Tuesday, March 31, 2015

"ဖွားဒေါသ"


အသက် ၆ဝ လောက်ရှိတဲ့ ဖွားဇူတစ်ယောက် လူသတ်မှုနဲ့ တရားရုံးရောက်နေတယ်။
တရားသူကြီးက မေးတယ်... ...
"အဲဒီကောင်လေးကို ဘာလို့သတ်ရတာလဲဆိုတာ ရှင်းပြပါ ဖွားဇူ"
"အဲဒီနေ့မနက်စောစော အိမ်ရှေ့တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တော့ အဲဒီမောင်မြတ်သူ ဖြစ်နေတယ်"
"အင်း..."

“သိမ်းတယ်လို့ မှတ်မှာလား”

Soe Min March 30, 2015 at 10:28am

          ကိုယ်တို့ရွှေပြည်ကြီးမှာ သတင်းလွတ်လပ်ခွင့်တွေ ဘယ်လိုပဲရသည်ဖြစ်စေ၊ ကိုယ်တို့သားအဖ ပြောဆိုနှီးနှောလေ့ရှိတဲ့ ဖေဖေ့ရှေးစကားများထဲမှာတော့ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး စာပေစိစစ်ရေးကြီး ရှိတယ် လို့ ပြောရမလား မသိပါဘူး။ ဘာဖြစ်လို့ဆိုတော့ မျက်မှောက်ခေတ်နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ ရိပ်ဖမ်းသံဖမ်းလောက်တောင် စကားထဲ ထည့်မပြောခဲ့ဘူး။ အဲ့ဒီအကြောင်းတွေကို သမီး စိတ်မဝင်စားစေချင်ဘူး။ သိတောင် မသိစေချင်ဘူး။ သိလို့ကောင်းတဲ့အရာတွေ မဟုတ်ဘူးလို့လည်း သဘောထားတယ်။ ဒါတွေသိကုန်ရင် လှပတဲ့သမီးရဲ့ကမ္ဘာငယ်ကလေး ပျက်စီးသွားလိမ့်မယ်။ အရုပ်ဆိုး အကျည်းတန်သွားလိမ့်မယ်။ ကိုယ့်သမီးနဲ့ သက်တူရွယ်တူကလေးတွေ နိုင်ငံရေးကိုသဘောပေါက်ကုန်လို့ မတရားမှုတွေ၊ မမျှတမှုတွေကို လက်မခံနိုင်လို့ အရွယ်နဲ့မမျှအောင် တိုက်ပွဲဝင်နေကြတာ မြင်ရတဲ့အခါ ရင်နာလွန်းလို့၊ ငါ့သမီးလေးများ အဲသလို လူအနိုင်ကျင့်ခံရလို့ရှိရင် ဆိုတာမျိုးကို တွေးတောင်မတွေးဝံ့ဘူး။

အခုလို ပူပြင်းလှတဲ့ နွေရာသီမျိုးမှာ “အပူဒဏ်မခံနိုင်သူများ” အတွက် နည်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။


ဒီနည်းလေးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ “ဆရာသာဂဒိုး” ရဲ့ နည်းလေးပါ။ ကျန်းမာတဲ့ လူတွေအတွက်တော့ သိပ်မသိသာပေမယ့် မကျန်းမာသူ ၊ အသက်ကြီးသူများအတွက်တော့ အလွန်သိသာပါတယ်။
ဆေးနည်းလေးက -
ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ “ရေနွေးကြမ်း” ပါဘဲ။ မနက်စောစောကတည်းက ရေနွေးကြမ်းကို ကျကျလေးနှပ် ၊ ပြီးရင် လုံးဝ, အေးသွားတဲ့ အထိ အအေးခံထား။

နိုင်ငံရေးကတိက၀တ်များ …မက်ဆေ့ခ်ျများ. နိုင်ငံရေးကတိက၀တ်များ …မက်ဆေ့ခ်ျများ

Khun Saing wrote a new note:
အင်္ဂလန်မှာလွှတ်တော်ကိုဖျက်သိမ်းထားပြီး နောက် ၃၈ရက်အကြာ  ရွေးကောက်ပွဲကနေ -ကွန်ဆာဗေးတစ် (တိုရီ ) နိုင် ပြီးဒေးဗစ် ကင်းမရွန်းဝန်ကြီးချုပ်ပြန်ဖြစ်မလား။ ဒါမှမဟုတ် လေဘာပါတီနိုင်ပြီး အက်မီလီဘန်းတက်လာမလား သိရတော့မယ်ဖြစ်ပါတယ်။

