Friday, March 20, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၃)

သစ်ထူးလွင်




Posted: 20 Mar 2015 07:25 AM PDT
ည ၈နာရီအချိန်က မန္တလေးမြို့ အလုပ်သမား ဆေးရုံ အနီးရှိ အုတ်နံရံ ပေါ်မှာ ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ဖို့ စာရေးသားခဲ့တာကြောင့် ရေးသားခဲ့တဲ့ကျောင်းသားနှစ်ဦးကို ည ၈နာရီ ၂၅မိနစ်မှာ ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးသွားပါတယ်။ ဖမ်းလိုက်တဲ့ ကျောင်းသား ၂ယောက်ကို အမှတ် ၁ ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။ သတင်းဓာတ်ပုံ - ဇော်ဇော် DVB TV News https://www.facebook.com/DVBTVNews
Posted: 20 Mar 2015 07:17 AM PDT
အစ္စလာမ်မစ်စစ်သွေးကြတွေကို တိုက်ခိုက်တဲ့စစ်ပွဲမှာ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် ညွန့်ပေါင်း အဖွဲ့တွေ အသာစီး ရလာနေပါတယ်။ ဒါပေမဲ့ IS အဖွဲ့ လုံးဝ ပြိုကွဲသွားနိုင်တဲ့ အနေအထားကတော့ အလှမ်းဝေးနေသေးတယ်လို့ လေ့လာ သုံးသပ်သူတွေက မြင်ပါတယ်။ Jeff Seldin ရဲ့ သတင်းလွှာကို မအေးသန္တာကျော်က တင်ပြထားပါတယ်။
Posted: 20 Mar 2015 07:09 AM PDT
ပိုးကောင်တွေကို ကြော်ပြီး မုန့်ပဲသွားရေစာလို လမ်းဘေးမှာ ရောင်းချတာဟာ ဘန်ကောက်မြို့မှာ တွေ့ရလေ့ရှိတဲ့ မြင်ကွင်းတခုပါ။ ထိုင်း စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တဦးက ဒီပိုးကောင်တွေကို အဆင့်တန်းရှိရှိ ထုတ်ပိုးပြီး ဈေးကွက်ထဲထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ ရိုက်တာသတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
Posted: 20 Mar 2015 07:04 AM PDT
ပိတ်မိနေသူ တွေကို ခက်ခက်ခဲခဲ ကယ်ထုတ်နေရ။  အိန္ဒိယ နိုင်ငံ မြောက်ပိုင်းက အူတာ ပရာဒက်ရှ် ပြည်နယ်မှာ မီးရထား တစ်စီး လမ်းချော် တိမ်းမှောက် ခဲ့လို့ အနည်းဆုံး လူ ၃၀ သေဆုံး ခဲ့တယ်လို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။ ဒယ်ဟရာဒွန် မြို့နဲ့ ဗာရာဏသီ မြို့ကို ပြေးဆွဲတဲ့ မီးရထားက ခေါင်းတွဲနဲ့ လူစီးတွဲ ၂ တွဲ လမ်းချော်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူ တစ်ရာကျော် ရှိတယ် လို့လည်း အရာရှိတွေက ဆိုပါတယ်။ ရထားတွဲတွေ ထဲမှာ ပိတ်
Posted: 20 Mar 2015 05:10 AM PDT
ပဲခူးတိုင်း၊ သာယာဝတီထောင်ထဲမှာ ဖမ်းချုပ်ခံထားရတဲ့  အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေကို  မိဘတွေက ဒီကနေ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ကြပါတယ်။ ဒီမိုကရေစီပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းက ဗကသ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့ မိဘတွေ အပါအ၀င် ကျောင်းသားတချို့ရဲ့ မိဘတွေ ထောင်ဝင်စာတွေ့ခဲ့ကြတာဖြစ်ပြီး ထောင်အာဏာပိုင်တွေက စောင့်ကြည့် မှတ်တ
Posted: 20 Mar 2015 05:07 AM PDT
