Wednesday, February 11, 2015

သုံးလုံးတွဲအင်္ဂလိပ်စကားလုံးအသုံးအနှုန်း


(English three-word phrases)အင်္ဂလိပ်စာမှာ သုံးလုံး တွဲစကားလုံးအသုံးအနှုန်းတွေကို အများအားဖြင့် အသုံးပြုလေ့ရှိကြပါတယ်။ ၄င်းတို့ကို လေ့ကျင့်ပြီး စကားပြောရာတွင် အသုံးပြုမယ်ဆိုရင် သင်ပြောတဲ့စကားကပိုပြီး သဘာဝ ကျပါလိမ့်မယ်။ ၄င်းတို့ထဲမှ အချို့ကို အဓိပ္ပာယ်၊ ဥပမာဝါကျ နှင့်တကွ ဖော်ပြလိုက်ပါတယ်။
• Black and white = သေသေချာချာပြတ်ပြတ်သားသား
He told her in black and white that she couldn’t leave the house while he was out. (သူမရှိတုန်း အပြင်ကိုမထွက်ရလို့ သူက သေသေချာချာပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။)
• Do’s and don’t =
ဆောင်ရန်ရှောင်ရန်များ
There are various do’s and don’t about driving in UK. (UK မှာကားမောင်းတာနဲ့ ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်အမျိုးမျိုးရှိပါတယ်။)

• Haves and have-nots = လူချမ်းသာများနှင့် လူဆင်းရဲများ
In London you can find the haves and have-nots of the population. (လန်ဒန်မြို့မှာ လူဦးရေရဲ့ လူချမ်းသားများနှင့် လူဆင်းရဲများကိုတွေ့ရှိနိုင်ပါတယ်။)
• Ins and outs = အသေးစိတ်အချက်အလက်၊ ခရေစေ့တွင်းကျ
I don’t know the ins and outs of the situation, so I can’t really advise you. (အခြေအနေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိတဲ့အတွက် ခင်ဗျားကို အကြံပြုချက် တကယ့်ကို မပေး နိုင်ပါဘူးဗျာ။)
• Kiss and tell = မိမိနှင့် နာမည်ကြီးသူတစ်ယောက်တို့ရဲ့ အတွင်းကျကျအချစ်ဇာတ်လမ်းကို ငွေအတွက် ရောင်းစားခြင်း
The British tabloids are famous for publishing kiss and tell stories. (ဗြိတိသျှလူပြိန်း ကြိုက်သတင်းစာတွေဟာ နာမည်ကြီးသူတွေရဲ့ အတွင်းကျကျဇာတ်လမ်းတွေကို ထုတ်ဖေါ်ရေးသားတဲ့နေရာမှာ ကြော်ကြားကြတယ်။)
• Odd and ends = တိုလီမိုလီပစ္စည်းမျိုးစုံ
She made a stew with the odds and ends she found in the fridge. (ရေခဲသေတ္တာထဲက ရှာတွေ့တဲ့ ဟင်းချက်စရာအတိုအထွာတွေနဲ့ အပြုတ်ဟင်းတစ်ခွက်သူချက်လိုက်တယ်။)
• P’s and Q’s = ပြုမူပြောဆိုပုံ
Mind your P’s and Q’s when you visit them! (သူတို့ဆီသွားလည်တဲ့အခါ မင်းရဲ့ပြုမူပြော ဆိုပုံတွေကို သတိထားပါ။)
• Pros and cons = အားသာချက်၊ အားနည်းချက်
There are a few pros and cons that we should consider before buying a new house.(အိမ်အသစ်တစ်လုံးကို မ၀ယ်ခင်မှာ စဉ်းစားသင့်တဲ့ အားသာချက်၊ အားနည်းချက် နည်းနည်းရှိ တယ်။)
• Rights and wrong = အခြေအနေတစ်ရပ်ရပ်၏ဖြစ်ရပ်အမှန်
Regardless of the rights and wrong of company policy, you need to give a month’s notice.(ကုမ္ပဏီမူရဲ့ ဖြစ်ရပ်မှန်ကို ဂရုမစိုက်တောင်မှ ခင်ဗျားအနေနဲ့ တစ်လတော့ကြိုအကြောင်းကြားဖို့ လိုအပ်တာပေါ့။)
• Tried and tested = သေသေချာချာစမ်းသပ်ပြီးသား
Using salt is a tried and tested way of getting red wine out of a carpet. (ကော်ဇောမှာ စွန်းနေတဲ့ ၀ိုင်အနီကို ဆားသုံးပြီးချွတ်တာကတော့ သေသေချာချားစမ်းသပ်ထားတဲ့ နည်းပဲ ဖြစ် တယ်။)
• Ups and downs = အကောင်း၊ အဆိုး
They have a lot of ups and downs in their relationship. (သူတို့ရဲ့ဆက်ဆံရေးက အကောင်းရောအဆိုးတွေပါ တော်တော်များတယ်။)