ကင်းမရွန်းက ပြီးခဲ့တဲ့ငါးနှစ်အတွင်း တိုင်းပြည်စီးပွါးရေုးဦးမော့အောင် သူလုပ်ပေးခဲ့တယ်။ အက်မီလီဗန်းတက်လာရင် စီးပွါးရေးကသောင်းကနင်းတွေ ပြန်ကြုံကြရမယ်။ သူနဲ့ အက်မီလီဗန်းဘယ်သူ့ရွေးမလဲ ဆိုတဲ့ အဓိက နိုင်ငံရေးမက်ဆေ့ခ်ျကို ပေးပါတယ် ။

April Fool အေပရယ်ဖူး ဒေး ဖြစ်ပေါ်လာပုံ


ကမ္ဘာ့ သမိုင်းတစ်လျှောက်မှာ ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့ စက်တင်ဘာလ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။

## ထင်မိယောင်မှား ဖြစ်ရပ်များ ##


စာရေးချင်စိတ်ကို ချိုးနှိမ်၍မရသည့်အဆုံး အတိတ်မြို့ဟောင်းတစ်နေရာကို ပြန်လည်တူးဖေါ်မိပြန်သည် ။
ကျနော့်မှာ အနာဂါတ်ကို ဘာမှပြောပြစရာမရှိ ။ ပစ္စုပ္ပန်သည်လည်း မကြာခဏ ချော်လဲနေပြန်သည် ။ ဟော ……ကြည့်  ……
အတိတ်တွေကရော ချိုနေပြန်လို့လား ………
ကျနော်မပြောတတ်ပါ ။ တခုတော့ရှိသည် … ကျနော့်အတိတ်ကာလတို့သည် ထင်မိယောင်မှား ဖြစ်ရပ်များစွာတို့ဖြင့် ကမောက်ကမ ဖြစ်ခဲ့သည်ဟု ဆိုပါလျှင် …………

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၃)

သစ်ထူးလွင်


Monday, March 30, 2015

လွမ်းငှက်တွန်ကြူး အတာနွေတန်ခူး

နှာဝဆီသို့ တိုးဝင်လာသော ရနံ့တစ်ခု။ သေချာစွာဖြင့် အနံ့ခံကြည့်လိုက်ရာ ပန်းရနံ့လေး တစ်ခုဖြစ်နေခဲ့၏ ။ ဆက်၍အိပ်ချင်နေသေးသော မျက်လုံးများ၏ ဆန္ဒကို ထုံသင်းမွှေးကြိုင်သော ပိတောက်ပန်းရနံ့တို့မှ တွန်းလှန်ဖယ်ရှားပစ်လိုက်ကြသည် ။ လေးလံသော မျက်ခွံ့များအား ကြိုးစားဖွင့်ကြည့်လိုက်သည်။ မျက်ဝန်း ရှေ့တည့်တည့်၌ ရွှေဝါရောင် ပိတောက်ပန်းခက်လေးများအား မြင်လိုက်ရလေသည် ။

မေးခွန်း၂ ခု။



မေးခွန်း (၁)
တခါက အမျိုးသမီးတဦးမှာ ကိုယ်ဝန်လွယ်ထားရသည်၊ သူသည် ကလေး- ၈ ယောက် မွေးထားပြီးဖြစ်သည်၊ ယင်းတို့အနက်မှ - ၃ ဦးမှာ နားမကြားကြပေ၊ ၂ - ဦးမှာမျက်စိမမြင်ကြပေ၊
၁ - ဦးမှာ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မရှိပေ၊ သူမကိုယ်တိုင်မှာ ဆစ်ဖလစ်ရောဂါ စွဲကပ်နေသေးသည်၊ သင်သူ့ကို ကိုယ်ဝန်ဖျက်ချဖို့ တိုက်တွန်းမည်လား၊ သို့မဟုတ် ထို ကလေးကိုမွေးခိုင်းမည်လား။
------------
မေးခွန်း (၂)
သင့်အား ကမ္ဘာ့ခေါင်းဆောင်တဦးအား ရွေးချယ်ရာတွင် မဲပေးခိုင်းပါမည်။ သင်၏မဲသည် အဆုံးအဖြတ်မဲဖြစ်သည်။
ယင်း ခေါင်းဆောင်လောင်းလျှာ -၃ ဦးမှာ :-

