Wednesday, February 11, 2015

ကိုကန့်ဒေသမှာ တိုက်ပွဲတွေကတော့ ပြင်းထန်နေဆဲပါ။


Han Lim with Tun Wai and 47 others
ကိုကန့်ဒေသမှာ တိုက်ပွဲတွေကတော့ ပြင်းထန်နေဆဲပါ။
တပ်မတော်ရဲ့အချို့တပ်ရင်းက တပ်ရင်းမှုးတွေကိုယ်တိုင် ဒဏ်ရာရထားပြီး
တပ်ရင်းတော်တော်များများဟာလည်း ကိုးကန့်တပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းကို
ခံနေရဆဲဖြစ်ပါတယ်။

အရာရှိအချို့နဲ့ တပ်မတော်သားရဲဘော်တွေ အပါအဝင်
ရဲတပ်သားအချို့လည်း ကျဆုံးသွားတဲ့ သတင်း
တပ်မ ၉၉
တပ်မ ၃၃ စတဲ့ တပ်မတွေလည်း ကိုးကန့်ဒေသကို စေလွှတ်လိုက်ပြီဆိုတဲ့ သတင်းတွေဟာ..
Facebook ထက်ဆီမှာ
ပျံ့ နှံ့  လို့နေပါတယ်။
ဒီလို သတင်းတွေနဲ့အတူ..
NLD က လူတွေနဲ့ ကျောင်းသားတွေကရော
ဒီလိုနေရာမျိုးကြတော့ ဘာလို့ ရှေ့ဆုံးက မသွားတာလဲဆိုတဲ့
မဆီမဆိုင် မေးခွန်းတွေ။
မင်းတို့စစ်ခွေးလို့ ခေါ်တဲ့ စစ်သားတွေပဲ
ခုလိုနေရာမျိုးမှာ ရှေ့ဆုံးကနေပြီး အသက်စွန့်ကာကွယ်သွားတာ မဟုတ်လားဆိုတဲ့
အပြောမျိုးတွေ။
နောက်တခုကတော့
မင်းတို့ခေါ်တဲ့ စစ်ခွေးတွေကြောင့်
မင်းတို့ ခုလို အေးအေးချမ်းချမ်းနေရတာပေါ့ဆိုပြီး
ကြားထဲကနေ အသားလွတ် အမှတ်ဝင်ယူနေတဲ့
စကားလုံးတွေကိုဖတ်မိရင်း ဒီစာကို ရေးလိုက်တာပါ။
စစ်ခွေး။
အရင်ဆုံး စစ်ခွေးလို့ခေါ်တဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ့မယ်။
ခွေးဆိုတာ သခင်ချကျွေးတာလေးစားပြီး သခင်ကို ကာကွယ်ပါတယ်။
သခင်က ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူနဲ့မဆိုင်ပါဘူး။
သူ့သခင်က လူတွေကို သတ်နေလည်း သခင်ဘက်က ရပ်တည်ပြီး တိုက်ခိုက်မှာပါ။
ဒါမှသာ သခင်က သူ့ကို ကျွေးမွေးမှာမဟုတ်လား။
အဓိက ကတော့ သခင်ရဲ့ မျက်နှာကိုပဲကြည့်ပြီး
အခြား ကောင်းတာ ဆိုးတာ မသိတာ ခွေးပါပဲ။
အဲဒီလိုပဲ.. ...
စစ်တပ်က အာဏာရှင်လူတစ်စု။
သူတို့ကြောင့်
ပြည်သူတွေ ဘယ်လောက်သေခဲ့ဖူးတာ
လက်ရှိ ဘယ်လောက်ဒုက္ခရောက်နေကြတာလူတိုင်းအသိ။ သူတို့ကို.. .
ပြည်သူတွေ အားလုံးက အလိုမရှိကြတာလည်း အမှန်။
အဲ့ဒီလို လူတွေကိုမှ..