• Come and go = သွားလိုက်လာလိုက်
Feel free to come and go as you please. (ခင်ဗျားကြိုက်သလို လွတ်လွတ်လပ်လပ်သွားလိုက် လာလိုက် လုပ်နိုင်ပါတယ်။)
• Back and forth = သွားလိုက်ပြန်လိုက်
I’m also glad I’m moving. I was getting sick of going back and forth every day. Now my journey to work will be a lot quicker. (ကျွန်တော်ပြောင်းရွှေ့ရမှာ အလွန်ပျော်တယ် ဗျာ။ နေ့စဉ်နေ့တိုင်း သွားလိုက်ပြန်လိုက် လုပ်ရတာကို စိတ်ကုန်နေပြီ။ အခုတော့ အလုပ်ကို သွားရတဲ့ ခရီးကတော်တော်လေးကို မြန်တော့မှာ။)
• Dribs and drabs = (အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ) နည်းနည်းချင်းစီ၊ နည်းနည်း ချင်းစီ။
The marathon runners finished in dribs and drabs. (မာရသွန်ပြေးတဲ့သူတွေဟာ နည်း နည်းချင်းစီ ပန်းဝင်လာကြတယ်။)
• Said and done = နောက်ဆုံးစာရင်းချုပ်လိုက်တော့
When it’s all said and done, the new reception area is going to be a credit to the company.(နောက်ဆုံးစာရင်းချုပ်လိုက်တော့ ဧည့်ကြိုတဲ့နေရာက ကုမ္ပဏီအတွက် ဂုဏ်တက်စရာပဲ ဖြစ်တော့မှာပါ။)
• Cat and mouse = ကြောင်က ကြွက်နှင့် ကစားသကဲ့သို့ ကြိုက်သလိုပြုမူခြင်း။
The guerillas played a cat and mouse game with the much better-equipped army.(ပြောက်ကြားတပ်တွေဟာ ပိုပြီးကောင်းတဲ့လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်တပ်ကို ကြောင်က ကြွက်နဲ့ကစားသလို ကြိုက်သလိုလုပ်နေကြတယ်။)
• Trial and error =အလုပ်တစ်ခုကို စမ်းလုပ်လိုက်- မှားလိုက်- ပြင်လိုက် နဲ့ပြုလုပ်ခြင်း
The new computer system has been installed. But it’s a bit of trial and error at the moment – nobody really knows how to use it.(ကွန် ပျူတာအသစ်ကတော့ တပ်ဆင်လို့ပြီးပါပြီ။ဒါပေမဲ့ အခုလောလောဆယ်ုတော့ စမ်းလုပ်လိုက်- မှားလိုက်-ပြင်လိုက် နဲပဲ စမ်းလုပ်နေရတာပဲရှိသေးတယ်။ဘယ်လို အသုံးပြုရမယ်ဆိုတာကို ဘယ်သူမှသေသေချာချာ မသိသေးဘူး။)
• Flesh and blood =သွေးသားဆွေမျိုးအရင်းအချာ
I have to help him if I can- he’s my flesh and blood.(တတ်နိုင်ရင်သူကို့ကျွန်တော် ကူညီရမယ်။ သူက ကျွန်တော့် သွေးသားလေ။)• Down and outs = ပိုက်ဆံမရှိပဲ လမ်းပေါ်မှာနေသူ၊ မွဲပြီးအိမ်မဲ့ယာမဲ့ဖြစ်နေသူ။There are too many young down and outs in London. (လန်ဒန်မြို့ပေါ်မှာ ပိုက်ဆံမရှိပဲ လမ်းပေါ်မှာနေနေရတဲ့ လူငယ်တွေအများကြီးရှိတယ်။)
• By and Large = များသောအားဖြင့်By and large, our customers prefer good service to low price. (များသောအားဖြင့် ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ ကုန်ဈေးနှုန်းနည်းတာထက် ၀န်ဆောင်မှုကောင်းတာကို ပိုပြီး ကြိုက်ကြတယ်။)
• Up and running = အလုပ်လုပ်နေပြီ၊ လှုပ်ရှားနေပြီ။
The new company is now up and running. (ကုမ္ပဏီအသစ်က အခုဆိုရင် အလုပ်လုပ် နေပြီ။)
• Noughts and crosses = ကစားသူနှစ်ယောက်က အကွက်ကိုးကွက်ပါသော ဇယားတွင် တစ်ယောက်တလှည့်စီ အကွက်တစ်ကွက်ထဲသို့ သုည(၀) သို့မဟုတ် ကြက်ခြေခတ် (×)ကို ထည့်ရင်းနှင့် ပြိုင်ဘက်ကလိုက်ပိတ်ပင်သည့်ကြားက သုည (သို့) ကြက်ခြေခတ် သုံးခုကို တစ်တန်း တည်း ရအောင်ထည့်ရသော ကစားနည်းဖြစ်သည်။
