Saturday, February 14, 2015

ဘီပိုး၊ စီပိုးရောဂါအတွက် မြန်မာဆေးစွမ်းကောင်းများ


တန်ဖိုးကြီးမားသော အ နောက်တိုင်းဆေးဝါးများကို ကုသရန် မတတ်နိုင်သူများအဖို့ စိတ်ဓာတ်မကျပါနှင့်။ အ စွမ်းထက်မြက် မြန်မာတိုင်းရင်းဆေးစွမ်းကောင်းများရှိပါတယ်။
ယနေ့မြန်မာပြည်မှာတကယ်သုံးစွဲနေပြီး ဘေး ထွက်ဆိုးကျိုးမရှိ လက်တွေ့ဘီပိုးစီပိုးများပျောက်ကင်းသွား ကြ၍ ကျန်းမာပျော်ရွှင် သွားရတဲ့သာဓကများစွာရှိပါတယ်။ အောက်ပါ မြန်မာ့ဆေးမြီးတိုလေးမျိုးအနက် မိမိနှင့်အဆင် ပြေရာကို ရွေးချယ်ကုသနိုင်ပါတယ်။

(၁) ''ရွှေ''အသည်းအားတိုးဆေး
ရွှေတံဆိပ်အသည်းအားတိုးဆေးမှာ အသည်းကို အားကောင်းစေတဲ့ တောင်ဆီးဖြူအပါအဝင်၊ နနွင်း၊ တရုတ် ကနစိုးသီး၊ ဆေးခါးကြီး၊ စမုန်ရိုင်း၊ ကြိတ်မှန်၊ သံလွင်၊ ဆူး ပန်းလုံးအစေ့စတဲ့ ဆေးဖက်ဝင် မြန်မာ့တိုင်းရင်းဆေးများနဲ့ ဖော်စပ်ထားပါတယ်။ ဒေါက်တာလွင်ကို၊ တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)က ထို 'ရွှေ'အသည်းအား တိုးဆေးဖြင့် ဘီပိုးစီပိုးရောဂါကို ယခုလို စမ်းသပ်ကြည့် ခဲ့ပါတယ်တဲ့။
ဆေးလုံးတစ်လုံးမှာ ၅ဝဝ မီလီဂရမ်ရှိပါတယ်။ ဒေါက်တာက သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ(လုံးဝ)မရှိ သော ဘီပိုးစီပိုးဝေဒနာရှင် ၁၃ဦးကို ထိုဆေးလုံးလေးတွေ နံနက်နှစ်လုံး၊ ညနှစ်လုံးစီဖြင့် အချိန်ခြောက်လတိတိသောက် စေခဲ့ပါတယ်။
ခြောက်လပြည့်တဲ့အခါ ဒေါက်တာ၏ဆေး ညွှန်းအတိုင်း တိတိကျကျလိုက်နာ၍ စုစုပေါင်း တစ်နေ့ လေးလုံးသောက်သုံးလာခဲ့တဲ့ လူနာရှစ်ဦးကို ဆန်းစစ်ကြည့် တဲ့အခါမှာ ဘီပိုးစီပိုးအကောင်ရေ သိသိသာသာလျော့ပါး သွားကြပြီး တချို့က ပိုးသုံးပုံတစ်ပုံ၊ တချို့က ပိုးထက်ဝက် ကျော် ကျဆင်းသွားပါတယ်။
တချို့ကတော့ အသည်းပိုးရှာ ဖွေတဲ့စက်မှာ ပိုး(လုံးဝ)ရှာမတွေ့တဲ့အဆင့်အထိကို ကျ ဆင်းသွားတယ်လို့ဆိုပါတယ်။ ထိုလူနာအားလုံး ဆေးစား နေချိန်ကာလတစ်လျှောက်လုံးမှာလည်း ယခင်နဲ့မတူ ထူး ထူးခြားခြား အစာစားလို့သိပ်ကောင်း၊ အလုပ်လုပ်ရတာ ပေါ့ပါးသွက်လက်လာကြတယ် လို့ဆိုပါတယ်။
အကယ်၍ အနောက်တိုင်းဆေးဝါးများဖြင့်ကုသမယ်ဆိုရင် ငွေကျပ် သိန်းတစ်ရာကျော်ကုန်ကျမည်ဖြစ်ပြီး ယခု 'ရွှေ'အသည်း အားတိုးဆေးကတော့ ခြောက်လစာအတွက် စုစုပေါင်း ကျပ် ၇၅ဝဝဝ(ကျပ်ခုနစ်သောင်းခွဲ)သာ ကုန်ကျ နိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဘီပိုးစီပိုးရော ဂါဝေဒနာရှင်များအနေဖြင့် တန်ဖိုးလည်း မကြီး သုံးစွဲရန်လည်းလွယ်ကူသော ပြည် တွင်းဖြစ် တိုင်းရင်းဆေးတစ်လက်ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေနိုင်တော့မှာ ဖြစ်တယ်လို့ ဒေါက်တာလွင်ကို က အကြံပြုထားပါတယ်။
