Saturday, February 21, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၂)

သစ်ထူးလွင်


Posted: 21 Feb 2015 07:07 AM PST
လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပြမြေပုံ။ Photo: Hmuu Zaw ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA ၊ TNLA ၊ UWSA ၊ မိုင်းလား နဲ့ SSA/SSPP အဖွဲ့တို့က ကိုးကန့်အဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေ တာဖြစ်ကြောင်း ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) ထိပ်တန်းအရာရှိတွေက ပြောပါတယ်။ ဖုန်ကြားရှင် 
Posted: 21 Feb 2015 06:34 AM PST
အလုပ်သမား ထောင်ချီ ဆန္ဒပြခဲ့ကြ ရွှေပြည်သာ စက်မှုဇုန်က E-Land Myanmar အထည်ချုပ် စက်ရုံရှေ့ က ဆန္ဒပြ အလုပ်သမား တွေကို ရဲတွေက မနေ့က ဝင်ရောက် ဖြိုခွင်း ခဲ့ပေမယ့် အလုပ်သမား တွေကတော့ သပိတ်စခန်း ဖွင့် ဆန္ဒပြ နေကြဆဲ ဖြစ်ပါတယ်။ မနေ့က သပိတ်ဖြိုခွင်း မခံရခင် တဲ့အထိ ဒီစက်ရုံ ရှေ့မှာ အလုပ်သမား ထောင်ချီ ဆန္ဒပြ နေခဲ့တာ ဖြစ်ပြီး ဒီနေ့မှာ ဆန္ဒပြ အလုပ်သမား ၅ဝဝ လောက်ပဲ ရှိပါတယ်။ အရင်က E-Land Myanmar ၊ Ford Glory 
Posted: 21 Feb 2015 05:11 AM PST
သတင်းဓာတ်ပုံ – မြတ်သူရ၊ ဒီဗွီဘီ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲဖြစ်စဉ်တွေမှာ တရုတ်စစ်သားဟောင်းတွေ ပါဝင်သလို (ယူဒဗလျူအက်စ်အေ) ၀တပ်ဖွဲ့ပိုင် လက်နက်စက်ရုံက ထုတ်တဲ့ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ မြန်မာ့တပ်မတော်က  ပြောပါတယ်။ နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုတိယဗိုလ်ချုပ်ြ
Posted: 21 Feb 2015 04:56 AM PST
ကိုးကန့်ဒေသမှာ ဖုန်ကြားရှင်ရဲ့တပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေရဲ့နောက်ကွယ်မှာ တရုတ်အစိုးရ မပါရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ပြင်ပမှာ သတင်းမီဒီယာတွေက ကိုးကန့်ဒေသနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဝန်ကြီး ဦးအောင်မင်းက အခုလို ဖြေ
Posted: 21 Feb 2015 04:54 AM PST
ဝါရှင်တန် ဖေဖော်ဝါရီ ၂ဝ ရဟူဒီဘာသာရေးဆိုင်ရာ စုရပ်ကျောင်းတော်ရှိ ရေချိုးခန်းတွင် လာရောက်သန့်စင်သော အမျိုးသမီး များကို ဗီဒီယိုခိုးရိုက်ခဲ့မှုဖြင့် တရားစွဲခံထားရသော ဂျူးဘုန်းကြီးတစ်ပါးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီးနောက် အယူခံလျှောက်ထားခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ယနေ့ဖော်ပြသည်။ အသက်(၆၃)နှစ်အရွယ်ရှိ ဘာရီဖရန်ဒယ်ဆိုသူ အဆိုပါဂျူးဘုန်းကြီးသည် ဝါရှင်တန်ရှိ ဘာသာရေး စုရပ်ကျောင်းတော်မှ ရေချိုးခန်း
Posted: 21 Feb 2015 04:41 AM PST
ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ၂၁-၂-၂၀၁၅ တောင်အာဖရိ နိုင်ငံမှ တရားရုံး တစ်ရုံးသည် အမျိုးသမီး ၂၉ ဦးကို အဓမ္မ ပြုကျင့်ခဲ့သည့် အမျိုးသား တစ်ဦးကို ထောင်ဒဏ် ၁၅၃၅ နှစ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။ အသက် ၃၅ နှစ်အရွယ် အဲလ်ဘတ်မိုရာကေ အမည်ရှိ အမျိုးသားသည် အဆိုပါ ပြစ်မှုများကို ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး တရားရုံးက ၄င်းကို ဓားပြမှု၊ ပြန်ပေးဆွဲမှု