## အကယ်၍ ……… သိခဲ့ပါလျှင် ##


ဒုတိယမြောက်ဖုန်းမြည်သံ အပြီးတွင် ပါဝါမပိတ်ဘဲ ဘက်ထရီကိုဆွဲဖြုတ်လိုက်သည် ။တစ်ဖက်တွင်တော့ 
အလိုအလျောက်ဖြေကြားစက်မှ ဧရိယာပြင်ပရောက်နေကြောင်း ဖြေနေမည်ထင်၏ ။ မေ တစ်ယောက်တော့ 
စိတ်ကောက်နေလောက်ပြီ ဟုမသက်မသာတွေးရင်း ခေါင်းတစ်ချက်ရမ်းမိသည် ။
ဖုန်း ကိုင်၍မဖြစ်သေး …. လောလောဆယ်ဆယ် လုပ်စရာတွေ များလွန်းနေ၍ တစ်ဘက်မှချစ်သူ မေ ၏
စကားနာထိုးခြင်းကို ရှောင်ရလိမ့် ဦးမည် ။

ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက အသက်ကြီးလာတဲ့အခါ နောင်တရမယ်ဆိုတာသိလား...???


ခရီးမသွားခြင်း
-------------------
ခရီးသွားခြင်းဟာ ငယ်ရွယ်စဉ်အချိန်မှာပဲ သွားလို့ကောင်းပါတယ်။ပျော်ရွင်မှု့အပြည့်အ၀ခံစားနိုင်တဲ့ အပြင်
လွတ်လပ်ပေါ့ပါးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။အသက်ကြီးလာတဲ့ အခါ ကျန်းမာရေး စတဲ့အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားဖို့ ခက်ခဲတဲ့ အပြင် သွားဖြစ်ခဲ့ရင်တောင်မှ ငယ်စဉ်ကလောက် လွတ်လွတ်လပ်လပ် မပျော်နိုင်တော့လို့ ဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၃)

သစ်ထူးလွင်


Sunday, March 29, 2015

နေပြည်တော် တည်ဆောက်မှု လျှို့ဝှက်ချက်ကို ဖေါ်လိုက်ပြီ


သမ္မတရုံးပြောဆိုခွင့်နှင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ ကန့်သတ်တားမြစ်ထားသော သတင်းအချက်လက်များ ဖြစ်ပါသည်…..
မြန်မာပြည်တွင် ဘုရင်ဆိုသော ပဒေသရာဇ်စနစ်အား အရူးထလုပ်ဆောင်သော လုပ်ငန်းများထဲတွင် မိမိတို့နေထိုင်ရန်နှင့် စီမံခန့်ခွဲရန် အကြောင်းရင်းများအပါဝင် မိမိနှင့် မိမိ၏ ဆွေမျိုးညာတိများအတွက် လုံခြုံရေးသည် အရေးကြီးကြောင်း အထူးသတိထားရကာ နေပြည်တော်ဆိုသော မင်းဘုရင်ရူးတို့ ၏ မြို့တခု မြန်မာတွင်

“ကျန်းမာရေး ဂရုစိုက်”

