Saturday, February 28, 2015

VIRUS မ၀င်အောင် ကာကွယ်ခြင်း

ဝင်းကမ္ဘာကျော်


Virus ဖန်တီးခြင်းတွေပဲတင်ဖြစ်ခဲ့တာများပါတယ်။ Virus ကာကွယ်ခြင်းအပိုင်းကိုတော့ အခုမှပဲ တင်ဖြစ်တော့တယ်။ ဒီ Post မှာတော့ Virus ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Trojans, Worms , Searchbars , Spyware နဲ့ အခြား Malware ပါဝင်တယ်လို့ မှတ်ယူရပါလိမ့်မယ်... Virus ရန်ကနေ ကာကွယ်ချင်တယ် ဆိုရင်တော့ အခုဖော်ပြမယ့် အချက်လေးတွေကို အထူးသတိထား ဖို့တော့ လိုပါတယ်....

(၁) Security Patch များကို Install လုပ်ပါ။

သင့်ရဲ့ Operating System အတွက် available ဖြစ်နေတဲ့ security patch အားလုံးကို ရယူဖို့နဲ့ install လုပ်ထားဖို့လိုပါတယ်... အကယ်၍ Windows 98 နဲ့ နောက်ပိုင်း Windows တွေမှာ MSIE နဲ့ Windows Update တွေအတွက် လိုအပ်တဲ့ Patch တွေကို Provide ပေးပေမယ့် Windows 95 နဲ့ အလားတူ system တွေအတွက် ကတော့ WindizUpdate ကို အသုံးပြုသင့်ပါတယ်...
အရေးအကြီးဆုံးကတော့ အပတ်စဉ် updates တွေကို စစ်ဆေးပေးဖို့နဲ့ သင့်ရဲ့ Operation System အတွက်တွေ့ရှိထားတဲ့ အားနည်းချက်များနဲ့ ပတ်သတ်တဲ့ နောက်ဆုံးသတင်း အချက်အလက်တွေကို ရရှိဖို့ မျက်စိဖွင့် နားစွင့် ထားရမှာ ဖြစ်ပါတယ် ။



(၂) Antivirus Software နဲ့ Adware Removal Tools တွေအပေါ်မှာပဲ အားကိုး အားထားမပြုပါနဲ့