Posted: 21 Feb 2015 04:34 AM PST
သောက်သုံးရန်မသင့် ရေသန့်အမျိုးအစားများ ပြည်သူများအကြား ဝေဖန်မှုတွေ ရှိနေတာကြောင့် သောက်သုံး ရန်မသင့်တဲ့  ရေသန့် ၇၃ မျိုးကို အစိုးရက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ သောက်သုံး ရန်မသင့်တဲ့ ရေသန့်တွေကို ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အရည်အသွေး မီ မမီ စစ်ဆေးထားခြင်း မရှိတဲ့အတွက် ရေသန့်အရည်အသွေး အာမခံချက် မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ သောက်သုံးဖို့မသ
Posted: 21 Feb 2015 04:25 AM PST
မန္တလေးမြို့မှာ စည်ပင်သာယာက ပေးဝေနေတဲ့ ရေခွန်တွေကို မကြာခင်မှာပဲ တိုးမြှင့် ကောက်ခံတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရေ ၁ ယူနစ်မီတာကို ၅၅ ကျပ်နှုန်းနဲ့ ကောက်ခံနေတာဖြစ်ပြီး တိုးမြှင့်မယ့်နှုန်းကို အတိအကျ မပြောနိုင်သေးဘူးလို့ မန္တလေးစည်ပင် ရေနဲ့ သန့်ရှင်းမှုဌာနမှူးက ပြောပါတယ်။ မန္တလေးရဲ့ ရေခွန်ဟာ အနိမ့်ဆုံးဖြစ်ပြီး တိုးမြှင့်ခဲ့ရင်တောင်မှ ရန်ကုန်ထက်နည်းမှာပါလို့လည်း ဌာနမှူးက ပြောပါတယ်။ အခုလိုတိုးကောက်
Posted: 20 Feb 2015 09:04 PM PST
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန် ၃ က အလုပ်သမားတွေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဆန္ဒပြကြစဉ်။ Photo: Wai Yan Moe Myint/RFA ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံမှာ အခြေခံလစာတိုးပေး ဖို့ သပိတ်မှောက် တောင်းဆိုနေတဲ့ အလုပ်သမားတွေကို မနေ့ညနေ ၅ နာရီကျော်လောက်မှာ ရဲအင်အားအလုံး အရင်းနဲ့အကြမ်းဖက် နှိမ်နင်းလိုက်ပါတယ်။ ရဲတပ်ဖွဲ့တွေကရိုက်နှက်တဲ့အတွက် အမျိုးသမီးအလုပ် သမားနှစ်ယောက်အပါအဝင် E-Land Myanmar စက်ရုံ က 
Posted: 20 Feb 2015 05:51 PM PST
အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ရဲ့ နာမည်ကို ဒေါင်လိုက် ထည့်သွင်းချုပ်လုပ်ထားတဲ့ ထူးခြားတဲ့ အနက်ရောင်ဝတ်စုံ။ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ရဲ့ နာမည်ကို ဒေါင်လိုက် ထည့်သွင်း ချုပ်လုပ်ထားတဲ့ ထူးခြားတဲ့ အနက်ရောင် ၀တ်စုံကို သောကြာနေ့က လေလံပစ် တာမှာ အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ နီးပါးပေးပြီး ၀ယ်သွားပါတယ်။ မစ္စတာမိုဒီ့လိုပဲ ဂူဂျာရတ်ပြည်နယ်ကဖြစ်တဲ့ စိန်ကုန်သည် Lalji Patel က အိန္ဒိယရူပီးငွေ ၄၃ သန်း၊ အမေရိက
Posted: 20 Feb 2015 05:49 PM PST
မြန်မာ့အထည်ချုပ် လုပ်ငန်းခွင်မြင်ကွင်း။ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ ညနေပိုင်းက ရွှေပြည်သာစက်မှုဇုန်မှာ အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ အထည်ချုပ် အလုပ်သမား သပိတ်ကို ရဲအာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး အခြေအနေတွေ တင်းမာခဲ့ပါတယ်။ အမျိုးသမီး အလုပ်သမား ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သလို ရဲတချို့လည်း ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ဒါအပြင် ဦးဆောင်လှုပ်ရှားတဲ့ အလုပ်သမား
