Thursday, April 2, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂-၄)

သစ်ထူးလွင်


Posted: 02 Apr 2015 05:53 AM PDT
နှစ်မြုပ် ရုရှားငါးဖမ်းသင်္ဘော ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (ဧပြီ ၂၊ ၂၀၁၅) ရုရှားနိုင်ငံ အရှေ့ဖျားဒေသက Okhotsk ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသား အများအပြား လိုက်ပါသွားတဲ့ ရုရှား ငါးဖမ်းသင်္ဘောတစင်း နစ်မြုပ်ခဲ့တဲ့အတွက် လူ ၅၄ ယောက် သေဆုံးသွားပါတယ်။ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား ၄၂ ယောက် လိုက်ပါသွားပေမဲ့ ထိခိုက်သေဆုံးမှု အတိအကျကိုတော့ မသိရသေးပါဘူး။ ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်အနီးက အေးခဲနေတဲ့ ပင်လယ်ပြင်
Posted: 02 Apr 2015 05:47 AM PDT
ကျောင်းသား ၅၀ဝ ကျော် ပျောက်ဆုံးနေဆဲ။  ကင်ညာနိုင်ငံ အရှေ့ မြောက်ပိုင်း၊ ဂါရစ်ဆာ Garissa မြို့က တက္ကသိုလ်ကျောင်း တစ်ကျောင်းကို အယ်လ်ရှာဘတ် လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက် စီးနင်း ထားရာမှာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး ကျောင်းသားတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပြီး လူ ၆၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။ အစိုးရ ဝန်ကြီးတစ်ယောက်
Posted: 02 Apr 2015 04:47 AM PDT
ဓာတ်ပုံ - Ye Htut Khaung မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ ဒီကနေ့ မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၉ ဦးသေဆုံး၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ဒီကနေ့မနက် ၁၀ နာရီလောက်က ကရင်ပြည်နယ်ဘက်ကလာတဲ့ ဟိုင်းလပ်ကား ၁ စီးနဲ့ ကျိုက်ထိုက သဲတင်ကားတစ်စီး ကျိုက်ထိုမြို့အ၀င်နားမှာ တိုက်မိတာလို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ ရန်နိုင်ေ
Posted: 02 Apr 2015 04:05 AM PDT
နိုင်ဂျီးရီးယားနိုင်ငံ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ Muhammadu Buhari က သူတို့အစိုးရအနေနဲ့ ဘိုကိုဟာရမ်း သောင်းကြမ်းမှုတွေကို အစွမ်းကုန် တိုက်ခိုက်နှိမ်နင်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ သောင်းကြမ်းမှုနှိမ်နင်းရေးဟာ ခက်ခဲပြီး ချက်ခြင်းလုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကျနော်တို့ရဲ့ ညီညွတ်သော စိတ်ဆန္ဒနဲ့ ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်ချင်တဲ့ ပိုင်းဖြတ်ချက်စွမ်းအားကို Boko
Posted: 02 Apr 2015 04:00 AM PDT
မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း နယ်စပ်ဖြတ်ကျော် ကျရောက်ခဲ့တဲ့ ဗုံးဒဏ်ကြောင့် တရုတ်နိုင်ငံသား ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် မြန်မာအစိုးရက ဒီကနေ့ပဲ တောင်းပန်လိုက်ပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ရဲ့ကိုယ်စား တရုတ်နိုင်ငံကို တရားဝင် တောင်းပန်လိုကြောင်းနဲ့ ထိခိုက်သေဆုံးခဲ့တဲ့ မိသားစုတွေအတွက် အထူးစိတ်မကောင်း ဖြစ်ရတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ေ
