Tuesday, February 10, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၂)

သစ်ထူးလွင်


Posted: 10 Feb 2015 06:33 AM PST
တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ရှမ်းပြည်နယ် အရှေ့မြောက်ဘက်က ကိုးကန့်ဒေသမှာ အစိုးရနဲ့ ကိုးကန့်ခွဲထွက်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေရာက ဒေသခံတွေ တရုတ်နိုင်ငံထဲအထိ ရောက်လာနေတဲ့အတွက် စိုးရိမ်ပူပမ်တဲ့အကြောင်း တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ “မနေ့ကစပြီး ဒီကနေ့အထိ မြန်မာနိုင်ငံ နယ်စပ်ဒေသက လူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်တဲ့အတွက် တရုတ်နိုင်ငံထဲ ၀င်ရောက် 
Posted: 10 Feb 2015 06:04 AM PST
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှာ ဒေသခံရွာသားနဲ့ ရဲတပ်ဖွဲ့ အကြား ဒီကနေ့  အဓိကရုဏ်း ထပ်မံ ဖြစ်ပွားရာမှာ ရွာသား ၉ ဦး ဒဏ်ရာ ရရှိတယ်လို့ သိရပြီး ရဲဘက်က ထိခိုက်မှု ကိုတော့ မသိရသေးပါဘူး။ ဒီအဖြစ်အပျက်ဟာ ရွာသူတဦး သေနတ်ထိမှန်သေဆုံးခဲ့တဲ့ မနှစ်ဒီဇင်ဘာ အဓိကရုဏ်းအတွင်း အပြန်အလှန် တိုက်ခိုက်မှုအပြီး ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်
Posted: 10 Feb 2015 06:03 AM PST
ရန်ကုန် ဖေဖော်ဝါရီ ၉ ရန်ကုန်မြို့အိမ်ခြံမြေ ဈေးကွက်အနေဖြင့် မြို့အစွန် ပိုင်းရှိ မြေကွက်တန်ဖိုးများ ဆက်တိုက်ကျဆင်းမှု ရှိနေ ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။ ''အရောင်းအဝယ်မရှိတော့ မြေဈေးတွေက ထက်ဝက်လောက် ကျသွားတယ်''ဟု ဒဂုံမြောက် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။ ၂ဝ၁၅ ခုနှစ် နိုင်ငံရေး အခြေအနေကို စောင့်ကြည့် နေခြင်း၊ စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြုပ်နှံမှုများ ထပ်မံ မပြု
Posted: 10 Feb 2015 05:50 AM PST
အိန္ဒိယ နိုင်ငံမှာ အဂတိ လိုက်စားမှု ဆန့်ကျင် တိုက်ဖျက်ရေး ပါတီ ဖြစ်တဲ့ Aam Aadmi(AAP) ပါတီဟာ မြို့တော် ဒေလီ ပြည်နယ် ရွေးကောက်ပွဲမှာ အာဏာရ BJP ပါတီကို ပြည်နယ် အမတ်နေရာ ၉၀ ရာခိုင်နှုန်း ကျော် နဲ့ အပြတ်အသတ် အနိုင်ရရှိသွားပါတယ်။ ပြည်နယ် အမတ်နေရာ ၇၀ အနက် ၆၇ နေရာကို Arvind Kejriwal ရဲ့ AAP ပါတီက အနိုင်ရသွားတာ ဖြစ်တဲ့အတွက် BJP ပါတီနဲ့ ခေါင်းဆောင် ဖြစ်သူ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အပေါ် အကြီးအကျယ် ရိုက်
Posted: 10 Feb 2015 04:15 AM PST
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့နဲ့ ပူးတွဲပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေကြသလို အစိုးရ ဘက်က လေကြောင်းက ပစ်ကူတိုက်ခိုက် နေတယ်လို့ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) က ပြောပါတယ်။ မနေ့က ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့နဲ့  တိုက်ပွဲမှာ အစိုးရဘက်က အင်အားသုံး တိုက်ခိုက်တဲ့ အတွက် တို