ကာကွယ်ပေးနေတဲ့သူတွေဟာ
သူတို့ကျွေးမွေးပေးကမ်းထားတဲ့သူတွေနဲ့
သူတို့လက်ဝေခံတွေ
သူတို့ကြောင့် အဆင်ပြေနေသူတွေပဲ ဖြစ်မှာပါ ။
တကယ်တော့ သူတို့အားလုံးဟာ သခင်ကို ကာကွယ်ရမယ်ဆိုတဲ့
ခွေးနဲ့တူတဲ့ အသိဥာဏ်ပဲ ရှိတာကြောင့်
စစ်အစိုးရကိုကာကွယ်ပေးတဲ့ခွေး
စစ်ခွေးပါပဲ။
ပြည်သူတွေ မုန်းတာ
တဘို့ထဲကြည့်တဲ့ အဲဒီစစ်ခွေးပါ။
စစ်သား။
စစ်သားဆိုတာ ပြည်သူကမွေး ပြည်သူ့ရင်သွေးပါ။
နိုင်ငံတော် ကာကွယ်ရေးအတွက် မရှိမဖြစ်တဲ့ သူရဲကောင်းဆိုရင်လည်း မမှားပါဘူး။
စစ်သားလို့ ဆိုလိုက်တာနဲ့
တိုင်းပြည်အတွက် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတဲ့ ပုံရိပ်တွေ။
ရှေ့တန်းပြန် တပ်မတော်သားတွေကို အောင်သပြေနဲ့ ကြိုနေကြတဲ့ ပုံရိပ်တွေကိုလည်း
ဒီနေ့အထိ မြင်ယောင်နေဆဲပါ။
တကယ်တော့.
စစ်သားဆိုတာ
လိုအပ်လာတဲ့အချိန်မှာ အသက်နဲ့ရင်းပြီး အလုပ်လုပ်ရတဲ့သူမျိုး။
ဒီလိုလူမျိုးတွေအတွက် အသက်အာမခံကြေးဆိုတာ မရှိသင့်ဘူးလား။
နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားသူကို
လိုအပ်တဲ့ အချိန်မှာသုံးပြီး
သေဆုံးသွားချိန်မှာတော့ ...
ဒီနေ့မှစ၍ သင်သည် ငါတို့နှင့်မဆိုင် ဆိုတဲ့ စကား။
ဒီစကား အတိုင်းပဲ
နိုင်ငံတော်နဲ့ ဘာမှ မဆိုင်တော့သလို
မျက်နှာလွှဲ ခဲပစ်လုပ်ခဲ့ကြတဲ့အတွက်
ကျန်းရစ်တဲ့ မိသားစုတွေ ဒုက္ခရောက်ကြရတာလည်း အားလုံးအသိပါ။
တိုက်ပွဲမှာ ဒဏ်ရာတွေရ
ဒီ့နောက်မှာတော့...
ခြေပြတ်လက်ပြတ်ဖြစ်ပြီး
ဘဝတလျှောက်လုံး ခက်ခဲပင်ပန်းကြီးစွာ ရုန်းကန်သွားကြရတဲ့ စစ်သားတွေ
ဆိုတာကလည်း ဒုနဲ့ဒေးပဲ မဟုတ်လား။
သူတို့အပေါ်မှာ တာဝန်ရှိသူတွေအနေနဲ့
ဘယ်လောက်များ တာဝန်ကျေခဲ့ပါသလဲ။
သူတို့သားသမီးတွေ အပေါ်မှာရော နိုင်ငံတော်က တာဝန်ရှိသူတွေအနေနဲ့
ဘယ်လောက်အထိ ကြည်ရှူ့စောင့်ရှောက်ပေးခဲ့ပါသလဲ။
ခြေတစ်ဖက်ပြတ်နဲ့အတူ
ဂျိုင်းထောက်ကလေးကို အနိုင်နိုင်ထောက်ရင်း
စာအုပ်ကလေးတွေ ရောင်းစားနေရတဲ့ တပ်မတော်သားဟောင်းကြီးတွေ။
သူတို့သားသမီးတွေကအစ လမ်းဘေးမှာ ကြုံရာကျဗန်းလုပ်ကိုင်ရင်းနဲ့
ပင်ပန်းကြီးစွာ ဘဝကို ရုန်းကန်သွားကြရတဲ့ အနေအထားတွေဟာ
ဘာကြောင့်ပါလဲ။
တစ်ကယ်တော့..
စစ်သားနဲ့ စစ်ခွေးကို ခွဲခြားပြချင်တာပါ။
စစ်သားဆိုတာကတော့..
ဒုက္ခမျိုးစုံကို အငတ်ငတ် အပြတ်ပြတ်နဲ့ ရင်ဆိုင်ရင်း
တိုက်ပွဲဖြစ်ပြီဟေ့....ဆိုရင်လည်း
အရှေ့ဆုံးကနေပြီး တိုက်ရတဲ့သူ ။
အသက်စွန့်ရမယ်
ခြေလက် အင်္ဂါ စွန့်ရမယ်ဆိုရင်လည်း ရှေ့ဆုံးက
စွန့်လွှတ်သွားရတဲ့သူ။
စစ်ခွေးဆိုတာကတော့...