          ရန်ကုန်ပြန်ရောက်လို့ စိတ်ချမ်းသာရတဲ့ထဲမှာ ကိုယ့်သမီးလေးနဲ့ ထွေရာလေးပါးစကားစမြည်ပြောရင်း သူ့စိတ်ထဲမှာရှိတာတွေကို အကဲခတ်၊ ကိုယ့်စိတ်ထဲက သူသိစေချင်တာကလေးတွေ နားဝင်အောင်ဖြောင်းဖြရတာ အဓိကပါပဲ။ မိသားစုကလွဲရင် အပြင်လူတစိမ်းနဲ့ ခေါ်ပြောဆက်ဆံ မရှိသလောက် နှုတ်နည်းတဲ့ကလေးကို ကိုယ့်ဆီကတဆင့် အပြင်လောကကြီးကို ကြည့်တတ်မြင်တတ်အောင် ပြူတင်းပေါက်ကလေးတွေ ဖွင့်ပေးရသလိုပေါ့။ လက်ရှိအချိန်မှာ ကိုယ်စိတ်ချမ်းသာရသလိုပဲ နောင်တစ်ချိန်ကျရင်လည်း သူ့အတွက် ပြန်အောင့်မေ့သတိရတဲ့အခါ စိတ်ချမ်းသာသွားစေချင်တယ်လေ။ Paternal Image လို့ခေါ်တဲ့ ဖခင်ရင်ငွေ့ကလေး နွေးထွေးစွာ စွဲထင်ကျန်ရစ်စေချင်တာကိုး။ ကိုယ်ငယ်ငယ်တုန်းကအကြောင်းလေးတွေ ပြောပြဖြစ်တယ်။ သူဘယ်လိုတွေးသလဲ သိအောင် စပ်စုတယ်။ အဲသလိုနဲ့ သည်သားအဖလည်း စကားတွေက ပြောမကုန်ဘူး။ သမီးဟာ သူကြုံတွေ့လာရတဲ့ အခက်အခဲတွေရှိလာရင် သူ့အဖေ သူ့အရွယ်တုန်းက ဘယ်လိုဖြတ်သန်းသလဲဆိုတာကို စိတ်ဝင်စားတယ်။

လီကွမ်ယူရဲ့ ဘာသာစကားနှစ်ခု သင်ကြားရေးစနစ်



လီကွမ်ယူအကြောင်းရေးထားတဲ့ စာအုပ်တွေနဲ့ သူကိုယ်တိုင် ရေးတဲ့ စာအုပ်တွေကို မြန်မာစာဖတ်ပရိတ်သတ် အတော်များများရင်းနှီးပြီးသားဖြစ်ပေမဲ့၊ ‘ကျွန်ုပ်၏ ဘ၀တစ်သက်တာ စိန်ခေါ်မှု’  (My  Lifelong Challenge)  စာအုပ်ကိုတော့ လူသိနည်းသလို၊ ဘာသာပြန်ထားတာလည်းမတွေ့ရသေးပါ။ ဒီစာအုပ်က စင်္ကာပူရဲ့ ဘာသာစကားနှစ်ခု သင်ကြားရေးခရီးရှည် ( Singapore’s Bilingual Journey) အကြောင်း သူကိုယ်တိုင် ရေးထားပြီး၊ ငယ်စဉ် ပညာဆည်းပူးခဲ့ပုံ၊ ဘာသာစကားလေ့လာလိုက်စားမှု အတွေ့အကြုံနဲ့ ပညာရေးဝန်ကြီး ၀င်လုပ်ခဲ့ပုံတွေကို ပြန်ရေးထားတာပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၃)

သစ်ထူးလွင်


Saturday, March 28, 2015

"ဘာသာပြန်ခဲ့မိသော ဟာသများ"

1. နှစ်ခါတည်းပါ
-------------------
"မင်းနဲ့ငါနဲ့ ပေါင်းသင်းလာတဲ့ကာလတစ်လျှောက်မှာ မင်း တခြားယောက်ျားတွေနဲ့ ဖောက်ပြန်ဖူးလား"
"ဟုတ်ကဲ့... ၂ ခါတော့ ဖောက်ပြန်ဖူးပါတယ်"

"ဘာာာာ.... ဘယ်တုန်းကလဲ ပြောစမ်း"
"၁၉၉ဝ ရှင်ခြေထောက်ကျိုးတော့ ဆေးကုစရာ ပိုက်ဆံမရှိလို့၊ အလကားကုပေးဖို့ ဆရာဝန်ကို ကျမ... ကျမ..."
"ကဲ... နောက်တစ်ခါကရော..."