Posted: 10 Feb 2015 04:13 AM PST
၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့  အဖွဲ့ဝင် ၁၉ ဦးပါ  ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီက  ဖေဖော်ဝါရီလ ၉ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ပါတီနာယက သူရဦးတင်ဦးက ခေါင်းဆောင်ပြီး ဗဟိုအလုပ် အမှုဆောင် ၂ ဦး အပါအ၀င်  ပြည်နယ်နဲ့တိုင်း အသီးသီးက အမာခံ ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ အောင်နိုင်ေ
Posted: 10 Feb 2015 03:48 AM PST
၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့ တွင် ကျင်းပသော ဗဟိုအလုပ်မှုဆောင် အဖွဲ့  အစည်းအဝေး ဆုံးဖြတ်ချက် အရ အောက်ဖော်ပြပါ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ကို ဖွဲ့ စည်းလိုက်သည်။   NLD CEC election IMG.pdf by Thit Htoo Lwin 
Posted: 10 Feb 2015 03:32 AM PST
ရန်ကုန် ၊ ၁ဝ-၂-၂ဝ၁၅ နိုင်ငံတစ်ဝန်း အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း များအနေဖြင့် ချေးငွေ ရယူရာတွင် အခက်အခဲများ ရှိနေကြောင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနမှ သိရသည်။ ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့ နေရမှုတွင် လုပ်ငန်းရှင်များ ဘက်မှ တင်ပြရသည့် အချက်အလက် များပြားနေခြင်း သည်လည်း ပါဝင်ကြောင်း စားသောက်ကုန် ထုတ်လုပ်သူ တစ်ဦး က ပြောသည်။ အသေးစား နှင့် အလတ်စား စက်မှု
Posted: 10 Feb 2015 03:29 AM PST
ရန်ကုန် ၊ ၁ဝ-၂-၂ဝ၁၅ မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) တွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ပြည်တွင်းေ ဈးကွက်၌ ဖြန့်ဖြူး ရောင်းချခြင်း တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပြည်တွင်းရှိ ဆေးဝါး တင်သွင်းသော ကုမ္ပဏီများ၊ ဆေးဝါးများ ရောင်းချသော ဆေးဆိုင်များ
Posted: 10 Feb 2015 01:20 AM PST
သမ္မတဦးသိန်းစိန်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ(RCSS/ SSA) ဥက္ကဋ္ဌ ဦးယွက်စစ်တို့ ဇွန်လ ၁ဝ ရက်နေ့ က နေပြည်တော်မှာတွေ့ဆုံစဉ်။ photo: President office website အစိုးရရဲ့ ကမ်းလှမ်းထားချက်အတိုင်းလာ မယ့် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ထိုးဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ လက်မှတ်ထိုးဖို့အတွက် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ရှ
Posted: 10 Feb 2015 01:20 AM PST
ဓာတ်ပုံ (ကိုမြအေး-ဖေ့ဘွတ်ခ်)  ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက အမျိုးသား ပညာရေး ဥပဒေကို  ပထမဆုံးအကြိမ် အဖြစ် ဒီကနေ့ ဆန္ဒပြ ခဲ့ပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို မကြိုက်တဲ့အတွက် ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်လို့ ဆန္ဒပြ မြစ်ကြီးနား တက္ကသိုလ် ကျောင်းသူ ဆိုင်းနုပန်က ပြောတယ်။ “ကျမတို့က ဒီမိုကရေစီပညာရေးရယ်၊ ကျောင်းသားအသင်းအဖွဲ့များ လွတ်လပ်စွာဖွဲစည်းခွင့်၊ ပညာရေး အသုံးစရိတ်တိုးမြင့်ေ
