Sunday, February 15, 2015

"ကျနော်သိသော ခွေးတစ်ကောင် အကြောင်း"


ကျနော်ငယ်ငယ်က ဖြစ်ပါသည်။
ကျနော်တို့ ကျောင်းတက်သောလမ်းက အိမ်တစ်အိမ်တွင် ရုပ်ဆိုးဆိုး ခွေးတစ်ကောင်ရှိပါသည်။
ထိုခွေးသည် စေ့ထားသော ခြံတံခါးနောက်ကွယ်မှနေ၍ ခြံရှေ့တွင် ဖြတ်သွားသမျှ အားလုံးကို ဟောင်ပါသည်။
- ရဟန်းသံဃာများကိုလည်း ဟောင်ပါသည်။
- သီလရှင်များကိုလည်း ဟောင်ပါသည်။
- ကျောင်းသားများကိုလည်း ဟောင်ပါသည်။

- ရေစည်လှည်းသမားကိုလည်း ဟောင်ပါသည်။
- ပဲပြုတ်သည်ကိုလည်း ဟောင်ပါသည်။
- ဆိုက်ကားဆရာကိုလည်း ဟောင်ပါသည်။
- စစ်သားကိုလည်း ဟောင်ပါသည်။
- ရဲသားကိုလည်း ဟောင်ပါသည်။
- ပလပ်စတစ်ကောက်သမားကိုလည်း ဟောင်ပါသည်။
- ရပ်ကွက်လူကြီးကိုလည်း ဟောင်ပါသည်။
- ရေခဲချောင်းသည်ကိုလည်း ဟောင်ပါသည်။
- ချဉ်ပေါင်းတွန်းလှည်းကိုလည်း ဟောင်ပါသည်။
- .... .... .... ဟောင်ပါသည်။
သို့သော်...
ခွေးချင်းခွေးချင်းတော့ မဟောင်ပါ။
တနေ့သောအခါ..
ထိုအိမ်တွင် အိမ်အကူလုပ်သော ကလေးမလေးက ထို ဟောင်လွန်းသောခွေး၏ 'ဇ' ကို သိလိုသောကြောင့် အိမ်ရှင်များ မရှိခိုက် ခြံတံခါးကို ဖွင့်ပေးလိုက်ပါသည်။
ထိုအခါ ၎င်းခွေးသည် ခြံတံခါးနောက်တွင် ပုန်း၍၊ လမ်းပေါ်တွင် ဖြတ်သွားသမျှသော၊ ယခင်က ၎င်း အချိန်ပြည့်ဟောင်ခဲ့သော လူများကို ခြောင်း၍ ကြည့်နေရှာတော့သည်။
ထို့နောက်တွင်... ...
အိမ်အကူကောင်မလေးက အဆိုပါခွေးအား ဖနောင့်ဖြင့် သုံးချက်တိတိပေါက်လိုက်လေတော့၏။
ကျနော်တို့ ငယ်ငယ်က ဖြစ်ပါသည်။
သန်၎ကို - ငယ်ဖြစ်ဟောင်း အောက်မေ့သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...