• Bring and buy = ရံပုံငွေရရှိရေးအတွက် လူတွေကြိုက်မယ်ထင်ရသောပစ္စည်းများကို အိမ်က ယူလာပြီး ရောင်းချသော ဈေးပွဲတော်။
I’m making a cake for the school’s bring and buy next week. (နောက်တစ်ပတ်ကျောင်းရဲ့ ဈေးရောင်းပွဲတော်အတွက် ကိတ်မုန့်ဖုတ်နေတာ။)
• Hide and seek = တစ်ယောက်ကပုန်းနေပြီး ကျန်တဲ့သူများက လိုက်ရှာရတဲ့ ကလေးကစား နည်း။ တူတူပုန်းတမ်း ကစားနည်း။
Someone’s been playing hide and seek with the TV remote again. (တစ်ယောက်ယောက်ကတော့ TV ရီမုတ်နဲ့တူတူပုန်းတမ်း ကစားပြန်ပြီ။)
• Around and about = ဟိုနားဒီနား (မိမိဘယ်ကိုသွားနေတယ်ဆိုတာကို တိတိကျကျ မပြောလိုတဲ့အခါ ပြောတဲ့မရေရာတဲ့ စကားအသုံးအနှုန်းဖြစ်သည်။)
Where have you been?- I’v been worried. Oh, around and about, you know.(ဘယ်တွေသွားနေတာလည်း-ငါကစိတ်ပူနေတာ။ အော် ဟိုးနာဒီနားပါပဲ-သိတယ်မဟုတ် လား။)
• To and fro = ရှေ့ကဖော်ပြခဲ့တဲ့ ‘back and forth’ ကိုနောက်တနည်းပြောခြင်းပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ သွားလိုက်ပြန်လိုက်ပဲ ဖြစ်ပါတယ်။
I’m exhausted – I’ve been going to and fro all week. (ကျွန်တော်အရမ်းပင်ပန်းနေပြီ-တစ်ပတ်လုံးသွားလိုက်-ပြန်လိုက်လုပ်နေခဲ့ရတာ။)
• Over an out = ရေဒီယိုတယ်လီဖုန်း ဆက်သွယ်ရာတွင် ဆက်သွယ်လို့ပြီးဆုံးကြောင်း ဖော်ပြတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။The last thing they heard from the pilot was “over and out”. (လေယာဉ်မှူး ဆီက နောက်ဆုံးကြားလိုက်ရတာကတော့ “ဒါပဲ-ပြီးပြီ” ဆိုတာပါပဲ။)
• Done and dusted = လုံးဝပြီးဆုံးသွားသည်။
Well, that’s the project done and dusted we need a holiday now. (ကဲ၊ စီမံကိန်းက တော့ လုံးဝပြီးဆုံးသွားပြီ။ အခုကျွန်တော်တို့ လိုအပ်နေတာကတော့ နားရက်ပါပဲ။)
• Dead and buried = မဖြစ် လာနိုင်တော့ခြင်း၊ ပြီးဆုံးသွားခြင်း
That idea is now dead and buried – the Executive Committee decided some time ago to go with another proposal. (အဲဒီအကြံပြုချက်ကတော့ မဖြစ်လာနိုင်တော့ဘူး။ အလုပ်အမှုဆောင် အဖွဲ့က တခြားအဆိုပြုချက်ကို လက်ခံဖို့ တလောကပဲဆုံးဖြတ်ချက် ချလိုက်တယ်။)
• Wine and dine = လူတစ်ဦးတစ်ယောက်အား ရက်ရက်ရောရောကျွေးမွေးဧည့်ခံခြင်းHe’s well known for wining and dining his business partners. (သူဟာ သူ့ရဲ့ စီးပွားဖက်တွေကို ရက်ရက်ရောရော ကျွေးမွေးဧည့်ခံတတ်တာကို လူအများသိကြပါတယ်။)
• Bread and butter = သင့်ရဲ့ အဓိက၀င်ငွေ (သို့) ဆွေးနွေးရန် အဓိကကျသော အကြောင်းအချက်
Health and education are the bread and butter issues facing the UK government. (UK အစိုးရ ရင်ဆိုင်နေရတဲ့ အဓိကကျ ဆွေးနွေးဖို့အကြောင်းအရာ တွေကတော့ ကျန်းမာရေးနဲ့ ပညာရေးပဲဖြစ် ပါတယ်။)
• Spick and span = သပ်ရပ်သန့်ရှင်းနေသည်။
Her house is spick and span at all times. (သူ့အိမ်ကတော့ အမြဲပဲ သပ်ရပ်သန့်ရှင်းနေတာပဲ။)
• Wheel and deal = ပစ္စည်းများရောင်းဝယ်တဲ့အခါ အပေးအယူ/အကြံအဖန်လုပ်ခြင်း
If you need a new car, try speaking to John. He’s a bit of a wheeler and dealer.(ခင်ဗျားကားသစ်လိုရင် ဂျွန်နဲ့စကားပြောကြည့်ပါလား။ သူကတော့ အပေးအယူ နည်းနည်းပါးပါး လုပ်တတ်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...