Posted: 10 Feb 2015 01:12 AM PST
ပညာရေး မသမာမှုဟူသည် ရာဇ၀တ်မှု လိုပင်အရေးပါ၍ ပညာရေး ရာဇ၀တ်မှုဟု ပညာရေး နယ်ပယ်က သတ်မှတ်သည်။ ပညာရေးတွင် မိဘပြည်သူတို့ သိသင့်သိထိုက်သည့် ပညာရေး ရာဇ၀တ်မှုတို့ အကြောင်း နိဒါန်းမျှသာ ချီလိုခြင်းဖြစ်ပါသည်။ ပညာရေးမသမာမှုများမှာ (၁) စာမေးပွဲခန်းတွင် မသမာခြင်း၊ (၂) မေးခွန်းပေါက်ကြားခြင်း၊ အဖြေလွှာမသမာစစ်ဆေးခြင်း၊ (၃) အမှတ်လိမ် လည်/ မှားယွင်းသွင်းခြင်း၊ (၄) ကျောင်းပြောင်းလက်မှတ် (TC)ထုတ်ပေး ခြင်း/ ထုတ်မပေးခြ
Posted: 10 Feb 2015 12:49 AM PST
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြကာ မန္တလေး မြို့ကနေ ရန်ကုန်ကို ချီတက်လာတဲ့ ပင်မ သပိတ်စစ်ကြောင်း ပြည်ခရိုင်အတွင်းမှာရှိတဲ့ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး တက္ကသိုလ်တွေမှာ ဒီကနေ့ အင်္ဂါနေ့မှာ လှည့်လည် ဟောပြောနေပါတယ်။ သပိတ်စစ်ကြောင်း ဖေဖေါ်ဝါရီ ၉ ရက်နေ့က ပြည်မြို့အ၀င် ရွှေပေါက်ပင် ဘုန်းကြီးကျောင်းမှာ ညအိပ်ရပ်နားခဲ့တာပါ။ သပိတ်ကျောင်းသားတွေ ပြည်ကနေ ၆ မိုင်လောက် ကွာဝေးတဲ့ နည်းပညာတက္ကသိုလ်
Posted: 10 Feb 2015 12:22 AM PST
ကိုးကန့် ဖေဖော်ဝါရီ ၉ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့နယ် တာရွှေထန်၊ ကုန်းကြမ်းနှင့် ညံခွမ်း ဒေသများသို့ ယနေ့နံနက် ၁၁ နာရီခန့်က ဖုန်ကြားရှင် တပ်အင်အား ၁ဝဝဝ ခန့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ''ကိုးကန့်နယ်မြေကို ပြန်လည်သိမ်းပိုက်ဖို့ တိုက်ကွက် ဖော်လာတဲ့ ဖုန်ကြားရှင်အနေနဲ့ လက်ရှိအစိုးရဲ့ နိုင်ငံရေး အကျပ်အတည်း ဖြ
Posted: 10 Feb 2015 12:09 AM PST
UMFCCI ရုံးချုပ်မှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့လေ့လာတွေ့ရှိချက်တွေကို မေလ ၆ ရက်နေ့က ဆွေးနွေးနေစဉ်။ Photo:Kyaw Zaw Wiin/ RFA အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု ဟာ မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံး ပြဿနာ တစ်ရပ် ဖြစ်နေတယ်လို့ဒီနှစ်ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ စီးပွားရေး စစ်တမ်းတစ်စောင်က ဖေါ်ပြပါတယ်။ OECD ခေါ် ဖွံ့ဖြိုးတိုးတက်ရေး နဲ့စီးပွားရေး ပူးပေါင်းဆောင်
Posted: 10 Feb 2015 12:09 AM PST
ဖေဖော်ဝါရီလ ၅ ရက်နေ့က ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပန်းတနော်မြို့ကို ချီတက်လာစဉ်။ Photo: Kyaw Lwin Oo/RFA ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီ စစ်ကြောင်းဟာ မအူပင်မြို့မှာရှိတဲ့ တက္ကသိုလ် ပရ၀ုဏ်တွေထဲမှာ မနေ့က လှည့်လည် ချီတက်ဟောပြောခဲ့ကြပြီး ကျိုက်လတ်မြို့ကို ဒီနေ့စတင်ချီတက်ကြမှာဖြစ်ပါတယ်။ ပုသိမ်တက္ကသိုလ်က ကိုအောင်ခန့်ဇော်က အခုလိုပြော ပါတယ်။ "မအူပင်မှာ မအူပင်ကတက္ကသိုလ် ၃ ခုကိုလှည့်လာ တယ်၊ ဝင်