ဒေါ်ခင်စန်းရီ (ဓာတ်ပုံ - Hluttaw Channel) သပိတ်မှောက် ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီး ထောင်ကျခံပြီး တောင်းဆိုခဲ့တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်မှာ ဆွေးနွေဖို့  အဆိုအောင်မြင်သွားပါတယ်။ မတ်လ ၂၀ ရက် အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ဒီအဆိုကို  လက်ခံ သင့်၊ မသင့် အဆုံးအဖြတ်
Posted: 20 Mar 2015 04:12 AM PDT
"" ၁၀ ရက်နေ့က ဖမ်းဆီးမှုက ဥပဒေမဲ့ပဲလေ။ ဖမ်းချင်သလို ဖမ်းတာပဲ။ အဲဒီလို ဆိုတဲ့အခါ ကျတော့ ကျန်တဲ့ ကိစ္စတွေက ၁၀ ရက်နေ့နဲ့ယှဉ်ရင် အကင်းပဲလေ။ ဒါက ဥပဒေနဲ့ အညီ ဖမ်း တာမျိုး မဟုတ်တော့ဘဲနဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့် သလို ဖြစ်နေတာပေါ့။ ဒါကတကယ် ဒီမိုကရေစီရှိတဲ့ နိုင်ငံတွေမှာတော့ ဒါမျိုး မရှိသင့်ဘူးလေ။ တကယ်ဆို သူတို့ ဖမ်းမယ်ဆိုရင် ၀ရမ်းပါရမယ် . . ."" ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဗ
Posted: 20 Mar 2015 04:10 AM PDT
ကျောင်းသားထုသာမက ပြည်သူ လူထုတရပ်လုံးကို အကြမ်းဖက်လုပ်ရပ် ကျူးလွန်ခဲ့သည့် အစိုးရအနေဖြင့် ပြည်သူ အပေါ်တင်နေသည့် အကြွေးကို တောင်း ပန်ဝန်ချပြီး အမြန်ဆုံးပြန်ဆပ်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာညိုညိုသင်းက ပြော ဆိုလိုက်သည်။ ဒေါက်တာညိုညိုသင်းက ““ရွေး ကောက် တင်မြှောက်ခြင်း ခံရတဲ့ အစိုးရလို့ ပြောပြီးတော့ ကျောင်းသားထုသာမက ပြည်သူတရပ်လုံးကို အကြမ်းဖက်လုပ်ရပ် ဆက်တိုက်ကျူးလွန်
Posted: 20 Mar 2015 04:04 AM PDT
သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ကျောင်းသားတွေကို ဒီနေ့ကစပြီး မိဘတွေနဲ့ ထောင်ဝင်စာ တွေ့ခွင့် ပေးနေပြီလို့ သာယာဝတီ အန်အယ်လ်ဒီပါတီဝင် ကိုကျော်နိုင်ဦးက ပြောပါတယ်။ တနင်္ဂနွေနေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာ တပတ်တခါ ထောင်ဝင်စာ တွေ့ခွင့် ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ပြောတယ်လို့ ဆိုပါတယ်။ ထောင်ဝင်စာလာတွေ့မယ့်သူတွေဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ယူလာကြဖို့ လိုအပ်ပြီး အဲ့ဒီနှစ်ခု ပါမလာလို့ တွေ့ခွင့်မရတဲ့
Posted: 20 Mar 2015 04:04 AM PDT
သာယာဝတီအကျဉ်းထောင်က ပြန်လွှတ်ပေးလိုက်ပေမယ့် လက်ပံတန်းရဲက ဆက်လက် ထိမ်းသိမ်းထားတဲ့ အရွယ်မရောက်သေးသည့် လူငယ်တဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အုပ်ထိမ်းသူက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ သပိတ်မှောက်ကျောင်းသားတွေ ဖမ်းဆီးရိုက်နှက်ခံရချိန်မှာ သပိတ်နဲ့ပတ်သက်မှုမရှိတဲ့ လက်ပံတန်းဒေသခံ အသက် ၁၅ နှစ်အရွယ် ကိုချစ်ခေါ် မောင်ထွန်းထွန်းနိုင် ဖမ်းဆီးခံခဲ့ရတာပါ။ မိခင်ဖြစ်
Posted: 20 Mar 2015 04:04 AM PDT