အာဏာရှင်တွေရဲ့ အလိုကိုလိုက် အကြိုက်ကိုဆောင်ရင်းနဲ့
ဝင်ငွေကောင်းတဲ့နေရာမှာ ဇိမ်နဲ့နေတဲ့သူ။
လက်ဖျားမှာ ငွေသီးပြီး
အာဏာရှင်တွေ သက်ဆိုးရှည်ဖို့အတွက်ပဲ ကြံဆောင်နေတဲ့သူ။
သူတို့ကို အတူတူပါလို့ ထပ်တူပြုပြီး ပြောလို့ ရပါ့မလား။
သူတို့တွေရဲ့
အခွင့်အရေးခြင်း
ရပေါက်ရလမ်းခြင်း
စွန်လွှတ်ပေးဆပ်ရတာခြင်းတွေရော
တူညီနိုင်ပါ့မလား။
ပတ်သက်ရာ ပက်သက်ကြောင်း မရှိတဲ့အခါ
အဆိုးဟူသမျှ ခံနေရတဲ့ သူတွေနဲ့
ကပ်ဖား ယက်ဖားလုပ်ရင်း
အကောင်းဟူသမျှ ရယူနေသူတွေကို အတူတူပါလို့တော့ မယူဆစေချင်ဘူး။
ပြည်သူအားလုံးဟာ
တိုင်းပြည်အတွက် အနစ်နာခံပြီး တိုက်ပွဲဝင်မယ့်
စစ်သားအားလုံးကို ချစ်မှာပါ။
ဒါပေမယ့်.. ..
လိုအပ်တာထက် အခွင့်အရေး ပိုယူချင်တဲ့ စစ်သားအားလုံးကိုတော့..
ဘယ်လိုမှ မေတ္တာထားနိုင်မှာ မဟုတ်ပါဘူး။
ခုလည်း ဒီလိုပါပဲ။
တိုက်ပွဲဝင်နေတဲ့ သူတွေအပေါ်မှာ သနားဂရုနာသက်မိပေမယ့်
အာဏာရှင်နဲ့ စစ်ခွေးတစ်စုကိုတော့ မေတ္တာ ရှိ မလာနိုင်ပါဘူး။
နိုင်ငံအတွက် လိုအပ်လာရင် သူတို့ပဲ ရှေ့ဆုံးက ကာကွယ်ပေးနေတာဆိုတဲ့
စကားလုံးနဲ့လဲ စစ်တပ်ကို ဂုဏ်တင်ရင်း
အာဏာရှင် သက်ဆိုးရှည်အောင်
မဖန်တီးကြပါနဲ့။
စစ်သားက စစ်သားအလုပ်ကို လုပ်ရမှာ ဖြစ်သလို
ဆရာဝန်ကလည်း ဆရာဝန်အလုပ်ကို လုပ်ရမှာပါပဲ။
နိုင်ငံကို ကာကွယ်တဲ့ တာဝန်ဟာ စစ်သားတာဝန်ဖြစ်ပြီး
လူနာကို အသက်ဆက်ပြီး ရှင်သန်အောင် ဆေးကုပေးဖို့ တာဝန်ဟာ
ဆရာဝန်တွေရဲ့ တာဝန်ပါ။
စစ်သားတစ်ယောက်က....
ငါက နိုင်ငံတော်ကို ကာကွယ်နေရတယ်။ အသက်အန္တရာယ်နဲ့ပိုပြီး နီးစပ်တဲ့အတွက်
အခွင့်အရေး ပိုရသင့်တယ်လို့ ယူဆနေလို့မရသလို...
ဆရာဝန်ကလည်း ငါ့ကြောင့် လူတွေအသက်ရှင်ရတာ
ငါမရှိလို့မဖြစ်ဘူး။
ဒါကြောင့် ငါက အခွင့်အရေး ပိုရသင့်တယ်လို့ ယူဆလို့ မရနိုင်ပါဘူး။
စစ်သားတစ်ယောက်က နိုင်ငံတော် အတွက် စစ်မတိုက်ချင်ရင်
အစကတည်းက စစ်ထဲ မဝင်သင့်သလို
ဆရာဝန်ကလည်း ထိုနည်းအတိုင်းပါပဲ။
အဓိက ကတော့ စားဝတ်နေရေး ဖြေရှင်းဖို့အတွက်
ကိုယ့်သဘောနဲ့ကိုယ် ဝင်ပြီး လုပ်နေကြသူတွေပါ။
ဒီနေရာမှာ..
တိုက်ဆိုင်လာလို့..
