Monday, March 2, 2015

♥♥ အမျိုးသမီးထု အတွက် ဆေးတစ်ခွက် ♥


မိန်းမတစ်ယောက်ရဲ့ အပြင်ပန်း အလှတရားက ရုပ်ရည်ဖြစ်ပြီး တစ်သက်သာ ရိုးမသွားစေနိုင်တဲ့ အလှကတော့ စိတ်ထားဖြစ်ပါတယ်။
လှသည်ဖြစ်စေ မလှသည်ဖြစ်စေ သူတို့ရဲ့အလှပတွေကို အဓိက ဆွဲဆောင်မှုရှိအောင် ပံ့ပိုးပေးနိုင်တဲ့ အချက်တော်တော်များများ ရှိကြပါတယ်။

ဥပမာ…… သူမရဲ့ ချစ်စဖွယ်ဟန်ပန်
ကျောက်ရုပ်လို မတုန်မလှုပ် အင်းမလုပ် အဲမလုပ်ကိုတော့ လူတိုင်းကြိုက်ကြမှာ မဟုတ်ပါဘူး။ အနေအေးတာကကောင်းပေမဲ့ တစ်ခါတစ်ရံ ကိုယ်ပျော်မွေ့နေတဲ့ ကိုယ့်ရဲ့စရိုက်ဟာ သူများတွက် စိတ်အခန့်မသင့်စေနိုင်တာမျိုးဖြစ်စေပါတယ်။
တွေ့သမျှလူတိုင်းကို လှိုက်လှိုက်လှဲလှဲ ဆက်ဆံတတ်တာမျိုးကလည်း ကောင်းတာရှိသလို မကောင်းတဲ့ဘက်ကနေ ကြည့်ပြန်ရင်လည်း မကောင်းပါဘူး။
Charming ဖြစ်တာက ကောင်းပေမဲ့ ထိုက်သင့်သလောက်ပဲ ကောင်းပါတယ်။
ရှေးလူကြီးပြောခဲ့တဲ့ စကားပုံအတိုင်းပါပဲ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပါပဲ။
သင့်တင်လျောက်ပတ်သော ချစ်စဖွယ်အမူရာလေးကတော့ မိန်းကလေးတိုင်းမှာ ရှိနေသင့်ပါတယ်။
အနေထိုင်တတ်ခြင်း မတတ်ခြင်းကလည်း သူမရဲ့စရိုက်ကို အကဲခတ်တဲ့နေရာမှာ အရမ်းကို အရေးပါအရာရောက်ပါတယ်။
ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ပေါင်းသင်း ၊ ချစ်ခင်မဲ့ သူက အနေထိုင်သိမ်မွေ့တာမျိုးကိုပဲ ပိုပြီးလိုလား တောင့်တကြမှာပါပဲ ။
ဟော့ဟော့ရမ်းရမ်းနဲ့ အရိပ်ကဲမသိပဲ နေထိုင်တတ်တဲ့သူမျိုးကိုတော့ မလိုလားကြတဲ့အတွက် ဒီအချက်ကိုဖြင့် အထူးဂရုစိုက် ပြုပြင်နေထိုင်စေလိုပါတယ်။
စကားပြော ယဉ်ကျေးသိမ်မွေ့တာကတော့ အထူးတည်ပြောစရာမလိုအောင် လူတိုင်းက နှစ်သက်ကြပါတယ်။
လူတော်တော်များများဟာ ကိုယ့်ကို လိမ်နေမှန်းသိနေရင်တောင်မှ ချိုချိုသာသာပြောတာကို ပိုပြီးလိုချင်ကြပါတယ်။
ဒါပေမဲ့ ကိုယ်ပြောလိုက်တဲ့စကားကတော့ မုသားမပါ လကာင်္မချောဆိုပေမဲ့ အပိုစာသားမပါပဲ အချိုဓါတ်မကဲလွန်းတဲ့ ချိုမြိန်မှုပဲ ဖြစ်စေချင်ပါတယ်။
စကားပြောပွင့်လင်းလို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်စကားက ပွင့်လင်းတာထက် ကျော်လွန်ပြီး ရိုင်းတဲ့ဘက်ကိုတော့ မရောက်ပါစေနဲ့။
လူတိုင်းက ကိုယ့်လိုဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် ဆိုတဲ့တစ်ချက်ကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့ ။ ကိုယ်ကသူ စိတ်မဆိုးလောက်ဘူးထင်ပြီး ပြောလိုက်ပေမဲ့ သူကစိတ်ဆိုးချင် ဆိုးသွားတတ်ပါတယ်။ စိတ်အခန့်မသင့်တဲ့အချိန်မျိုးတွေမှာလည်း ကိုယ့်စကားက သူ့တွက်နှာကစ်စရာမျိုးဖြစ်နေတတ်ပါတယ်။