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် လက်ပံတန်းမြို့ ဆန်္ဒပြပွဲတွင်ပါဝင်ခဲ့ပြီး မတ် (၁၀)ရက်နေ့ ၌ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ဖြိုခွင်း၍ ထိန်းသိမ်းခြင်း ခံနေရသူတဦး ဖြစ်သည့် မာနော (ခ)သာထွန်းစံ သည် အဖ ဦးချစ်အောင်နှင့် အမိဒေါ်တိန်းနမ် မိဘနှစ်ပါးမှ ဖွားခဲ့သည်။ မွေးချင်းညီအစ်ကို မောင်နှမ (၄)ယောက်အနက် ဒုတိယအကြီးဆုံးသား ဖြစ်သည်။ ပန်ချီးဆွဲခြင်းကို ၀ါသနာပါသည်။ ထိန်းသိမ်းခံခဲ့ရပြီးနောက် လက်ရှိတွင် သာယာဝတီထောင်
Posted: 20 Mar 2015 04:00 AM PDT
လက်မှတ်ခ ဈေးအနည်းဆုံးဖြစ် သည့် ရန်ကုန်မြို့ပတ်ရထား ရိုးရိုးတန်း အတွဲပေါ်တွင် အခြေခံလူတန်းစား ချွေးသံ တရွှဲရွှဲ အောက်ခြေ ဈေးသည်များ၏အသံ များက ဆူညံနေသည်။ တိုင်းပြည်တွင် ကျောင်းသားကိစ်္စ၊ မြေသိမ်းယာသိမ်းကိစ်္စ၊ အလုပ်သမားကိစ်္စ များအပါအ၀င် နိုင်ငံရေးအကျပ်အတည်း များနှင့် မငြိမ်မသက်ဖြစ်နေစေကာမူ ထိုသူ များအတွက်တော့ မိမိတို့၏နေအိမ်တွင် တနေ့စာအတွက် စားစရာရရှိရေးကသာ ပို၍ အရေးကြီးနေသည်။ တခါတရံတွင် ရထားလက်
Posted: 20 Mar 2015 04:21 AM PDT
မြန်မာအလုပ်သမားများကို ပြန်ခေါ်လာမည့် ဓာတ်ပုံ (mmmilitary.blogspot.com) မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ တရားမ၀င် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တပ်မတော်ရေတပ် စစ်သင်္ဘောနဲ့ မြန်မာနိုင်ငံကို ပြန်ခေါ်လာမယ်လို့ အစိုးရက မတ်လ ၂၀ ရက်နေ့က  သတင်းထုတ်ပြန် ပါတယ်။ မလေးရှားနိုင်ငံမှာ မတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်အထိ ကျင်းပနေတဲ့ လန်က၀ီ နိုင်ငံတကာ ရေကြောင်းနဲ့ လေကြောင်းပြပွဲမှာ ပူးပေါင်းပါဝင်နေတဲ့  မြန်မာ့တပ်မေ
Posted: 20 Mar 2015 03:41 AM PDT
မြန်မာ့စစ်တပ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အဓိက အရေးပါတဲ့နေရာက  ဆက်ရှိနေမယ်လို့  သမ္မတ ဦးသိန်းစိန်က  နေပြည်တော်မှာ ဘီဘီစီ  World Serviceနဲ့ ပြုလုပ်တဲ့ ၄၅ မိနစ်ကြာ ရုပ်သံ အင်တာဗျူးမှာ ပြောပါတယ်။ စစ်တပ်က ပြုပြင်ပြောင်းလဲရေးကို အစပျိုးလုပ်ဆောင်ခဲ့တာဖြစ်တဲ့အကြောင်း၊ စစ်တပ်ကြောင့် ပြုပြင်ပြောင်းလဲရေးတွေ ရပ်တန့်သွားတာဟာ မမှန်သလို စစ်တပ်က နိုင်ငံရေး ပါတီတွေနဲ့ ပတ်သတ်မှုမရှိဘဲ နိုင်ငံအကျိုးစီး
Posted: 19 Mar 2015 09:55 PM PDT
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန် ၃ က အလုပ်သမားတွေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒပြကြစဉ်။ Photo: Wai Yan Moe Myint/RFA မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံလိုက်ရတဲ့ ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားအမျိုးသမီးငယ် ၁၃ ယောက်ကို အင်းစိန် နဲ့ ရွှေပြည်သာမြို့နယ်တွေမှာ တရားစွဲထားတဲ့အပြင် စက်ရုံကလည်း အလုပ်ကနေထုတ်လိုက်ပါတယ်။ သူတို့ကို အခုလက်ရှိကာလမှာ အာမခံနဲ့ ပြန်လွှတ်ထား တာဖြစ်ပြီး၊
Posted: 19 Mar 2015 09:55 PM PDT