မလေးရှားနိုင်ငံက အကြောင်းလေးနည်းနည်းပြောပါမယ်။
မလေးရှားနိုင်ငံမှာ
စစ်သားတစ်ယောက်အတွက်
နိုင်ငံတော်က သတ်မှတ်ထားတဲ့ အသက်အာမခံကြေးဟာ
မြန်မာငွေနဲ့ ဆိုရင် သိန်း ၃၀၀ ကျော်မှာပဲ ရှိပြီး
ဒီ အသက်အာမခံဟာ
ရဲတွေလည်း အတူတူပဲ ရပါတယ်။
တာဝန်ထမ်းဆောင်ရင်းနဲ့
မတော်တဆ သေဆုံးသွားတဲ့အခါ...
ကျန်ရစ်တဲ့..မိသားစုကို အသက်အာမခံကြေး ထုတ်ပေးရုံမက
ကျန်ခဲ့တဲ့ သားသမီးတွေရဲ့ ပညာသင်ကြားရေးကိုလည်း
မထိခိုက်ရအောင်...
အခမဲ့ သင်ယူနိုင်တဲ့ ပညာရေးစနစ်လည်း
ထည့်သွင်းပေးထားပါတယ်။
စစ်သားတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေး အပြည့်အဝပေးထားပြီး
တာဝန်ချိန်မှာ
ထိခိုက်ဒဏ်ရာ ရခဲ့ရင်လည်း
သင့်တော်တဲ့ အာမခံကြေးအပြင်
တစ်သက်တာအတွက်လည်း လစဉ်ထောက်ပံ့မှု့နဲ့အတူ
နိုင်ငံတော်က ထာဝရ ကြည့်ရှူ့စောင့်ရှောက်သွားတဲ့
အစီအစဉ်တွေလည်း ရှိပါတယ်။
ကျွန်တော်တို့နိုင်ငံမှာရော စစ်သားအားလုံးကို
တန်းတူ အခွင့်အရေး ရရှိသွားအောင် အဲဒီလို လုပ်မပေးသင့်ဘူးလား။
အနစ်နာခံနေရတဲ့သူတွေနဲ့ စစ်ခွေးတွေကို အတူတူပဲ ဖြစ်စေချင်တယ်။
အခွင့်အရေးပိုယူချင်တဲ့ စစ်ခွေးတွေလည်း ဟိုနေရာလည်းပါ
ဒီနေရာလည်းပါ လုပ်မနေသင့်တော့ပဲ
စစ်သားနဲ့ စစ်ခွေးကို မိသားစုကအစ တန်းတူအခွင့်အရေး ပေးတဲ့
ဥပဒေတွေကိုလည်း ရှိသင့်ပါပြီ။ စစ်သားက စစ်သားအလုပ်ပဲလုပ်ပြီး
စစ်သားအခွင့်အရေး အပြည့်အဝကို စစ်သားတိုင်း အတူတူပဲ ရစေချင်တယ်။
ဒါ့ကြောင့်
တိုက်ပွဲ သတင်းတွေကို ရေးရင်း
NLD နဲ့ ကျောင်းသားတွေကို ပုတ်ခတ်နေမယ့်အစား
ကျဆုံးသွားတဲ့သူတွေနဲ့ ခြေလက် အင်္ဂါ စွန့်လွှတ်သွားရသူတွေအတွက်
အဆုံးစွန်ဆုံး
သူတို့မိသားစုတွေအတွက်
သူတို့နောင်ရေးအတွက်
ထိုက်သင့်တဲ့ ထောက်ပံမှုမျိုး ရရှိအောင်သာ ရေးသားသင့်ပါတယ်။
ဒါမှမဟုတ်ပဲ ..အသက်စွန့်သွားရသူ
လက်ခြေ ပြတ်သူဖြစ်သွားသူတွေအတွက်တော့ မသိချင်ယောင်ဆောင်နေပြီး
မင်းတို့ ပြောတဲ့ စစ်ခွေးတွေပဲတိုက်နေတာ။
သူတို့ပဲ ကာကွယ်နေတာ
သူတို့ပဲ အနစ်နာခံနေတာ ဆိုတဲ့ အသုံးအနှုန်းတွေကို တွင်တွင်သုံးရင်း
အာဏာရှင် သက်ဆိုးရှည်ဖို့ပဲ လုပ်ဆောင်နေရင်ကတော့...
မြောက်ပြဆန်တောင်းခြင်းမျိုးသာ ဖြစ်ပါလိမ့်မယ်။
ဆက်ရန်...
ဘုန်းထက်ကြယ်
(Credit-ဘုန်းထက်ကြယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...