တစ်ချို့ အထအန ကောက်တတ်တဲ့သူမျိုးနဲ့ဆို စကားပြောဖြစ်ခဲ့ရင် ပိုပြီးသတိထားပါ။
ပေါင်းသင်းဆက်ဆံရေး ကောင်းတာကလည်း ဆွဲဆောင်မှုတစ်မျိုးပါပဲ ။ ကိုယ်က ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဖြစ်တယ်ဆိုရင် လူတွေက သဘောတကျနဲ့ ပိုပြီးပေါင်းသင်းချင်ကြပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းရင်ကောင်းသလို ကိုယ့်ရဲ့ Network ကလည်း ပိုပြီးကျယ်ပြန့်သွားတတ်ပါတယ်။
အသိကျွမ်းနည်းတာထက် ပေါင်းသင်းဆက်ဆံတဲ့ ကွန်ရက်ကကျယ်ပြန့်နေတာက တစ်ခုမဟုတ်တစ်ခုတော့ အထောက်အပံ့ဖြစ်စေပါတယ်။
တကယ်လို့ ကိုယ်ဟာအားလုံးရဲ့ အော်ကြောလန်လောက်တဲ့ ပေါင်းသင်းဆက်ဆံမှုညံ့ဆိုတဲ့သူဖြစ်ခဲ့ရင် တဖြည်းဖြည်း အထီးကျန်လာရမှာပါပဲ။ စီးပွားရေးလုပ်တာပဲဖြစ်ဖြစ် အပေါင်းသင်းလုပ်ကြတဲ့နေရာမှာပဲဖြစ်ဖြစ် ချစ်သူကြားမှာပဲဖြစ်ဖြစ် အခြေခံလူမှုဆက်ဆံရေးတောင် အဆင်မပြေဘူးဆိုရင် တဖြည်းဖြည်းနဲ့ ကိုယ့်ကိုရှောင်သွားကြမှာပါပဲ။
မိန်းမတစ်ယောက်ရဲ့ ထက်မြတ်မှုဟာလည်း စတိုင်တစ်ခုထက် သူမရဲ့ဂုဏ်ရောင်ကို ပိုမိုထွန်းတောက်စေနိုင်တယ်လို့ ထင်ပါတယ်။
သာမာန်အနေရိုးပြီး ဘာမှမလုပ်တတ်ပဲ ခေါင်းသာညိမ့်တတ်တဲ့ မိန်းမတစ်ယောက်ထက် ထက်မြက်မှုရှိပြီး စီမံခန့်ခွဲနိုင်တဲ့မိန်းမတစ်ယောက်ရဲ့ အရောင်ဝါခြင်းက မတူညီကြပါဘူး။
ထက်မြတ်တဲ့မိန်းမတွေကို တစ်ချို့သောသူတွေက ကြိုက်တာရှိသလို ဒီအချက်ကို လန့်ကြတာလည်းရှိပါတယ်။
ဒီမှာလည်း ပြောစရာတစ်ခုရှိပါတယ်။ ကိုယ်ရဲ့ထက်မြတ်မှုဟာ သူများတွေကို လွှမ်းမိုးလွန်းတာမျိုး မဖြစ်ပါစေနဲ့။
အခက်ခဲတစ်ခုကို လာဘ်မြင်မြင်နဲ့ ရှင်းလင်းတတ်တာမျိုး ခေတ်အမြင်ရှိပြီး အခွင့်လမ်းတွေကို ကြိုသိကြိုမြင်တတ်တဲ့ ထက်မြက်မှုမျိုးကတော့ကောင်းပါတယ်။
အလုပ်အကိုင်ကတော့ သူမရဲ့ အောင်မြင်မှုကို ထင်ဟပ်စေနိုင်တဲ့ ပြယုဂ်တစ်ခုပါ။
မိန်းမတစ်ယောက်ဟာ လုပ်ငန်းခွင်ထဲမှာ အောင်မြင်ရင် အောင်မြင် မအောင်မြင်ခဲ့ရင် သူမရဲ့မိသားစု၊ အိမ်တွင်းရေး၊ အိမ်ထောင်ရေးကို ဘက်စုံကထိန်းသိမ်းနိုင်တာကလည်း အောင်မြင်မှုတစ်ခုပါပဲ။
အလုပ်လည်းမလုပ် အိမ်ထောင်မှုထိန်းသိမ်းခြင်းလည်း မတတ် ။ စိတ်လည်းမ၀င်စား ပဲ သူများချည်းအားကိုးနေမယ်ဆိုရင်တော့။ ကိုယ့်ရဲ့နေရာကိုလည်း သူများက အလွယ်တကူဝင်ရောက် ရယူသွားပါလိမ့်မယ်။
လုပ်ငန်းခွင်ရော မိသားစုရေးရာပိုင်းမှာရော ဘက်စုံမှာ လုပ်ရည်ကိုင်ရည်ရှိပြီး ထိန်းသိမ်းလုပ်ကိုင်နိုင်တဲ့ သူဆိုရင်တော့ အတိုင်းထက်အလွန် Perfect Woman ပေါ့လေ။
မိန်းမတစ်ယောက်ရဲ့ စိတ်ချမ်းမြေ့မှုဟာ အိမ်ထောင်ရေးမှာ အများကြီး မူတည်ပါတယ်။