အိုင်ဖုန်းသိမ်းယူထားတဲ့ မိခင်ဖြစ်သူကိုသမီးက အဆိပ်ခတ်သတ်ရန် ကြိုးပမ်း



ကိုလိုရာဒို-
အိုင်ဖုန်းသိမ်းယူထားလို့ မိခင် ဖြစ်သူကို သမီးက အဆိပ်ခတ်သတ်ရန်ကြိုး စားခဲ့တဲ့ ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ ကို လိုရာဒိုပြည်နယ် မှာ ဖြစ်ပွားခဲ့ ပါတယ်။
အဆိုပါဖြစ်ရပ်ကတော့ အသက် ၁၂နှစ်အရွယ်ခန့်သာရှိသေးတဲ့ မိန်းကလေး ငယ်ဟာ သူမရဲ့အိုင်ဖုန်းကို သိမ်းယူထား တဲ့မိခင်ကို လက်စားပြန်ချေတဲ့ အနေနဲ့ နှစ် ကြိမ်တိတိ အဆိပ်ခတ်သတ်ရန် ကြိုးပမ်း ခဲ့ပေမယ့် သူမရဲ့လက်စားချေမှုဟာ မအောင် မြင်ခဲ့ပါဘူး။

ပိုစတာများ... (သစ်ကောင်းအိမ်)



ပိုစတာကြီးတွေ
ပြောင်းသွားတယ်
ကျော်ဟိန်း... ကျော်သူ...
စိုးသူ... ရန်အောင်...
ဒွေး...

တိုင်ပတ်နေသော မြန်မာ့ပညာရေး


ကျောင်းဆရာဖြစ်ခါစက သင်ရိုးညွှန်းတမ်းဆိုင်ရာ သင်တန်းဆိုလို့ စိတ်ဝင်စားပြီးတက်ခဲ့ပါတယ်။ အထူးသဖြင့် မူလတန်းတွေကို အင်္ဂလိပ်စာ သူငယ်တန်းကပြန်သင်ဖို့ ပြန်လုပ်ကြတဲ့အခိုက်မှာပေါ့။ အရင်က ငါးတန်းရောက်မှ အင်္ဂလိပ်စာသင်ကြဟလို့ စမ်းသပ်လိုက်တော့ ကမ္ဘာ့အလယ်မှာ နောက်ကောက်ကျသွားတယ်။ ပညာမတတ်တဲ့ စစ်ဗိုလ်စစ်သားတွေ တိုင်းပြည်ကိုတက်ပြီးအုပ်ချုပ်တော့ ပညာရေးကို ဘယ်အထင်ကြီးမှာလဲ။ ပညာရှင်ဆိုတာ တွေကိုလည်း စစ်ဗိုလ်စစ်သားတွေက ထညက်လေးပစ်ပေးလိုက်တာနဲ့ ရမ်းတမ်း ရမ်းတမ်းပါသွားပြီး၊ ခိုင်းတော် မူပါဘုရား၊ ရွှေစိတ်တော်အလိုကျ ပညာရေးကို ပညာပြပေးပါ့မယ်ဆိုတာနဲ့ မြန်မာ့ပညာရေးဟာ ခုချိန်အထိ အိုးခြမ်းပဲ့နဲ့ ထမင်းရည်သောက်နေရတဲ့အဆင့်မှာပဲရှိနေခဲ့ရတယ်။
သင်တန်းမှာ အရမ်းရယ်ရပြီး ပျော်စရာကောင်းတယ်။ ဆရာကြီးတွေကို နမူနာပြပြီး ထွက်သင်ခိုင်းတော့ တောကျောင်းက ဆရာကြီးတစ်ယောက်က ရုပ်ပုံကားချပ်ကြီးကို ဟန်ပါပါထောက်ပြီး
နိုးဝမ်း အဘွတ်ခ

ရောက်သင့်တဲ့အဆင့်နဲ့ ဝေးကွာနေဆဲ မြန်မာနိုင်ငံ


ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ ပြောချင်တဲ့သူတွေ ရှိကြတယ်။ လုပ်ဖို့ အလုပ်တွေကော တကယ်ရှိရဲ့လား။ ရှိတဲ့အလုပ်တွေကလည်း ကြိုးကြိုးစားစားလုပ်တာတောင်မှာ ကုန်ဈေးနှုန်းကြီးတဲ့ ခေတ်ကြီး ထဲမှာ မိသားစု ချောင်လည်ဖို့ ထောက်ပံ့နိုင်ရဲ့လား၊ ကိုယ်ပိုင်အိမ်လေးနဲ့ရော တသက်နေနိုင်ပါ့မလား -- ??????