Posted: 10 Feb 2015 12:09 AM PST
လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ ရရှိတဲ့ သဘောတူညီချက်တွေကို ပညာရေးဝန်ကြီးဌာနက  လွှတ်တော်ကို တင်ပြမယ့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ ထည့်သွင်းမယ်လို့ အစိုးရက မနေ့ညက ကြေညာပါတယ်။ ရပ်နားထားတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို မနက်ဖန်မနက်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်း ပြန်စကြဖို့ ပညာရေး ဒု-၀န်ကြီး ဦးသန့်ရှင်းနဲ့ သပိတ်မှောက် ကျောင်းသားတွေ သဘောတူပြီး နာရီပိုင်းအကြာမှာ အစိုးရ သတ
Posted: 10 Feb 2015 12:09 AM PST
ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးဟာ စိန်ခေါ်မှုရှိတဲ့အချိန်ကို ဖြတ်သန်းနေရတယ်လို့ မဟာမိတ် အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ ထိုင်းမှာ လူ ၃၀ လောက် သေခဲ့ရတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် မေလမှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆက်ဆံရေး မပြေမလည် ဖြစ်နေတာ ဖြစ်ပါတယ်။ ထိုင်းကို အမြန်ဆုံး ဒီမိုကရေစီ လမ်းပေါ် ပြန်သွားဖို့ မျှော်လင့်တဲ့အကြောင်နဲ့  ရွေးကောက်ခံ အရပ်သား အစိုးရရှိရေးအတွ
Posted: 10 Feb 2015 12:09 AM PST
ပဲရစ် ၊ ၁ဝ-၂-၂ဝ၁၅ ပြင်သစ် နိုင်ငံတွင် ISIS စစ်သွေးကြွ များကို သတင်း ပေးပို့သည့် ကွန်ရက်တစ်ခု တွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ခြောက်ဦးကို အာဏာပိုင် များက ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။ ယခု ဖမ်းဆီးခြင်း ခံရသူများကို နိုင်ငံ တောင်ပိုင်း အယ်ဘီနှင့် တူးလူ့စ်မြို့ တစ်ဝန်းတွင် ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော စီးနင်းမှုများ အတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဘားနက်ကာဇ
Posted: 09 Feb 2015 07:13 PM PST
ဘိုကိုဟာရမ်တွေ ကို တိုက်ဖို့ ဒေသန္တရ တပ်ပေါင်းစု ဖွဲ့မယ် ဆိုပြီး သဘောတူထား ပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံဘက်က အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် တွေ က အိမ်နီးချင်း ကင်မရွန်း နဲ့ နီဂျဲ နိုင်ငံ တွေ ထဲမှာ တိုက်ခိုက်မှု တွေ တိုးမြှင့် ဆောင်ရွက် လာပါတယ်။ နိုင်ဂျီးရီးယား ရဲ့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒေသန္တရ စုပေါင်းတပ် ဖွဲ့ပြီး ဘိုကိုဟာရမ်တွေ ကို တိုက်ခိုက် မယ်လို့ သဘောတူ ခဲ့ကြ အပြီး ၂ ရက် အကြာ 
Posted: 09 Feb 2015 07:04 PM PST
