Wednesday, February 11, 2015

ချစ်ကြည်ရေးပျက်ပြားတာက အရေးကြီးသလား....??? လူတွေမျိုးဆက်တုန်းမှာအရေးကြီးလား..... ???


လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊သေနတ်နဲ့ပစ်၊ဗုံးနဲ့ခွဲမှ Genocide လို့ သတ်မှတ်မှာလား။ ဟောဒီမှာ ဒါဟာခင်ဗျားတို့ကျုပ်တို့ကိုမသိမသာ Genocide လုပ်နေတယ်ဆိုတာလေး သိသာအောင်မြင်ကြည့်ကြရအောင်။ လူမျိုးတုန်းသတ်ဖြတ်နေတာ၊ကျုပ်တို့ရဲ့ အနာဂါတ်တွေကို ချေမွနေတာ။

တမြေ့မြေ့နဲ့ လှိုက်စားနေတာ။ ဒါကိုမတားဆီး၊ မပိတ်ပင်နိုင်ရင်တော့မြန်မာပြည်အနှံ့ ကင်ဆာဖေါင်ဒေးရှင်းတွေနဲ့မီးသဂြိ င်္ုလ်စက်တွေသာ တိုးချဲ့ထားကြပေရော့ဗျို..... အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ........ .... ၁၇-၈-၂၀၁၃ နေ့မှာ တောင်တွင်းကြီးမြို့ အ.လ.က (၁) မှာ ကျောင်းကျန်းမာရေး စစ်ဆေးစဉ်က ကျောင်းဈေးဆိုင်မှာ ရောင်းချနေတဲ့ မုန့်တွေကိုစစ်ဆေးတဲ့အခါ မှာ ရောင်းချနေတဲ့ မုန့်အများစုဟာ ကလေးများအတွက်အာဟာရ မဖြစ်တဲ့အပြင် အန္တရာယ်ကြီးမားတဲ့ မုန့်တွေပါတွေ့ရှိရပါတယ် ။
ပုံပါအတိုင်း အချိုရည်ဘူးကပြည်တွင်းဖြစ်ပါ။ ရေသန့်မဟုတ်တဲ့ ရိုးရိုးရေထဲမှာ ဆိုးဆေးရော၊ သကြားဆီနဲ့အနံ့ ထည့်ပြီးpacking ပိတ်ထားတာပါ ။ ဆိုးဆေးထည့်တာ လက်ဆများသွားပုံ ရပါတယ် ။ ရေတွေက ပြစ်နှစ်နေပြီးအမှုန်တွေတောင် တွေ့ရပါ တယ်။ မုန့်ထုပ်တွေကတော့ သက်တမ်းလွန်နေတာ တစ်နှစ်နဲ့နှစ်လ ရှိနေပြီဖြစ်တဲ့ တရုတ်မုန့် တွေပါ။ဒီလိုသက်တမ်းလွန်မုန့်တွေနဲ့ ဆိုးဆေးရည်တွေကိုပိုက်ဆံပေးပြီး မုန့်လုပ်စားနေကြရတဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေရဲ့ အဖြစ်ဟာ မတွေးရဲစရာပါ။
ဈေးပေါပေါနဲ့ဝင်လာတဲ့ တရုတ်မုန့်တွေ ၊ ဆိုးဆေးအပြည့်နဲ့အချိုရည်ဘူးတွေ၊ ဂျယ်လီဘူးတွေ၊ရေခဲချောင်းတွေ ၊ စားအုန်းဆီခဲတွေနဲ့ကြော်ထားတဲ့အကြော်တွေ ၊ဆိုးဆေးတွေနဲ့ အကင်တွေ ၊ဆိုးဆေးတွေ ဆိုးထားတဲ့ သရက်ကင်တွေ၊သကြားဆီတွေနဲ့ ဘာတွေရောစပ်ထားမှန်းတောင်မသိနိုင်တဲ့ တရုတ်သကြားလုံးတွေ၊အစရှိတဲ့ မုန့်တွေပဲ နေ့စဉ်နဲ့ အမျှ မြိန်ရည် ရှက် ရည် စားနေကြရရှာတဲ့ကျွန်တော်တို့ ကလေး များ ကိုဘယ် လိုကယ်ဆယ် နိုင်ကြမ လဲ?? ဒီမုန့်တွေကိုရောင်းချနေတာ ကျွန်တော် စစ်ဆေးခဲ့တဲ့ကျောင်းတကျောင်းထဲမှာပဲ ရောင်းနေတာ မ ဟုတ်ပါဘူး။ မြန်မာနိုင်ငံ တနံတလျားတောရော မြို့ပါကျောင်းတိုင်းကျောင်းတိုင်းမှာ ရောင်းချနေတာပါ ။
ဒါဆိုရင် ကျွန်တော်တို့မျိုးဆက်ကလေးတွေအားလုံးမှာ အန္တရာယ်ကြီးကြီးမားမားကျရောက်နေပြီ ဆိုတာဟာ ငြင်းလို့မရလောက်အောင်ကို သိသာထင်ရှား နေပြီဖြစ်ပါတယ် ။ အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ ဖြစ်နေပါပြီ။ ဒီနှုန်းအတိုင်း ဆိုရင်ကျွန်တော်တို့ကလေးတွေ အားလုံး အသက်၂၀ နဲ့ ၃၀ ကြားမှာ အသည်း ကင်ဆာလို ရောဂါတွေနဲ့သေဆုံးကြရဖို့ သေချာနေပါပြီ။ ဒီကလေးတွေသာ မ်ျုးဆက်ပြတ်ကြရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်တော်တဲ့ ခေါင်းဆောင်အုပ်ချုပ် အုပ် ချုပ်။ ဘယ်လောက်ကောင်းတဲ့စနစ်နဲ့ချီတက်ချီတက် တိုးတက်ကြပါ့မလား????
ဒါကိုမှ လူမျိုးတုန်းသတ်ဖြတ်မှုလို့မပြောရင် ဘာကိုပြောမှာလဲ??????
လူမျိုးတုန်းစေတဲ တရုတ်မုန့်များ ကင်းဝေးဖို့ သတိပေးဆွေးနွေးကြစို့ 
Credit to - U Kyaw Swe


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...