Thursday, March 12, 2015

မည်သည့် သူခိုးမဆို လေးစားလိုက်နာရမည်



၁၉၉၆ ခုနှစ် နွေရာသီတွင် ရန်ကုန် သူနာပြုတက္ကသိုလ်၊ ပိတောက်ဆောင်သည် သူနာပြု ကျောင်းသူများသာ သီးသန့်နေရသော အမျိုးသမီးအဆောင် တစ်ခုဖြစ်သည်။
စာသင်နှစ် နောက်ဆုံးစာမေးပွဲကြီးရှိသောကြောင့် လေးထပ်ကျောင်းဆောင် တစ်ခုလုံးရှိ
ကျောင်းသူများအားလုံး အိပ်ခန်းအပြင်တွင်ရှိသော ကော်ရစ်တာ တလျှောက်တွင်
စုပေါင်း စာကျက်နေကြသည်။
အိပ်ခန်းများ အတွင်းတွင် စာမေးပွဲအပြီး အိမ်ပြန်ရန်
ထုတ်ပိုးထားသော အထုတ်အပိုးများဖြင့် အပြည့် ဖြစ်နေသည်။
အပေါ်ဆုံးထပ်တွင် နေထိုင်သော ကျောင်းသူတစ်ယောက်သည် သူမ၏ လက်ကိုင်အိတ်
ကို ခြင်ထောင်ကြိုးအတွင်း ချိတ်ဆွဲပြီး အခန်းထဲတွင် တစ်ဦးတည်း အိပ်စက်နေ၏။
ရန်ကုန် သူနာပြု တက္ကသိုလ် အနီးရှိ ရပ်ကွပ်မှ သူခိုးတစ်ယောက်သည် အိမ်သာပိုက်လုံးမှ တွယ်တက်၍ ကျောင်းဆောင်ပေါ်သို့ ရောက်ရှိခဲ့သည်။
သူခိုးသည် အိပ်ခန်းအတွင်းတွင် တွဲလောင်းကျနေသော လက်ကိုင်ပိုက်ဆံအိတ်ကို ဖြုတ်ယူဖို့ အစွမ်းကုန် ကြိုးစားနေသည်။ ခြင်ထောင်ကြိုးသည် လက်ကိုင်အိတ်၏ အတွင်းမှထိုးပြီး နံရံကို ချည်နှောင်ထားသည့်အဖြစ်ကို သူခိုး ခမြာ မသိရှာခဲ့။
ခြင်ထောင်တလှုပ်လှုပ် ဖြစ်နေသောကြောင့် ကျောင်းသူက အိပ်ချင်မူးတူးဖြင့်
“ဟဲ့ …… ဘယ်သူလဲ” မေးသံ အဆုံး
လက်ကိုင်အိတ် ဖြုတ်မရ၍ ချွေးပြန်နေသော သူခိုးက တုန်တုန်ရီရီဖြင့်
“ကျနော် နော် နော် …. ကျနော်ပါ … အမ”
“ဟဲ့ …. နင် … နင် … သူခိုး … သူခိုး …. လာကြပါအုံး … သူခိုး …. သူခိုး”
သူခိုးသည် ခြေဦးတည်ရာ အခန်းအပြင်ဖက်သို့ ပြေးထွက်မိသည်။ အခန်းအပြင်ဖက် ကော်ရစ်တာတလျှောက်တွင် စာကျက်နေသော ကျောင်းသူ
ပေါင်းများစွာနဲ့ သူခိုးတို့ ထိပ်တိုက်တွေ့ကြတော့သည်။ သူခိုးလည်း လှေကားအတိုင်း အသည်းအသန်းဖြင့် အဆောင်၏ အောက်ဆုံးထပ် ထွက်ပေါက်ရှိရာသို့ ဦးတည်ပြီး ပြေးလွှားသည်။ အထပ် လေးထပ်မှ ကျောင်းသူပေါင်း များစွာလည်း သူခိုးကို ညာသံပေး၍ နောက်မှ ပြေးလိုက်နေကြသည်။
ရှေ့ဆုံးတွင် ပြေးလွှားနေရသော တစ်ဦးတည်းသော သူခိုး ….
နောက်တွင် အသည်းအသန်း လိုက်လာကြသော ကျောင်းသူများ ….
ထိုအခိုက် သူခိုးသည် အကြံရတစ်ခုရသွားပြီး ရုတ်တရက် သူခိုး၏ခါးမှ ပုဆိုးသည်
ကျွတ်ကျသွားသည်။
သူခိုးနောက်မှ လိုက်လာသော ကျောင်းသူ အုပ်စုကြီးသည် အသံမျိုးစုံထွက်၍ ရပ်တန့်သွားသည်။
“ဟယ် … ဟင် … အို … အမလေး ….အကျင့်ပုတ်.....တေနာ...."
အဆုံးသတ်တွင် သူခိုးသည် လုံးဝလွတ်မြောက်သွားသည်။
ထိုအဖြစ်အပျက်များ ဖြစ်ပွားအပြီးတွင် ရန်ကုန် သူနာပြုတက္ကသိုလ်
ပိတောက်ဆောင်၏ နံရံတနေရာတွင် အောက်ပါ အတိုင်း ရေးသား
ထားသည်။
ကျေးဇူးပြု၍
မည်သည့် သူခိုးမဆို လေးစားလိုက်နာရမည်။
အတွင်းခံ ဘောင်းဘီပါမှသာ အဆောင်ပေါ်သို့ တက်ခိုးခွင့်ရှိသည်။
ပိတောက်ဆောင်
ရန်ကုန် သူနာပြု တက္ကသိုလ်
မှ - (hsarlawla.wordpress.com - rule-for-thieves)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...