ကိုယ့်ရဲ့အိမ်ထောင်ဘက်ရဲ့ ကိုယ်ရောစိတ်ပါ ထိန်းသိမ်းနိုင်ဖို့ကလည်း မိန်းမတစ်ယောက်ရဲ့ ခွင့်လွှတ်နားလည် ပေးနိုင်မှုမှာလည်း အများကြီးမူတည်ပါတယ်။
အချိန်ရှိသ၍ သ၀န်တိုမယ်၊ သံသယမျက်လုံးနဲ့ ကြည့်မယ် ၊ ရစ်မယ် ၊ ပြဿနာချည်း လှိမ့်ရှာနေမယ်ဆိုရင်တော့ သေချာပါတယ်။ 80 % လောက်က ကိုယ့်တွက်ရှုံးနိမ့်မဲ့ အိမ်ထောင်ရေး ဖြစ်မှာကတော့ ကျိန်းသေပါပဲ။
ဥာဏ်ပညာတွေ အကင်းပါးရတယ်ဆိုတာက ပညာရေးမှာပဲ အသုံးချရတာမဟုတ်ပါဘူး ။
ကိုယ့်ရဲ့အိမ်ထောင်ဘက်ကို လေ့လာတယ်ဆိုတာ မျက်လုံးချည်းသုံးလို့ ဖြေရှင်းလို့ရတာမဟုတ်ပါဘူး။
အိမ်ထောင်ရေး မြဲမြံချင်တယ်ဆိုရင်တော့ လိမ္မာပါးနပ်စွာ ဖြေရှင်းတတ်ရပါမယ်။ ပြဿနာတစ်ခု ရှိနေပြီဆိုတာနဲ့ ကိုယ်ဘက်က အဖြေကို အရင်ထုတ်ထားပါ။ ကိုယ်လက်လွှတ်နိုင်တယ်ဆိုရင် တစ်မျိုး လက်မလွှတ်နိုင်လို့ ငဲ့စရာရှိရင် တစ်မျိုး အစရှိသဖြင့် ဥာဏ်ရှိရှိ ပညာသားပါပါ အလိမ္မာနည်းသုံးပြီး ဖြေရှင်းတတ်ရပါမယ်။
မိန်းမတွေကို တန်ဖိုးထပ်မံပြီး တက်သွားစေတာက သားသမီးရတနာတွေပါပဲ။
အိမ်ထောင်တစ်ခုမှာ ဆည်းလည်းလေးတွေဖြစ်တယ် သားသမီးရတနာလေးတွေကို မွေးထုတ်နိုင်ရင်ကိုပဲ သူမဟာ တန်ဖိုးရှိနေပါပြီ။ ဒီကလေးလေးတွေကို ချစ်စဖွယ်ဖြစ်အောင် ပြုစုပျိုးထောင်း ထိန်းကျောင်းပဲ့ပြင်ရင်း ဒီကလေးကနေတဆင့် အိမ်ထောင်ဘက်နဲ့ကြားက သံယောဇဉ်ကို ထပ်မံချည်နှောင်သွားစေနိုင်ပါတယ်။
ကလေးတွေကို ထူးချွန်ထက်မြက်အောင် လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်သလို ကိုယ့်ရဲ့ဂုဏ်ကိုလည်း ပိုမိုတောက်ပြောင်သွားစေနိုင်ပါတယ်။
စိတ်နေစိတ်ထား အေးချမ်းခြင်းကတော့ သူမရဲ့ အိမ်ထောက်ဘက်တင်မက ပတ်ဝန်းရှိလူတွေအားလုံးကိုပါ ချမ်းမြေ့စေနိုင်တဲ့ အချက်ပါပဲ။ ပါရမီဖြည့်ဘက်အတွက် ကိုယ့်ရဲ့စိတ်သဘောထားကလည်း သူ့တွက် အဘက်ဘက်မှာ အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ အရေးကြီးဆုံးအချက်ပါပဲ။
အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတွေအဖို့ ရုပ်ရည်က အဓိကဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။
အိမ်ထောင်ရှိ အမျိုးသမီးတွေအတွက်ကတော့ ဥာဏ်ပညာရှိဖို့က အဓိကဖြစ်နေတတ်ပါတယ်။
တကယ်တော့ ရုပ်ရည်တင်မက အခြားသော အရည်ချင်းတွေရှိဖို့က အိမ်ထောင်ရှိရှိမရှိရှိ အသက်ရှင်ရပ်တည်နေသ၍ကတော့ လိုကိုလိုအပ်နေပါသေးတယ်။
╔══╗
╚╗╔╝
╔╝(¯`v´¯)
╚══`.¸အားလုံးကို ချစ်တဲ့... မနုဿ
www.facebook.com/manotetha
မနုဿ ရဲ့ စာမျက်နှာလေးများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...