Virus တွေကို ကာကွယ်ဖို့အတွက် Antivirus Software တွေ Tools တွေကို သုံးတာဟာ ကောင်းတဲ့ သင့် Computer ကိုကာကွယ်ဖို့အတွက် ကောင်းသော အလေ့အကျင့်တခုပါ... ဒါပေမယ့် အဲဒီ Software တွေ Tools တွေအပေါ်မှာပဲ အားကိုးမနေသင့်ပါဘူး... Training နဲ့ Virus Awareness ရှိနေဖို့က ပိုအရေးကြီးတာဖြစ်ပါတယ်...
သိကြတဲ့အတိုင်းပဲ လူအများစုက ကိုယ့် Computer မှာ Antivirus Software ကို run ထားတယ်ဆိုရင် Antivirus က ကာကွယ်ပေးလိမ့်မယ် ဆိုပြီး သတိမမူတော့ပဲ စိတ်ချလက်ချနေတတ်ကြပါတယ်... အဲဒါဟာ မှားတယ်ဆိုတာကို အောက်ပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် သိပါလိမ့်မယ်....
  • အကယ်၍ သင့် Antivirus ရဲ့ virus definition တွေဟာ ရက်သတ္တပတ် ၂ ပတ်ကျော်သွားပြီး ဆိုရင် သင့်ရဲ့ Virus Scanner ဟာ အသုံးမ၀င်တော့ပါဘူး... ဘာကြောင့်လဲဆိုတော့ အသစ်ထွက်တဲ့ Virus တွေကို detected မဖြစ်ပဲ ၀င်ခွင့်ပြုနေသေးလို့ဖြစ်ပါတယ်...သင့်ရဲ့ ဖိုင်တွေကို remove လုပ်ဖို့၊ exit လုပ်ဖို့နဲ့ emails အမြောက်အမြားပို့ဖို့ အတွက် အလားအလာတွေ ရှိနေပါသေးတယ်... free antivirus program တွေမှာဆိုရင် အများအားဖြင့် တစ်လ တခါပဲ update ပေးပါတယ်... အဲလိုမျိုး software တွေကို ဘယ်တော့မှ မသုံးမပြုသင့်ပါဘူ...
  • နောက်တစ်ခုက အသစ်ထွက်လာတဲ့ Virus တွေပြန့်နှံ့နေတဲ့ အချိန်နဲ့ အဲဒီ Virus တွေရဲ့ Virus definition တွေကို update ပေးတဲ့ အချိန် ( ဆိုလိုတာကတော့ updae ကို သင်ရရှိတဲ့အချိန် ) ဟာ အမြဲလိုလိုပဲ နာရီပေါင်းများစွာ ကွာခြားနေတတ်ပါတယ်... အကယ်၍ သင့်ရဲ့ ISP ( Internet Service Provider ) က email တွေကို filter လုပ်ပေးတယ်ဆိုရင်တောင် Virus အသစ်တွေကိုတော့ သင်ရရှိနေအုံးမှာပဲ ဖြစ်ပါတယ်..
  • Virus တွေဟာ တစ်ခါတရံမှာ သင့်ရဲ့ Antivirus Software ကို disable လုပ်နိုင်ကြပါတယ်... Popular ဖြစ်နေတဲ့ Antivirus Program တွေကို သုံးမယ်ဆိုရင် Virus တွေက အဲဒီ Program ကို သိပြီး terminate လုပ်ပါလိမ့်မယ်...
သင့်ရဲ့ ISP က Virus protection လုပ်ပေးနေသည့်တိုင်အောင် Virus အကုန်လုံးကိုတော့ ရပ်သွားအောင် မလုပ်နိုင်ပါဘူး။
အရေးကြီးတာကတော့ Email Attachment တွေ မဖွင့်ခင် (သို့) Website ( or porn site) တစ်ခုကနေ Softwar တွေကို download မလုပ်ခင်မှာ သင့် browser ရဲ့ disk cache ကိုဖယ်ရှားပေးဖို့လိုပါတယ်... ဘာကြောင့်လဲဆိုတော့ website တွေ့ရဲ့ Viruses scan အများစုဟာ Email address ရဖို့အတွက် သင့်ဆီကို ရောက်လာတတ်ပါတယ်...

(၃) Internet Explorer , Mocrosoft Word ( သို့ ) Outlook Express တွေကို မသုံးပါနဲ့

လူသုံးအရမ်းများတဲ့ web browser တွေ၊ လူသုံးများတဲ့ word processor ( သို့ ) Windows Adress Book တွေကို အသုံးမပြုသင့်ပါဘူး.. ဘာကြောင့်လဲဆိုတော့ Netsky virus ကို ဥပမာ တစ်ခုအနေနဲ့ ကြည့် ကြည့်ပါ။ ၄င်း Virus က သင့်ရဲ့ Computer ကို Email address တွေ ရဖို့အတွက် scan တွေဖတ်ပါတယ်...ဖိုင် အကုန်လုံးကို scan ဖတ်တာတော့မဟုတ်ပါဘူး.. အောက်ပါ ဖိုင် types တွေကို scan ဖတ်ပါတယ်...


.OFT ----- Outlook item template
.DOC ----- Microsoft Word Document
.EMl ----- Outlook Express email message
.WAB ----- Windows Adress Book
.DBX ----- Outlook Express email folder
.RTF ----- Rich Text formet
.TXT ----- Plain Text