Posted: 02 Apr 2015 03:45 AM PDT
ရုရှားပင်လယ်ကူး ငါးဖမ်းသင်္ဘော နစ်မြုပ်မှုမှာ  မြန်မာသင်္ဘောသားတွေ အပါအ၀င် အနည်းဆုံး  ၅၄ ဦးသေဆုံးပြီး ၁၅ ဦးပျောက်ဆုံးနေတယ်လို့  အေဂျင်စီသတင်းတွေမှာ ဖော်ပြပါတယ်။ နိုင်ငံတကာက သင်္ဘောသား ၁၃၂ ယောက်လိုက်ပါလာတဲ့   ရုရှား ငါးဖမ်းသင်္ဘော  ဒဲလ်နီ ဗော့စ်တော့   “Dalniy Vostok” ဟာ ဧပြီ ၁ ရက်နေ့က  ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း Okhotsk အိုခေါ့ရှ်ပင်လယ် ၊    Kamchatka  ကမ်ချတ်ကာ ကျွန်းဆွယ်မှာ နစ်မြုပ်သွားခဲ့တာပါ။ က
Posted: 02 Apr 2015 03:45 AM PDT
ရုရှား အရှေ့ဘက်ကမ်းလွန်ရှိ Kamchatka ရေလက်ကြားတွင် ရှရှား ငါးဖမ်းသင်္ဘောတစ်စီး နစ်မြုပ်ခဲ့တဲ့အတွက် လူ ၅၄ ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေက လောလောဆယ် အတည်ပြု ပြောဆိုခဲ့ပါတယ်။ အအေးခန်း ငါးဖမ်းသင်္ဘောဖြစ်တဲ့ Dalniy Vostok သင်္ဘောပေါ်မှာ လူပေါင်း ၁၃၂ ဦးပါရှိပြီး ၆၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ သင်္ဘောနစ်မြုပ်ရာနေရာဟာ အလွန်အေးတဲ့အတွက် သူတို့ အများစုဟာ အအေးဒဏ်ကို ခံစားနေကြရကြောင်း ရှရှားကယ်ဆယ်ရေးအဖွဲ့က ပြောပါ
Posted: 02 Apr 2015 03:42 AM PDT
ဓါတ်ပုံ - NLD Chairperson အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အောက်လွှတ်တော် အမတ် Nancy Pelosi နန်စီ ပလိုစီ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လွှတ်တော်အဆောက်အဦးမှာ မနေ့ ညနေ ၄ နာရီက သွားရောက်တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD လွှတ်တော်ကိုယ်စားလှယ် ငါးဦး တက်ရောက်ခဲ့ပြီး အမေရိကန်လွှတ်တော်
Posted: 02 Apr 2015 03:41 AM PDT
နယ်စပ်မှာ ဗုံးထိမှန်ပြီး တရုတ်နိုင်ငံသား ၅ ဦးသေဆုံးသွားခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရက  တရားဝင် တောင်းပန်လိုက်တယ်လို့   တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်သတင်းတွေ မှာဖော်ပြပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ    တရုတ်နိုင်ငံခြားရေးဝန်ကြီး  ၀န်ယီနဲ့  ဒီနေ့ ပေကျင်းမှာတွေ့ဆုံစဉ်  တောင်းပန်ခဲ့တာဖြစ်ပြီး ဗုံးတွေကြောင့် တရုတ်နိုင်ငံ သားတွေ သေဆုံးခဲ့တာလို့
Posted: 02 Apr 2015 03:41 AM PDT
တရားဟောပြောခွင့် ပိတ်ပင်ခံခဲ့ရပေမယ့် ဘယ်သူ့ဆီကိုမှ ခွင့်ပြုချက်မတင်ဘဲ ဆက်လက်တရားဟော သွားမယ်လို့ ရွှေည၀ါဆရာတော်က မိန့်ကြားလိုက်ပါတယ်။ တရားဟောခွင့်မရလည်း တရားနာလိုတဲ့ ပရိသတ်ရှိရင် ဘယ်သူ့ဆီကမှ ခွင့်ပြုမိန့် မတောင်းခံပဲ ဆက်လက်တရားဟောပြောသွားမယ်လို့ ဧပြီ ၁ ရက်နေ့က မှော်ဘီမြို့နယ် ရွှေည၀ါတောရ ကျောင်းတိုက် သတင်းစာရှင်းလင်းပွဲမှာ ရွှေည၀ါဆရာတော်က မိန့်ကြားခဲ့တာပါ။ တရားပွဲမှာ နိုင်ငံဆူပူမှုကို လံှု့ဆော်ေ
