Friday, February 27, 2015

ဟာသ အသုတ်စုံ (၂၇-၂)

သုတေသန
=========
မကြာသေးခင်ကဖြစ်သည်။ သိပ္ပံပညာရှင်တစ်စု ဘီယာတွင် အမျိုးသမီး ဟော်
မုန်း အနည်းငယ် ပါသည်ကို တွေ့ရှိခဲ့သည်။ ထိုကြောင့် ယင်းအချက်ကို ယောက်ျား
အယောက်တစ်ရာ အား တစ်ယောက်လျှင် ဘီယာ ၁၂ ပိုင့် စီ တိုက်၍ ယင်းတို့၏
အပြုအမူကို စစ်ဆေးခဲ့ရာ -
- တစ်ရာ ရာခုန်နှုန်း လုံး သည် အလေးချိန်တက်လာသည်။

- စကားကို အကြောင်းမယ်မယ်ရရ မရှိဘဲ အလွန်အကျွံပြောလာသည်
- စိတ်ခံစားမှု အလွန်အမင် မြင့်တက်လျက် ကားမမောင်းနိုင်သည့် အထိဖြစ်သည်။
အဆိုးတကာ့ အဆိုးဆုံးမှာ ၎င်းတို့၏ မှားယွင်းမှု အပေါ် တောင်းပန်ရန်
အသဲအသန် ငြင်းဆန်ကြခြင်းပင်ဖြစ်သည်။
(မှတ်ချက် - ဆက်လက် သုတေသနပြုရန် အစီအစဉ်မရှိသေးပါ)

အလုပ်ဖြစ်တယ်လေ
==========
ဆေးဆိုင်ပိုင်ရှင်ကြီးတစ်ယောက် သူ့ဆိုင်တွင်းသို့ ၀င်ရောက်လာ
သောအခါ နံရံ ကို ခေါင်းနှင့်ထိကာ
ခါးကုန်းထားလျက် မသက်မသာ ဖြစ်နေဟန်ရှိသော
စာရေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထို့ကြောင့်
သူအနားတွင် ရပ်နေသော စာရေးတစ်ယောက်ကို
လှမ်းမေးသည်။
"ဟေ့ . . . ဒီတစ်ယောက် ဘာဖြစ်နေတာလဲ"
စာရေးကပြန်ဖြေသည်။
"ချောင်းဆိုးနေလို့တဲ့ ဆရာ"
"ဆေးမပေးထားဘူးလား"
"ဟုတ်ကဲ့ ၀မ်းနုတ်ဆေး တစ်ပုလင်းလုံး တိုက်ထားပါတယ်"
"မင်း . . အရူးပဲ ချောင်းဆိုးတာ ၀မ်းနုတ်ဆေး ဘာလို့ပေးရတာလဲ"
"ဟာ . . . ဆရာကလည်း ဟိုမှာ ကြည့်ပါအုံး
တွေ့တယ်မလား . . ဒီကောင် ချောင်းမဆိုးရဲတော့ဘူး
အလုပ်ဖြစ်တယ်လေ"
(KZO)

‪#‎အဖြေကောင်းတော‬.လည်း
မယား၏ မွေးနေ.ကို မေ.လျော.မိသည် လင်ယောက်ျား အား မယားက အပြစ်တင်လေသည်။
ထိုအခါ လင်ယောက်ျား က ပြန်ပြောလိုက်ပုံမှာ-
ခင်က ဘယ်အခါပဲ ကြည်.ကြည်. အိုမင်း ရင်.ရော်ပုံမပေါက်တော. ခင်.မွေးနေ.ကို မောင် ဘယ်လိုသတိရပါတော.မလဲကွယ်.............။။။
Credit-ကောင်းမြတ်မင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...