ဆီကျူလာ ၊ ဆီကျူလာရိုက်ဇေးရှင်း ၊ ဆီကျူလာရစ်ဇင်


ဆီကျူလာရစ်ဇင် ( Secularism) ၀ါ လောကီဆန်မှုအမြင်နဲ့ပတ်သတ်လာရင် အဓိကကျတဲ့စကားလုံး သုံးလုံးရှိတယ် ၁။သူနဲ့ဆက်နွယ်နေတဲ့ စကားလုံးသုံးလုံးပါပဲ။ တစ်လုံးနဲ့ တစ်လုံး အခြေခံအားဖြင့်မတူပဲ ဆက်နွယ်နေ တယ်။ ဆီကျူလာရစ်ဇင်ဆိုတဲ့ အမြင်ကိုလည်း အထောက်အပံ့ပေးကြတာတွေ့ရမယ်။ ယေဘုယျအားဖြင့်တော့ ဆီကျူလာ( secular )၂ ဆိုတာ ခေတ်သစ် သိမှုဆိုင်ရာ အမျိုးအစားခွဲ တစ်ရပ် ၊ ဆီကျူလာရိုက်ဇေးရှင်း ( Secularization) ဆိုတာကတော့ ခေတ်သစ် ကမ္ဘာလောကရဲ့သမိုင်းဆိုင်ရာ ဖြစ်စဉ်ကို အယူအဆရေးရာ အားဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိတဲ့အရာ ၊ ဆီကျူးလာရစ်ဇင်ကတော့ရှင်းပါတယ် ၊ လောကီဆန်တဲ့ ကမ္ဘာလောကကြီးရဲ့ အိုင်ဒီယိုလိုဂျီ ။ ဘာသာရေးမစွက် လောကီဆန်တဲ့ အတွေးအမြင် ၊ အိုင်ဒီယိုလိုဂျီတစ်ခုပဲ။ ဆီကျူးလာက ခေတ်သစ် သိမှု ဆိုင်ရာ အမျိုးအစားမှာ အဓိကကျတဲ့ အယူတစ်ရပ်ပဲ ။ သူ့ကို သီအိုလိုဂျီ- ဒဿနပညာ အတွဲ ၊ ဥပဒေ- နိုင်ငံရေးဆိုင်ရာ အတွဲ နဲ့ ယဉ်ကျေးမှုနဲ့ မနုသဗေဒဆိုင်ရာအတွဲတွေမှာတွေ့ရမယ်။ ဘာသာရေးကနေ ကွဲလွဲဖို့ အနက်အဓိပ္ပာယ်ဖွင့် ဆိုတာ ၊ တည်ဆောက်တာ ၊ တစ်ခုခုကို ဆုပ်ကိုင်မိအောင်လုပ်တာ၊ တွေ့ကြုံခံစားမိအောင်လုပ်တာတွေဟာ ဆီကျူလာ တွေပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၃)

သစ်ထူးလွင်


Friday, March 27, 2015

ကိုးနှစ်အရွယ် စူပါမော်ဒယ်


ကိုးနှစ်အရွယ် စူပါမော်ဒယ်တစ်ယောက် ဖြစ်တဲ့ ခရစ်တီးနား ပင်မီနိုဗာ ဟာ ကမ္ဘာ့အချောအလှဆုံး အမျိုးသမီးငယ်လေးအဖြစ် တင်စားခေါ်ဝေါ်ခံရပါတယ်။
သူမကတော့ သူမရဲ့ မော်ဒယ်တစ်ယောက်ရဲ့ ဘဝကို အသက်သုံးနှစ်အရွယ်မှစတင်ခဲ့ပြီး နာမည်ကျော် ပွဲကြီးတွေဖြစ်တဲ့ Vogue, Armani, Dolce, Gabbana နဲ့ Mirror တို့မှာ ထင်ရှားတောက်ပစွာ ပါဝင်ခဲ့ပါတယ်။