ရီမန်နိုင်ငံ ​တောင်ပိုင်း ​Aden ​မြို့မှာ ​ရှိတဲ့ ​သမ္မတ ​အိမ်တော်ကို ​တိုက်လေယာဉ် ​တစ်စင်းက ​ဝင်ရောက် ​တိုက်ခိုက်မှု ​လုပ်ခဲ့တဲ့အတွက် ​သမ္မတ ​Mansour ​Hadi ​က ​အိမ်တော်ကနေ ​ထွက်ပြေး ​တိမ်းရှောင် ​နေရပါတယ်။ သမ္မတအိမ်တော်အပြင် ​လေယာဉ်ကွင်း ​တစ်ခုမှာလည် ​တိုက်ခိုက်မှု ​ဖြစ်ခဲ့ရပါတယ်။ သမ္မတကို ​လုံခြုံတဲ့ ​နေရာကို ​ရွှေ့ပြောင်းထားပြီ ​ဖြစ်သလို ​သမ္မတဟာ ​ရီမန် ​နိုင်ငံ ​ပြည်တွင်းမှာပဲ ​ရှိနေသေးတယ်လို့ 
Posted: 19 Mar 2015 09:53 PM PDT
ရခိုင်ပြည်နယ်မှာ အောင်တံခွန်သင်္ဘောနစ်မြုပ်ပြီး လူတွေသေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ပြည်သူတွေကို လိမ်ညာပြောဆိုတာ မပြုလုပ်ဖို့  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက သတိပေးပြောကြားလိုက်ပါတယ်။ မတ်လ ၁၉ ရက်နေ့က ကျင်းပတဲ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ   သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေး ဒုဝန်ကြီး ဦးဟန်စိန်က လာရောက်ရှင်းလင်းပြောဆိုခဲ့သလို ရခိုင်တိုင်းရင်းသား အမတ်တွေကလည်း ဝေဖန်ထောက်ပြေ
Posted: 19 Mar 2015 09:25 PM PDT
မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ပြဿနာ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ (၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ မနေ့က သဘောတူခဲ့ကြတာပါ။ ဆွေးနွေးပွဲ အဓိကအစီအစဉ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းက ထိပ်ဆုံးကို ရောက်နေတာကြောင့်တစ်ကြောင်း၊ေ
Posted: 19 Mar 2015 09:25 PM PDT
တရုတ်ပြည်ဟာ မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတွေအပေါ်ရှိနေတဲ့ သူ့ရဲ့ သြဇာကိုသုံးစွဲပြီး၊ အိန္ဒိယသမုဒ္ဒရာကို တိုးချဲ့ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်လည်အစီရင်ခံစာက ဖေါ်ပြလိုက်ပါတယ်။ အိန္ဒိယအနေနဲ့ ကာလကြာရှည် ထိန်းချုပ်ထားတဲ့ ဒေသရဲ့လုံခြုံရေး စိတ်ချရအောင် ဆောင်ရွက်သွားမယ်လို့လည်း ကြွေးကြော်လိုက်ပါတယ်။ တရုတ်ပြည်ဟာ အိန္ဒိယရဲ့ အနီးအဝေးဒေသတွေမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားေ
Posted: 19 Mar 2015 09:25 PM PDT
တိုကျို ၊ ၂၀-၃-၂၀၁၅ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အမေရိကန်သံရုံး ကို ဖုန်းမှတစ်ဆင့် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည့် အမျိုးသား တစ်ဦးကို ယင်းနိုင်ငံရှိ ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ အိုကီနာဝါကျွန်း မှ မစ်ဆူယိုရှီ ကာမီယာ အမည်ရှိ အသက် ၅၂ နှစ်အရွယ် အမျိုးသားသည် အမေရိကန် သံရုံးကို မတ် ၅ ရက်မှ ၁၄ ရက်အတွင်း ခြိမ်းခြောက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး ယင်းသို့ ခြိမ်းခြောက် ခဲ့ရာတွ
Posted: 19 Mar 2015 09:21 PM PDT