Posted: 20 Feb 2015 04:33 PM PST
သောကြာနေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တာပါ အခြေခံ လုပ်ခလစာ တိုးမြှင့်ရေး သပိတ်မှောက် တောင်းဆို နေကြတဲ့ ရွှေပြည်သာ စက်မှုဇုန်က အထည်ချုပ် လုပ်သား တွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေကြား သောကြာနေ့ည ဦးပိုင်းက ထိပ်တိုက် ဖြစ်တဲ့ အတွက် နှစ်ဘက် စလုံးမှာ ဒါဇင်နဲ့ ချီပြီး လူတွေ ဒဏ်ရာ ရခဲ့ ကြပါတယ်။ ရွေပြည်သာ စက်ရုံ ၄ ရုံက အလုပ်သမား နှစ်ထောင်လောက် ဆန္ဒပြ နေခဲ့တာ နှစ်ပတ်ကျော် လာခဲ့ ချိန်မှာ ဒီလို ပြဿနာ ဖြစ်ခဲ့ တာပါ။ အာဏာပို
Posted: 21 Feb 2015 04:57 AM PST
ကိုးကန့်စစ်ပြေးဒုက္ခသည်များ။ (ဖေဖော်ဝါရီ-၂၀၁၅) ကိုးကန့်ဒေသ လောက်ကိုင်မြို့တ၀ိုက် တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံတွေ စစ်ပြေးဒုက္ခသည်အဖြစ် မြန်မာပြည်တွင်းနဲ့ တရုတ်နယ်စပ် ဖက်ကို ထွက်ပြေးနေကြရာမှာ အခုဆိုရင် ဒုက္ခသည် စုစုပေါင်း ၉သောင်းလောက် ရှိသွားပြီးလို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ကစပြီး လောက်ကိုင်မြို့မှာဖြစ်ပွားခဲ့တဲ့ 
Posted: 20 Feb 2015 04:33 PM PST
စစ်အုပ်ချုပ်ရေး လောက်ကိုင်ဒေသ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅) တိုက်ပွဲဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ် လောက်ကိုင် ဒေသ ဘက်မှာ မြန်မာအစိုးရ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲတွေအကြား သတင်းရယူဖို့ သွားမယ့် သတင်းသမားတွေကို တပ်မတော်ကနေ လုံခြုံရေး ယူပေးဖို့ မြန်မာဂျာနယ်လစ် ကွန်ယက် MJNကနေ တောင်းဆို လိုက်ပါတယ်။ လောလောဆယ်မှာ လောက်ကိုင်ဒေသကို  စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ငြိ
Posted: 21 Feb 2015 04:57 AM PST
ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ကိုတွေ့ရစဉ်။ Photo: Win Naung Toe/RFA လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးကို အဟန့်အတားဖြစ်စေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း အနှောက်အ ယှက်ဖြစ်စေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောပါတယ်။ မလေးရှားကာကွယ်ရေးဝန်ကြီး   Dato Seri Hishammudin Tun Hussein နဲ့ ဒီနေ့ နေပြည်တော်က
Posted: 20 Feb 2015 04:32 PM PST
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် / Photo: RFA သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေတောင်းဆို ထားတဲ့အတိုင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံး ထားပြီး အမျိုးသားပညာရေးဥပဒေကို လွှတ်တော် က ပြင်ဆင်ပြဌာန်းပေးဖို့ဆိုတာ အချိန်တိုတောင်းတဲ့ အတွက် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောပါတယ်။ ပညာရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကေ
Posted: 20 Feb 2015 04:32 PM PST
