Monday, February 16, 2015

သစ်ထူးလွင် သတင်း စုစည်းမှု (၁၆-၂)

သစ်ထူးလွင်


Posted: 16 Feb 2015 07:38 AM PST
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် ။ Photo: RFA အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ၀န်ကြီးဌာနက ဒီနေ့ လွှတ်တော်မှာ တင်သွင်း မယ်လို့ ပြင်ဆင်ခဲ့ပေမဲ့ တင်သွင်းခြင်း မရှိသေးဘူး လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်ထံ ပေးပို့ထားတာ မရှိသေးကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမြတ်ဥာဏစိုး က ပြောပါတယ်။
Posted: 16 Feb 2015 07:28 AM PST
လာရှိုးမှာ စခန်းတွေ ဖွင့်ပြီး တိမ်းရှောင် လာသူ တွေကို အကူ အညီ ပေးနေ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် ဒေသ မော်ထိုက် မြို့နယ် ကျေးရွာတွေ ကနေ ဆရာ ဆရာမ ၁၇ ဦးဟာ ဆုံကန် ကျေးရွာမှာ ရောက်ရှိ နေပြီး အဲဒီ မှာ ဘယ်မှ သွားလို့ မရဘဲ ပိတ်မိနေ ကြပါတယ်။ ပုံမှန် ပြေးဆွဲ နေတဲ့ လိုင်းကားတွေ မရှိ တော့တဲ့ အတွက် ဘယ်မှ သွားလို့ မရဘဲ ဖြစ်နေပြီး စိုးရိမ် ထိတ်လန့် နေတယ်လို့ အဲဒီမှာ ပိတ်မိ နေတဲ့ ဆရာမ မဝင်းဝင်းမော် က
Posted: 16 Feb 2015 06:54 AM PST
သိန်း (၄၀) နဲ့ဝယ်နိုင်မယ့် အခန်းပေါင်း (၆၈၀၀) ကို (၆)လအတွင်းမှာ ဆောက်လုပ်ပေးနိုင်တယ်လို့ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို လင်းဆက်အောင်က ပေးပို့ထားပါတယ်။ DVB TV - 16.02.2015 ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 16 Feb 2015 07:24 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ကချင်ပြည်နယ် အတွင်းမှာတော့ အစိုးရတပ်ဖက်က စစ်အင်အား တိုးချဲ့လာနေပြီး အရင်ရက်ပိုင်းတွေက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ KIO က တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိ အခြေအနေအရ သူတို့ကိုလည်း တိုက်ခိုက်မယ် အခြေအနေ ရှိနေတယ်လို့ KIO အရာရှိက သုံးသပ်ပါတယ်။ ကချင်ပြည်နယ်အတွင်းက အခြေအနေတွေကိုေ
Posted: 16 Feb 2015 06:36 AM PST
ယူကရိန်း အရှေ့ပိုင်းမှာ အပစ်အခတ် ရပ်စဲဖို့ သဘောတူ သတ်မှတ် ထားတဲ့ အချိန် စတင်ပြီး တစ်ရက်ကျော် ကြာလာတဲ့ အထိ အပစ် ရပ်စဲခြင်း မရှိသေးဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။ Debaltseve မြို့ ဝန်းကျင်မှာ ခွဲထွက်ရေး သူပုန်တွေက တနင်္ဂနွေနေ့ မနက်က စပြီး ၁၁၂ ကြိမ် တိုက်ခိုက် ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ မာရီပူးလ် မြို့ အနီးမှာလည်း တိုက်ပွဲတွေ ရှိခဲ့တယ်လို့ ယူကရိန်း အရာ
Posted: 16 Feb 2015 06:35 AM PST
IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကို ထောက်ခံတဲ့ လစ်ဗျား စစ်သွေးကြွတွေက အီဂျစ် နိုင်ငံသား ခရစ်ယာန် ၂၁ ဦးကို ခေါင်းဖြတ် သတ်တဲ့ ဗီဒီယို ထွက်ပေါ် လာပြီးနောက် လစ်ဗျား အရှေ့ပိုင်းမှာ ရှိတဲ့ IS အဖွဲ့ရဲ့ ပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အီဂျစ် နိုင်ငံက ပြောပါတယ်။ IS အဖွဲ့ရဲ့ ခြေကုပ် စခန်းတွေ၊ လေ့ကျင့်ရေး စခန်းတွေနဲ့ လက်နက် သိုလှောင်ရာ နေရာတွေကို ဒီမနေ့ မနက် လင်းအားကြီး အချိန်က အက်ဖ် ၁၆ တိုက်လေယာဉ်
Posted: 16 Feb 2015 06:27 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ၁၆.၂.၂၀၁၅ ရက်နေ့ ၁၉၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ် တစ်ဘက်ကမ်း၊ ဘလုတ်ညွန့်ရပ်ကွက်၊ ကန်သာအေး(၁)လမ်းတွင် မီးလောင်မှု ဖြစ်ပွားလျက်ရှိရာ ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေစုပ်စက်များဖြင့် လှိုင်မြစ်အတွင်းမှ ရေများစုပ်ယူ၍ ဆက်လက်ငြှိမ်းသတ်လျက် ရှိကြောင်း၊ နေအိမ်တဲ အလုံး(၅၀)ခန့် မီးလောင်ကျွမ်း လျက်ရှိကြောင်း သတင်း ရရှိပါသည်။ Yangon 
Posted: 16 Feb 2015 04:28 AM PST
အမျိုးသား ပညာရေး သပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်မြို့ကို ဦးတည်ချီတက်နေကြသလို အုပ်ချုပ်ရေးပိုင်းက ဒီသပိတ်စစ်ကြောင်းတွေ ရန်ကုန်ဧရိယာကို မ၀င်နိုင်အောင် တားမြစ်မယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း ရန်ကုန်နဲ့ ပဲခူးတိုင်း အစပ်မှာ ရဲတပ်ဖွဲ့တွေ ခင်းကျင်းထားပါတယ်။ မန္တလေးကနေ ရန်ကုန်ကို ချီတက်နေကြတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းဟာ ဒီမနက် အုတ်ဖိုမြို့ကနေ မင်းလှမြို့ကို ဆက်လက်ချီတက်နေကြပြီး မင်းလှမှာ ညအိပ်ဖို့ ပြင်
Posted: 16 Feb 2015 04:28 AM PST
လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ လက်မှတ်ထိုးပြီးသား ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင် တာကြောင့် ကျောင်းသား ဆန္ဒပြပွဲတွေကို ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဌာန ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက် ကျင်းပတဲ့  ပြည်သူ့လွှတ်တော်အပြီးမှာ လက်ရှိဆန္ဒပြ ကျောင်းသားတွေကို ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်
Posted: 16 Feb 2015 04:19 AM PST
ဓါတ်ပုံ - ရဲဘော်သစ်ဆင့်ခေါ်စာ ဖေဖေါ်ဝါရီ ၁၆ ရက် ၂၀၁၅ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ဒေသခံများအား သျှမ်းပြည်တပ်မတော် RCSS/SSA မှ တပ်သားသစ် ကောက်ယူ စုဆောင်းမှုကြောင့် ဒေသခံ ရာကျော်နေရပ်မှ စွန့်ခွါနေရကြောင်း မိုင်းကိုင်ဒေသခံများ ပြောပြချက်အရ သိရသည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မြို့ပေါ် ရပ်ကွက် ၉ ခု နှင့် မြို့ပြင် ကျေးရွာအုပ်စု များအား သျှမ်းပြည်တပ်မတော် RCSS/SSA တ
Posted: 16 Feb 2015 01:10 AM PST