ဒါကြောင့် အဲဒီ documents တွေထဲမှာ ပါဝင်တဲ့ email address တွေကို ရယူပြီး Virus ကနေ mail တွေပို့ပါတယ်... ကောင်းတာကတော့ တခြား email program တွေနဲ့ အခြားအခြားသော word processor တွေကို အသုံးပြုသင့်ပါတယ်... Microsoft Word ကပဲ word processor အဖြစ် Available ဖြစ်တာ မဟုတ်ပါဘူး MS ထက် ကောင်းတာတွေအများကြီး ရှိပါတယ်... ဥပမာ OpenOffice ကိုလည်း MS အစားသုံးလို့ရပါတယ်... ၄င်းက viruses scan တွေမဖတ်နိုင်အောင် ဖန်တီးထားပါတယ်...
နောက်တစ်ခုကတော့ Microsoft ရဲ့ Internet Explorer ( IE ) browser ကိုလည်း အသုံးမပြုသင့်ပါဘူး.. ဘာလို့လဲဆိုတော့ IE browser ဟာ မလိုအပ်တဲ့ features တွေကို user မသိပဲ (သို့) သဘောမတူပဲ အလွယ်တကူ ထည့်ပေးနိုင်လို့ဖြစ်ပါတယ်.. ( ဥပမာ - search bar - Search bar တွေကို ဘာကြောင့် ကန့်သတ်သင့်လဲဆိုတော့ အဲဒီ software (search bar) က သင့် Computer မှာ သင်ရိုက်သမျှ key တွေ၊ သင် ၀င်ရောက်လည်ပတ်သမျှ website တွေ နဲ့ သင့်ရဲ့ Computer ကို အဝေးကနေအပြည့်အ၀ထိန်းချုပ်နိုင်ဖို့ အတွက် အချက်အလက်တွေကို Central hacker ဆီကို ပို့ပေးဖို့အတွက် Adware တွေ Trojan တွေ အဲဒီ Search bar မှာပါဝင်တတ်ပါတယ်....)
U.S government's Computer Emergency Rediness Team ( US-CERT) ကနေ Microsoft's Internet Explorer( IE) bowser အသုံးပြုခြင်းကို ရပ်တန့်ဖို့သတိပေးထားပါတယ်.. Vulnerability Noteမှာကြည့်ပါ...

(၄) File-Type တွေကလည်းသိထားဖို့လို့ပါတယ်

Windows တွေမှာပါတဲ့ စိုးရိမ်စရာ အပြစ်တစ်ခုကတော့ file extension တွေကို ဖုံးကွယ်ဖို့ default setting ပါရှိခြင်းဖြစ်ပါတယ်... file extensions တွေဟာ အလွန်အရေးကြီးပါတယ်... ဘယ်တော့မှ hidden မလုပ်သင့်ပါဘူး...
သင့်ရဲ့ computer မှာရှိတဲ့ ဖိုင်တွေကို အလွယ်တကူ ခွဲခြားသတ်မှတ်ပေးဖို့ နဲ့ ရှာဖွေတွေ့ရှိဖို့အတွက် ဖိုင် တွေကို ကိုယ်စားပြုတဲ့ icons တွေပြုလုပ်ထားပါတယ်... အများအားဖြင့်တော့ document ရဲ့ types အမျိုးမျိုးမှာ ကိုယ်ပိုင် icon တွေရှိကြပါတယ်... ဥပမယ်.. Adobe Acrobat file တွေမှာ သိသာစေတဲ့ icon တစ်ခုရှိပါတယ်... ဒါပေမယ့် အဲဒီ icon ထဲမှာ ပါဝင်တဲ့ Windows Executable file (.exe) ကို သတိထားမိချင်မှ ထားမိပါလိမ့်မယ်...ဒါ့အပြင် တခြား document တွေနဲ့ ဆင်တူနေတာတွေလည်း ရှိနိုင်ပါတယ်... ဒါကြောင့် file types ကို တွေကို သိထားဖို့အရေးကြီးပါတယ်...

Extensions တွေကို ဖော်ပြပေးထားပါတယ်...အဲဒီ extensions တွေပါဝင်တဲ့ ဘယ်attachment မဆို virus လို့ယူဆနိုင်ပါတယ်...


.BAT ----- DOS batch file
.COM ----- DOS executable file
.CMD ----- Windows 2000 batch file
.CPL ----- Control Panel extension
.HTA ----- HTML application
.JS ----- JScript
.JSE ----- JScript Encoded Script
.LNK ----- Shortcut
.MSI ----- Microsoft installer database
.PIF ----- Shortcut to DOS program
.REG ----- Registary Entries
.SCF ----- Windows Explorer command
.SCR ----- Screen Saver
.VB ----- VB Script
.VBE ----- VB Encoded Script
.VBS ----- VB Script
.WS ----- Windows Script Host
.WSC ----- Windows Script Host - Componet
.WSF ----- Windows Script Host
.WSH ----- Windows Script Host - Setting file

