Friday, February 20, 2015

ဟာသ ပေါင်းချုပ် (၂၀-၂)


‪#‎ကောင်မလေး‬= ငါ.ဖုန်းမှာ ညစ်ညမ်းတာတွေ မထည်.ဘူး လာပြီး ဂွင်မဆင်နဲ.......ကဲဟယ်...........ဖြန်း..........။
ကောင်လေး=ဘလိုင်းကြီး အဆော်ခံလိုက်ရတယ်......ကျွတ် ....ကျွတ်....နာလိုက်တာ.
ဘေးလူ=မင်းက ဘာသွားပြောမိလို.လဲ

ကောင်လေး- ဖုန်းက ဘာဖြစ်မှန် မသိလို. ကြည်.တတ်ရင် ကြည်ပေးပါဆိုလို ဖုန်းကိုကြည်.လိုက်တာ ဖုန်း ပါဝါတုန်းမှာ လိုး(low) ပြနေတယ်လို.ပြောမိတာလေးနဲ.ဗျာ...............။
Credit-Htoo

‪#‎ဗဟိုချုပ်ကိုင်မှု့‬ စံ 
တခါက ဒီမိုကရေစီ နိင်ငံတစ်နိုင်ငံနှင့် ဗဟိုချုပ်ကိုင်မှု့စနစ်ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံတို့ အကြား ဆွေးနွေးပွဲ ကျင်းပနေကြသည်၊ ဆွေးနွေးနေကြစဉ် ဒီမိုကရေစီ နိုင်ငံဖက်မှ အရာရှိတစ်ဦးက ခြေထောက်ဆန့်လိုက်ရာ တဖက် နိုင်ငံမှ စကားပြန်အမျိုးသမီး၏ ခြေထောက်ကို မတော်တဆ ထိမိသွားသည်၊ ချက်ချင်းပင် အရာရှိက ယင်းအမျိုးသမီးအား ခွင့်လွှတ်ရန် တောင်းပန်လိုက်သည်၊ ယင်းသို့ တောင်းပန်ခြင်းကို အမျိုးသမီးက ဘာမှမတုံ့ ပြန်ဘဲ နံဘေးရှိ သူ့နိုင်ငံမှ ဗိုလ်ကြီးတစ်ဦးကို ကပ်၍ တစုံတရာကို တီးတိုး ပြောလိုက်သည်၊ ယင်းဗိုလ်ကြီးက သူ၏ ဘေးရှိ ဗိုလ်မှုးကြီးအား တဆင့်တီးတိုး ပြောလိုက်ပြန်သည်၊ှ ဗိုလ်မှုးကြီး ကသူ့ ဘေးရှိ ဗိုလ်ချုပ်ကြီးအား တီတိုး ပြောလိုက်ပြန်သည်၊ ဗိုလ်ချုပ်ကြီးက အစည်းအဝေးခန်းမ၏ အပြင်သို့ ထွက်ပြီး သူ၏ နိုင်ငံရှိ ခေါင်းဆောင်ကြီးထံသို့ ဖုန်းခေါ် လိုက်သည်။ နာရီဝက်ခန့် ကြာသောအခါ ပြန်ဝင်လာပြီး ဗိုလ်မှုးကြီးအား တိုးတိုး ပြောလိုက်သည်၊ ဗိုလ်မှုးကြီးက တဖန် ဗိုလ်ကြီးကို ပြန်၍ တီးတိုး ပြောလိုက်ပြန်သည်၊ ဗိုလ်ကြီးက စကားပြန် အမျိုးသမီးအား နားအနား ကပ်၍ ပြောပြန်သည်၊ ထိုအခါကျ မှ စကားပြန်အမျိုးသမီးက မတော်တဆ ထိမိလာသူ တဖက်နိုင်ငံမှ အရာရှိအား "ကိစ္စမရှိပါဘူးရှင်" ဟု ပြန်ပြော လိုက်လေတော့သည်။ ဖုန်းလိုင်းများ ကောင်း၍ တော်ပေသေးသည်၊ သို့မဟုတ်က နောက်နေ့မှပြန် ပြောနိုင်လိမ့်မည်ထင်သည်။ ။ -------
Credit-Ooba San

‪#‎facebook‬ ဟူသည်က အဘယ်နည်း?
facebook ဟူသည်က ယောကျာင်္းလေး တစ်ယောက်က ရယ်စရာဟာသ ပိုစ်.တခု တင်သောအခါ မည်သည်.တုန်ပြန်မှူ မှမရဘဲ မိန်းကလေးတယောက်က လည်းကောင်း ပိုစ်.ကို ကူးယူ တင်လိုက်သောအခါ 500 Likes , 300 comment နှင်. 100 friend Requests များရရှိခြင်း ကို ဆိုလိုပါသည်............။။။
Credit- No Name

‪#‎အရက်‬ သုံးစွဲခြင်းဖြင်. ပျောက်ကင်းနိုင်သော ရောဂါများ.........
-အလုပ် မလုပ်ချင် အပျင်းကြီးပြီး ဖျားနာခြင်း
-ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ အောင် ပျင်းရိခြင်း၊
- အလုပ် အဆင်မပြေ စိတ်ညစ်ခြင်း၊
- ချစ်သူ နှင်. စကားများ အသဲကွဲခြင်း၊
- တယောက်တည်း ယောင်ချာချာ အထီးကျန်ခြင်း၊
- မိဘများ အဆူအဆဲ ခံရပြီး စိတ်ပိန်ခြင်း၊
- အပေါင်းအသင်း များနှင်. ဝေလေလေ လိုက်လိုခြင်း၊
- အချိန်ပြည်. တဏှာစိတ်များ ရုံးကြွခြင်း၊
- ညနေရောက်လျှင် တခုခု လိုနေသလို ခံစားရခြင်း၊
- အချိန်တန်လျှင် လေပျို.လေအန်ခြင်း၊လက်တုန်ခြင်း၊
- ရင်ထဲမှာ ဟာတာတာဖြစ်ခြင်း၊ အိပ်မပျော်ခြင်းများ
ကို အထူးတလည် ပျောက်ကင်းစေပါသည်။ ။။။
- ရောဂါ အလွန်ပြင်းပါက ရေမရောဘဲသောက်ပါရန်၊ပုံမှန်ရောဂါ ဖြစ်ပါက ရေ(သို.)ရေခဲ ရောစပ် သောက်နိုင်သည်။တစ်နေ.နှစ်ကြိမ် မှ သုံးကြိမ် မကောင်းမချင်းသောက်နိုင်သည်။။။။။။။
xxxx ရရှိနိုင်သော နေရာများ ( အမြို.မြို. အနယ်နယ်ရှိ အရက်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်၊၊)
Credit- No Name

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...