လန်ဒန်မှ ဆရာဝန်တွေက ခုန်နေတဲ့ လူ့နှလုံး ၁၆၀၀ ကို ဒစ်ဂျစ်တယ်စနစ်နဲ့ ကွန်ပျူတာမှာ သိမ်းဆည်းထားနိုင်ပြီ ဖြစ်ပါတယ်။ နှလုံးတွေရဲ့ အသေးစိတ်အချက်အလက်နဲ့ လူနာတွေရဲ့ မျိုးရိုးဗီဇတွေကို နှိုင်းယှဉ်ပြီး ကုသမှုနည်းသစ်တွေ တိုးလုပ်သွားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဟမ်မာစမစ် ဆေးရုံက ဆေးပညာဆိုင်ရာ သုတေသန ကောင်စီရဲ့ ဆေးဝါးကုသမှု သိပ္ပံ စင်တာရှိ သိပ္ပံပညာရှင်တွေက နှလုံးရောဂါသည် ၁၆၀၀ ရဲ့နှလုံးတွေကို 3D ဗီဒီယို စကင်
Posted: 16 Feb 2015 01:07 AM PST
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ချီတက်နေတဲ့ ကျောင်းသား သပိတ်စစ်ကြောင်း တွေထဲက တစ်ခုဖြစ်တဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းက ရန်ကုန်ကို ဆက်မသွားတော့ဘဲ  ဒီကနေ့ ခေတ္တရပ်နားလိုက်ပါတယ်။ ဒီကနေ့ ဖျာပုံမြို့ကနေ  ဘိုကလေးမြို့ကို ရောက်ရှိစဉ် သပိတ်ရပ်နားကြောင်း သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပြီး သပိတ်ရပ်နားပေမယ့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ဖို့အတွက် ဆက်လက်စောင့်ကြည့်မယ်လို့လည်း ဧရာဝတီသပိတ်စစ်ကြောင်းက ကိုတေဇာက
Posted: 16 Feb 2015 01:04 AM PST
တောင်ကိုရီးယားနိုင်ငံကနေ ပြင်သစ်နိုင်ငံကို ပျံသန်းလာတဲ့ ပြင်သစ်လေကြောင်းလိုင်း ဘိုရင်း ၇၇၇ လေယာဉ်တစင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က လမ်းတ၀က်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ ဆိုးလ်မြို့တော်ကနေ ပါရီမြို့တော်ကို ပျံသန်းလာချိန် ဘယ်ဘက်အင်ဂျင် ရပ်သွားလို့ ခရီးစဉ်တ၀က်ဖြစ်တဲ့ ရုရှားနိုင်ငံ ကော့တ်ဆိုဗို(Koltsovo) မြို့ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲမှာ လေယာဉ်အရေးပေါ် 
Posted: 16 Feb 2015 01:03 AM PST
တီဟီရန် ၊ ၁၆-၂-၂၀၁၅ ပြင်သစ်နိုင်ငံ နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့တွင် တိုက်ခိုက်မှုများ ထပ်မံ လုပ်ဆောင် သွားမည်ဟု ISIS စစ်သွေးကြွ များက ဗီဒီယိုဖိုင်မှ တစ်ဆင့် ခြိမ်းခြောက် ပြောကြား လိုက်ကြောင်း သိရသည်။ အဆိုပါ ဗီဒီယိုဖိုင်ကို ISIS စစ်သွေးကြွ များက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပြီး ဗီဒီယိုခွေ၏ အမည်ကို " A Message to France " ဟု အမည်ပေး ထားသည်ဟု သိရသည်။ ဥရောပ နိုင်ငံကြီး နှစ်နို
Posted: 16 Feb 2015 01:01 AM PST
လက်ခနောင်း ၊ ၁၆-၂-၂၀၁၅ အိန္ဒိယနိုင်ငံ မြောက်ပိုင်း အွတ်တာ ပရာဒက်ရှ် ပြည်နယ် လက်ခ်နောင်း မြို့တော် အရှေ့ တောင်ပိုင်းရှိ မူဂါလ်ဆရီမြို့ တွင် ဖေဖော်ဝါရီ ၁၅ ရက်က ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခု ပြိုကျခဲ့ရာ ကလေးနှစ်ဦး အပါအဝင် လူ ၁၂ ဦး သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။ ဖြစ်စဉ်မှာ ဆောက်လုပ်ဆဲ အဆောက်အအုံ၏ ပထမထပ်မှ အစိတ်အပိုင်း အချို့ ပြိုကျခဲ့ခြင်း ဖြစ်ပြီး ယင်းကဲ့သို့ ပြိုကျစဉ် အဆောက်အအုံ
Posted: 16 Feb 2015 12:10 AM PST
