Sunday, February 22, 2015

တန်းဝင်မှ စင်ပေါ်တက်ပါ

ပညာရေးဥပဒေအကြောင်း ပါဝင်ဆွေးနွေးလိုသူများအတွက် အောက်ပါမေးခွန်းများကို အရင်ဖြေဆိုပြီး ကိုယ့်ကိုယ်ကို အမှတ်ပေးကြည့်ကြပါစို့ ။
၁။ မြန်မာပြည်ဧ။် ပညာရေးစနစ်သည် အရှေ့တာင်အာရှတွင် ( အမြင့်ဆုံးဖြစ်သည်၊ အနိမ့်ဆုံးဖြစ်သည်)။
၂။ တိုင်းပြည်တစ်ပြည်ဧ။် အနာဂတ်ခိုင်မာမှုကို ထိုတိုင်းပြည်အတွင်းရှိ လူငယ်အရေအတွက်ပေါ် အခြေခံ၍ ( စစ်သားအရေအတွက် ၊ ကျောင်းသားအရေအတွက် ) ဖြင့် အချိုးချကြည့်လျှင် သိနိုင်သည် ။

၃။ အိမ်နီးချင်းထိုင်းနိုင်ငံဧ။် ပညာရေး အသုံးစာရိတ်သည် ဘာ့ဂျက်ဧ။် ၂၀ ရာခိုင်နှုန်းကျော်ဖြစ်သည် ၊ မြန်မာနိုင်ငံဧ။် ပညာရေး အသုံးစာရိတ်သည် ဘာ့ဂျက်ဧ။် ( ၂၀ ရာခိုင်နှုန်းကျော် ဖြစ်သည် ၊ ၆ ရာခိုင်နှုန်းပင် မရှိပါ ) ။
၎။ မြန်မာနိုင်ငံဧ။် အနာဂတ် ကောင်းမွန်စေရန်အတွက် မူလတန်း အလယ်တန်း မသင်မနေရ အခမဲ့ ပညာရေးစနစ်ကို ( မကျင့်သုံးသင့်ပါ ၊ ကျင့်သုံးသင့်ပါသည် ) ။
၅။ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ဖတ်စာအုပ်များသည် ( လက်ရှိဖြူမဲ ပုံနှိပ်စာအုပ်များအတိုင်း သင့်တော်ပါသည် ၊ ရောင်စုံ ပုံနှိပ်စာအုပ်များ ဖြစ်သင့်သည် ) ။


၆။ ကချင်ဒေသတွင် ကချင်စာပေကိုထည့်သွင်းသင်ကြားခြင်း ကရင်ဒေသတွင် ကရင်စာပေကိုထည့်သွင်းသင်ကြားခြင်း ရှမ်းဒေသတွင် ရှမ်းစာပေကိုထည့်သွင်းသင်ကြားခြင်း စသည့် ဌာနေတိုင်းရင်းသားစာပေများကို သက်ဆိုင်ရာဒေသဧ။် ပညာရေးစာသင်ကျောင်းများတွင် ထည့်သွင်းသင်ကြားခြင်းသည် တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ( ပြိုကွဲစေနိုင်သည် ၊ အထောက်အကူပြုနိုင်သည် ) ။
၇။ မြန်မာ့ပညာရေးစနစ်ဖြင့် ဘွဲ့ရလူငယ်အများစုသည် နိုင်ငံတကာရှိအဆင့်မြင့်အလုပ်အကိုင်ရာထူးများ မရကြခြင်းမှာ ( လူငယ်များကိုယ်တိုင်က ညံ့ဖျင်းသောကြောင်ဖြစ်သည် ၊ အဆင့်မမှီသော သင်ရိုးများ သင်ကြားမှုပုံစံများကြောင့်ဖြစ်သည် ) ။
၈။ ကျောင်းသားကျောင်းသူများမှ ဆရာဆရာမများအပေါ် ပြန်လှန်အကဲဖြတ်သုံးသပ်ခွင့်ရှိသော ပညာရေးစနစ်သည် (ရိုင်းစိုင်းသော ပညာရေးစနစ်ဖြစ်သည် ၊ ကမ္ဘာ့ထိပ်တန်းနိုင်ငံများတွင်ကျင့်သုံးနေသော ပညာရေးစနစ်ဖြစ်သည် ) ။
၉။ ကမ္ဘာကိုစိန်ခေါ်နိုင်မည့် ပညာတတ်များ ထွက်ပေါ်လာစေရန် အတွက် ကျောင်းသားများသည် (စည်းကမ်းပြည့်ဝ၍ အမိန့်နာခံတတ်သော အခြေခံကောင်းများရှိရန်လိုသည် ၊ လွတ်လပ်စွာစဉ်းစားတွေးခေါ်၍ ထွင်းဖောက်သိမြင်တတ်သော အခြေခံကောင်းများရှိရန်လိုသည် ) ။
၁၀။ ထိရောက်ပီပြင်သော ယှဉ်ပြိုင်နိုင်စွမ်းသော လူငယ်ကျောင်းသားတစ်ယောက် ဖြစ်လာစေရန် ( နိုင်ငံရေးကို ဝေးဝေးရှောင်သင့်သည် ၊ နိုင်ငံ့အရေးသာမက ကမ္ဘာ့အရေးများတွင်လည်း မျက်စိဖွင့်နားစွင့်ကာ လေ့လာမှတ်သား ပါဝင်ဆောင်ရွက်သင့်သည် ) ။
ပညာရေးဥပဒေ ပြင်ဆင်ရေးမှာ ငါလည်းပါဝင်ဆွေးနွေးချင်တယ်ဆိုရင် အထက်ဖော်ပြပါ မေးခွန်း ၁၀ ခုကို မဖြစ်မနေ ဖြေစေလိုပါသည် ၊ အဖြေများကို သူငယ်ချင်းများနှင့် တိုက်ကြည့်၍ ကွဲလွဲချက်များရှိပါက အမြင်ချင်း ဆွေးနွေးဖလှယ်သင့်ပါသည် ။
ပညာရေးသည် အားလုံးနှင့် တိုက်ရိုက်သက်ဆိုင်သော အရေးဖြစ်သဖြင့် ဘေးထိုင် ဘုပြော ငါတကောကောခြင်းများ ရှောင်ရှားသင့်သည် ၊ တန်းဝင်မှ စင်ပေါ်တက်ရန် အထူးလိုအပ်သည် ။
သာဓု သာဓု သာဓု
( Pyawpyawshwinshwin Myittar )
လေးစားစွာဖြင့်
Thar Chit Wai

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...