(၂) သခွတ်ပင်
ဒီဆေးကိုတော့ သုံးစွဲဖူး သူများက ဘီပိုးစီပိုးရောဂါအ တွက် အထူးဆေးဟု ပြောစ မှတ်ဖြစ်နေကြပါတယ်။ သခွတ် အစွမ်းကြောင့် စီပိုးအသည်းရော ဂါဝေဒနာရှင်မှာ ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာ ကျန်ရှိတော့လို့ ရောဂါသိသိသာ သာ ပျောက်ကင်းသွားသလောက် ဖြစ်တာကြောင့်လည်း နာမည်ကျော်အ သည်း အထူးကု ဒေါက်တာခင်မောင် ဝင်းကိုယ်တိုင် အံ့အားတသင့်ဖြစ်ကာ သ ခွတ်ပင်ဆေးသောက်သုံးခဲ့သော ထိုလူနာကို ဆရာဝန်ကြီးကတောင် မှတ်တမ်းပြုခဲ့ရတယ်လို့ ဆိုပါတယ်။
ဆေးဖော်စပ်ရန်အတွက် သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့လိုအပ်ပါတယ်။ ဆေးကျိုရန် အတွက် မြေအိုးအသစ်တစ်လုံး သုံးပေးပါ။ မြေအိုးထဲမှာ လတ်ဆတ်တဲ့ သခွတ်ပွင့်၊ အရွက်နှင့်အခေါက်စုစုပေါင်း ထိုသုံးမျိုး လက်တစ်ဆုပ်စာကို ရေနဲ့ သုံးခွက်တစ်ခွက် ကျော် ကျော်လောက်ပြုတ်ပြီး တစ်နေ့ကို အနည်းဆုံးနှစ် ကြိမ်မှ အများဆုံး သုံးကြိမ်သောက်သုံးပေးပါ။
(အပွင့်စို နဲ့ အရွက်စိုများမရခဲ့ရင်လည်း အပင်ခေါက်တစ်မျိုးတည်း လက်တစ်ဆုပ်စာကို ရေ သုံးခွက်တစ်ခွက်ကျော်ကျော်လောက်ပြုတ်ပြီး အလားတူအချိုးအစားအတိုင်း ကျိုချက် သောက်သုံးနိုင်ပါတယ်။)
အကယ်၍ လတ်လတ်ဆတ်ဆတ် အပွင့်စို၊ အရွက်စို၊ အခေါက်စိုများမရနိုင်တဲ့အခါမျိုးမှာတော့ ၄င်းတို့ကို အ ခြောက်ခံ၍ သောက်သုံးနိုင်ပါတယ်။ သို့သော် ၄င်းတို့ကို နေရောင်ခြည်ပြင်းပြင်းမှာ အခြောက်ခံ မလှန်းသင့်ပါဘူး။ အာနိသင်ဓာတ် လျော့ကျသွားစေနိုင်ပါတယ်။
အပွင့်နှင့် အရွက်တို့ကို နေရောင်ခြည်အနည်းငယ်ရသောနေရာမှာ အခြောက်ခံရမှာဖြစ်ပြီး အခေါက်ကိုတော့ ရေဆေးပြီး ကြာ ရှည်သိမ်းထားလို့ ရအောင် နေဖန့်ဖန့်ပြပါ။ လက်ဖက်ခြောက် အစား သခွတ်အရွက်၊ အပွင့်၊ ပင်စည်ခြောက်များကို အ နည်းငယ်ထည့်ခတ်၍ ရေနွေးကြမ်းသောက်သုံးသလို နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် ဘီပိုး၊ စီပိုးရောဂါအတွက်သာမက အသည်းအဆီဖုံးခြင်းအန္တ ရာယ်မှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။
(၃) ဣဿရမူလီပင်
(က) အသည်းကင်ဆာဝေဒနာသည်ကို သက်တမ်း ခြောက်လမျှသာခံတော့မယ်ဟု ဆရာဝန်ကြီးများက ဆို ထားကြပေမယ့် အရွက်ကို အရည်ညှစ်သောက်၊ သုပ်စား ခြင်းဖြင့် အသက် (၇ဝ)ကျော်ကြာအောင် နေသွားနိုင်တဲ့ သာဓကရှိခဲ့ပါတယ်။