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ ဆန္ဒမဲပေးခွင့် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာလူ ၂ သောင့်း ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ Photo: Min Thein Aung/ RFA ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်ထား သူတွေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူ ၂ သောင်းကျော်လောက်က ကန့်ကွက်ခဲ့ကြပါတယ်။ ဆန္ဒြ
Posted: 15 Feb 2015 11:42 PM PST
ဂျာမနီနိုင်ငံမြောက်ပိုင်းက နာမည်ကျော် ဘန်းရှရိုက်မြို့ ကာနီဗယ် လမ်းလျှောက်ချီတက်ပွဲကို အစ္စလာမ္မစ်အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်ခံရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖျက်သိမ်းလိုက်ရပါတယ်။ ပွဲတော်ကျင်းပဖို့ မိနစ် ၉၀ အလိုမှာ ဖျက်သိမ်းလိုက်ရတာလို့ မြို့တော်ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ပွဲတော်မှာ ပါဝင်သူတွေ စတင်ရောက်ရှိလာချိန်မှာမှ ဖျက်သိမ်းလိုက်ရတာ ဖြစ်လို့ စိတ်ပျက်စရာတော့ ဖြစ်ခဲ့ပေမယ့် အဖျ
Posted: 15 Feb 2015 11:40 PM PST
ဓာတ်ပုံ (Free Burma Ranger) ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် ပြည်ထောင်စု လမ်းမပေါ်မှာ အစိုးရယာဉ်တန်း  ခြုံခိုတိုက်ခိုက်ခံရပြီး တပ်မတော်သားတဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ မန္တလေးဘက်ကနေ တက်လာတဲ့ အစိုးရ စစ်ယာဉ်တန်းဟာ ကျောက်မဲနဲ့ သီပေါမြို့အကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ခြုံခို ပစ်ခတ်တာကို ခံခဲ့ရတယ်လို့ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတ
Posted: 15 Feb 2015 05:56 PM PST
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း New England ဒေသနဲ့ Massachusetts ပြည်နယ်အရှေ့ပိုင်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာမှာ ခန့်မှန်းထားတာထက် ပိုပြီး နှင်းတွေကျခဲ့ပါတယ်။ Massachusetts ပြည်နယ်မှာ နှင်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အင်မတန်အေးခဲတဲ့ လေအေးတွေ ဆက်တိုက်နေတာကြောင့် ပြည်သူတွေကို အိမ်ပြင်မထွက်ကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Charlie Baker က တနင်္ဂနွေနေ့က တိုက်တွန်းခဲ့ပါတယ်။ နှင်းအများ
Posted: 15 Feb 2015 04:27 PM PST
ကိုပင်ဟေဂင်မြို့က သေနတ်ပစ်မှုဖြစ်ပွားပြီး လူသေဆုံးရာနေရာကို စုံစမ်းစစ်ဆေးရေးဝင်နေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅)  Demark နိုင်ငံ Copenhagen မြို့မှာ စနေနေ့က လူနှစ်ယောက်ကို သတ်ဖြတ်ခဲ့သူလို့ မသင်္ကာသူ အမျိုးသားတယောက်ကို ရဲက ပစ်သတ်ခဲ့ပါတယ်။ စနေနေ့က ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်က အဆိုးမြင်ဝါဒီတို့ရဲ့ Demark နိုင်ငံအပေါ် အကြမ်းဖက်မှုဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။ Demark နိုင်ငံမှာ မွေးဖွားတဲ့ အ
Posted: 15 Feb 2015 03:46 PM PST