Posted: 01 Apr 2015 10:34 PM PDT
သိမ်းဆည်းခံလယ်မြေတွေ ပြန်လည်ရရှိရေးနဲ့ အကျဉ်းကျ ခံတောင်သူတွေ ပြန်လွှတ်ပေးဖို့ သြဂုတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ရွှေဘိုခရိုင်အတွင်းမှာ ရှိတဲ့ တောင်သူလယ်သမား တစ်ထောင်ကျော် ဆန္ဒပြစဉ် ။ Photo: Hset Paing Toe/RFA မြန်မာနိုင်ငံအနှံမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ရဖို့ တောင်းဆိုတိုက်ပွဲဝင်တဲ့အတွက် ထောင်ကျခဲ့ရတဲ့ လယ်သမားတွေထဲက (၅) ဦး မနေ့က လွတ်ရက်စေ့ပြီး အကျဉ်းထောင် အသီးသီးကနေပြ
Posted: 01 Apr 2015 10:30 PM PDT
ယီမင်နိုင်ငံ ဒုတိယမြို့တော် အေဒင်မြို့ကို ဒေသခံပြည်သူ့စစ်တွေ လက်ကနေ သိမ်းပိုက်နိုင်ဖို့ ဟူသီသူပုန်တွေက ကြိုးစားနေရာမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ သူပုန်တွေဘက်က အမြောက်တွေနဲ့ ပိုမိုထိုးစစ်ဆင် တိုက်ခိုက်လာနေပြီး အိမ်ခေါင်မိုးတွေပေါ်ကနေ လက်ဖြောင့် သေနတ်သမားတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကြဲနေကြောင်း အေဒင်မြို့လေဆိပ်ရှိ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆော်ဒီ
Posted: 01 Apr 2015 10:30 PM PDT
ရန်ကုန် ဧပြီ ၁ ရှမ်းပြည်နယ် (မြောက်ပိုင်း) လာရှိုး-သန္နီ ပြည်ထောင်စုအဝေး ပြေးလမ်းမကြီးပေါ်ရှိ သိန္နီမြို့နှင့် ၂၁မိုင်အကွာ နန့်ဇလပ်အနီး ပန်တီး ကျေးရွာတွင်ယနေ့နံနက် ၉နာရီခွဲ က တပ်မတော် ရိက္ခာပို့ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်မှ ဒုတိယအရာခံဗိုလ် တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ် မတော်နှင့် နီးစပ်သည့်အသိုင်း အဝိုင်းကပြောကြားသည်။ ''ဒုအရာခံဗိုလ်တစ်ဦးဒ
Posted: 01 Apr 2015 08:23 PM PDT
Maysak ဆူပါမုန်တိုင်း သွားရာလမ်း (Credit: ABC licensed)  ဖိလစ်ပိုင် ​နိုင်ငံ ​အလယ်ပိုင်းကို ​Maysak ​လို့ခေါ်တဲ့ ​ဆူပါ ​မုန်တိုင်း ​ဝင်ရောက်ဖို့ရှိတဲ့အတွက် ​အစားအသောက်နဲ့ ​ဆေးဝါးတွေမှာ ​အသင့်ဖြစ်ဖို့ ​စစ်သားတွေက ​ပြင်ဆင်နေကြပါတယ်။ Maysak ​မုန်တိုင်းဟာ ​ပြီးခဲ့တဲ့ ​ရက်ပိုင်းကပဲ ​Micronesia ​ဖယ်ဒရယ်နိုင်ငံကို ​ဝင်ရောက်ခဲ့ရာက ​အနည်းဆုံး ​လူ ​၅ ​ယောက် ​သေဆုံးပြီး ​စိုက်ပျိုးခင်း ​များစွာ ​ပျက်စီး
Posted: 01 Apr 2015 08:23 PM PDT
အမျိုးသမီးတစ်ယောက်က ဗုံးဖောက်ဖို့ ကြိုးစားခဲ့တာကို နှိမ်နင်းဖို့ ရဲတွေ အသင့်အနေအထား ယူကြစဉ် (Credit: AFP)  တူရကီနိုင်ငံ ​အစ္စတန်ဘူလ် ​မြို့က ​ရဲဌာနချုပ်ရုံးမှာ ​ဗုံးခွဲဖို့ ​ကြိုးစားခဲ့တဲ့ ​အမျိုးသမီးတစ်ဦးကို ​တူရကီ ​လုံခြုံရေးသမားတွေက ​ပစ်သတ်လိုက်ပါတယ်။ အဲဒီ ​အမျိုးသမီးဟာ ​ဗုံးတွေနဲ့ ​သေနတ် ​တစ်လက်ကို ​ကိုင်ဆောင်ထားတုန်း ​ပစ်သတ်ခံရတာဖြစ်ပြီး ​သူနဲ့အတူ ​အကြမ်းဖက်မှု ​လုပ်ဖို့ ​ကြိုးစားခဲ့တဲ့ 
