချိန်မှာ အဲဒီလို နေရာမျိုးကို မသွားသင့်ပါဘူး။ ဒီနေရာ တွေက sex ကိစ္စများ ဖြစ်ပွားတတ်တယ်။ ဒီအလုံပိတ်ထားတဲ့ တဲတွေကိုမရှိသင့် ပါဘူး''ဟု ရန်ကုန်တိုင်းမ်သို့ မှတ်ချက် ပေးပြောသည်။
''အလုံပိတ်တဲတွေရှိတဲ့အတွက် မကောင်းတဲ့မိန်းကလေးတွေလဲ အလွယ် တကူ သွားလို့ရတယ်၊ ကောင်းတဲ့မိန်းက လေးတွေလဲသွားလို့ရတယ်။ အကာအ ကွယ်တွေက လုံခြုံတဲ့အတွက် ဖြစ်ချင် တိုင်းဖြစ်လို့ရတယ်''ဟု မကွေးမြို့အဆောင် ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်း သူများအနေဖြင့် အတန်းချိန်ပြီးသည် နှင့် အုပ်စုလိုက်၊ အုပ်စုလိုက် အဆိုပါ ချစ်သူလမ်းကြားရှိ အလုံပိတ်တဲများဆီ သို့ သွားရောက်လေ့ရှိကြပြီး ချစ်သူလမ်း ကြားဆိုင်များအမည်ရှိ ထန်းတောထဲ တွင် ထန်းရည်၊ ဘီယာ၊ အအေး၊ ရေ သန့်၊ ထမင်းသုပ်နှင့် လက်ဖက်သုပ်စ သည်ဖြင့် အသုပ်စုံများကိုမှာယူ စားသုံး နိုင်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် မန္တလေးမြို့ အမရပူရမြို့နယ်အတွင်း ရတနာပုံတက္က သိုလ်အနီးမှ အလုံပိတ်တဲအိမ်များကို မြို့နယ်စည်ပင်နှင့် အုပ်ချုပ်ရေးအဖွဲ့ များက သွားရောက်ဖျက်သိမ်းခဲ့ရသည့် အတွက် အဆိုပါချစ်သူလမ်းကြားခေါ် မကွေးမြို့ရှိ ထန်းတောထဲမှ အလုံပိတ် တဲအိမ်များကိုလည်း တိုင်တန်းသူများ ရှိလာပါက ဖြေရှင်းပေးသွားမည်ဖြစ် ကြောင်းမကွေးမြို့မရဲစခန်းက ပြောဆိုခဲ့ ခြင်းဖြစ်သည်။

ဇင်မင်း
ရန်ကုန်၊

‪#‎TheYangonTimes‬
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...