ဒါအပြင်လည်း .EXE file အနေနဲ့လည်း ရှိပါတယ်... ဒါပေမယ့် virus မဟုတ်တဲ့ executable files တွေလည်း ရှိနေတော့ သတိတော့ထားဖို့လိုပါတယ်...အကယ်၍ email တွေကနေပို့တဲ့အခါ ကိုယ်ယုံကြည်စိတ်ချမှုမရှိဘူး ဆိုရင် မဖွင့်ပါနဲ့...
ပြီးတော့ ဘယ် OLE document ( OLE document တွေမှာ Word and Excel documents တွေပါဝင်ပါတယ် ) မဆို viruses ပါဝင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့...
နောက်သတိထားရမယ့် extension တစ်ခုကတော့ .ZIP ပါ။ အဲဒီထဲမှာ compressed files တွေပါဝင်ပါတယ်... ZIP file တွေက သူတို့ထဲမှာ ပါတဲ့ file ရဲ့ extensions တွေကို ဖုံးကွယ်ပေးဖို့ အသုံးဝင်နေဆဲဖြစ်ပါတယ်... ဒါပေမယ့်လည်း ZIP လုပ်ထားတဲ့ Viruses တွေရဲ့ file names တွေမှာ အမှန်တကယ်ဖိုင်ရဲ့ extension ကို မသိနိုင်ဖို့အတွက် spaces hoping အများကြီးရှိတတ်ပါတယ်။ ( ဆိုလိုတာကတော့ file name မှာ ("...") ပါဝင်တာကို ပြောတာဖြစ်ပါတယ်...)

(၅) E-Mail ဖွင့်ကြည့်ရင် သတိထားပါ

ကိုယ်နဲ့ မသိတဲ့သူတွေဆီက mail တွေကို ဖွင့်မဖတ်မိအောင် သတိထားဖို့လွယ်ပေမယ့် တခါတရံ ကိုယ်နဲ့ သိတဲ့သူတွေဆီက virus ပါတဲ့ mail တွေကို သတိမပြုပဲဖွင့်တတ်ကြပါတယ်... အောက်မှာပြထားတဲ့ အချက် (၄) ချက်ကြောင့် သင်နဲ့ သိတဲ့သူတွေရဲ့ နာမည်နဲ့ viurs ပါတဲ့ Mail တွေရောက်လာနိုင်ပါတယ်....

  • သူတို့ရဲ့ Computer မှာ ရှိတဲ့ Software တွေကနေ သူတို့မသိလိုက်ခင်မှာ သူတို့ ကိုယ်စား email တွေပို့နိုင်ပါတယ်။
  • Software တွေက တခြားတစ်ယောက်ဆီကနေ သူတို့ရဲ့ E-mail address တွေကို ယူပြီး ပို့လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
  • နောက်တခုကတော့ သူတို့ကိုယ်တိုင် အမှန်တကယ် ပေးပို့လိုက်တဲ့ E-mail တွေပဲဖြစ်ပါတယ်။
  • ပြီးတော့ spammer တွေက သင် E-mail ဖွင့်ဖတ်ဖြစ်အောင် သူတို့ရဲ့ နာမည်တွေကို ရွေးချယ်ပြီး ပို့လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် တခြားသူတစ်ယောက်ကနေ E-mail ကို attachment နဲ့ လိုက်တဲ့အခါ attachment နဲ့အတူပါလာတဲ့ E-mail ရဲ့ body ကို သတိထားကြည့်ဖို့လိုက်ပါတယ်...
နောက်ပြီး Message headers ကိုလည်း သတိထားရပါမယ်... ဒါပေမယ့် တခါတရံမှာတော့ information အတုအယောင်တွေလည်း ဖြစ်နေတတ်ပါတယ် ... အများအားဖြင့်တော့ delivery route တွေက ယုံကြည်စိတ်ချနိုင်ပါတယ်...။

( အခါအခွင့်သင့်လျှင် ဆက်လက်ဖော်ပြပါမည်။ ) 


 မူရင်း။ ။ ကျနော့မှတ်စုစာအုပ်

http://www.winkabarkyaw.net/2011/09/virus.html မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...