ခွေးအူသံများ မကြားချင်ရင်


ကျွန်တော်က ခွေးကို ချစ်တော့ချစ်တယ်၊ ခွေးမွေးရမှာကြောက်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ အိမ်မှာ ထမင်းမှ ချက်မစားတာ။ ပြီးတော့ အိမ်မှာအနေလည်းနည်းတယ်။ အိမ်ဆိုတာ ကျွန်တော့်အတွက်တော့ မိုးချုပ်ရင် ပြန်အိပ်တဲ့နေရာ၊ ကိုယ့်ဝမ်းစာ စာအုပ်တွေကို သိုလှောင်သိမ်းဆည်းထားရာ နေရာတစ်နေရာလို့ပဲ သတ်မှတ်ထားတာ။ ဒါကြောင့် ခွေးတော့ ချစ်တယ်။ ခွေးမမွေးဘူး။
ခွေးမွေးတာ ကောင်းတာပေါ့။ အနည်းဆုံး ခြံလုံတယ်။ ဟောင်တတ်တဲ့ခွေးမွေးထားရတာ ပိုတောင် ကောင်း သေးတယ်။ အသံကြောင့် လူရှိန်ပြီး ကြောက်ဖော်ရတယ်။ ကိုယ်က အခြေအနေကြောင့် ခွေးမမွေးနိုင်တာ။ အိမ်အနီးနားတစ်ဝိုက် ပေါလိုက်တဲ့ခွေးတွေ။ ညဆိုရင် မည်းမည်းမြင်တာနဲ့ ထိုးဟောင်တော့တာ။ ဟောင်ရုံ လောက်က တစ်ခါတစ်ရံဆိုတော့ ပြဿနာမဟုတ်ဘူးဗျ။ ပိုဆိုးတာက ညဥ့်နက်သန်းခေါင် ရောက်လာပြီဆိုရင် ခွေးတွေရဲ့ ဘာဝ အူကြတော့တာ။ အူတာမှ ရိုး⁠ရိုးမအူဘူး။ ဆွဲ⁠ဆွဲငင်ငင်အူကြတော့ အိပ်ရေးပျက်တာပေါ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၃)

သစ်ထူးလွင်


Thursday, March 26, 2015

လင် နဲ့ မယား

1. အိပ်မက်လင်မယား
--------------------------------
"သေစမ်းဟာ အင့်ဟာ အင့်ဟာ မတာမ သေလိုက်စမ်း..."
"ယောက်ျား ယောက်ျား ထ ထ"

"ဟင်... ဟမ်... ဘာ ဘာလဲ"
"ရှင် အိပ်နေရင်း ယောင်နေလို့"

သစ်ဆွေးတုံးများ၏ အနာဂတ်


လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က Sky Net ရုပ်သံအစီအစဉ်ကို ဖွင့်လိုက်တော့ ဆွေးနွေးပွဲတစ်ခုကို နားထောင် လိုက်ရတယ်။ ဆရာကြီး သင်္ချာ သန်းနိုင်ဆွေးနွေးတဲ့အထဲမှာ "သစ်ဆွေးတုံးကို ပန်းပုထုလို့ မရဘူး" ဆိုတဲ့ စကားကိုတော့ ကြိုက်မိတယ်။
ကျန်တာတွေကတော့ ဦးဆောင်ဆွေးနွေးသူတွေပါ ကိုယ်လိုရာကိုယ်ပြော၊ အစိုးရကို လော်ဘီလုပ် သလိုလို မျိုးတွေဖြစ်နေလို့ သဘောသိပ်မကျမိပါဘူး။ အဲဒီဆွေးနွေးပွဲတစ်ခုလုံးမှာ "သစ်ဆွေးတုံးကို ပန်းပုထုလို့ မရဘူး" ဆိုတဲ့ စကားတစ်ခွန်းပဲ စွဲကျန်ခဲ့တယ်။