Posted: 01 Apr 2015 08:23 PM PDT
အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ အီရတ် နိုင်ငံက တီကရစ်မြို့ကို အိုင်အက်စ် အစ္စလမ်မစ် လက်နက်ကိုင် အဖွဲ့လက်က ပြန်လည်သိမ်းပိုက် နိုင်အောင် တလကြာ စစ်ဆင်ရေး ဆင်နွှဲခဲ့ရာမှ အခုတော့ အောင်ပွဲရခဲ့တဲ့အကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ကိုယ်တိုင် စစ်သားတွေ ဝန်းရံယင်း အီရတ်အလံ လွှင့်ထူပြီး မြို့ထဲ ဝင်လာခဲ့ပါတယ်။ အစိုးရအနေနဲ့ အရင်ဆုံး လုပ်ရမဲ့အလုပ်တွေက မြို့တွင်းက မြေမြုပ်မိုင်းတွေ ၊ ကား
Posted: 01 Apr 2015 08:23 PM PDT
မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တချို့ဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတဲ့ အတွက် ကော်မရှင်ရဲ့ ကြားနေမှု၊ ဘက်မလိုက်မှု အလားအလာဟာ စိုးရိမ်ဖွယ် ဖြစ်တယ်လို့ Carter Center က ထောက်ပြလိုက်ပါတယ်။ ဒါ့အပြင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ရလေအောင် ကြိုတင်ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သင့် တယ်လို့လည်း ဆိုပါတယ်။ Carter Center ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး Carter Center တွဲဘက်ညွှ
Posted: 01 Apr 2015 08:10 PM PDT
White card သမားတွေကို မဲပေးခွင့်ပြုမယ့်အပေါ် ဆန္ဒပြကြရာက white card ကို ဖျက်သိမ်း (Credit: Audience Submitted)  ရခိုင်ပြည်နယ် ​အတွင်း ​နေထိုင်သူတွေရဲ့ ​ယာယီ ​သက်သေခံလက်မှတ် ​whitecard ​တွေကို ​မြန်မာ ​အာဏာပိုင်တွေက ​လိုက်လံ ​သိမ်းဆည်းနေပြီ ​ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ ​လက်ထဲကနေ ​whitecard ​တွေကို ​သိမ်းဆည်းရာကနေ ​ဘာလက်မှတ်မှ ​ပြန်မထုတ်ပေးပဲ ​အထောက်အထားမဲ့ ​ချန်ထားမှာကို ​ကုလသမဂ္ဂက ​စိုးရိမ်နေပါတ
Posted: 01 Apr 2015 08:10 PM PDT
ရခိုင်ပြည်နယ် မှာ ဝှိုက်ကတ် ခေါ် ယာယီ သက်သေခံ လက်မှတ်တွေ ကို မတ်လ ၃၁ ရက်နေ့ က စတင်အပ်နှံမှုတွေ ပြုကြတဲ့ အခါမှာ မြို့နယ် အတော်များများ ပါဝင်ကြပါတယ်။ အဲဒီ အထဲမှာ မြန်မာ ဘင်္ဂလား နယ်စပ် က မောင်တော မြို့နယ် လည်းပါဝင်တဲ့ အကြောင်း မောင်တောခရိုင် လဝကမှူး က ဘီဘီစီ ကို ပြောပါတယ်။ အပ်နှံရာ မှာလည်း ပြဿနာ မရှိကြောင်းလည်း ရှင်းပြပါတယ်။ တောင်ပြိုလက်ဝဲမြို့နဲ့ မောင်တော အပါအဝင် စုစုပေါင်း ၉၁၆ ဝှိုက်ကတ် ခေါ် ယာယီ သ
Posted: 01 Apr 2015 08:00 PM PDT
ထိုင်းစစ်အစိုးရက ၁၀ လကြာ ပြဋ္ဌာန်းခဲ့တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ဧပြီ ၁ ရက်နေ့ညက ကြေညာချက်ထုတ်ပြန်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ချန်အိုချာရဲ့အမိန့်နဲ့ ရုပ်မြင်သံကြားမှာ ထုတ်ပြန်ကြေညာခဲ့ပြီး လုံခြုံရေးဥပဒေ ပုဒ်မ ၄၄ နဲ့ အစားထိုးမယ်လို့ ကြေညာပါတယ်။ စစ်အုပ်ချုပ်ရေးဥပဒေကို ပြီးခဲ့တဲ့ နှစ်မေလက လူ ၃၀ သေဆုံးတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့အပြီး အာဏာမသိမ်းခင်မှာ ပြဋ္ဌာန်းခဲ့တာပါ။ ဒီဥပဒေ