ဘဂ္ဂဒက် ၊ ၂၀-၃-၂၀၁၅ အီရတ်နိုင်ငံမှ သူလျှို လေးဦးအား ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် ဗီဒီယိုဖိုင် တစ်ခုကို ISIS စစ်သွေးကြွ များက ယခုရက် အစောပိုင်းတွင် ထုတ်လွှင့်ပြသ ခဲ့ကြောင်း ဗြိတိန် သတင်းစာကြီး တစ်စောင်က မတ် ၁၇ ရက်တွင် ဖော်ပြ ထားသည်။ " Harvesting of Spies "  ဟု အမည် ပေးထားသော အဆိုပါ ဗီဒီယိုဖိုင်ကို လေ့လာ ကြည့်ရှုချက် အရ ISIS စစ်သွေးကြွ များသည် ၄င်းသူလျှို လေးဦးအား အီရတ်နိုင်ငံ ဆာလာဟူဒင် ပြည်နယ်တွ
Posted: 19 Mar 2015 09:21 PM PDT
အာဖဂန်နစ္စတန်နိုင်ငံမှာ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့တယ်ဆိုပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက အမျိုးသမီးတဦးကို ရိုက်သတ်၊ ခန္ဓာကိုယ်ကို မီးရှို့ပြီး မြစ်ထဲပစ်ချလိုက်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ကာဘူးလ်မြို့တော်၊ Shah-e Doh Shamshira ဘုရားကျောင်းနားမှာ ကြာသပတေးနေ့က အဲဒီဖြစ်ရပ်ဖြစ်တာပါ။ အမျိုးသမီးဟာ စိတ်ကျန်းမာရေး ချို့တဲ့ တဲ့ဝေဒနာ ခံစားနေရတာ နှစ်ပေါင်းများစွာကြာပြီလို့ မိသားစုကပြောကြောင်း ရိုက်တာသတင်း
Posted: 19 Mar 2015 09:21 PM PDT
လူသတ်မှု တရားခံလို့ စွပ်စွဲခံ ထားရသူ Eh Lar Doh Htoo အမေရိကန်ပြည်ထောင်စု မြောက် ကယ်ရို လိုင်းနား ပြည်နယ်က မြန်မာ မိသား စုနေအိမ် မှာ ပြီးခဲ့တဲ့ ရက်ပိုင်း က ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး - တရားခံ လို့  စွပ်စွဲခံ ထားရသူကို မနေ့ ကြာသပတေးနေ့က စတင်ရုံးထုတ်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကရင်တိုင်းရင်းသား စောအဲလာဒိုထူးကို လူသတ်မှု ၃ မှု အပါအ၀င် တခြား စွဲချက်တွေနဲ့ တရားစွဲဆိုသွားမှာဖြစ်ပြီး၊ အပြစ်ရှိရင်
Posted: 19 Mar 2015 09:17 PM PDT
ဝါရှင်တန် ၊ ၂၀-၃-၂၀၁၅ အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်၌ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ဝမ်းဗိုက်ကို ဓားဖြင့်ထိုးခွဲ၍ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို ယူဆောင် သွားသည့် အမျိုးသမီး တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်သည် လောင်းမွန့်မြို့ တွင် မတ် ၁၈ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ သူမ၏ ကလေးငယ် အတွက် အင်္ကျီများ ဝယ်ယူရန် ကြည့်ရှုနေစဉ် ဒို
Posted: 19 Mar 2015 09:15 PM PDT
သေဆုံးသွားခဲ့သည့် ခါဝယ်ရီ မေဆွတ်  ကဘူးလ် ၊ ၂၀-၃-၂၀၁၅ အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် နိုင်ငံမှ တာလီဘန် ခေါင်းဆောင်တစ်ဦး သေဆုံးသွား ခဲ့ကြောင်း အဆိုပါ စစ်သွေးကြွ အဖွဲ့က ယမန်နေ့တွင် ပြောကြား ခဲ့သည်။ သေဆုံးသွားခဲ့သည့် ခါဝယ်ရီ မေဆွတ် သည် ပါကစ္စတန် မျိုးနွယ်စု ဒေသအနီးရှိ ကာရမ်ခရိုင် အတွင်း၌ မတ် ၁၈ ရက်က အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ ဗုံး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...