လစ်ဗျားထဲ အလုပ်သွားလုပ် ကြတဲ့ အီဂျစ် ကော့ပ်တစ် ခရစ်ယာန် တွေကို ဂျီဟာ့ဒ် ဝါဒီတွေ က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အီဂျစ် နိုင်ငံက ကော့ပ်တစ် ခရစ်ယာန် အနည်းဆုံး ၁၀ ဦး ကို သတ်ဖြတ် နေတာ ကို ဖော်ပြထားတဲ့ ဗီဒီယို ကို လစ်ဗျား ဂျီဟာ့ဒ်ဝါဒီ တွေက အင်တာနက် အွန်လိုင်းပေါ် တင်လိုက်ပါ တယ်။ အဲဒီ့ လစ်ဗျား ဂျီဟာ့ဒ် ဝါဒီတွေ ဟာ အစ္စလာမ်မစ် စစ်သွေးကြွ IS လက်နက်ကိုင် အဖွဲ့ အပေါ် သစ္စာ ခံသူတွေ ဆိုပြီး သူတို့ကိုယ် သူတို့ ပြော
Posted: 15 Feb 2015 12:54 PM PST
ရန်ကုန် ဖေဖော်ဝါရီ ၁၅ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၆ နာရီက စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်)ရပ်ကွက် အောင်တော် မူလမ်း တိုက်အမှတ် (၂၄၉) ရှစ်ထပ်ခွဲတိုက် တွင် မင်္ဂလာဆောင်သို့ သွားမည့် အမျိုးသမီးတစ်ဦး ဓာတ်လှေကား အတွင်း နာရီဝက်ကျော် ပိတ်မိနေကြောင်း သိရသည်။ ယင်းတိုက်လေးထပ်တွင် နေထိုင်သူ မမေသော်ဟိန်း(၂၄ နှစ်)သည် မင်္ဂလာဆောင်သို့သွားရန် ဓာတ်လှေကားဖြင့် ဆင်းလာစဉ် မြေညီထပ်အရောက်၌ ဓာတ်လှေကားတံခါးဖွင့်၍မရဘဲ
Posted: 15 Feb 2015 12:39 PM PST
အာရှပစိဖိတ်ဒေသရဲ့ အကြီးဆုံး လေ့ကျင့်စစ်ဆင်ရေးဖြစ်တဲ့ အမေရိကန်နဲ့ထိုင်း ပူးတွဲလေ့ကျင့်မယ့် Cobra Gold စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်စိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံအရှေ့ပိုင်း Sattahip ရေတပ်စစ်အခြေစိုက်စခန်းမှာ အမေရိကန်က ဦးဆောင်တဲ့ လေ့ကျင့်စစ်ဆင်မှုတွေကို စပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတဲ့အခါ လူသားချင်းစာနာမှု အထောက်အကူတွေပေးဖို့ ဒီပူးတွဲစစ်ေ
Posted: 15 Feb 2015 12:37 PM PST
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ ပထမဆုံးလယ်သမား ညီလာခံကျင်းပနေစဉ်။ Photo: Nay Thwae/ RFA ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာ မှာ ဒေသခံတောင်သူ လယ်သမားတွေ စုပေါင်းပြီး ညီလာခံတစ်ရပ်ကျင်းပနေပါတယ်။ ဒေသခံတောင်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို တောင်သူတွေ စုပေါင်းဖြေရှင်းနိုင်ရေးအတွက်၊ ဒီညီ လာခံဖြစ်မြောက်အောင် ကူညီ ဆောင်ရွက်ပေးနေ တာဖြစ်ကြောင်း၊ ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင် အ
Posted: 15 Feb 2015 12:34 PM PST
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီိ (SNDP) ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ ဖွင့်ပွဲကို ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Shan Land) လာမယ့်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူပါတီက ရှမ်းပြည်နယ် နဲ့ တခြားဒေသတွေက မြို့နယ်ပေါင်း ၆၃ မြို့နယ် မှာ ကိုယ်စားလှယ် ပေါင်း ၂၀၀ ၀န်းကျင် ကိုယ် စားပြု

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...