မြန်မာနိုင်ငံသားတွေကို မှတ်ပုံတင် လုပ်ပေးခဲ့တဲ့ ထိုင်းအစိုးရ ၀န်ထမ်း ၁၆ ဦး  ဥပဒေကြောင်းအရ အရေးယူဖို့ တိုင်ကြား ခံထားရတယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဲဒီဝန်ထမ်း ၁၆ ဦးထဲမှာ လက်ထောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါဝင်ပြီး မြန်မာ ၄၂၁ ယောက်ကို မသမာတဲ့နည်းနဲ့ မှတ်ပုံတင် အထောက်အထားတွေ ထုတ်ပေးတာ စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာရေးပါတယ်။ ဒီအတွက် အရေး
Posted: 09 Feb 2015 06:53 PM PST
နေပြည်တော် ၊ ဖေဖော်ဝါရီ ၉ နယ်မြေခံ ပြည်သူလူထု၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းများက လောက်ကိုင်ဒေသ အတွင်း နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လောက်ကိုင်မြို့ အနောက်မြောက် ညံခွမ်းကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ၂ ကြိမ်၊ လောက်ကိုင်မြို့ အနောက်တောင်ဘက် တောက်ရွှေကျေးရွာ အနီး တစ်ဝိုက်တွင် ၁ ကြိမ် ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစုများနှင့် တွေ့ဆုံ 
Posted: 09 Feb 2015 06:44 PM PST
ရှမ်းပြည်အရှေ့မြောက် တရုတ်-မြန်မာ နယ်စပ်နားက လောက်ကိုင်ဒေသမှာ ဖေဖေါ်ဝါရီလ (၉) ရက် တနင်္လာနေ့ကမြန်မာစစ်တပ်နဲ့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး နှစ်ဖက်တပ်သားတချို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲကြောင့် ဒေသခံတွေဟာ တရုတ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးနေကြပါတယ်။ မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ် (၃) စီးနဲ့ ဝေဟင်ကနေ ပစ်ခတ်ခဲ့တယ်လို့ ကိုးကကန့်တပ်ကြေ
Posted: 09 Feb 2015 04:06 PM PST
ကိုးကန့် တိမ်းရှောင် အဖွဲ့က အစိုးရ စစ်ကြောင်း တွေ ကို နေရာအနှံ့မှာ နှောင့်ယှက် ပစ်ခတ်တာ တွေ လုပ်နေတယ် လို့ စွပ်စွဲ။ ကိုးကန့် နယ် လောက်ကိုင် နဲ့ မော်ထိုက် ဒေသ တွေ မှာ အစိုးရတပ် နဲ့ ဦးဖုန်ကြားရှင် ရဲ့ MNDA ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ အကြား ဖေဖေါ်ဝါရီ ၉ ရက်နေ့ က နေရာ ၃ နေရာ မှာ တိုက်ပွဲ တွေ ဖြစ်ခဲ့တယ် ဆိုပြီး MNDA ဘက်က ပြောပါတယ်။ အစိုးရ တပ်တွေဟာ ရဟတ်ယဉ် ၃ စီးပါ အသုံးပြုပြီး တိုက်ခိုက် ခဲ့ပြီး 
Posted: 09 Feb 2015 04:03 PM PST
ဗုဒ္ဓဟူး နေ့မှာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စဖို့ သဘောတူ မှု ရထားပါတယ်။ မြန်မာ နိုင်ငံမှာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်လို့ ဆန္ဒပြ ကျောင်းသား တွေ သိရှိရန် ထုတ်ပြန်ချက် ဆိုပြီး အစိုးရ က ထုတ်ပြန်လိုက် တဲ့ အထဲမှာ ကျောင်းသားတွေ ဘက်က ပြီးခဲ့တဲ့ လ ၂၈ ရက် နေ့ တုန်းက လက်မှတ်ထိုး ကတိပေး ထား သလို ဆန္ဒပြမှု တွေ ရပ်ဆိုင်း ပေးပါ လို့ တောင်းဆို ထားပါတယ်။ ၄ ပွင့်ဆိုင် တွေ့ဆုံပွဲ ပြန်စ နိုင်ဖို့ေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...