ပညာနဲ့ သညာ


ကျွန်တော် ဆရာဦးဌေးကြွယ်အကြောင်းပြောတော့ ဆက်စပ်ပြီးပြောရမယ့်သူတစ်ယောက်အကြောင်း ပေါ်လာ တယ်။ သူကတော့ စောရောဂျယ်ဆိုတဲ့ ကရင်လူမျိုးတစ်ယောက်ပါ။ စောရောဂျယ်က တိုက်နယ်ဆေးရုံကြီးမှာ သန့်ရှင်းရေး။ ဒါပေမဲ့ နှစ်ပေါင်းများစွာဆေးရုံမှာ တာဝန်ထမ်းလာပြီး ဆရာဝန်ကြီးတွေ မလုပ်ချင်တဲ့ အလုပ်တွေ အားလုံး သူလုပ်ပေးရာကနေ ကျွမ်းကျင်လာတာ။
ဆရာဝန်ကြီးတွေက ရဲမှုခင်းအရ လူသေအလောင်းတွေလာပို့လို့ မစစ်ချင်ရင် စောရော်ဂျယ်ကစ⁠စ်၊ ပြီးရင် တွေ့တာကိုပြော၊ ဆရာဝန်ကမှတ်ချက်ရေး လက်မှတ်ထိုးပေးလိုက်တာပဲ။ အဲဒီတာဝန်တွေကို ခေတ်အဆက် ဆက် လုပ်လာတာဆိုတော့ ဆရာဝန်ကြီးတွေက ခွဲစိတ်ရင်တောင် ခွဲစိတ်ခန်းအကူနဲ့ လုပ်ပေးရတာလည်း ရှိတယ်။ နောက်ဆုံးဆရာဝန်ကြီးတွေက ဘယ်လောက်အထိ စောရော်ဂျယ်ကို ယုံသလဲဆိုရင် နောက်ဆုံး အဆင့် ခွဲစိတ်ထားတာတွေကို ပြန်ချုပ်ဖို့အတွက် သူ့ကိုထားပြီး ခွဲစိတ်ခန်းထဲက ထွက်လာတာမျိုးတွေတောင် ရှိတယ်။

ဆီးချိုရောဂါနဲ့အချိုမှုန့်


လူမှန်းသိတတ်စချိန် -အမေကဘေးအိမ်ကလူတွေနဲ့စကားတွေအော်ပြီးမေးလိုက်ပြောလိုက်လုပ်နေတာလေးကို သတိရမိ ပြီးဒီစာလေးကိုရေးဘို့သတိရခဲ့တာပါ။ပြည်သူပိုင်သိမ်းလိုက်ပြီတဲ့ ၊ဘာမှနားမလည် ။ ပြန်တွက်တော့ အဲဒီတုံးက (၄)နှစ်သား ၊ကျောင်းမနေရသေး ဒါပေမဲ့လူကြီးတွေရဲ့စကားတွေကို ကြားတော့ကြားတယ် ဘာရယ်မသိခဲ့၊လိုရင်းကိုမသိခဲ့။ အဲဒီအရွယ်ထဲက အမေဈေးက ဆွဲခြင်းပါလာရင်နောက်ဖေးကို မနိုင်တနိုင်ဆွဲသွား၊ပြီးကြက်သွန်နွှာ ထောင်း ပန်ကန်တွေဝိုင်းဆေး။

နွားရိုင်းသွင်းချိန်။ ။ (မင်းဒင်)



(၁)
နေဝင်သွားခဲ့သော်ငြား၊ညမဟုတ်သေးချေ။နေ့အလင်းရောင်သည်
မြေကမ္ဘာမှအသာတကြည် ဆုတ်ခွာရန် အကြောက်အကန်ငြင်းဆန်လျက်ရှိ၏။ထွက်ပြူလာမည့်
လမင်းသည်လောကဓာတ်တခွင်ကိုမဝံ့မရဲ ချောင်းကြည့် ရင်း ၊အေးရိပ်ပေးရန်အားယူလျက်ရှိသည်။ အန္တရာယ်၏ အရိပ်အငွေ့ကို စူးစမ်းနေလေသလောမဆိုနိုင်ချေ။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...