တာဝန်ယူမှု ရှိသော ခရီးသွား လုပ်ငန်း ကို တွန်းအားပေးဖို့ မြန်မာ အစိုးရ မှာ မူဝါဒ ချထားပေမယ့် တကယ် အကောင်အထည် ဖော်နိုင်ဖို့ တော့ အစိုးရ မှာ စွမ်းရည် နဲ့ အရင်းအမြစ် မရှိဘူး လို့ MRCB ရဲ့ အစီရင်ခံစာ မှာ သုံးသပ် ထား ပါတယ်။ မြန်မာ နိုင်ငံရဲ့ ခရီးသွား လုပ်ငန်း ကဏ္ဍဍ ရဲ့ အားသာချက် နဲ့ အားနည်းချက်တွေ အပေါ် စမ်းစစ် ထားတဲ့ အစီရင် ခံစာ တစ်စောင် ကို Myanmar Centre for Responsible Business (MRCB) ထုတ်ပြန် လိုက်
Posted: 20 Feb 2015 04:16 PM PST
လစ်ဗျားအစိုးရ ထိန်းချုပ်ထားတဲ့ Qubba မြို့မှာ တိုက်ခိုက်မှုဖြစ်။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅) လစ်ဗျားနိုငံအရှေ့မြောက်ဒေသတွင်း ကားဗုံးဖေါက် တိုက်ခိုက်မှုအနည်းဆုံး သုံးကြိမ်ဖြစ်ပွါးခဲ့မှု အတွင်း လူပေါင်း အနည်းဆုံး ၃၀ လောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ သောကြာနေ့မှာ အစ္စလာမ်စစ်သွေးကြွတွေရဲ့ အမာခံနယ်မြေနားက နိုင်ငံတကာ အစိုးရအသိအမှတ်ပြု လစ်ဗျားအစိုးရ ထိန်းချုပ်ထားတဲ့ Qubba မြို့မှာ ဒီတိုက်
Posted: 20 Feb 2015 03:59 PM PST
ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ ထုတ် Auto World Journal  အတွဲ - ၄၊ အမှတ် - ၈ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ  
Posted: 20 Feb 2015 03:58 PM PST
ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ ထုတ် 8 Days Journal Vol 6 No 45 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ  
Posted: 20 Feb 2015 03:57 PM PST
ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ  
Posted: 20 Feb 2015 03:56 PM PST
ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ  
Posted: 20 Feb 2015 03:55 PM PST
ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ  
Posted: 20 Feb 2015 07:55 AM PST
PHOTO BY - ZN ( Oriental News) ဖေဖော်ဝါရီ ၂၀ ၊ ရန်ကုန်။ ရွှေပြည်သာ အလုပ်သမားသပိတ် ဖြိုးခွင်ခံရမှု တွင် သတင်းထောက်များထွက်ပြေးရ သည်ဟု ယင်းနေရာသို့ရောက်ရှိသတင်းရယူခဲ့သည့် Oriental News သတင်းထောက်ကပြောသည်။ ´´ ဓါတ်ပုံရိုက်ဖို့မပြောနဲ့ အရိုက်မခံရအောင် မနည်းထွက်ပြေးရတယ်။ သတင်းထောက် မှ မဟုတ်ဘူး၊ အနားရောက်လာတဲ့သူတိုင်းကို အမည် မသိသူတွေက ဘာလာကြည့်တာလဲ ၊ ဘာညာပြောပြီး လိုက်ရိုက်တာ။ ရိုက်တဲ့သူတွေက ရဲေ
Posted: 20 Feb 2015 07:23 AM PST
ဉာဏ်ရည်မမီတဲ့ သားငယ်နဲ့ ထိုင်း အငှား ကိုယ်ဝန် မိခင် နိုင်ငံခြားသားတွေ အတွက် ထိုင်း အမျိုးသမီးတွေက အငှား ကိုယ်ဝန်ဆောင် တာတွေကို တားမြစ်တဲ့ ဥပဒေ ထိုင်းနိုင်ငံမှာ စတင် သက်ဝင် လာပြီ ဖြစ်ပါတယ်။ အငှား ကိုယ်ဝန်ဆောင်ဖို့ ကြားပွဲစားတွေက တဆင့် ဆက်သွယ်တာ တွေနဲ့ အမျိုးသမီးတွေက စီးပွားရေး လုပ်ငန်းလို ကြော်ငြာ တာမျိုးတွေကိုလည်း ဒီဥပဒေက တားမြစ် လိုက်ပါတယ်။ မနှစ်တုန်းက သြစတြေးလျ ဇနီးမောင်နှံ အတွက် အငှား ကို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...