Posted: 01 Apr 2015 01:47 PM PDT
ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံ လက်မှတ်တွေဟာ မနေ့က သက်တမ်းကုန်ဆုံး ခဲ့ပြီဖြစ်တာကြောင့် အဲဒီ သက်သေခံ လက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ဒီနေ့က စပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက လက်ခံသိမ်းဆည်း နေပါတယ်။ ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေကို လဝက ဌာနက အပ်နှံပြီးကြောင်း အထောက်အထား ဖြတ်ပိုင်း စာရွက်တစ်ခုစီ ထုတ်ပေးသွားမှာဖြစ်တယ်လို့ စစ်တွေ မြို့နယ် လ၀ကမှူး ဦးခင်မောင်ထွန်း ကပြောပါတယ်။ "သူသတ်မှတ်
Posted: 01 Apr 2015 01:40 PM PDT
ဆရာတော်ကို ဒုဗ္ဗစ အဖြစ် သတ်မှတ် တာဟာ ဗုဒ္ဓ တရား ဟောနဲ့ မကိုက်ညီ  နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့က ရွှေညဝါ ဆရာတော် ဦးပညာသီဟကို ဆိုဆုံးမမှုကို မနာခံတဲ့ ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ပြီး နိုင်ငံအနှံ့ တရားဟောခွင့် ပိတ်ပင်လိုက်တယ်လို့ ရွှေညဝါ ဆရာတော်က မိန့်ကြားပါတယ်။ ဗုဒ္ဓဟူးနေ့ မှော်ဘီမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆရာတော်က မိန့်ကြားလိုက်တာ ဖြစ်ပြီး၊ အခုလို သူ့ကို ဒုဗ္ဗစ အဖြစ် သတ်မှတ်တာဟာ ဗုဒ္ဓ တ
Posted: 01 Apr 2015 01:40 PM PDT
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ ထောင်တွင်း အကျဉ်းချ ထားတာ အပါအဝင် ပုဒ်မတွေတပ်ပြီး တရားစွဲ ဆိုနေတာဟာ လေးပွင့်ဆိုင် သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တဲ့ အတွက် ပါဝင်လက်မှတ် ထိုးထားတဲ့ အစိုးရ၊ လွှတ်တော်၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အနေနဲ့ လေးပွင့်ဆိုင် သဘောတူညီချက်ကို လေးစားလိုက်နာဖို့ NNER က တောင်းဆို လိုက်ပါတယ်။ လေးပွင့်ဆိုင်ကတိက
Posted: 01 Apr 2015 01:40 PM PDT
ပြည်ထောင်စုဝန်ကြီး ဌာနတွေ အနေနဲ့ အစိုးရ စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာ ငွေကြေးကိုမှန်မှန်ကန်ကန် သုံးစွဲဖို့နဲ့ မမှန်မကန်သုံးစွဲ မှုတွေကို အရေးယူဖို့ တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက အစိုးရစီမံကိန်းတွေနဲ့ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွေကိုဆွေးနွေးရာမှာ အစိုးရ၀န်ကြီး ဌာနတွေအနေနဲ့ ထိရောက်မှန်ကန်စွာ အ
Posted: 01 Apr 2015 01:40 PM PDT
အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် ပါတီ ခေါင်းဆောင် နန်စီ ပလိုစီ  အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် Nancy Pelosi ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ လူ့အခွင့်အရေးကိစ္စနဲ့ ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့ နန်စီပလိုစီ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...