Wednesday, April 1, 2015

စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်

တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့လင်မယား၂ယောက်ရှိတယ်။
ဒါပေမဲ့ စကားများတဲ့အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ်တယ်။
တစ်ခါမှတော့ ဒီအမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့မေးလာမိတယ်။
- ယောက်ျားရေ ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကိုအလျှော့ပေးတာလဲ။

တစ်ခါတစ်လေကျ ကျွန်မ့ဘက်ကမှားတာလည်းရှိတယ်လေ။

အဲဒါနဲ့ သူ့ယောက်ျားက ဒီလိုလေး ပြန်ဖြေတယ်။
- မင်းက ကိုယ့်မိန်းမလေကွ
ဘာပဲပြောပြော ရှေ့ ဘဝက ရေစက်ကြုံလို့
ဒီဘ၀မှာ လင်မယားလာဖြစ်ကြတာ
ကိုယ်ပြောတာနိုင်သွားတော့ရော ဘာထူးမှာလဲ
စကားနိုင်ပေမဲ့ ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ
ဒီဟာတော့ ကိုယ်အရှုံးမခံနိုင်ဘူး
၂ ကိုယ်တူဘ၀ထဲမှာ
တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်
တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်
တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို
သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး
တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့
တစ်ယောက်ယောက်တော့ အရှုံးပေးမှ
၂ ယောက်လုံး ပျော်ရွှင်နိုင်မှာ
စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်။
ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး .........
Translated by william

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...