(ခ) စီပိုးရောဂါဝေဒနာရှင် သင်္ဘော သားတစ်ဦးဟာ အရွက်သုံးရွက်ခန့်ကို နေ့စဉ်ဝါးစားခြင်း ဖြင့် ပိုးများအားလုံးကိုသုတ်သင်နိုင်ပြီး သင်္ဘောပြန်တက် နိုင်ခဲ့ပါတယ်။ ထို့နည်းတူစွာပင် မန္တလေးမြို့ရှိ ဘီပိုးရောဂါ ရှိသူတစ်ဦးကလည်း နေ့စဉ် ဣဿရမူလီ အရွက်ငါးရွက် ခန့်ကို တစ်နေ့သုံးကြိမ်ကျစီဖြင့် သုံးလတိတိ ဝါးစားပြီး နောက် သောက်ရေဝဝသောက်ခဲ့ရာ အသားအရေအရောင် ပုံမှန်အတိုင်း စိုပြည်ဝင်းဝါလာပြီး ကျန်းမာရေးလည်း ပြန် လည်ကောင်းမွန်သွားပါတယ်။
(ဂ) နိုင်ငံခြားသွားဖို့ ဆေး စစ်မအောင်တဲ့ လူငယ်လူရွယ် တချို့ဘီပိုးကြောင့် ရည်ရွယ်ချက် တွေ ပျက်ခဲ့ရပါတယ်။ သို့သော် ဣဿရမူလီကိုသုံးစွဲပြီး ဆေးပြန် စစ်တဲ့အခါ ဘီပိုးကင်းစင်ပြီး နိုင်ငံ ခြားပညာသင်သွားရတဲ့ကလေး တွေလည်း သာဓကရှိပါတယ်။ သို့ သော် ဣဿရမူလီက အပူဓာတ် များတာကြောင့် ခန္ဓာကိုယ်တွင်းအပူဓာတ်များသူ များမှာ ရေနိုင်နိုင်ချိုးပေးရပါမယ်။ အပင်ရှင် သန်ပေါက်ရောက်ရာနေရာဒေသပေါ် မူတည်၍ အရွက်အရွယ်အစားအ သေးအကြီး ကွာဟ မှုရှိပါတယ်။ ဒါ ကြောင့် စတင် စားသုံးသူများအဖို့ အရွက်အစိုကို လက်နှစ် လုံးခန့်သာဝါးစား၍ ရေဝဝသောက်ပေးရပါမယ်။
ရောဂါဝေဒနာပေါ်မူတည်၍ နံနက်-နေ့လယ်- ညတစ် ကြိမ်စီ တစ်နေ့သုံးကြိမ်ဝါးစားပြီး ရေသောက်ရပါမယ်။ ပဉ္စ ငါးပါး (အဖူး-အပွင့်-အရွက်-ပင်စည်-အမြစ်)အားလုံး အနံ့ အရသာရော ဆေးစွမ်းသတ္တိတွေပါ အတူတူပဲဖြစ်ပါတယ်။ အထူးအရေးကြီးတဲ့အချက်မှာ ဣဿရမူလီကို သုံးစွဲမည့် သူ၏အသက်အရွယ်၊ ကိုယ်ခံစွမ်းအားနှင့် ကိုယ်အလေး ချိန်အချိုးအစားအတိုင်း စနစ်တကျ မှီဝဲသင့်တာကြောင့် တတ်သိနားလည်သောဆရာသမားကောင်းများနှင့်တိုင် ပင်ပြီးမှသာ စိတ်ချလက်ချ သုံးစွဲကြသင့်ပါတယ်။
(၄) ကြက်သွန်နီနှင့်သကြား
ဘီပိုး၊ စီပိုးပျောက်တဲ့ ဆေးနည်းကောင်းလေးပါ။ ကြက်သွန်နီတစ်ဥ အခွံခွာ၊ အလုံးလိုက်ရေဆေး (စိတ်ပြီး မှမဆေးရ) လေးစိတ်စိတ် သကြားနဲ့တို့စားပါ။ နံနက်တစ် လုံး၊ နေ့တစ်လုံး၊ ညတစ်လုံး တစ်နေ့သုံးကြိမ် ပုံမှန်စား ပေးပါက လပိုင်းအတွင်း ဘီပိုး၊ စီပိုးသိသာစွာ ပျောက်ကင်း သွားကြောင်း သာဓကများရှိပါတယ်။
- ပေါက်ပေါက်
|───────────Yangon Media Group ──────────|
|───────────Yangon Media Group ──────────|

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...