Thursday, March 5, 2015

ဥပဒေက မှန်ကန်ပါတယ် ။


ငွေဟာ မမှန်ကန်တဲ့ အမှန်တရားတစ်ချို့ကို ဝယ်ယူလို့ရတယ် ။
ငွေဟာ လူတစ်ချို့ကို မမှန်မကန်ဖြစ်အောင် ဝယ်ယူလို့ရတယ် ။
ငွေဟာ သူတစ်ပါးရဲ့ ဘဝကိုကျဆင်းပြောင်းလဲ သွားအောင် လုပ်လို့ရတယ် ။
ငွေဟာ လူတစ်ယောက်ရဲ့ အသက်သေဆုံးတဲ့အထိ စွမ်းဆောင်နိုင်တယ် ။


ငွေဟာ လွတ်မြောက်မှုလမ်းစကို ဖွင့်ပေးနိုင်တယ် ။
ငွေကြောင့်ပဲ မတရားမှုတွေ ရှိလာကြတယ် ။
ငွေတွေသုံးပြီး သူများရဲ့ ဘဝတွေ နံမည်တွေကို သတ်နိုင်တယ် ။
ငွေကြောင့်ပဲ လူ့စိတ်တွေက ပြောင်းလဲသွားရတယ် ။
ငွေကြောင့် နိုင့်ထက်စီးနင်းမှုတွေ ဖြစ်လာရတယ် ။
ငွေကြောင့် သူတစ်ပါးမိသားစု မျက်ရည်ပေါက် ကြီးငယ်ကျရတတ်တယ် ။
ဒီငွေတွေကို လာဘ်လာဘ အဖြစ်သိမ်းဆည်းပြီး သူတစ်ပါးရဲ့ ဘဝကိုနင်းချသွားတဲ့ လက်တစ်လုံးခြား ဆုံဒဖြတ်ပေးတဲ့ လုက်ကိုင်ပေးတဲ့သူတွေ ညအိပ်ပျော်ရဲ့လား ။
ဒီတစ်ဘဝတွက်တော့ ကောင်းစားချင် ကောင်းစားမှာပေါ့ ။
လူတွေကတော့ ငွေနဲ့သိမ်းသွင်းလို့ရမှာပေါ့ တစ်ချိန် ကံကြမ္မာဆိုတဲ့ တရားသူကြီးကတော့ ငွေနဲ့မျက်စိမှတ်ပြီး ဆုံးဖြတ်တတ်မှာ မဟုတ်ဘူး။
သားသမီးတွေ ရှိခဲ့ရင် သားသမီးချင်းစာနာတဲ့စိတ်ဆိုတာ ရှိရပါတယ် ။
မောင်နှမတွေ ရှိခဲ့ရင် နှမသားချင်း စာနာတဲ့စိတ်ဆိုတာ ရှိရပါတယ် ။
ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိရပါတယ် ။
ဘယ်သူတွေ ငွေဘယ်လိုသုံးသုံး ကိုယ်လဲသုံးနိုင်ပါတယ် ။
ဒါပေမဲ့ ငွေနဲ့ဝယ်ယူလို့ရလာတဲ့ အမှန်တရားဆိုတာ နောက်ကြောင်းရှင်းပြီး ညအိပ်ပျော်မှာ မဟုတ်တဲ့တွက် ဝယ်မှာမဟုတ်ပါဘူး။
မတရားဘူးဆိုတာလည်း သိကြတယ်။
မတရားမှုထက် ရလာမဲ့ သိန်းရာဆယ်ချီ ဂဏာန်းက မတရားမှုတွေကို ပလ္လင်ပေါ်ရောက်စေတယ် ။
အရမ်းဖြစ်ချင်ခဲ့တဲ့ ရှေ့နေ
တစ်ခုပဲရွေးချယ်ပြီး တက်ခဲ့တဲ့ ဥပဒေ
ဒီတစ်ခါတော့ စိတ်နာမိတယ် ။
လူတွေကိုတော့ မမုန်းပေမဲ့ ရွံမိတယ် ။
သနားလည်းသနားမိတယ် ကြွေးသစ်ယူုပြီး နောက်ဘဝထိ ကူးရတော့မဲ့ အတွက် ။
ဝဋ်လည်တယ်ဆိုတာ ဘယ်လောက်ကြောက်ဖို့ ကောင်းလည်းဆိုတာ ဒီငွေရှင်ကြေးရှင် ပါမောက္ခ အသိုင်းဝိုင်းကမသိကြသေးဘူး ။
တကယ်တော့ ဥပဒေရဲ့အထက်မှာ ဘာမှမရှိပါဘူး ။
ဥပဒေက မှန်ကန်ပါတယ် ။
မှားယွင်းတာက လူတွေရဲ့ စိတ်ဓါတ်တွေ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...