Monday, February 16, 2015

ချစ်ဇနီးအတွက် သွေး ၁၄၇ ကြိမ်လှူခဲ့တဲ့ ခင်ပွန်း


ဇနီးဖြစ်သူဟာ သွေးအားနည်းရောဂါခံစားနေရပြီး သွေးနီဥနည်းနေပါတယ်။ နောက်တစ်ခုအနေနဲ့ ကြွက်သားများ နာကျင်တဲ့ myasthenia ဝေဒနာလည်း ခံစားနေရပါတယ်။ ဒါကြောင့်မို့ ခင်ပွန်းဖြစ်သူ Xu Wenwu ဟာ သူ့ဇနီးအတွက် သွေးလှူပါတော့တယ်။
၂၀၀၃ ခုနှစ်က ရောဂါဝေဒနာ စတင် ခံစားရပြီး ဆင်းရဲတဲ့ မိသားစု ဖြစ်တာကြောင့် သွေးကို အမြဲ မဝယ်နိုင်ပါဘူး။ ကံကောင်းထောက်မစွာပဲ အမျိုးသားရဲ့ သွေးဟာ အမျိုးသမီးရဲ့ သွေးနဲ့ အမျိုးအစား တူနေပါတယ်။
ဒါကြောင့်မို့ သူကိုယ်တိုင်ပဲ သွေးကို ၁၀ နှစ်စလုံး ပုံမှန် ဖောက်ထုတ်ပေးခဲ့ပြီး ဇနီးအတွက် ထောက်ပံ့ပေးခဲ့ပါတယ်။ ၂၀၁၄ လောက် ရောက်တဲ့အချိန်မှာတော့ ဇနီးဟာ ပြန်လည် ကျန်းမာရေး ကောင်းပြီး သာမန်လူလို့ အသက်ပြန်ရှင်ခွင့် ရရှိခဲ့ ပါတယ်။
Jilin ပြည်နယ် Changchun city မှာ နေထိုင်သူတို့ ဖြစ်ပါတယ်။ ၁၀ နှစ်စလုံး စုစုပေါင်း ၁၄၇ ကြိမ် လှူတယ်ဆိုတာ နည်းတဲ့ အကြိမ်အရေအတွက် မဟုတ်ပါဘူး။ တရုတ်ပြည်ရဲ့ သွေးလှူတဲ့ဥပဒေအရ မိမိခင်ပွန်း၊ ဇနီး နဲ့ ဆွေမျိုးများအတွက် သွေးလှူခွင့်ရှိတာကြောင့် ယင်းကဲ့သို့ အကြိမ်အရေအတွက် များစွာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ယနေ့တော့ သူတို့ ၂ ဦးစလုံးမှာ ကျန်းကျန်းမာမာ ရှိပါတယ်။ အမျိုးသား ဖြစ်သူဟာ ဇနီး ကျန်းမာသွားပေမယ့် သူ့ရဲ့ သွေးလှူမှုလုပ်ဆောင်ချက်ကို မရပ်တန့်ပဲ ဆင်းရဲသူများအတွက် ဆက်လက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အသက်ရှင်ဖို့ ဖြစ်နိုင်ချေ အနည်းဆုံးမှာ ရှိတဲ ဇနီးကို ကယ်နိုင်ခဲ့တဲ့ Xu Wenwu ကို အချစ်အတွက် အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့သူလို့ ပြောစမှတ် ပြုစေခဲ့ ပါတယ်။
.
Ref: CCTVNews
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...